Pages
▼
Tuesday, December 25, 2012
ဟဲဟိုးလေယာဉ်ကွင်းမှ Air Bagan ပျက်ကျမှု မြင်ကွင်းများ ဓါတ်ပုံ ၊
Photo-Tachileik - သတင်းစာမျက်နှာ
ယခုအခါတွင် အားနည်းချက်များကြောင့် သတင်းများသည်လည်း များစွာကွာခြားကြပါသည်။ ရှေးဦးသတင်း ထွက်ပေါ်လာရာတွင် Landing Gear ကြောင့်လို့ပြောပါသည်။ ဖြစ်စဉ်အမှန်မှာ နှင်းများစွာ ထူထဲပြီးကျဆင်းသည့်အတွက် လေယာဉ်ကွင်းကို ကောင်းစွာမြင်နိုင်ခြင်းမရှိပဲဟဲဟိုး-အောင်ပန်း ကားလမ်းအနီးရှိ သစ်ပင်များနှင့်ဝင်တိုက်မိကာ အနီးရှိ စိုက်ပျိုးရေးဌာန၊ စိုက်ကွင်းထဲသို့ smooth landing လုပ်ခဲ့ရသည်။ လယာဉ်မှာ မီးလောင်သွားခဲ့ရာ လေယာဉ်ပေါ်ပါခရီးသည်နှင့် လေယာဉ်အမှုထမ်း (၇၁)ဦးပါရှိပြီး (၁၁)ဦးဒဏ်ရာရရှိ၍ တောင်ကြီးမြို့ရှိ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ကျန်(၅၉)ဦးမှာ ဟဲဟိုးလေဆိပ်တွင် အန္တရာယ်ကင်းစွာရှိပါသည်။ လေယာဉ်ပေါ်တွင် ကလေး(၁)ဦးအလောင်းတွေ့ရှိရကြောင်း သတင်းရရှိသည်ဟု ရဲဇာနည်တွင် တရားဝင်ဖော်ပြပါရှိပါသည်။ The Voice မှ ထုတ်ပြန်သောသတင်းတွင် လေယာဉ်အင်ဂျင်မီးလောင်သွားသည်ဟုလည်း ဖော်ပြပါရှိပါသည်။ အခြားသော သတင်းများကမူ အဲပုဂံလေယာဉ်သည် လေယာဉ်ကွင်းမရောက်မီ အရေးပေါ် လေယာဉ်ဆင်းသက်စဉ် ဓာတ်ကြိုးနှင့်ညှိပြီး လေယာဉ်ကွင်းအပြင်ဘက် ကားလမ်းမပေါ်တွင် မောင်းနှင်လာသော ဆိုင်ကယ်နှင့် ညှိမိရာ ဆိုင်ကယ်သမား နှစ်ဦးအနက် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးမှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း ဟဲဟိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ထွန်းကအတည်ပြု ပြောကြားသည်။
မီးလောင်ကျွမ်းနေသည့် လေယာဉ်အား တောင်ကြီး၊ ကသာ၊ ဟဲဟိုး၊ ရွှေညောင်၊ အောင်ပန်း၊ အေးသာယာမြို့နယ်တို့နှင့် ဟဲဟိုးလေဆိပ်မှ မီးသတ်ကားအပါအ၀င် မီးသတ်ကား စုစုပေါင်း ၁၀ စီးဖြင့် မီးငြှိမ်းသတ်ရာ ယခုအခါ မီးငြှိမ်းသွားပြီဖြစ်ကြောင်း ကလောမြို့နယ် အရံမီးသတ်တပ်ဖွဲ့မှ ဒုတပ်ရင်းမှူး ဦးခွန်ဂျာတင့်ကပြောသည်။
လေယာဉ် အရေးပေါ်ဆင်းသက်ပြီး ခရီးသည်များယာဉ်ပေါ်မှဆင်းသက်ပြီးမှ လေယာဉ်တစ်စီးလုံးမီးလောင်
သွားကြောင်းမျက်မြင်တွေ့သူမျာမှပြောပါသည်။
Myanmar Online News