Pages
▼
သမ္မတ ဦးသိန်းစိန် သြစီနှင့် နယူးဇီလန် ခရီးစဉ် ရွှေ့ဆိုင်း
သမ္မတ ဦးသိန်းစိန်၏
သြစတြေးလျနိုင်ငံနှင့် နယူဇီလန် နိုင်ငံတို့သို့ မကြာမီ သွားရောက်မယ့်
ချစ်ကြည်ရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး အကြောင်းမညီညွတ်လို့
ရက်ရွှေ့ဆိုင်းလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာတွေက ဒီဇင်ဘာလ ၅ ရက်နေ့
ရက်စွဲဖြင့် ကြေငြာထားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့ သြစီခရီးစဉ်မှာ မူလကတော့ ကော်ဇော နီ ခင်းပြီး ကြိုဆိုမှုတွေ လုပ်ဖို့ သြစီသတင်း
တွေက ဆိုထားခဲ့တာပါ။ အခုတော့ ဘာကြောင့် အကြောင်းမညီညွတ်သလဲ သေချာ မသိရဘဲ သြစီနဲ့ နယူးဇီလန် ခရီးစဉ်ကို ရွှေ့လိုက်တာပါဘဲ။
အဲဒီ ၂ နိုင်ငံ
ခရီးစဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆက်လက် ညှိနှိုင်း
ဆောင်ရွက်ပြီးမှသာ ခရီးစဉ် ရက် သတ်မှတ် ကြေငြာသွားမှာဖြစ်တယ်လို့လည်း
နိုင်ငံပိုင် သတင်းစဉ်က ဆိုပါတယ်။