Pages

Tuesday, December 25, 2012

ယခင် NDAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်း မှ KIA အဖွဲ့နှင့် ပတ်သတ်ပြီး ဒေသခံပြည်သူများကိုယ်စား ထုတ်ပြန်ကြေငြာချက် ၁ စောင်ကို ထုတ်ပြန်ကြေငြာ


 ယခင် DAK ဥက္ကဌ ဦးဇခုန်တိန့်ယိန်း မှ KIA အဖွဲ့နှင့် ပတ်သတ်ပြီး ဒေသခံပြည်သူများကိုယ်စား ထုတ်ပြန်ကြေငြာချက် ၁ စောင်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ဦးစခုန်တိန့်ယိမ်းမှ ကချင်ပြည်နယ်တွင် ကချင်လူမျိုးစုများသည် ၁၉၉၀ ခုနှစ် အစိုးရနှင့် ငြိမ်းချမ်းရေးတည်ဆောက်ပြီးကတည်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်သဖြင့် ဒေသဖွံ့ဖြိုး တိုးတက်လာပြီး ပြည်သူများ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုရှိကြောင်း ပြောကြားခဲ့ပါသည်။

သို့သော် KIA လက်ရှိခေါင်းဆောင်များသည် ဧပြီလ ၂၅ ရက်နေ့မှ စတင်ပြီး မျိုးတူသားစားရန်အတွက် စစ်တပ်စေလွှတ်ပြီး ငြိမ်းချမ်းစွာ နေထိုင်နေသော ပန်ဝါဒေသရှိ ပြည်သူများအား ၀င်ရောက်တိုက်ခိုက်ခဲ့ပါသည်။

နှစ် ၅၀ ကျော် စွဲကိုင်ခဲ့သော အကြမ်းဖက်လမ်းစဉ်ကို မစွန့်လွှတ်နိုင်ပဲ ယခုတိုင် ဒေသအတွင်းရှိ ကချင်မျိုးနွယ်စုများကို အနိုင်ကျင့်နှိပ်စက်နေကြပါတယ်။

ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို လိုလားတဲ့ တိုင်းရင်းသားညီနောင်တွေအနေနဲ့ ဒေသအတွင်းတည်ငြိမ်စေရန်၊ တရားဥပဒေစိုးမိုးရေးကို ကာကွယ်နိုင်ရန်နှင့် ဒုက္ခအပေါင်းမှ ကင်းဝေးစေရန်အတွက် KIA ကို ပြန်လည်တိုက်ခိုက်ကြပါစို့။

အမျိုးပျောက်ဝါဒဖြင့် ကချင်တိုင်းရင်းသားများ၏ အနာဂတ်ဘ၀သစ်အတွက် စစ်မှန်သော အခွင့်အရေးများဆုံးရှုံးအောင် လုပ်ဆောင်နေတဲ့ KIA အဖွဲ့ကို တိုက်ခိုက်ရန်မှာ ဒေသအတွင်းရှိ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပါတယ်။

KIA ခေါင်းဆောင်များက ကချင်ပြည်သူတွေ တည်ဆောက်ထားတဲ့ တံတားတွေကို ဖျက်၊ ကလေးတွေကို စစ်ပွဲမှာ အသေခံခိုင်း၊ မိန်းမတွေကို မုဒိန်းကျင့်၊ သက်ကြီးရွယ်အိုတွေကို နေစရာမရှိ၊ စားစရာ မရှိအောင်လုပ်ပြီး လူညွန့်တုံးအောင်လုပ်နေတဲ့ KIA/KIO ကို ဆန့်ကျင်တုန့် ပြန်သည့်တိုက်ပွဲမှာ ပါဝင်ပြီး ကိုယ့်ကိုကိုယ်ကာကွယ် ကြပါ ဆိုပြီး ကချင်ပြည်နယ်အတွင်းမှာ ကြေငြာချက်တွေ ဖြန့်ဝေခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းတွင် အကြမ်းဖက်လုပ်ငန်းများကို လုပ်ကိုင်နေသော KIA အဖွဲ့အား ကချင်တိုင်းရင်းသားများမှ စည်းစည်းလုံးလုံးနှင့် ဆန့်ကျင်ရန် ဦးဇခုန်တိန့်ယိန်း မှ နှိုးဆော်ထားတဲ့ အကြောင်းဖြစ်ပါတယ်။

ကချင်တိုင်းရင်းသားများသည် ဒေသအတွင်း တိုက်ပွဲများဖြစ်နေသဖြင့် လမ်းများပိတ်ဆို့ ပျက်စီးခြင်း၊ ကုန်ဈေးနှုန်းများကြီးမြင့်ခြင်း၊ အိုးအိမ်စွန့်ခွာထွက်ပြေးခြင်း၊ လမ်းများတံတားများကို မိုင်းများခွဲခြင်း၊ မြို့ပေါ်လူစည်ကားရာ နေရာများတွင် ဗုံးထောင်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ဆက်ကြေးငွေများ မတရားကောက်ခံနေခြင်းတို့ကြောင့် KIA အကြမ်းဖက် သောင်းကျန်းသူများအပေါ် နားကျည်းချက်များ များပြားနေချိန်တွင် ခုလို ဦးဇခုန်တိန့်ယိန်း ၏ ထုတ်ပြန်ကြေငြာချက်အား ထောက်ခံသူများပြားနေတယ်လို့ မြစ်ကြီးနားမြို့ ၊ စီတာပူရပ်ကွက်မှ ဦးနော်အောင်မှ ပြောကြားခဲ့ပါတယ်။

Min Thuyein(Facebook)