Pages

Monday, December 3, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ

ယနေ့ညနေ (၄းဝဝ) နာရီတွင် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းတွင်
လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကိုကျင်းပသွားကြောင်းသိရသည်။



ယနေ့ညနေ (၄းဝဝ) နာရီတွင် ရန်ကုန်မြို့ရှိ ၈၈မျိုးဆက်ကျောင်သားများရုံး၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ကိုဂျင်မီကဒီဇင်ဘာလ(၁)ရက်ကထွက်ခွာခဲ့သည့် မုံရွာခရီးစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ ကိုဌေးကြွယ်က ယနေ့ထုတ်ပြန်သောကြေညာချက်ကိုဖတ်ကြားသည်။
၎င်းနောက် ဒေသခံပြည်သူများ၊ရဟန်းသံဃာများ၊
 ဒေါ်အောင်ဆန်းစုကြည်နှင့်ဝန်ကြီးဦးအောင်မင်းတို့နှင့်တွေ့ဆုံခဲ့ကြသည်တို့ကို ကိုမင်းကိုနိုင်နှင့်ကိုကိုကြီးတို့ကရှင်းလင်းပြောကြားကြသည်။
ဒီဇင်ဘာ-၂ရက်ညနေ ၅း၃၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ထံသို့
သွားရောက်ခဲ့ကြပြီး တစ်နာရီကျော်ကြာဆွေးနွေးခဲ့ကြသည်

ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး
ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်
ဆက်လက်၍ သတင်းမီဒီယာများ၏ မေးမြန်းချက်နှင့်ရှင်းလင်းဖြေကြားရာတွင် ကော်မရှင်တွင်မပါဝင်သော်လည်း လွတ်လပ်သည့်ကော်မရှင်၏လုပ်ငန်းများကို ပံပိုးကူညီသွားမည်ဖြစ်ကြောင်းနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

လက်ရှိအခြေပိုမိုမဆိုးသွားစေရန်နှင့်ထိခိုက်နစ်နာမှုများကိုကုစားသွားနိုင်ရန်
ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသွင်ကူးပြောင်းရေးကာလအခြေအနေတစ်ရပ်တွင် အဖက်ဖက်မှသတိကြီးစွာထားကြပြီး ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားခဲ့ကြသည်။
 88 Generation Students