Pages

Saturday, May 12, 2012

ထင်း/မီးသွေး အလွန်အကျွံခုတ်ယူမှုကြောင့် ရခိုင်ပြည်နယ်က ဝမ်ဖိုက်ဒီရေတောပြုန်းတီးစပြု

 မိုးဝေ-
ရခိုင်ပြည်နယ် (မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။
 
ရခိုင်ပြည်နယ်တွင်  ဝမ်ဖိုက်တောကြိုးဝိုင်းဒီရေတောများကို ဒေသခံများက ထင်းမီးသွေးအဖြစ် အလွန်အကျွံ အသုံးပြုလာကြသည့်အတွက် ဒီရေတောပြုန်းတီး၍ ကြိုးဝိုင်းစတင်လျော့နည်းလာကြောင်း သိရှိရသည်။
 
ဒီရေတောပေါက်ရောက်မှု အများဆုံးဒေသဟု သတ်မှတ်ခြင်းခံထားရသော ရခိုင်ပြည်နယ်၌   ဝမ်ဖိုက်တော ဒီရေတောများမှ ထင်းမီးသွေးလောင်စာအဖြစ်ခုတ်ထွင်းမှု ပိုများလာသည့်အတွက် ယခုကဲ့သို့ လျော့နည်း လာခြင်းဖြစ်သည်။

“ကျနော်တို့ ကျောက်ဖြုရမ်းဗြဲဘက်မှာလည်း ဒီရေတောတွေ၊ ဝမ်ဖိုက်တောကြိုးဝိုင်းတွေ လျော့နည်းလာတယ်၊  လျော့နည်းလာတဲ့ အကြောင်းကတော့ ထင်းခုတ်တာတို့ မီးသွေးထုတ်လုပ်တာတွေကြောင့်လည်း ပါတယ်၊ ဒီရေတောတွေ ပျက်စီးလာတာလည်း တစ်ချက်ပါတယ်၊ ကာကွယ်ထိန်းသိမ်းဖို့ဆိုတာက တော်တော်ခက်ခဲ လိမ့်မယ် ဘာလို့ဆိုတော့ လောင်စာအစားထိုးက ထင်း၊မီးသွေးနဲ့ဘဲ လည်ပတ်နေတာဆိုတော့’’ဟု ကျောက်ဖြူ မြို့ဒေသတစ်ဦးက ရှင်းပြသည်။

ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲ အခမ်းအနား



ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ဒုတိယအကြိမ်အလှူငွေပေးအပ်ပွဲ အခမ်းအနားကို
 ယနေ့ ၁၂၊၅၊၂၀၁၂ မွန်းလွဲ ၂နာရီအချိန်တွင် တော်ဝင်နှင်းဆီစားသောက်ဆိုင်
ငြိမ်းချမ်းခန်းမတွင် ကျင်းပခဲ့ပါသည်။ 


အခမ်းအနားတွင် အလှူငွေကျပ် ၃၄ သိန်းတိတိကို နိုင်ငံရေးအကျဉ်းကျဟောင်းများ နှင့်
 နေသူရိန်ရုပ်ရှင်မှ ဒေါ်ကြည် အပါအ၀င်စုစုပေါင်းဆယ်
ဦးအား ပေးအပ်ခဲ့ပါသည်။

သတင်း-ဓါတ်ပုံ (ဒီလှိုင်း)

ငွေဆောင်အုန်းခြံကိစ္စကြောင့် ပွင့်လင်းလူအဖွဲ့အစည်း၏ ပုသိမ်ခရီးစဉ်တွင် ဟောပြောခွင့်မရ

ရှုမ၀အောင်(မြစ်မခ)
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။

ငွေဆောင်တွင် အုန်းခြံသိမ်းသည့်ကိစ္စအား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းက အနှောင်ယှက်ပြုမည်ကို စိုးရိမ်သဖြင့် (၈၈)မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်း၏ ပုသိမ်ခရီးစဉ်ဟောပြောပွဲအား ခွင့်ပြုခြင်း မရှိကြောင်း (၈၈)မျိုးဆက်ကျောင်းသားများထံက သိရှိရသည်။

“မနေ့ည ၁၀နာရီခွဲက ကျွန်တော်တို့ လုပ်ထားတဲ့စင်တွေကို ဖျက်ခိုင်းတယ် တိုင်းဒေသကြီးဝန်ကြီး ဦးသိန်းအောင်က ဖျက်ခိုင်းတာ ဆရာတော်ကလဲ ဖျက်ခိုင်းလို့ ကျွန်တော်တို့ ဖျက်ပေးလိုက်တယ်”ဟု ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ အဖွဲ့မှ ကိုအောင်ကျော်က ပြောသည်။
 
ငွေဆောင်တွင် အုန်းခြံများ သိမ်းထားခြင်းကြောင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းက အဆိုပါကိစ္စတွင် အနှောက်ယှက်ဖြစ် မည်ကို စိုးရိမ်သဖြင့် ၄င်းတို့ ဟောပြောပွဲခရီးစဉ်အား  ဖျက်သိမ်းခိုင်းသည်ဟု သုံးသပ် ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့မှ ကိုအောင်ကျော်က ဆိုသည်။

NLD နာယက ဘဘဦးတင်ဦး က Express Times ဂျာနယ်၏ စွပ်စွဲချက် အပေါ် မိန့်ခွန်းအတွင်း ထည့်သွင်းဖြေရှင်း

 
(အောက်က စာတွေအားလုံးဟာ ဘဘဦးတင်ဦး ဒီကနေ့ ပုဇွန်တောင်မှာပြောကြားတဲ့ မိန့်ခွန်းအတွင်းက  Express
Times ဂျာနယ်၏ လက်ရှိ စွပ်စွဲချက် အပေါ်  လူကြီးတစ်ယောက်အနေနဲ့ ကြားဝင်ဖြေရှင်းပေးတဲ့ အနေနဲ့ ထည့်သွင်း
ပြောကြားချက်တွေပါ... ကွင်းစ၊ ကွင်းပိတ် အပြင်က စာသားတွေဟာ ကျတော် မူဝါဒ တစ်လုံးမှမပါဘဲ ဘဘ ရဲ့
ဒီကနေ့ မိန့်ခွန်းကို မပြုမပြင် မူရင်းအတိုင်း တင်တာပါ... အသံဖိုင်  ကျတော့်ဖေ့ဘွတ်သူငယ်ချင်းတွေ လိုချင်ရင်
တော့ အိမ်တိုင်ရာရောက် ကျတော် လာပေးမယ်... )
     ကိုမောပြေ
                     ဒီနေရာမှာ ကျတော်ကတော့ လူကြီးတစ်ယောက်အနေနဲ့ မျှမျှတတ ပြောရပါမယ်... မနေ့ညက
ကျတော်သတင်းနားထောင်လိုက်တဲ့အခါမှာ ပြည်ပမီဒီယာတစ်ခုက ဒေါ်အောင်ဆန်းစုကြည် ရဲ့လုံခြုံရေးလိုက်
နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သတင်းထောက်ကို ကိုယ်ထိလက်ရောက်ဖြစ်တဲ့အတွက် ဒါကိုသူတို့ကနေပြီးတော့
သတင်းထောက်များရဲ့ MJN ခေါ်တာပေါ့...သူတို့က မီဒီယာကနေပြီးပြောသွားတဲ့ အဓိပါယ်မှာကတော့ဖြင့်ရင် ကျ
တော်တို့ လုံခြုံရေးအဖွဲ့က ပုဂ္ဂိုလ်ဟာ ကိုယ်ထိလက်ရောက်ပြုလိုက်တဲ့အတွက်ကြောင့်မို့ ဒီလိုဟာမျိုးနဲ့ပါတ်သတ်
လို့ လုံခြုံမှုယူတဲ့သူတွေကို စိတ်ပျက်မိတယ်လို့ ဆိုတဲ့ အပြောကျတော်ကြားလိုက်ပါတယ်... ဒီနေရာမှာ ကျတော်
ဟာ မျှမျှတတ ပြောပါရစေ လူကြီးတစ်ယောက်အနေနဲ့... ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ ကျတော်တို့
အားလုံးရဲ့ အသက်တမျှအရေးကြီးတယ်ဆိုတာကိုတော့ ခင်ဗျားတို့နားလည်ဖို့လိုတယ်...ဟေးးး ဖြောင်းဖြောင်း
ဖြောင်း (ပရိသတ်၏ တခဲနက် လက်ခုတ်သံ)... အဲ့ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုံခြုံရေးဟာ သက်ဆိုင်ရာ
ပုဂ္ဂိုလ်တွေမှာ အဓိကတာဝန်ရှိတယ် ဆိုတာကိုလဲ သူတို့ သဘောပေါက်ပြီးတော့ ထိုက်ထိုက်တန်တန် လုပ်ပေး
နိုင်သလောက် လုပ်ပေးတာလဲ ရှိမယ်... သို့သော် လုံခြုံရေးဆိုတာ ဘယ်တော့မှ ပိုတယ်မရှိဘူး...

