Pages

Friday, November 2, 2012

မြန်မာ မာတီပလိုင်းသုံးစွဲသူများအွန်လိုင်းပရဟိတအဖွဲ့(MMG)၏ တည်ထောင်ခြင်း(၃)နှစ်ပြည့်တွေ့ဆုံပွဲ အခမ်းအနား

MMG ၏ Admin များ--     ၀ဲမှ-ကိုအုန်း၊လင်းအောင်ပြည့်၊မင်းသူရိန်၊မေဇူး
မြန်မာ မာတီပလိုင်းသုံးစွဲသူများအွန်လိုင်းပရဟိတအဖွဲ့(MMG)၏ တည်ထောင်ခြင်း(၃)နှစ်ပြည့်တွေ့ဆုံပွဲ အခမ်းအနား ကို ၈.၁၀.၂၀၁၂ တနင်္ဂနွေနေ့ ၊ ညနေ ၄နာရီ မှ ၆နာရီ အထိ အချိန်တွင်
မဟာဗန္ဓုလပန်းခြံလမ်း(အလယ်)မြို့တော်ခန်းမအနီး ရှိ  City Star Hotal တွင်ကျင်းပ ခဲ့သည်။
ကိုရီး -အစီအစဉ်ကြေငြာစဉ်
 အခမ်းအနားမှူးအဖြင့် ကိုကြီး(ကိုရီး)ကပြုလုပ်ခဲ့ပြီး။ရှေးဦးစွာ တက်ရောက်လာသူများမှတစ်ဦးချင်းစီ မိတ်ဆက်စကားပြောကြားကြသည်။
၎င်းတွေ့ဆုံပွဲအခမ်းအနားသို့ အနယ်နယ်ရပ်ရပ်မှအဖွဲ့ဝင် ၈၀ကျော်တက်ရောက်ခဲ့ကြသည်။
MMG (၃)နှစ်ပြည့်အခမ်းအနားသို့တက်ရောက်လာသူများ
ယင်းတွေ့ဆုံပွဲသို့ စစ်ကိုင်းတောင်ရိုး မေတ္တာရှင်ဆွမ်းလောင်းအသင်းမှ
ဆရာတော်ဦးကောဝိဓ တက်ရောက်၍်သြ၀ါဒချီးမြှင့်သည်။ ဆရာဦးဖုန်း(ဓာတု) လည်းဧည့်သည်တော်အဖြင့်တက်ရောက်၍ အမှတ်တရစကားပြောကြားပေးသည်။

အခမ်းအနားတွင် ကိုလင်းအောင်ပြည့် မှ MMG အဖွဲ့ပေါ်ပေါက်လာပုံနှင့် အဖွဲ့၏လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြသွားသည်။
ကိုလင်းအောင်ပြည့် မှ MMG အဖွဲ့ပေါ်ပေါက်လာပုံနှင့် အဖွဲ့၏လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြစဉ်
MMG အဖွဲ့အနေဖြင့် အွန်လိုင်းပေါ်တွင် ပုံမပျက်ဆက်လက်ရပ်တည်နိုင်ဖို့ အတွက်ကြိုးစားလုပ်ဆောင်နေကြောင်းကို MMG ၏ ထာဝရ Admin  ကိုအုန်း ကရှင်းလင်းတင်ပြသွားခဲ့သည်။
MMG ၏ ထာဝရ Admin  ကိုအုန်း
အမှတ်တရစကားပြောကြားရာတွင် ဆရာတော်ဦးကောဝိဒ မှ “ စားပွဲတင် ပလတ်စတစ်ပန်းကလေးသည်ပင် စားပွဲတစ်လုံး အခန်းတစ်ခုကို အလှဆင်နိုင်သေးလျှင် လူတစ်ယောက်အနေဖြင့်မိမိတတ်သိထားသော ပညာ ၊မိမိ၌ရှိသော အာဏာ ၊လုပ်ပိုင်ခွင့် များကိုအသုံးချပြီး လူအများကို ကူညီ ၍ လောကကိုအလှဆင်ကြပါ”ဟူ၍ ဆုံးမ သြ၀ါဒပေးခဲ့ပါသည်။
ဆရာတော်ဦးကောဝိဒ မှ ဆုံးမသြ၀ါဒပေး

 ဆရာဖုန်း(ဓာတု) က မူ  လူတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို ကြက်ဥ တစ်လုံးနှင့် ပမာပြုလျက် “ ကြက်ဥ တစ်လုံး ဟာ ၊ ပြုတ်ခံရမယ်၊သို့မဟုတ် ကြော်ခံရမယ်၊ဒါမှမဟုတ်
အပူဒဏ်ကို ခံရင်း အကောင်လေးပေါက်လာမယ်။”
ဦးဖုန်း(ဓာတု) မှ အမှတ်တရစကားချီးမြှင့်စဉ်
ဒါကြောင့်  ပြုတ်စားမခံရအောင်၊ကြော်စားမခံရအောင်၊ လောကဓံကိုကြံ့ကြံ့ခံရင်း စည်းလုံးညီညာစွာနေထိုင်မှသာ ဥခွံကိုဖောက်ထွက်နိုင်တဲ့
အကောင်လေးပေါက်လာနိုင်ကြောင်းအမှတ်တရစကားပြောကြား သွားပါသည်။

ထို့နောက်ဦးသက်မွန်(မန္တလေး)၊လွင့်မောင်မောင်(ထားဝယ်)၊ဦးမင်းဇော်(မန္တလေး)၊ကိုဇော်(ရန်ကုန်)၊
ကိုသတိုး(ကျုံတိုင်း)၊ကိုကြည်နိုင်(ကျုံတိုင်း)၊မင်းသူရိန်(ရန်ကုန်)၊ နှင့်မေဇူး(ရန်ကုန်)တို့ မှ
အမှတ်တရစကားများပြောကြားကြသည်။
ဆရာသတိုး(ကျုံတိုင်း)
ဆရာကိုကြည်နိုင်(ကျုံတိုင်း)
ဆရာ ဦးမင်းဇော်(မန္တလေး)
ကိုဇော်(ရန်ကုန်)

ပြီးနောက် ဆရာဦးသက်မွန်နှင့် ဆရာလွင့်မောင်မောင် တို့ကို အဖွဲ့ဝင်များမှ ကန်တော့ ကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။
ဆရာလွင့်မောင်မောင်မှ ကျေးဇူးတင်စကားပြော