Pages

Tuesday, November 6, 2012

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ Customer Care Center ရန်ကုန်မြို့တွင် ဖွင့်လှစ် နိုင်ရန် စီစဉ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ Customer Care Center ကို ရန်ကုန်မြို့ ၌ ဖွင့်လှစ် နိုင်ရန် စီစဉ် နေကြောင်း သိရ သည်။ အဆိုပါ Center ကို ရန်ကုန်မြို့ ပန်းဆိုးတန်း လမ်းရှိ ရန်ကုန် ကြေးနန်း ရုံးကြီး သို့မဟုတ် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ရန်ကုန် စာတိုက်ကြီးတွင် ဖွင့် လှစ်ရန် စီစဉ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်နိုင်ရန် စီစဉ် ရခြင်းမှာ မြန်မာ တစ်နိုင်ငံ လုံးတွင် တယ်လီဖုန်း၊ လက်ကိုင်ဖုန်း၊ အင်တာနက် အပါအ ဝင် မြန်မာ့ ဆက်သွယ်ရေးမှ ဝန်ဆောင်မှု ပေးနေမှု များကို သုံးစွဲသူ အရေအတွက် နေ့စဉ် တိုးတက် များပြားလျက် ရှိသည့် အတွက် သုံးစွဲရာတွင် ကြုံတွေ့ လာနိုင်သည့် အခက်အခဲများ၊သိလိုသည်များကို တိုက်ရိုက် ဖြေရှင်း ကူ ညီပေး နိုင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။