တွံတေးမြို့နယ်တွင်တိုင်းမှူးနှင့်တပ်သား(၄၀၀)ကျော်အဖွဲ့က ဒေသခံများအတွက် ရေကန်တူးပေး


 
မေ(၁၂)ရက်၊၂၀၁၂ခုနှစ်။   ကောင်းမြတ်ဖြိုး(မြစ်မခ)
 
တွံတေးမြို့နယ်ရှိ ပျော်ဘွယ်ကလေးရွာတွင် လာမည့်နှစ်များ၌ ရေရှားပါးမှုမဖြစ်စေရန်အတွက် ရေကန်များအား သန့်ရှင်းရေး လုပ်ခြင်းနှင့်    အောက်ခြေထပ်တူးခြင်းတို့အား တပ်မတော်သားအင်အား(၄၀၀)ကျော်က ကူညီလုပ် ဆောင်ပေးလျက်ရှိကြောင်း   ဒေသခံတို့က ဆိုသည်။

ပျော်ဘွယ်ကလေးရွာရှိ ရေကန်(၅)ကန်အား ပြုပြင်ထိန်းသိမ်းခြင်းများကို ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် စန်းဦး က ရန်ကုန်မြို့နယ်အတွင်းရှိ   စစ်တပ်များမှ တပ်သားအင်အား (၄၀၀)ကျော်ဖြင့် ကူညီနေခြင်းဖြစ်သည်။

ရွှေမင်းသားအရေး ငြိမ်းချမ်းစွာ ဖြေရှင်းစေလို

  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ၏ လုံခြုံရေးတာဝန်ခံ ဦးကျော်စိုးနိုင် နှင့် Weekly Express Times သတင်း ထောက် ကိုဟိန်းကိုစိုး တို့၏ အငြင်းပွားမှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းကြစေလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင် တဦးဖြစ်သူနှင့် သတင်းစာဆရာကြီး ဦးဝင်းတင် က ပြောသည်။

အခမ်းအနားတိုင်းတွင် သတင်းထောက်များ ဝိုင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
ရန်ကုန်မြို့ UMFCCI ၌ မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အခမ်းအနား၌ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ရွှေ မင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းတို့ ၏ နှုတ်ဆက်စကား ပြောဆိုနေသည့် ဓာတ်ပုံအား ရိုက်ကူးရာမှ ပြဿနာ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယခုပြဿနာသည် လူငယ်များအကြားဖြစ်ပွားသည့် ကိစ္စဖြစ်ကြောင်း၊ နှစ်ဘက် စလုံးသည် မိမိတို့၏တာဝန်အား ကျေပွန် ရန် ထမ်းဆောင်နေခြင်းဖြစ်၍ ထင်မြင်ချက်မပေးလိုကြောင်း NLD ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြော သည်။
၎င်းက “လူငယ်တွေ ဆိုပေမယ့် နှစ်ဘက်စလုံးက တာဝန်ကြီးကြီး၊ လူကြီးတာဝန်တွေ ထမ်းဆောင်နေကြတာပါ၊ ဒီတော့ ပြဿနာကို ထိန်းထိန်းသိမ်းသိမ်းပဲ ဖြေရှင်းစေချင်တယ်”ဟု ဆိုသည်။
နိုင်ငံရေးပါတီနှင့် သတင်းမီဒီယာတို့ အကြား၌ ဖြစ်ပွားလေ့ရှိသည့် ကိစ္စရပ် တခုဖြစ်၍ ရန်ငြိုးဖြင့်မဖြေရှင်းဘဲ မိတ်ဘက်သဘောဖြင့်သာ ပြေလည်ရန်ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ(MJA) ၏ ခေါင်းဆောင်တဦး ဖြစ်သူ သတင်းစာဆရာ မောင်ဝံသကလည်း ပြောသည်။

ပါမစ်လျော့ပေါ့မှုကြောင့် ကားဈေး တစုံလုံးကျဆင်း



မေလ ၁၁ရက်၊ ၂၀၁၂ ခုနှစ်-အိမ့်ခိုင်ဦး YPI

ယခုသီတင်းပတ် တနင်္လာနေ့က ကားပါမစ် တင်းကြပ်ထားခြင်းမှ နိုင်ငံခြားငွေ စာရင်းရှိသူတိုင်း နိုင်ငံသားတဦးလျှင် ၂၀၀၇ မိုဒယ်အထက်ကား တစီးစီသွင်းခွင့်ရှိသည်ဟုကြေငြာ လိုက်ပြီးနောက် ကားဈေးကွက်မှ မိုဒယ်မြင့်၊ မိုဒယ်နိမ့်၊ မအပ်မီကား၊ ပါမစ် အသီးသီးဈေးကျဆင်းကုန်သည်ဟု ကားပွဲစားများက ပြောသည်။

ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားကိုသိန်းလွင်က “ မတ်တူး ရွှေငါး စတိ( ယာယီနံပါတ်) အရင် သိန်း ၂၅၀ ရောင်းတာမထွက်ဘူး၊ အရင် ၂၈၀ -၈၅ ရောင်းတဲ့ဟာ၊ ခြုံပြောရင်  သိန်း ၄၊ ၅ ဆယ်ကျတယ်” ဟု ယခုသီတင်းပတ် ကားဈေးနှုန်းကို ရှင်းပြသည်။

ထို့ပြင် ယခင် သီတင်းပတ်က သိန်း ၂၈၀ -၈၅ သိန်းရောင်းချသည့် တိုယိုတာ Belta ၂၀၀၇ မိုဒယ်မှာ ယခုရက်ပိုင်းတွင် သိန်း ၂၀၀ အထိကျဆင်းသွားကာ ၀ယ်သူလည်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။

ယခုလတ်တလော ဂျပန်မှတင်သွင်းလာသည့် ကားများသာမက နံပါတ်နိမ့် မိုဒယ်နိမ့်ကားများလည်း သူ့အတိုင်းအတာဖြင့် ဈေးကျသွားကြောင်း နစ်ဆန်း ဆူပါဆလွန်း ၈၆၊ ၈၇ ခုနှစ်မိုဒယ် ဆိုပါက ယခင် ၁၃၀၊ ၁၄၀ သိန်းရှိရာမှ ယခုအခါ သိန်း ၁၀၀ စွန်းစွန်းသာရှိတော့သည်ဟုလည်း မေးမြန်းသိရှိရသည်။

အစိုးရ တပ်စခန်းတခု KIA သိမ်း၊ ရင်းမှူး အပါအဝင် ခြောက်ဦး ကျဟုဆို



ကချင်ပြည်နယ် မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်၊ ခဂရန်းယန် ကျေးရွာတွင် တပ်စွဲထားသော
မြန်မာအစိုးရ၏ တပ်စခန်းတခုအား ကချင် လွတ်လပ်ရေးတပ် KIA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အစိုးရ၏ ခလရ ၁၃၈ လက်အောက်ခံ အဆိုပါတပ်စခန်းကို KIO တပ်မဟာ ၁ လက်အောက်ခံ တပ်ဖွဲ့များက ကြာသပတေးနေ့တွင် တိုက်ခိုက်သိမ်းယူလိုက်ခြင်းဖြစ်ပြီး တိုက်ပွဲတွင် အစိုးရတပ်မှ တပ်ရင်းမှူး အပါအဝင် ခြောက်ဦး ကျဆုံးခဲ့သည်ဟု KIA ရှေ့တန်းသတင်းရပ်ကွက်က ပြောသည်။

“မနေ့ညနေ ၅ နာရီကျော်လောက်မှာ အစိုးရဲ့ စခန်းတခုကို သွားတိုက်တာ သူတို့ဘက် ခြောက်ယောက် သေတယ်။ ကျနော်တို့ဘက်က တယောက် ဒဏ်ရာရတယ်။ ခု အဲဒီကို ကျနော်တို့တပ်ဖွဲ့တွေ နေရာယူထားတယ်” ဟု KIA ရဲဘော်တဦးက မဇ္စျိမကို ပြောသည်။

အစိုးရဘက်မှ ကျဆုံးသူ ခြောက်ဦးတွင် ခလရ ၁၃၈ တပ်ရင်းမှူး ဗိုလ်မှူး အေးကိုဦးနှင့် တပ်ကြပ်တဦး ပါဝင်ပြီး KIA ဘက်မှ တဦး ဒဏ်ရာသည်ဟု KIA ရှေ့တန်းသတင်းက ဆိုသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

နှစ်သိန်းဖုန်းများ အာမခံမလိုဘဲ အကြွေးဝယ်နိုင်



ရန်ကုန်၊ မေ ၁၁
ကျပ်နှစ်သိန်းဖြင့် ရောင်းချနေသော GSM ဖုန်းများ၊နှစ်သိန်းခွဲတန် WCDM ဖုန်းများကို အာမခံပေးသူ မလိုပဲ
မေလ ဒုတိယပါတ်မှ စတင်ကာ အရစ်ကျ ရောင်းချ ပေးမည်ဖြစ်ကြောင်း
၎င်းတို့နှင့် ချိတ်ဆက် ဆောင်ရွက် နေသည့် ထူးကုမ္ပဏီပိုင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်
မှ တာဝန်ခံ ဒေါ်သီတာလွင်က ပြောကြားသည်။

ယခင်က အရစ်ကျ စနစ်ဖြင့် ရောင်းရာတွင် ဘဏ်စာရင်း ရှိသူက အာမခံပေးမှသာ
ဝယ်ယူနိုင်သော်လည်း ယခု လူတိုင်း ဖုန်းကိုင် စေချင်သည့် ရည်ရွယ်ချက်ဖြင့် ပုလဲကွန်ဒိုရှိ E-liteရုံးချုပ်၊ ကမာရွတ်နှင့်လမ်းမတော်ဘဏ်ခွဲ တို့တွင် လူတစ်ဦးလျှင် ဖုန်းတစ်ကတ်ဖြင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း
၎င်းကရှင်းပြသည်။

