Pages

Tuesday, December 25, 2012

မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန် ကြေညာချက်

၂၀၁၂-ခု ဒီဇင်ဘာလ (၂၅) ရက်၊ အင်္ဂါနေ့
၁၃၄၇-ခု-နတ္တော်လဆန်း-၁၂-ရက်

၁။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရမှ အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သော သံဃာတော်များအား မိမိတို့ အပြစ်ကို ၀န်ခံ၍ (၁၅၊ ၁၂၊ ၁၂) နေ့တွင် မန္တလေး၌ တောင်းပန်ခဲ့ခြင်းကို ဖေါ်ပြပါ သံဃာထု အားလုံးက အသိအမှတ်ပြု လက်ခံ သည်။
၂။ ။ နိုင်ငံတော် အစိုးရမှ သံဃာတော်များအား ၀န်ချ တောင်းပန်သည့် အလျောက် နောက်နောင် သံဃာထု တစ်ရပ်လုံး အပေါ် ကာယကံ၊ ၀စီကံ တို့ဖြင့် မကျူးလွန်ရန်-
ဥပမာ …….. သံဃာတော်များသည် ဥပဒေကို မလိုက်နာ၍ အစိုးရမှ ဥပဒေနှင့် အညီ ဆောင်ရွက်ရပါ သည်ဟု သမ္မတ ဦးသိန်းစိန်၏ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး ခရီးစဉ်၌ ပြောကြားသော စ ကားမျိုးကို ဆိုလိုသည်။
၃။ ။ ၂၉၊ ၁၁၊ ၂၀၁၂ နေ့ နံနက် ၂ နာရီ ၃၀ မိနစ် အချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေသည့် သံဃာတော်များနှင့် ပြည်သူများကို ပြည်သူ့ ရဲတပ်ဖွဲ့၏ အကွက်ကျကျ ကြိုတင် ပြင်ဆင်လျက် ဥပဒေမဲ့ လူမဆန်စွာဖြင့် မီးလောင်စေသော ဓာတုဗေဒ ပစ္စည်းများ သုံးစွဲပြီး အကြမ်းဖက် ဖြိုခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသူ၊ အမိန့်ပေးသူ အားလုံးကို အစိုးရ အဖွဲ့မှ အရေးယူ ထုတ်ပယ်ပေးရန်။
၎။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒ ထုတ်ဖေါ်မှုကြောင့် ဖမ်းဆီး ခံထားရသူ အားလုံးကို ချွင်းချက်မရှိ အမြန်လွှတ်ပေးရန်။
၅။ ။ ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် ထပ်တူ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်း ပေးရန် ဖေါ်ပြပါ သံဃာထု တစ်ရပ်လုံးက တောင်းဆိုလိုက်သည်။

မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ

ဒီဇင်ဘာလ ၂၅ ရက်နေ့ ယနေ့ ထုတ်ပြန်လိုက်သည့် မုံရွာ၊ ပခုက္ကူ၊ ကျောက်ပန်တောင်း၊ ချောက်၊ ရေနံချောင်း၊ ဆားလင်း၊ ရေစကြို၊ မြိုင် ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ဖြန့်ဝေလိုက်ပါသည်။
ဆက်သွယ်မေးမြန်းရန် ဖုံးနံပါတ်များကို ပေးပို့လိုက်ပါသည်။

ရှင်မတောင်ဆရာတော်။။။။။။။။။။။၀၉ ၄၇၂၂၇၅၅၆ (ရေစကြို)
ဦးရေ၀တ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၇၁၉၁၈ (ချောက်)
ဦးဥတ္တရ။။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၇၂၃၁၀၂၂ (ပခုက္ကူ)
ဦးပါကဋ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၁၂၅၆၉ (ပခုက္ကူ)
ဦးသုမန။။။။။။။။။။။။။။။။။။။။။။။။။။၀၆၁ ၅၂၁၅၅ (ကျောက်ပန်တောင်း)
ဦးအာလောက။။။။။။။။။။။။။။။။။။ ၀၉ ၄၀၀၄၁၅၇၃၁၊ ၀၉ ၄၉၂၉၀၆၁၉ (ဆားလင်းကြီး)
ဦးအာစရိယ။။။။။။။။။။။။။။။။။။။။၀၇၁ ၂၃၀၉၁ (မုံရွာ)
ဦးလက္ခဏ။။။။။။။။။။။။။။။။။။။။။ ၀၉ ၂၃၀၁၉၂၇ (ပခုက္ကူ)

ကိုဟန်ဝင်းအောင်
ဒေါင်းမာန်ဟုန် မှ