Pages

Sunday, December 30, 2012

 စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်မည်

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲ၍ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး၏ ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားမှုအရ သိရသည်။                         
ထို့ပြင် ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်းတူညီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ငြိမ်းချမ်းရေးဖြစ် စဉ်များ စသည်တို့ကိုလည်း တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် KNU အဖွဲ့တို့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သည်။                              
NU အဖွဲ့နှင့် အစိုးရအဖွဲ့တို့အကြား လက်ရှိအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်မှုများ ပြုလုပ်၍ နိုင်ငံရေးဆွေးနွေးမှုအဆင့်သို့ ရောက်ရှိစေရေး အမြန်ဆုံးအကောင်အထည်ဖော်ရန်နှင့် နိုင်ငံရေး ဆွေးနွေးမှုများ စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲနိုင်ရေးကို အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်သည်ဟု KNU အဖွဲ့၏ သဘောထားကို ဖော်ပြထားသည်။                              
KNU အဖွဲ့၏ (၁၅)ကြိမ် မြောက်ညီလာခံကို နိုဝင်ဘာ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ကရင်ပြည်နယ် ဖားအံခရိုင် တပ်မဟာ (၇) KNU နယ်မြေ၌ ပြုလုပ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ် ၁၁ ဦးအား ရွေးချယ်ခဲ့သည်။
ဗဟိုအလုပ်အမှုဆောင် ကော် မတီသစ်များမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး(ဥက္ကဋ္ဌ)၊ ပဒိုနော်စီဖိုးရာ စိန်(ဒုဥက္ကဋ္ဌ)၊ပဒိုစောကွယ်ထူးဝင်း (အတွင်းရေးမှူးချုပ်)၊ပဒိုစောသောသီဘွဲ(တွဲ့ဖက်အတွင်းရေးမှူး-၁)၊ပဒိုမန်းမန်း(တွဲဖက်အတွင်းရေးမှူး-၂) တို့ဖြစ်ကြပြီး ကော်မတီအဖွဲ့ဝင်များ အဖြစ် ပဒိုစောရောဂျာခင်၊ ပဒိုမန်း ငြိမ်းမောင်၊ ပဒိုစောသမိန်ထွန်း၊ ပဒို စောတာဒိုမူး၊ဗိုလ်မှူးချုပ်စောဂျော်နီ နှင့် ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ တို့ဖြစ်ကြောင်း သိရသည်။
Eleven Media Group