ယင်းဘဏ်တွင် အရစ်ကျစနစ်ဖြင့် ၀ယ်ယူရာ၌ လူတစ်ဦးချင်းဆိုပါက ''မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ တို့လိုအပ်ပြီး အဖွဲ့အစည်းဆိုပါက အရေအတွက် ပေါ်မူတည်ပြီး ဘဏ်တွင် ညှိနှိုင်းနိုင်ပြီး E-lite ဖုန်းဆိုင်မှာ ဓါတ်ပုံ၂ပုံ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင် စာရင်း မိတ္တူနှင့် ကနဦး ပေးသွင်းငွေများ လိုအပ်ကြောင်း E-lite ကုမ္ပဏီမှ အရစ်ကျစနစ်အတွက်တာဝန်ရှိသူ ဒေါ်နွေးနွေးလဲ့ထွန်း က ပြောကြားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုအား စတင် သတ်မှတ် ပြဋ္ဌာန်း Friday 11th May 2012
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်အတွင်း ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၅ ခုကို ရှေးဟောင်း နေရာ တည်ရှိရာ ဇုန်နဲ့ ကာကွယ် ထိန်းသိမ်း ထားသော ဇုန်များ အဖြစ်
သတ်မှတ် လိုက်ကြောင်း သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို သတ်မှတ် လိုက်ရာမှာ ရှေးဟောင်း နေရာ တည်ရှိရာ ဇုန် AZ အဖြစ် သတ်မှတ်ရာ တိုင်းဒေသကြီး ကတော့ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ် တို့ဖြစ်ပါတယ်။

ကာကွယ် ထိန်းသိမ်း ထားသော ဇုန် PZ အဖြစ် သတ်မှတ် လိုက်တဲ့ နေရာတွေ ကတော့ မြောင်းမြ မြို့နယ်၊ မြောင်းမြ မြို့ဟောင်း၊ လောင်းလုံ မြို့နယ် မြို့ဟောင်း ကျေးရွာ အုပ်စု၊ သာဂရ မြို့ဟောင်း၊ မြောက်ဦး မြို့နယ် ဝေသာလီ ကျေးရွာနဲ့ သလ္လာဝတီ ကျေးရွာ ဝေသာလီ မြို့ဟောင်း၊ ကျောက်တော် မြို့နယ်၊ မဟာမုနိ ကျေးရွာ၊ ဓည၀တီ မြို့ဟောင်းနဲ့ ချောင်းဦး မြို့နယ် အတွင်းရှိ အမြင့်ရွာ ဒေသနှင့် သုံးပန်လှ အနိမ့် ရွာဒေသတို့ပဲ ဖြစ်ပါတယ်။

သတ်မှတ် ပြဋ္ဌာန်း ထားတဲ့ ဇုန်များ အတွင်း အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက် ပျက်စီး စေမည့် ဆောင်ရွက်မှုများ ဖြစ်တဲ့ လူနေအိမ်ခြေ အပါအ၀င် အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်း၊ ဆည်မြောင်း ကန်များ တူးဖော်ခြင်း၊ ဓာတ်တိုင်များ စိုက်ထူခြင်း၊ တာဝါတိုင် များစိုက်ခြင်း၊ လယ်ယာမြေများ ချဲ့ထွင်ပြီး ထွန်ယက် စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများ စိုက်ပျိုးခြင်း၊ ခြံစည်းရိုးများ ကာရံခြင်း၊ စက်ရုံ အလုပ်ရုံများ၊ ဟိုတယ်များ တည်ဆောက်ခြင်း၊ မြို့ရွာများ တိုးချဲ့ခြင်း၊ မြေကွက်များ ဖော်ထုတ် နေရာချခြင်း၊ ဓာတ်သတ္တု ပစ္စည်းများ တူးဖော်ခြင်း စသည့် ရှေးဟောင်း နေရာ၊ ဒေသ၏ အသွင်အပြင် ပျက်စီး စေမည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန် ၁၉၉၈ ခုနှစ် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေအရ တားမြစ် ကန့်သတ် ထားပါတယ်။

အဆိုပါ ဒေသများ အတွင်း နေထိုင်သော ဒေသခံများ၊ ဌာနဆိုင်ရာများ အနေနဲ့ ယဉ်ကျေးမှု အမွေအနှစ် ဒေသ အတွင်း အထက်ပါ ကိစ္စ တစ်ခုခုကို ပြုလုပ်လိုပါက ယဉ်ကျေးမှု ၀န်ကြီး ဌာန၊ ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနသို့ ကြိုတင် တင်ပြ ညှိနှိုင်းပြီး ခွင့်ပြုချက် အရသာ ဆောင်ရွက် ရမည်ဖြစ်ပြီး ခွင့်ပြုချက် မရှိဘဲ ဆောင်ရွက်ပါက တရား ဥပဒေနှင့် အညီ အရေးယူ ခံရမည်ဟု ယဉ်ကျေးမှု ၀န်ကြီး ဌာနက သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါတယ်။
MRTV-4

သတင်းရေးသူအား ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ရှေ့ နေ လျှောက်လဲချက်ပေး



ရန်ကုန်၊ မေ ၁၁

သတ္တုတွင်း ဝန်ကြီးဌာနနှင့် The Voice Weekly တို့၏ စတ္ထုတ အကြိမ်မြောက် ရုံးချိန်းကို ဒဂုံမြို့ နယ် တရားရုံးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ပြုလုပ်ခဲ့ရာ သတင်း ရေးသားသူအား စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင်ရှေ့ နေ ဦးသိန်းညွှန့်က လျှောက်လဲချက် ပေးခဲ့သည်။

ဝန်ကြီးဌာန အချို့ ၏ကျပ်သိန်းထောင်ချီ အလွှဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းနှင့် ပတ်သတ်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်း ရေးသားသူ တို့ကိုအသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ရာ The Voice Weekly ၏ အကျိုးဆောင် ရှေ့ နေက ဝန်ကြီးဌာနသည် သတင်း ရေးသားသူအမည်ကို အတိအကျ ဖော်ပြပြီး တရားစွဲဆိုရမည် ဖြစ်ကြောင်း၊ စာနယ်ဇင်း ကျင့်ဝတ်အရ သတင်းရင်းမြစ်နှင့် သတင်းရေးသားသူတို့ကို ဖော်ထုတ်ခွင့် မရှိကြောင်း သမိုင်းအစဉ်လာများအရလည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်နေသည့် အိုးဝေ ဂျာနယ်တွင် ‘ငရဲခွေးကြီး လွတ်နေပြီ’ ဆောင်ပါး ရေးသားသူအား တက္ကသိုလ် အာဏာပိုင် ဗြိတိသျှ လူမျိုးတို့က ဖော်ထုတ်ပေးရန် အယ်ဒီတာကိုအောင်ဆန်းကို ပြောဆိုရာ ကိုအောင်ဆန်းက ရေးသူ ကိုညိုမြမှန်း သိနေသော်လည်း စာနယ်ဇင်း ကျင့်ဝတ်အရ မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့သဖြင့် တက္ကသိုလ် အာဏာပိုင်တို့က ကိုအောင်ဆန်းကို ကျောင်းထုတ်ပစ်လိုက်ရာ ရန်ကုန်တက္ကသိုလ် ပထမ ကျောင်းသား သပိတ်ကြီး အစပြုဖြစ်ပွားရာမှ (၁၃၀၀) ပြည့် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်ဟု တရားရုံး တရားခွင်၌ လျှောက်ထားခဲ့သည်။

မန္တလေး ဟိုတယ်ဇုန်အတွက် မြေဧက ၃ ထောင်ကျော် သတ်မှတ်

မန္တလေးဟိုတယ်ဇုန်ကို တံတားဦးနှင့် အင်းဝ အကြားရှိ မြေဧက ၃ ထောင်ကျော်ပေါ်တွင် တည်ဆောက်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်မှ တာဝန်ရှိသူတဦးက ယနေ့တွင် ဧရာဝတီသို့ ပြောသည်။
၂၀၁၁ ခုနှစ်အတွင်းက မြေနေရာ လျာထားသော်လည်း ဒေသခံများ ကန့်ကွက်မှုကြောင့် ဟိုတယ်ဇုန် မဆောက်ဖြစ်သည့် ရှမ်းကလေးကျွန်း (ဓာတ်ပုံ - မန်းသားလေး / ဧရာတီ)
၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက အမရပူရမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ကျော်ရှိ ရှမ်းကလေးကျွန်းတွင် မြေဧက ၅၅၀ အသုံးပြုပြီး ဟိုတယ်အလုံးပေါင်း ၉၀ ကျော်ထည့်သွင်း တည်ဆောက်ရန် ယာယီသတ်မှတ်ထားသော်လည်း ဒေသခံများ၏ ကန့်ကွက်မှုနှင့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်၏ ခွင့်ပြုမိန့် မရရှိသည့်အတွက် လုပ်ငန်းများ ရပ်တန့်ထားခဲ့ရသည်။
မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်က ယခုအခါ တံတားဦးနှင့် အင်းဝ အကြားတွင် ဟိုတယ်ဇုန်တည်ဆောက်ရန်အတွက် မြေနေရာ ဧက ၃ ထောင်ကျော် သတ်မှတ်ပေးလိုက်သောကြောင့် ပထမ လျာထားသည်ထက် အဆပေါင်းများစွာ ဟိုတယ်များ တိုးချဲ့ဆောက်လုပ် ခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။

