Pages

Monday, December 24, 2012

သီပေါမင်း အုတ်ဂူသို့ သမ္မတ ဦးသိန်းစိန်သွားရောက် ဂါရ၀ပြု

သမ္မတ ဦးသိန်းစိန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ လောက်က အိန္ဒိယနိုင်ငံမှာ ရှိတဲ့ မြန်မာတို့ရဲ့ နောက်ဆုံး ဘုရင် သီပေါမင်း ရဲ့ အုတ်ဂူကို မြန်မာအစိုးရ ခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံး ရောက်ခဲ့ပါတယ်။


 သီပေါမင်းနဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- အေအက်ဖ်ပီ 

ဦးသိန်းစိန်ရဲ့ အိန္ဒိယ နိုင်ငံ ခရီးစဉ်အတွင်းမှာ သီပေါမင်းရဲ့ အုတ်ဂူကို လွန်ခဲ့တဲ့ စနေနေ့က သွားရောက် ဂါရ၀ ပြုခဲ့တာပါ။ ပြီးတော့ သီပေါမင်းရဲ့ မျိုးဆက်အနွယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။


သီပေါမင်းရဲ့ အုတ်ဂူဟာ အနောက် အိန္ဒိယ ဘုံဘိုင်ပြည်နယ် ကမ်းခြေမြို့ ရတနာ ဂီရီမှာ တည်ရှိပါတယ်။ 

အေအက်ဖ်ပီ သတင်းရဲ့ အဆိုအရ သမ္မတ ဦးသိန်းစိန်ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်း(ဘုံဘေ) မြို့ကနေ ကီလိုမီတာ ၃၃၀ ဝေး တဲ့ ရတနာ ဂီရိကို ရဟတ်ယာဉ်နဲ့ သွားရောက်လည်ပတ်ခဲ့တာလို့ ဆိုပါတယ်။ 

သီပေါမင်း နန်းသက်ဟာ ၁၈၈၅ ခု အင်္ဂလိပ်- မြန်မာ တတိယ စစ်ပွဲမှာ မြန်မာ စစ်ရှုံးလို့ နန်းကျခဲ့ပြီး သီပေါ မင်းနဲ့ မိသားစု တွေကို ဗြိတိသျှတွေက ဖမ်းဆီးကာ အိန္ဒိယနိုင်ငံကို ခေါ်ဆောင်သွားခံခဲ့ရာက သီပေါမင်း ဟာ သက်တော် ၅၇ နှစ်အရွယ် ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံ ရတနာဂီရိ အရပ်မှာ ဘဲ နတ်ရွာစံခဲ့ တာဖြစ်ပါတယ်။

သီပေါမင်းနဲ့ ကြင်ယာတော် မိဖုရား စုဘုရားလတ်တို့ဟာ ထိုစဉ်အချိန်ကာလက အလွန်သြဇာရှိခဲ့ကြတာ ပါ။ 

အိန္ဒိယ အွန်လိုင်သတင်းတခုမှာတော့ ယိုယွင်းပျက်ဆီးနေတဲ့ သီပေါမင်းအုတ်ဂူကို ပြန်လည်ပြင်ဆင်ရေး ကိစ္စနဲ့ ပတ်သက် ပြီး လွန်ခဲ့တဲ့ သတင်းပတ်က ၂ နိုင်ငံ အစိုးရတို့ဆွေးနွေးခဲ့ကြတာကို ဖော်ပြခဲ့ပါတယ်။ 

သမ္မတ ဦးသိန်းစိန်ဟာ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်က နေပြည်တော်ကနေ အိန္ဒိယနိုင်ငံ နယူးဒေလီကို သွားပြီး ထိုက တဆင့် မွန်ဘိုင်းကို သွားခဲ့တာပါ။ 

သီပေါမင်းရဲ့ အုတ်ဂူကိုရှိတဲ့ ရတနာဂီရိကိုတော့ မြန်မာ နိုင်ငံ နေပြည်တော်ကို ပြန်မယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ စနေနေ့က သွားခဲ့တာလည်းဖြစ်ပါတယ်။ 
ဧရာဝတီblog