Pages

Sunday, December 2, 2012

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း 99B ဆက်လက်တည်ရှိ

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း INVEST 99B သည် NRL စာမျက်နှာတွင် Inactive ဖြစ်နေရာမှ ပြန်လည်၍ Active ဖြစ်လာပြီး ဒီဇင်ဘာ(၂)ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် လပွတ္တာမြို့၏ အနောက်တောင်ဘက် ၄၈၅ မိုင်ခန့်၊ ကိုကိုးကျွန်း၏ အနောက်-အနောက်တောင်ဘက် မိုင် ၃၄ဝ ခန့်၊ အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် ချင်နိုင်း(CHENNAI) မြို့၏ အရှေ့ဘက် မိုင် ၅၆ဝ ခန့် ပင်လယ်ပြင်၌ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါသည်။ 99B သည် လွန်ခဲ့သည့် ၆ နာရီအတွင်းက အရှေ့တောင်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။
INVEST 99B သည် ဗဟိုဖိအားဆက်လက် ကျဆင်းခြင်း မရှိပဲ 1004 hPa မှ 1007 hPa သို့ ပြန်လည်၍ မြင့်တက်လာသည်ကိုလည်း တွေ့ရပါသည်။
JTWC မှ ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်း 99B ၏ ဗဟိုတွင် လေတိုက်နှုန်းကျဆင်းခြင်းနှင့် Vertical Wind Shear မြင့်မားခြင်းတို့ကြောင့် ၂၄ နာရီအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ LOW အဆင့်မှာပင် ရှိကြောင်း ခန့်မှန်း ထုတ်ပြန်ထားပါသည်။
Quoted Text from JTWC Forecast -
BASED ON THE WEAK CENTRAL WINDS AND MODERATE TO HIGH VWS, THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS LOW.
NRL Data for 99B
02 Dec 2012 0000Z
Location: 12.5 88.6
Winds: 20 knots
Central Pressure: 1007 hPa