ဥတ္တရသီရိအတွင်းက ကျူးကျော်နေအိမ်များအတွက် လူသားချင်းစာနာမှုဖြင့် ဆောင်ရွက်ပေးစေလို



အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup on 11 May, 2012


နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းက ကျူးကျော်နေအိမ်များအတွက် လူသားချင်း စာနာမှုဖြင့် ဆောင်ရွက်ပေးစေ လိုကြောင်း ဒီချုပ်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။

“ကျွန်တော်ဒေသခံတွေကို မေးကြည်တော့ မြင်ရတာက အခုဖြစ်ပွားတဲ့သူတွေက သူတိုမှာ ဘာပိုင် ဆိုင် ကြောင်းမှတော့ မပြနိုင်တာမရှိဘူး။ ဒါပေမယ့် သူတို့ မိဘဘိုးဘွားတွေကအစ အစဉ် အဆက်နေ လာတဲ့ နယ်ခံဆိုတာတော့ အများအသိပါ။
အခုဒေသဖွံ့ဖြိုးရေးတွေ လုပ်နေတယ်။ ဆင်းရဲမွဲတေမူ ပပျောက်ရေးတွေ လုပ်နေတယ်ဆိုတော့ ၀ိုင်းဝန်းနည်းလမ်းရှာပြီး ကူညီပေးသင့်တယ်။
 
လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့လည်း စဉ်းစားပေးသင့်တယ်။ မြေလွတ်မြေရိုင်းတွေမှာ သူတို့တွေ အဆင်ပြေအောင်   နေရာချထားပေး နိုင်ဖို့ ကူညီပေးသင့်တယ်”ဟု နေပြည်တော် ဥတ္တရသီရီမြို့နယ် (NLD) ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးမင်းသူကပြောသည်။


နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျူးကျော်နေအိမ်များအား မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေး မှူးရုံးက
ဆက်လက်ဖယ်ရှားခိုင်းခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။




“ဒိုးနွယ်ကွက်သစ်က ၂၀၀၇ လောက် သင့်တင့်တဲ့ အကွက်တွေ ရိုက်ပြီး မြေကွက်တွေပြန်ချပေးခဲ့တယ်။ ရသင့် ရထိုက်တာတွေ လည်း ပေးပြီးသားပါ။ ဒါပေမယ့် အခုဖြစ်က သူတို့က ကျူးကျော်နေထိုင်ကြလို့ပါ။ စည်ပင်ပိုင်မြေလည်း ဖြစ်နေတယ်။ ၂လုံးတော့   ဖယ်ရှားခဲ့ပြီးပါပြီး၊ အခု ၂လုံးကလည်း အရင် တရားစွဲပြီး ထောင်ဒဏ်လည်း ခံ ရ ပြီးပြီ၊ အခုက ပြန်ဆောက်နေတော့ ကျွန်တော်တို့ကလည်း တရားထက်စွဲပြီး ဖယ်ခိုင်းရတာပါ”ဟု ဥတ္တရသီ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးမှ ဦးဆန်းဦး ကပြောသည်။


ဒိုးနွယ်ရွာ ဒေသခံများသည် ၂၀၀၇-၂၀၀၈ မတိုင်မှီထိ ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းလုပ်ကိုင်နေထိုင် ကြသူ များဖြစ်ကြောင်း၊   တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်သည့်အတွက် ရွာ၏ တောင်ဘက်(၁)မိုင် ခန့် အကွာရှိ ကျေးရွာများက   ပြောင်းရွေခံ ရွာသားများလည်း နေထိုင်ကြပြီး လက်ရှိတွင် အိမ်ခြေ(၁၅၀) ၀န်းကျင် ရှိကြောင်း သိရသည်။


“မနေ့ကတော့ အိမ်တွေဖယ်ခိုင်းတာတွေ ရပါတယ်။ စည်ပင်ပိုင်မြေဆိုပြီး ဖယ်ခိုင်းတာပါ။ အရင်ကလည်း ဒီမှာ ကျူးကျော် (စည်ပင်ပိုင်မြေ)ဆိုပြီးတရားစွဲခံရတာတို့၊ ထောင်ဒဏ်ခံရတာတို့ဖြစ်ခဲ့တယ်။ အခုလည်း ဥပဒေနဲ့ပဲ ကိုင်ပေါက်နေတော့တာ။ ကျွန်တော်တို့မှာလည်းတကယ်အဆင်မပြေလို့ပါ။

ရုံးရောက်ဘာရောက်လည်း မရှင်း နိုင်တော့ပါဘူး။ အခုက ဥပဒေဆိုတာနဲ့ အကုန်လုံးက ကြောက်နေရတယ်”ဟု ရတနာသိဒ္ဓိ ရပ်ကွက်၊ ဒိုးနွယ် ကွက်သစ်မှဒေသခံတစ်ဦးကပြောသည်။


 ဒိုးနွယ်ရွာတွင် ကျူးကျော်နေထိုင်အိမ်ထောင်စု(၁၅)စု ၀န်းကျင်ရှိကြောင်း၊ ကျူးကျော်နေထိုင် လာပါက ဥပဒေအရ အရေးယူနိုင်သလို ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ထောင်ဒဏ်အထိပါ အရေးယူနိုင်ကြောင်း မြို့နယ် စည်ပင်သာရေးကော်မတီက ဆိုသည်။


နေပြည်တော် ဥတ္တသီရိမြို့နယ်တွင် ဘဏ်လုပ်ငန်းများ၊ ၀န်ထမ်းအိမ်ယာများအကောင်အထည်ဖော် တည် ဆောက်လျက်ရှိပြီး
အိမ်ခြံမြေဈေးကွက်တွင် ပေ ၄၀×၆၀ တစ်ကွက်လျှင် ကျပ် သိန်း ၂၀၀-၃၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။

အလုပ်အကိုင်သစ် ရှာဖွေရန် နယ်ရပ်ရင်း စွန့်ခွာသူ အရေအတွက် ရခိုင်တွင် ကြောက်ခမန်းလိလိ တိုးပွား

 ထွန်းထွန်း
----------
စီးပွားရေး ကျပ်တည်းမူ၊ အလုပ်အကိုင် ရှားပါးမူများကြောင့် နယ်ရပ်ရင်း ဒေသကို စွန့်ခွာပြီး တခြား အရပ် ဒေသများသို့ ထွက်ခွာနေကြသူ အရေအတွက်မှာ ရခိုင်ပြည်နယ်တွင် တစ်နေ့ထက် တစ်နေ့ တိုးတက် များပြား နေကြောင်း ရခိုင် ဒေသခံများက ပြောသည်။



 ကားလမ်းပျက်၍ လမ်းဆင်းလျှောက်နေကြသော စစ်တွေမှ ရန်ကုန်သွား ခရီးသည်များ ( ဓါတ်ပုံ- နိရဉ္စရာ)
" ကျွန်တော်ဒေသက ရွာတွေမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ထိုင်း၊ တရုတ်နယ်စပ်နဲ့ မလေးရှားဘက်ကို ထွက်ခွာနေကြတဲ့ အတွက် ရွာတွေမှာ လူတောင် သိပ်မကျန်တော့ဘူး။ ကလေးနဲ့ လူကြီးတွေဘဲ ကျန်တော့တယ်" ဟု ရသေ့တောင် မြို့နယ် မူစဲကမ်း ကြက်ရိုးဆိပ်မှ ဒေသခံ တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် ရန်ကုန်နှင့် မန္တလေးသို့ သွားသော ဘတ်စ်ကားများတွင် ကားလက်မှတ်ကို သွားချင်သည့် အချိန်တွင် အလွယ် တကူ ၀ယ်ယူ၍ မရဖြစ်နေပြီး လက်မှတ် တစ်စာင်ကို ၁၅ ရက်ခန့် စောင့်ဆိုင်း ၀ယ်ယူနေကြသည်ဟု ရသေ့တောင်မြို့ တိုးရတနာ ဘတ်စ်ကား ခရီးသွား လက်မှတ် ရောင်းသူ တစ်ဦးက ပြောသည်။

" ရသေ့တောင်ကနေ ရန်ကုန်ကို တိုက်ရိုက် ကားနဲ့ သွားလို့ မရဘူး။ စစ်တွေက တဆင့်ဘဲ သွားရ တယ်။ ဒါပေမယ့် ထိုင်း၊ မလေးရှားနဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်နေကြသူတွေများတဲ့ အတွက် အခု ရသေ့တောင်မှာ ကားလက်မှတ် အရောင်းဆိုင်တွေ ဖွင့်ပြီး လက်မှတ်တွေ ကြိုတင် ရောင်းချ ပေးနေ ပါတယ်။ ကျွန်တော်တို့ဆီက ရန်ကုန်သွားမယ့် ကားလက်မှတ် တစ်စောင်ရဖို့ အတွက် အနည်းဆုံး ၁၅ ရက်ခန့် စောင့်ရပါတယ်။"

Friday, May 11, 2012

မြန်မာ့အပြောင်းအလဲ စိတ်မချရသေး


မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့  မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူအတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့  ဂျပန် NHK သတင်းဌာနအတွက် ပြည်တွင်းအခြေစိုက် လုပ်ပေးနေသူ သတင်းထောက် ကိုသီဟဆွေက ပြောပြပါတယ်။

သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း



ဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိသော WeeklyExpress Times ဂျာနယ် သတင်းထောက်အား ကိုယ်ထိလက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)က ကိုကျော်စိုးနိုင်က  မြစ်မခသို့ ရှင်းလင်းပြောကြားသည်။

“ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို   မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်”ဟု ကိုကျော်စိုးနိုင်ကပြောသည်။

သတင်းထောက် ဟိန်းကိုစိုးအား ကိုကျော်စိုးနိုင်က ကိုယ်ထိ လက်ရောက်မစော်ကားခဲ့ခြင်းမရှိကြောင်း သူ့ထံ တွင်သက်သေများရှိပါကြောင်းဦးကျော်စိုးနိုင်က ဆက်ပြောသည်။

Weekly Express Times ဂျာနယ်က မိမိတို့အနေဖြင့်ပြသာနာတစုံတရာတက်လိုခြင်းမရှိကြောင်း နောင်တွင် ထိုကဲ့သို့
ပြသာနာမျိုးမတက်လို၍ အဖွဲ့ချုပ်ရုံးသို့ စာပို့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ သတင်းထောက်ကို မင်းတို့က ပိုက်ဆံရလို့လုပ်နေတာ၊ ငါတို့က ထောင်ကျခံပြီးလုပ်နေတာ လို့ ပြောခဲ့တယ်၊ ကျွန်တော်ပြောချင်တာကတော့ ဖရီးပွဲဆိုတော့ရိုက်မှာပဲလေ ဒီလိုမဖြစ်စေချင်ရင် သတင်းထောက် တွေအတွက်
နေရာ တစ်နေရာသတ်မှတ်ပေးစေချင်ပါတယ်” ဟု Weekly Express Times ဂျာနယ်က အယ်ဒီတာ ကိုကျော်ဇေယျာဝင်း က ပြောသည်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဥရောပပါလီမန်လေ့လာ



မြန်မာဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာရှိတဲ့ ဥရောပ ပါလီမန်ကို မနေ့က ကြာသပတေးနေ့က ပထမဆုံးအကြိမ်အဖြစ် သွားရောက်လေ့လာခဲ့ကြပါ တယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ယာက်နဲ့ အတူ မြန်မာအစိုးရတာဝန်ရှိသူတွေက EU ဥရောပသမဂ္ဂ ဥက္ကဋ္ဌ Herman Van Rompuy နဲ့ နိုင်ငံခြား မူဝါဒရေးရာ EU အကြီးအကဲ Catherine Ashton တို့ကို Belgium နိုင်ငံ Brussels မြို့ရှိ ဥရောပပါလီမန် မှာ တွေ့ဆုံခဲ့ပါတယ်။

ကားတင်သွင်းခွင့် ရရှိနိုင်ရန် လိုအပ်သည့် နိုင်ငံခြားငွေစာရင်း(Bank Account)ဖွင့်ခြင်း အစီအစဉ်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်၍ စတင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရ




Friday, 11 May 2012 10:07
ကားတင်သွင်းခွင့်ရရှိနိုင်ရန် လိုအပ်သည့် နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်ခြင်းအစီအစဉ် ကို ဆောင်ရွက်ပေးနိုင်ရန် ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာနသို့ တင်ပြ ထားဆဲဖြစ်၍ စတင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''အခု ပြောင်းလဲထားတဲ့ မူဝါဒနဲ့အညီ နိုင်ငံခြားကနေ ကားတင်သွင်းနိုင်ဖို့ နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်လှစ်ပေးမယ့် အစီအစဉ်ကို အစိုးရဘဏ် (၂) ခုဖြစ်တဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာနိုင်ငံ ရင်း နှီးမြှပ်နှံမှုဘဏ်မှာ စတင်လက်ခံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံခြားဝင်ငွေရှိတဲ့သူတွေကို ဆောင်ရွက်ပေးတဲ့ Bank Account တွေကိုတော့ ဆောင်ရွက်ပေးနေပါတယ်။ မူဝါဒသစ်ဖြစ်တဲ့ Money Exchange Centre တွေကနေ ဒေါ်လာဝယ်ပြီး  (Bank Account) ဖွင့်တဲ့ စနစ်ကိုတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်ပါတယ်''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ 
မော်တော်ယာဉ်တင်သွင်းခွင့် ရ ရှိစေရန် ဖွင့်လှစ်သည့် နိုင်ငံခြားငွေ စာရင်း (Bank Account) သို့ နိုင်ငံခြားမှ တင်သွင်းမည့် ကားတန်ဖိုး ပမာဏကိုသာ ဒေါ်လာထည့်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေလ၇ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသည့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က'' Bank Account ဖွင့်တာနဲ့ ပါတ်သက်လို့ မိမိတင်သွင်းခြင်တဲ့ ကားကို ပေးချေရမယ့် ပမာဏပဲ Bank Account ထဲကို ထည့်ရ မှာဖြစ်ပါတယ်။ ဥပမာ- မိမိက ၁သောင်းတန်သွင်းမယ်ဆို ၁သောင်းပဲ Bank Account ထဲမှာ ဖြည့်လို့ရပါတယ်။ အစိုးရဘဏ်တင် မဟုတ်ပါဘူး။ နိုင်ငံခြားငွေ ဖော်ဆောင်တဲ့ဘက်တွေမှာလည်း Bank Account ဖွင့်လို့ ရပါတယ်။ အဲဒီလို Bank Account ဖွင့်ပြီးမှသာ သူ့နာမည်နဲ့ စီးပွားကူးသန်းက တင်သွင်းခွင့်လိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

မော်တော်ယာဉ် တင်သွင်းခွင့် ရရှိစေရန် ဖွင့်လှစ်သည့် နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်လှစ်ခြင်းကို မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုဘဏ်များတွင် မြန်မာနိုင်ငံသားဖြစ်ပါက ဖွင့်လှစ်နိုင်ပြီး(Bank Account) သို့ ထည့်သွင်းရမည် ဒေါ်လာကို တရားဝင်ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့တွင်းရှိ Money Exchange Centre များမှ ၀ယ်ယူထည့်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
 

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ တစ်ဆင့်တက် ကြိုးပမ်း လုပ်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား




Friday, 11 May 2012 13:06


president-office
နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် မေလ ၁၁ ရက်နေ့နံနက်တွင် ပြုလုပ်သော အစည်းအဝေးမြင်ကွင်း
(ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်)
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ တစ်ဆင့်တက်ကြိုးပမ်း လုပ်ဆောင်ကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် မေလ ၁၁ ရက်နေ့ နံနက်တွင် ပြုလုပ်သော အစည်းအဝေးတွင် မိန့်ကြားခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။
ထိရောက်သော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၏ အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲ လုပ်ဆောင်မှုများကို ရှေးကနှင့် မတူဘဲ စိတ်ဓာတ်အရ လည်းကောင်း၊ လူထုဆက်ဆံရေးအရ လည်းကောင်း၊ ပြည်သူ့အကျိုးစီးပွားအတွက် ပြည်သူများကို မိမိတို့၏မိဘသဖွယ် တိုးတက်အောင် ကူညီစောင့်ရှောက်ရေးနှင့် ပြည်သူမလိုလားသော လာဘ်ပေးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများ၊ ဆက်ဆံရေး မပြေပြစ်မှုများကို ရှောင်ရှားကြရေးအတွက် အဓိက ဦးစားပေး ပြောင်းလဲလာအောင် ကြပ်မတ်ကြိုးပမ်း ဆောင်ရွက်သွားကြ စေလိုကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ကြရာတွင် လူတစ်စုမျက်နှာကို မကြည့်ဘဲ ပြည်သူအများ ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်မှုအတွက် စီးပွားရေးလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အဂတိတရား ကင်းရှင်းစွာဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း သတ်မှတ်ချက်များ နှင့်အညီ ကြိုးပမ်းဆောင်ရွက် သွားကြခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော အလေ့အကျင့်များ တိုးတက်ဖြစ်ထွန်းလာရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုက်တွန်းခဲ့သည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းမှသာ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသ ဥက္ကဋ္ဌများအနေနှင့်လည်း အားသွန်ခွန်စိုက် ပါဝင်ကူညီလုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝရပ်စဲပြီး ထာဝရတည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးဆွေးနွေးနေကြသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဥပဒေနှင့်အညီ တတ်နိုင်သမျှ အားပေးကူညီပေးကြစေလိုကြောင်း၊ စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ်ကြိုးပမ်း တည်ဆောက်နေသည့် နိုင်ငံတော်အစိုးရ၏ မှန်ကန်သည့်စေတနာကို နားလည်သဘောပေါက်အောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  တိုက်တွန်းခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယသမ္မတ(၂)ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ဥက္ကဋ္ဌများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများဆန္ဒပြ



လှိုင်သာယာရှိ Myint April အထည်ချုပ်စက်ရုံမှ အလုပ်သမများသည်မရမ်းကုန်းရှိ အလုပ်သမားညွှန်ကြားမှုဦး စီးဌာနရှေ့တွင် ယနေ့မွန်းလွဲ၃နာရီ ခန့်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ အလုပ်သမား ၆၀၀ ကျော်ရှိအဆိုပါစက်ရုံမှအလုပ်သမ ၃ပုံ၂ပုံခန့်သည်။

 ဧပြီလလစာမှကျပ်၁၀၀၀၀ ဖြတ်တောက်ခြင်း၊ လစာဖြတ်တောက်မှုကို ပြောသည့်အခါ All Supervisor ဖြစ်သူဒေါ်နွယ်နွယ်ဦးက ရုန့်ရင်း ကြမ်းတမ်းသော စကားများဖြင့်ပြန်လည်ပြောဆိုခြင်းတို့ကြောင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း အဆိုပါစက်ရုံမှ အသက် ၂၇ နှစ်ရှိ မခင်ခင်လှိုင်ကပြောသည်။ 

