Pages

Monday, December 3, 2012

ရန်ကုန်ဆန္ဒပြ သူနှစ်ဦး ကိုဖမ်းဆီး | နယ်မြို့ တွေ လည်း ဆန္ဒပြ ပြီ


လက်ပံတောင်းတောင် ကြေးနီးမိုင်း သပိတ် စခန်း အကြမ်းဖက် ဖြိုခွဲ မှု အား ကန့် ကွက်
ရှုံ့ ချသည့် ဆန္ဒပြ ပွဲ ကို ယနေ့  ရန်ကုန် ၊ မန္တလေး ၊ မြင်းခြံ နှင့် ဆားလင်းကြီး ဒေသ ရှိ
တုံရွာ တွင် ပါ ကျင်း ပခဲ့ ကြသည်။
ရန်ကုန် မြို့  တွင် ကျင်း ပသည့် ဆန္ဒပြ ပွဲ တွင် မျိုးဆက် သစ် လူငယ်များ အစည်းအရုံး
(Generation Wave) တည်ထောင်သူ တစ်ဦး ဖြစ်သည့် ကိုမိုဃ်းသွေး နှင့် ပြည်သူ့ 
အကျိုးဆောင် ကွန်ယက် မှ ကို အောင်စိုး တို့   အား ရွှေဂုံ တိုင် ဗာဒံပင် မှတ်တိုင် အနီး
တွင် ရန်ကုန်တိုင်း ရဲတပ် ဖွဲ့  မှုး ရုံး မှ ရဲဝန်ထမ်းများ က သေနတ် ဖြင့် ချိန်ကာ မော်တော်
ကား ပေါ် တင် ပြီး ဖမ်းဆီး ခေါ်ဆောင် သွား ခြင်း ဖြစ်သူ ဟု ဆန္ဒပြ မှု တွင် ပါဝင်သည့်
ကိုမိုဃ်းသွေး ၏ မိတ် ဆွေ တစ်ဦး က FNG ကို ပြောသည်။
“ရဲမှုး ဦးသက်လွင် လို့  ခေါ်တယ် သူကိုယ် တိုင်ကာ ဘိုင် လို သေနတ် ကြီး ချိန်ထား ပြီး
နှစ်ကောင်လုံး ကို မိအောင်ဖမ်း ..ဖမ်း ဆို ပြီး ကားပေါ် တင် တာ ” ဟု ပြောသည်။
မန္တလေး
သပိတ် မှောက် မှု စတင်ခဲ့ သည့် မန္တလေး မြို့  တွင် လည်း မဟာမြတ်မုနိ ဘုရား ကြီး တွင်
စတင် ကာ ၈၁ လမ်း အတိုင်း ချီတက် ခဲ့ ကြရာ သံဃာတော် များ  ကို ပြည်သူ များ က
ဝန်းရံ ခဲ့ ကြသည်။
မြင်းခြံ
မြင်းခြံ မြို့  တွင်း ဉ် သံဃာတော် နှင့် ပြည်သူ ၃၀၀ ခန့်  က လက်ပန်းတောင်းတောင် အကြမ်းဖက်ဖြိုခွဲ ခြင်း ကို ဆန္ဒပြ ကန့်  ကွက် ခဲ့ ကြရာ ကြေးနီးမိုင်း သပိတ် အကြမ်းဖက် ဖြိုခွဲ မှု အမြန်
ဆုံး စုံစမ်း ဖော်ထုတ် ပေး ဖို့  တောင်း ဆို ခဲ့ သည် ဟု ဆန္ဒပြ မှု တွင် ပါဝင်သည့် မြင်းခြံ မြို့ မှ
ကိုဦးလွင် က FNG ကို ပြောသည်
တုံရွာ
သပိတ်စခန်း များ အကြမ်းဖက် ဖြိုခွဲ ခံရ ပြီး နောက် ပထမ ဦးဆုံး အကြိမ် အဖြစ် လက်ပံတန်း
တောင် တွင် လည်း ဆန္ဒပြ မှု ပြန် လည် ဖြစ်ပေါ်ခဲ့ သည်။ ဆားလင်းကြီး ယင်းမာ ပင် လမ်း ပေါ်
ရှိ တုံရွာ တွင် သံဃာနှင့်  ပြည်သူ ၃၀၀ ကျော် ခန့်  က ဆန္ဒ ပြ မှု များ ပြု လုပ် ခဲ့ခြင်း ဖြစ်သည်။
လက်ပန်းတောင် ကြေးနီမိုင်းအရေး ဆန္ဒပြ သူများ ကို နိုဝင်ဘာလ ၂၇ ရက်မှ စတင် ဖမ်းဆီး
ခဲ့ ရာ နိုင်ငံ တ၀ှမ်းတွင်  အနည်းဆုံး ၁၇ ဦးခန့် ရှိ သွား ပြီ ဟု သိရသည်။
ဓာတ်ပုံများ မှာ The Myanmar Age ( မြန်မာ့ ခောတ်) Facebook စာမျက်နှာ မှ ကူးယူ ဖော်
ပြထားခြင်းဖြစ်ပါသည်။
530435_542120942483724_333875284_n
270124_542084095820742_3772039_n
32393_542121169150368_719391062_n
FNG မှ