သတင်းထောက်အား လက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း ဒီချုပ်က ကျော်စိုးနိုင် ရှင်းလင်း



ဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိသော WeeklyExpress Times ဂျာနယ် သတင်းထောက်အား ကိုယ်ထိလက်ရောက်စော်ကားခြင်းမှာ မဟုတ်မှန်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(ဒီချုပ်)က ကိုကျော်စိုးနိုင်က  မြစ်မခသို့ ရှင်းလင်းပြောကြားသည်။

“ကျွန်တော်က သူဓာတ်ပုံ ရိုက်ပြီးတော့ မှတ်တမ်းရရင် တော်ပြီ ညီလေးလို့ပြောပါတယ်၊ သူ ကျွန်တော့်ကို   မကြည့်ပဲနဲ့ တံတောင်နှင့် ထိုးမိပါတယ် ကျွန်တော်က နောက်ထပ်ပြောပါတယ်၊ နောက်တစ်ကြိမ် တတောင်နဲ့ ထပ်ထိုးမိပါတယ်”ဟု ကိုကျော်စိုးနိုင်ကပြောသည်။

သတင်းထောက် ဟိန်းကိုစိုးအား ကိုကျော်စိုးနိုင်က ကိုယ်ထိ လက်ရောက်မစော်ကားခဲ့ခြင်းမရှိကြောင်း သူ့ထံ တွင်သက်သေများရှိပါကြောင်းဦးကျော်စိုးနိုင်က ဆက်ပြောသည်။

Weekly Express Times ဂျာနယ်က မိမိတို့အနေဖြင့်ပြသာနာတစုံတရာတက်လိုခြင်းမရှိကြောင်း နောင်တွင် ထိုကဲ့သို့
ပြသာနာမျိုးမတက်လို၍ အဖွဲ့ချုပ်ရုံးသို့ စာပို့ခြင်းဖြစ်ကြောင်း သိရသည်။

 “ကျွန်တော်တို့ သတင်းထောက်ကို မင်းတို့က ပိုက်ဆံရလို့လုပ်နေတာ၊ ငါတို့က ထောင်ကျခံပြီးလုပ်နေတာ လို့ ပြောခဲ့တယ်၊ ကျွန်တော်ပြောချင်တာကတော့ ဖရီးပွဲဆိုတော့ရိုက်မှာပဲလေ ဒီလိုမဖြစ်စေချင်ရင် သတင်းထောက် တွေအတွက်
နေရာ တစ်နေရာသတ်မှတ်ပေးစေချင်ပါတယ်” ဟု Weekly Express Times ဂျာနယ်က အယ်ဒီတာ ကိုကျော်ဇေယျာဝင်း က ပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဒီချုပ်ကတာဝန်ရှိသူများက မည်ကဲ့သို့ဖြေရှင်းဆောင်ရွက်မည်ကို သိရှိလို၍ ဆက်သွယ် မေးမြန်း ရာ၌ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယခုကဲ့သို့ဆိုသည်။

 “ဒီကိစ္စကို ခြံထဲကလူတွေ လုပ်ပါလိမ့်မယ် ကျွန်တော်မသိပါဘူး ခြံထဲကတာဝန်ရှိတဲ့ သူတွေဆောင်ရွက် ပါလိမ့်မယ်”ဟု
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဥာဏ်ဝင်းကပြောသည်။

နိုင်ငံရေးသမားများနှင့် သတင်းမီဒီယာသမားများသည် ရှောင်ကွင်း၍ ရသူများမဟုတ်သည့်အတွက် ပြေပြေလည်လည် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းဝါရင့်သတင်းစာဆရာ ဆရာမောင်ဝံသက ဆိုသည်။

“ သတင်းသမားဘက်ကလဲ တားမြစ်ထားတဲ့နေရာကို အခွင့်ထူးခံပြီးမသွားသင့်ဘူး၊နောက်တစ်ချက်က သတင်းသမားတွေကို
ဆက်ဆံတဲ့နေရာမှာဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးကို  လက်တွဲလုပ်နေတဲ့သူ တွေလိုမျိုး ကောင်းကောင်းမွန်မွန် ဆက်ဆံသင့်တယ်” ဟု ၀ါရင့်သတင်းဆရာ၊ပြည်သူ့ခေတ်ဂျာနယ် အတိုင် ပင်ခံအယ်ဒီတာဆရာမောင်ဝံသကပြောသည်။

သတင်းထောက်နှင့် လုံခြုံရေးသမားများမှာ တခါတလေထိုကဲ့သို့ အဆင်မပြေမှုများဖြစ်တတ်ကြောင်းကိုလည်း ဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါကိစ္စနှင့်ပက်သက်၍ လူမှုရေးဖေ့ဘွတ်စာမျက်နှာများတွင် ပျံနှံ့စွာဖော်ပြရေးသား လျက်ရှိ ကြောင်းကိုလည်း သိရှိရသည်။
ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup

NLD လုံခြုံရေး တာဝန်ရှိသူအပေါ် Express Times ဂျာနယ်၏ စွပ်စွဲချက် မမှန်ကန်

    ၈ ရက်နေ့ကပြုလုပ်တဲ့ ရွှေမင်းသားဖောင်ဒေးရှင်းးးရဲ့ လေးနှစ်ပြည့်အခမ်းအနားကို ကျတော်လဲတက်ရောက်
သတင်းယူပါတယ်... ဒါကြောင့် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ဖြစ်တဲ့ ပြသနာကို အစအဆုံး သိရှိမြင်တွေ့လိုက်ရသ
လို ပြသနာကြီးးးမလာအောင် ကိုကျော်စိုးနိုင် နဲ့ သတင်းထောက်တို့ကြားမှာ တောက်လျှောက်မတ်တပ် ရပ်နေခဲ့ပါတယ်...
                   Express Times ဂျာနယ်၏ စွပ်စွဲချက် တွေဖြစ်တဲ့ ကိုကျော်စိုးနိုင် မှ " ဟေ့ကောင် ဓါတ်ပုံမရိုက်နဲ့" တားမြစ်တာမဟုတ်ပါ။။။ တခြားပွဲလာသူများရှေ့မှာ မီဒီယာပေါင်း များစွာက ပိတ်ကွယ်နေတာကြောင့် တော်ပါတော့ တော်ပါတော့ ... ပြီး
မှ ဆက်ရိုက်ပါဆိုပြီးးး ပြောခြင်းးးပါ... ကျန်တဲ့ သတင်းထောက်တွေ နောက်ဆုတ်ပေးပေမယ့် Express Times ဂျာနယ် သတင်းထောက်ကတော့ နောက်မဆုတ်တာကြောင့် အခုတော့တော်သင့်ပြီညီလေး ပြီးမှ ဆက်ရိုက်လို့ပြောတာကြားလိုက်တယ်...

Weekly Express Times ၏ သဘောထားထုတ်ပြန်ချက်ကို NLD သို့ပေးပို့ခြင်း

  အထက်ပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဆရာဦးဝင်းတင်၊ ဦးဥာဏ်ဝင်းနှင့် ဦးအုန်းကြိုင်တို့ထံသို့ အောက်ပါအကြောင်းခြင်းရာများ ပါဝင်သော သဘောထားကြေညာချက်တစ်စောင်ပေးပို့ခဲ့ပါသည်။

သို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)
အမှတ် (၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း။
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
                                     ရက်စွဲ။      ။     ၈ ၊ မေ၊ ၂၀၁၂၊
အကြောင်းအရာ။        ။ NLD လုံခြုံရေးတာဝန်ရှိသူက Weekly Express Times မှ သတင်းထောက်အား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းနှင့် မီဒီယာသမားများကို စော်ကားပြောဆိုခြင်းကိစ်္စအား လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးပါရန် တင်ပြခြင်း။                     မေလ ၈ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်
(UMFCCI) ရုံး၌ ရွှေမင်းသားဖောင်ဒေးရှင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
        အဆိုပါ အခမ်းအနားသို့ ရွှေမင်းသားဖောင်ဒေးရှင်း၏ နာယကဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဂုဏ်ပြုခဲ့ရာ သတင်းမီဒီယာသမားအများအပြားတက်ရောက် သတင်းရယူခဲ့ပြီးWeekly Express Times သတင်းဂျာနယ်မှ သတင်းထောက် ကိုဟိန်းကိုစိုး၊ ကိုဇင်မောင်ထွန်းနှင့် မဖြိုးဖြိုးဝေတို့လည်း တက်ရောက်သတင်းယူခဲ့ပါသည်။
        အခမ်းအနားကျင်းပနေစဉ်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေမင်းသားဖောင်ဒေးရှင်းဥက်္ကဋ္ဌ
ဦးမြတ်သူဝင်းတို့နှုတ်ဆက်စကားပြောနေသည်ကို သတင်းထောက်ကိုဟိန်းကိုစိုးကသတင်းဓာတ်ပုံမှတ်တမ်းရယူနိုင်ရန် ကြိုးပမ်းခဲ့ပါသည်။
        ထိုအချိန်တွင် NLD မှ လုံခြုံရေးတာဝန်ယူထားသော ဦးကျော်စိုးနိုင်က “ဟေ့ကောင် ဓာတ်ပုံမရိုက်နဲ့”ဟု တားမြစ်ပါသည်။

မြန်မာ့လေကြောင်းက စင်းလုံးငှားလေယာဉ်များအား (၁)နာရီ ကန်ဒေါ်လာ(၁၆၀၀)ပေး၍ငှားရမ်းနိုင်



ပြည်တွင်း၌သွားလားမူ အဆင်ပြေလွယ်ကူချောမွေ့စေရန်  မြန်မာ့လေကြောင်းက စင်းလုံးငှား လေယာဉ် များအား တစ်နာရီလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀) ဖြင့်စတင်ငှားရမ်းနိုင်ပြီဖြစ်ကြေင်း သိရှိရသည်။

လက်ရှိ စင်းလုံးငှားလေယာဉ်များအဖြစ် အသုံးပြုလျက်ရှိသော လေယာဉ်များမှာ F-28, F-27, F-760 များဖြစ်ပြီး အချိန်တစ်နာရီမှစ၍ နာရီပေါင်း (၁၈၀)အထိ ငှားရမ်းအသုံးပြုနိုင်သည်ဟု သိရသည်။

မြန်မာ့လေကြောင်းက ၀ယ်ယူထားသော ခရီးသည်(၁၉)ဦး တင်ဆောင် သွားလာနိုင်သည့်အမေရိကန် နိုင်ငံထုတ် ဘက်စုံသုံး   လေယာဉ်များကို စတင်ငှားရမ်းသုံးစွဲနိုင်ကြောင်း သိရသည်။

ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက်



ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီနဲ့ မြေယာပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရွေနံ့သာ ကျေးရွာက လယ်သမားတွေဟာ အငြင်းပွားနေတဲ့ မြေကွက်ကို ဒီကနေ့ စုဝေး သွားရောက်ခဲ့ပြီး အခုနှစ် စိုက်ပျိုးရာသီအတွက် စတင် ထွန်ယက်ခဲ့ကြပါတယ်။

ရွှေနံ့သာကျေးရွာက လယ်ဧက ၈ ရာကျော်ကို စက်မှုတည်ဆောက်ရေး အကြောင်းပြချက်နဲ့ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူခဲ့တာပါ။ အဲဒီနောက်
ကုမ္ပဏီက မြေတူးစက်တွေနဲ့ လယ်ကန်သင်း ဖြိုဖျက်တာ၊ ကွန်ကရစ်လမ်း ဖောက်လုပ်တာ၊ သံဆူးကြိုး ကာရံတာတွေ လုပ်ဆောင်လာတာကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်

နိုင်ငံတော် သမ္မတရုံး တရားဝင် Website လွှင့်တင်
Photo Credit : http://www.president-office.gov.mm/
နေပြည်တော်၊ မေ ၁၁
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် သမ္မတရုံး သတင်းပြန်ကြားရေး ဌာန၏ တရားဝင် Website ဖြစ်သော http://www.president-office.gov.mm/ကို မေလ ၁၁ရက်နေ့ (ယနေ့) မှစ၍ စမ်းသပ် ကာလ အဖြစ်သတ်မှတ်၍ စတင် ခဲ့ရာ ယနေ့ နံနက်ပိုင်းက နိုင်ငံတော် သမ္မတကြီး ဦးဆောင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး ဓာတ်ပုံနှင့် နိုင်ငံတော် သမ္မတကြီး၏ ပြောကြားချက် အချို့ ကို ကောက်နုတ် ဖော်ပြခဲ့သည်ကို တွေ့ရသည်။

အဆိုပါ အစည်းအဝေး ဓါတ်ပုံ၌ နိုင်ငံတော် သမ္မတကြီး၏ ဝဲဘက် ထိပ် ထိုင်ခုံတွင်မူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောင်ခမ်းကို တွေ့ရှိခဲ့သော်လည်း နိုင်ငံတော် သမ္မတကြီး၏ ယာဘက်ထိပ်၌ ဒုတိယသမ္မတ တစ်ဦးဖြစ်သူ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ ထိုင်ခုံမှာ လစ်လပ်နေသည်ကို တွေ့ရှိရသည်။

သမ္မတရုံး Website တွင် အဖွင့်စာမျက်နှာ၊ သတင်းများ၊ အခန်းကဏ္ဍ၊ အုပ်ချုပ်ရေး၊ အစိုးရအဖွဲ့၊ လွှတ်တော် ကဏ္ဍဟူ၍ ပါရှိပြီး အဖွင့်စာမျက်နှာ အောက်၌ သမ္မတရုံးနှင့် ဆိုင်သည့် ဓာတ်ပုံမှတ်တမ်းများ၊ ဗီဒီယိုဖိုင်များ၊ အသံဖိုင်များ၊ စာအုပ်စင်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်ရန် အတွက် တိုက်ရိုက်ထုတ်လွှင့်မှု ဟူ၍ ခွဲခြားထားသည်။

သတင်းများ အောက်တွင်လည်း ယင်းကဲ့သို့ နိုင်ငံတော်နှင့် သက်ဆိုင်သော သတင်းများ၊ သတင်းစာ ရှင်းလင်းချက်များ၊ သမ္မတရုံး၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြထားပြီး အခြား ခေါင်းစဉ်များ အောက်တွင်လည်း ခေါင်းစဉ်ခွဲများ ပါရှိကြောင်း သိရသည်။
The Voice Weekly

တိုင်းရင်းသားဒေသ ဖွံ့ဖြိုးရေးကိုပါ စဉ်းစားဖို့ ရင်းနှီး မြှုပ်နှံသူတွေကို ဒေါ်စု တိုက်တွန်း



ဓာတ်ပုံ AP
ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (မေလ ၁၀ ရက်၊ ၂၀၁၂။)
မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေနဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ကြမယ် ဆိုရင် မြန်မာပြည်မကြီး တင်မဟုတ်ဘဲ မြန်မာတိုင်းရင်းသား လူနည်းစုဒေသတွေမှာပါ သွားရောက် လုပ်ဆောင်ကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းလာတဲ့ တချိန်တည်း မှာ နိုင်ငံတကာက မြန်မာနိုင်ငံတွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံဖို့ ပိုပြီး စိတ်ဝင်စားမှု တိုးလာကြပါတယ်။ ဒီ အခြေအနေကိုတော့ ကိုသားညွန့်ဦးက တင်ပြပေး ထားပါတယ်။

Thursday, May 10, 2012

စိုင်း​နော်ခမ်း​ကို တရုတ်နိုင်ငံကို လွှဲ​ပြောင်း​ပေး​အပ်



တရုတ်သ​င်္ဘောသား​ ၁၃ ဦး​ကို ပြီး​ခဲ့​တဲ့​နှစ်က မဲ​ခေါင်မြစ်ထဲမှာ သတ်ဖြတ်ခဲ့​မှု သံသယနဲ့​ တရုတ်အစိုး​ရက အလိုရှိ​နေတဲ့​ မူး​ယစ်ရာဇာ စိုင်း​နော်ခမ်း​ကို လာအို အစိုး​ရက တရုတ်နိုင်ငံ ကို ဒီ​နေ့​လွှဲ​ပြောင်း​ပေး​အပ်လိုက်ပါတယ်။

နော်ခမ်း​ကို စင်း​လုံး​ငှား​လေယာဉ်နဲ့​ လာအိုနိုင်ငံက​နေ တရုတ်နိုင်ငံကို ပို့​ဆောင်လိုက် တာဖြစ်ပြီး​ တရား​ဝင် အခမ်း​အနား​နဲ့​ လွှဲ​ပြောင်း​ပေး​အပ်ခဲ့​တယ်လို့​ တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြား​တွေမှာ ထုတ်လွှင့်​သွား​ခဲ့​ပါတယ်။

တရုတ် ဆင်ဟွာသတင်း​မှာ​တော့​ တရုတ်ပြည်သူ့​လုံခြုံ​ရေး​ဌာနရဲ့​ မူး​ယစ်​ဆေး​ဝါး​ ထိမ်း​ချုပ်​ရေး​ ဗျူရိုအဖွဲ့​က ညွှန်ကြား​ရေး​မှူး​ လီယူ ယူကျွင်း​က နယ်စပ်ဖြတ်​ကျော် ရာဇဝတ်မှု တိုက်ဖျက်​ရေး​မှာ တရုတ်၊​ လာအို၊​ မြန်မာနဲ့​ ထိုင်း​ ၄ နိုင်ငံ အတူတကွ လုပ်​ဆောင်ခဲ့​ပါတယ်။ ပြီး​တော့​ ​နော်ခမ်း​နဲ့​ သူ့​ရဲ့​ အဓိက အဖွဲ့​ဝင်​တွေကို ​အောင်မြင်စွာ ဖမ်း​ဆီး​နိုင်ခဲ့​ပြီး​ မဲ​ခေါင်မြစ် တ​လေ်ွာက် လုံခြုံ​ရေး​နဲ့​တည်ငြိမ်​ရေး​ကို ထိန်း​သိမ်း​နေပါတယ်လို့​ ​ပြောတဲ့​အ​ကြောင်း​ ​ဖော်ပြပါတယ်။

မြန်မာ့တိုးတက်မှု အထွေထွေညီလာခံ အသိအမှတ်ပြုဖို့ Mr. Ban တိုက်တွန်း


ဓာတ်ပုံ ASSOCIATED PRESS
ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံသို့ လာရောက်စဉ်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကုလသမဂ္ဂ အထွေထွေ ညီလာခံအနေနဲ့ အသိအမှတ်ပြုပြီး တိုးတက်မှုတွေ ပိုရှိလာအောင် ကုလသမဂ္ဂအနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနိုင်မလဲ သုံးသပ် အဖြေထုတ်ဖို့ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တိုက်တွန်းလိုက် ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု အောင်မြင်မှုရအောင် နိုင်ငံတကာအနေနဲ့ ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါ့မယ်။

အတွင်းရေးမှူးချုပ် သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံးခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေ ညီလာခံကို မနေ့က ရှင်းပြပြီး လက်ရှိ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုတွေကို အသိအမှတ်ကြဖို့ တိုက်တွန်းခဲ့တာပါ။ တိုးတက်မှုတွေ ပိုရှိလာအောင်လည်း ဘယ်လို ၀ိုင်းကြ၀န်းကြမလဲဆိုတာ နည်းလမ်းစဉ်းစားကြဖို့ အထွေထွေညီလာခံကို အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

အခန်းအတွင်း အိမ်ရှင်အမျိုးသမီးကြီး တစ်ဦး သေဆုံးနေသည်ကို အပုပ်နံ့ရမှ သိရ



အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် တိုက်ခန်းကိုတွေ့ရစဉ်(ဓါတ်ပုံ-Eleven Media Group)
အခန်းအတွင်းမှ အပုပ်နံ့ရ၍ သော့ဖျက်ဝင်ရောက်ခဲ့ရာ အိမ်ရှင် အမျိုးသမီးကြီးတစ်ဦး သေဆုံးနေသည့် ဖြစ်စဉ် ကျောက်တံတားမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်ဟု Eleven Media Group သတင်းရသိပါသည်။

လိုအပ်လာရင် ချစ်ကြည်​ရေး​တံတား​ပိတ်မယ်



ထိုင်း​အစိုး​ရက မူး​ယစ်ရာဇာအဖြစ် ​ကြေညာထား​တဲ့​ ဒီ​ကေဘီ​အေအဖွဲ့​ခေါင်း​ဆောင် ဗိုလ်ချုပ်နှုတ်ခမ်း​မွေး​က မူး​ယစ်​ဆေး​ဝါး​နဲ့​ ပတ်သက်မှု မရှိတဲ့​အ​ကြောင်း​ကို ပြည်တွင်း​ပြည်ပ သတင်း​စာဆရာ​တွေကို ဒီ​နေ့​မနက် ရှင်း​လင်း​ ​ပြောဆိုလိုက်ပါတယ်။


မြဝတီမြို့​နယ် အင်း​ကြင်း​မြိုင်မှာ ဒီ​နေ့​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ဗိုလ်နူတ်ခမ်း​မွေး​က ​ပြောကြား​လိုက်တာပါ။


ထိုင်း​ဘက်က ဗိုလ်နှုတ်ခမ်း​မွေး​ကို မူး​ယစ်ရာဇာအဖြစ် စွပ်စွဲထား​ပြီး​ ဖမ်း​ဝရမ်း​ ဆု​ငွေထုတ်ထား​တဲ့​အ​ပေါ်ကို ရှင်း​လင်း​ဖို့​အတွက် ပြည်တွင်း​ပြည်က သတင်း​ထောက်ကို ဖိတ်ကြား​ပြီး​ပြုလုပ်တာပါ။

ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီ တွင်ဖြစ်ပွား



တိမ်းမှောက်သွားတဲ့ကားမှ အမှတ်တံဆိပ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ရုပ်ရှင်ဆန်ဆန်ပြိုင်ကားတိမ်းမှောက်မှု ဖြစ်ရပ်တစ်ခုနေပြည်တော်ကောင်စီနယ်မြေပုဗ္ဗသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ် နယ်နိမိတ်အစပ်၊ရာဇဌာနီလမ်းမပေါ်၌ မေလ ( ၉ )ရက်နေ့ ည ၁၀ နာရီ ၄၅မိနစ်ခန့်တွင်ဖြစ်ပွားခဲ့သည်ဟုသတင်းရရှိသည်။ ပြိုင်ကားမှာ အမဲရောင်ဖြစ်ပြီးBMWတံဆိပ်ဖြစ်
သည်။ကားသည်ရာဇဌာနီလမ်းမအလယ်ရှိလ
မ်းလယ်ကျွန်းကိုအရှိန်ပြင်းစွာတိုက်ခဲ့ပြီး၎င်းလမ်းလယ်ကျွန်းမှ ကိုက် ၈၀ (ပေ ၂၄၀ )အကွာသို့လွင့်စင်ပြုတ်ကျသွားသည်ဟု သိရသည်။“ကားကျတာနှင့်တစ်ပြိုက်နက်
မီးတွေထလောင်တယ်၊ပေါက်ကွဲသံတွေလည်းကြားရတယ်၊ကားမောင်းတဲ့သူကငယ်ငယ်လေးပဲရှိသေးတယ်။အသက် ၂၅ နှစ်အရက်စော်နံနေတယ်လို့လည်းသိရတယ်။ယာဉ်မောင်းသူ က နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်။

ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ဒုတိယပတ် ပထမဆုံး ပြည်ပခရီး ထွက်မည်



မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမဆုံး ပြည်ပ ခရီးစဉ်ကို ဇွန်လ ဒုတိယပတ်တွင် စတင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးအုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ထိုင်ခုံအမှတ် G 22 ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ဒုတိယပတ်တွင် နော်ဝေ နိုင်ငံသို့ စတင် သွားရောက်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက် ပြောကြားသည်။"ဂျပန်သွားဖို့တော့ မပါသေးဘူး" ဟု ဦးအုန်းကြိုင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေးရှိနေခြင်းမှာ တောင်ကိုရီးယားသမ္မတ ခရီးစဉ်အတွက်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တစ်ရာကျော် ရှိနေရခြင်းမှာ တောင်ကိုရီးယားသမ္မတ ၏ မြန်မာနိုင်ငံခရီးစဉ်တွင် လုံခြုံရေးအပြည့်အ၀ရရှိစေရန် အတွက် ၀တ်စုံပြည့်ဖြင့်လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေးခေါင်းဆောင် တစ်ဦးက အတည်ပြုပြောကြားသည်။
  တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်သည် နိုင်ငံတော်သမ္မတအပါအ၀င် ဒေါ်အောင်ဆန်းစုကြည် နှင့် ပါလာရောက်တွေ့စုံမည်ဖြစ်သောကြောင့် ယင်းကဲ့သို့ လေ့ကျင့်ခြင်းဖြစ်ပြီး ရန်ကုန် တစ်မြို့လုံးတွင်ပါ ယင်းကဲ့သို့လေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
Messenger News Journal

Hi- Mo ဆံပင်တု စက်ရုံ အလုပ်သမားများ အရေးကို ပြေလည်အောင် ဖြေရှင်းပေး သွားမည် ဖြစ်ကြောင်းအလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကပြော



လုပ်ခလစာ နည်းပါးမှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု များကြောင့် ယနေ့ ဆန္ဒပြကြသော လှိုင်သာယာ မြို့နယ်ရှိ Hi- Mo ဆံပင်တု စက်ရုံ အလုပ်သမားများ အရေးကို ပြေလည်အောင် ဖြေရှင်းပေး သွားမည် ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

အလုပ်ရှင် ကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ရှိသူများ သုံးပွင့်ဆိုင်ကာ မေလ ၁၀ ရက်နေ့တွင် လှိုင်သာယာ မြို့နယ်တွင် စက်မှုဇုန် ရှေ့တန်း ကြီးကြပ်ရေးရုံးတွင် ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များထားဝယ်သို့လာမည်

 
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့်အဖွဲ့သည် ၁၅-၅-၂၀၁၂
(အင်္ဂါနေ့)နံနက်တွင်ထားဝယ်မြို့သို့လေကြောင်းခရီးဖြင့်ရောက်ရှိမည်ဖြစ်သည်။
၁၅-၅-၂၀၁၂ မှ ၁၈-၅-၂၀၁၂အထိ၎ရက်ကြာထားဝယ်ခရိုင်အတွင်း လှည့်လည်ဆွေးနွေးဟောပြောမည်ဖြစ်သည်။
    ထားဝယ်မြို့ ၊တလိုင်းထိန်ရပ် ၊ဗိုလ်ချုပ်လမ်း၊ သရဖူတည်းခိုခန်း တွင်တည်းခိုမည်ဖြစ်သည်။
၁၅-၅-၂၀၁၂ နေ့တွင် လောင်းလုံမြို့နယ် ၊ကဘူကျေးရွာ၊ပန္ဒလဲကျေးရွာ၊လောင်းလုံမြို့၊အောက်ရေဖြူကျေးရွာ
တို့တီင်ဆွေးနွေးဟောပြောမည်ဖြစ်သည်။
၁၆-၅-၂၀၁၂နေ့တွင် ရေဖြူမြို့နယ်၊ကံဘောက်ဒေသ၊
၁၇-၅-၂၀၁၂ နေ့တွင် မောင်းမကန်၊နဘုလယ်ဒေသ၊သောကြာပြင်ကျေးရွာ၊မြို့ဟောင်းကျေးရွာ တို့တွင်
ဟောပြောဆွေးနွေးမည်ဖြစ်သည်။
၁၈-၅-၂၀၁၂ တွင်ထားဝယ်မြို့ပေါ်ရှိဘုရားများဖူးမည်။ဆရာတော်ကြီးများ၊ကိုဖူးတွေ့မည်။
လူမှုရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံမည်ဖြစ်သည်။ ဟုသတင်းရရှိသည်။