Pages

Saturday, June 9, 2012

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုခံလိုက်ရသော ဒေသခံများအတွက် ဦးတေဇ ဘဏ်က အလှူ

Saturday, June 09, 2012  အိမ့်သံစဉ်
AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) ရဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာ တွင် အောက်ပါအတိုင်း ရေးသားထားပါတယ်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရသော မြန်မာနိုင်ငံ သားများ အတွက် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ အဲပုဂံလေကြောင်းလိုင်း၊ Elite Tech Co., Ltd. နှင့် Htoo Group of Companies တို့မှ စုပေါင်းလှူဒါန်းသည့် အလှူငွေ ကျပ်သိန်းငါးရာကို ထူးဖောင်ဒေးရှင်းမှ ရခိုင်ပြည်နယ် အစိုးရသို့ ဆက်သွယ်လှူဒါန်းမည်ဖြစ်ပါတယ်။

မောင်တောမှာ ရေကန် အဆိပ်ခတ်သတင်းထွက်ပေါ်၊ RSO လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ် နံနက် ၁၀နာရီခွဲ၊

  ဇွန် ၉၊ ၂၀၁၂၊ YPI

ယနေ့မနက် မောင်တောမြို့မှ သိရှိရသည့် သတင်းများအရ မောရ၀တီနှင့် ကုန်းပြင်ရွာ ၂ရွာ မီးရှို့ခံရပြီး တောင်ကုန်းရွာကို ဘင်္ဂါလီများ လောလောဆယ် ၀ိုင်းထားသည်ဟု သိရသည်။

မောင်တောမြို့ကို ရေပေးဝေနေသည့် ကန်တော်ကြီးရေကန်ကို ဘင်္ဂါလီအကြမ်းဖက်သူများက အဆိပ်ခတ်ထားသည် ဆိုသည့် သတင်းများထွက်ပေါ်ပြီးနောက် ရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းထားကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ မောင်တောမြို့ စည်ပင်သာယာမှ ကန်တော်ကြီးရေကန်မှရေကို မြို့နေလူထုတွက် ပေးဝေသည့် စနစ်ဖြစ်သည်။

အခြားသတင်းတရပ်တွင် တောင်ကုန်းရွာ အနီးမှကျေးရွာတရွာတွင် ကျောင်းဆရာမ (၅) ဦးအသတ်ခံရသည်ကို ယနေ့နံနက်တွင် သိရသည်ဟုဆိုသည်။ ယင်းသတင်းကို သီးခြား အတည်ပြုချက် မရသေးပါ။

ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒဖော်ထုတ်ပွဲ



အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးအချို့၏ အကြမ်းဖက်မှု ဒဏ်ကို ခံစားခဲ့ရသော ရခိုင် တိုင်ရင်းသားများအတွက် ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့် အရှေ့ဘက်မုခ်ကြားရှိ ဓညဝတီ ရခိုင် ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၉ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင် တိုင်းရင်းသား ၃၀၀ ကျော် ပါဝင်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
ရွှေတိဂုံဘုရား တောင်ဘက်မုခ်နှင့် အရှေ့ဘက်မုခ်ကြားရှိ ဓည၀တီ ရခိုင် ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၉ ရက်နေ့မွန်းလွဲပိုင်းက ရခိုင်တိုင်းရင်းသား ၃၀၀ ကျော်ပါဝင်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲမှ ထုတ်ပြန်လိုက်သော ရခိုင် တစ်မျိုးသားလုံး ဆန္ဒ သဘောထား ကြေညာချက်
၁။ မောင်တော၊ ဘူးသီးတောင်သို့ တစ်ဖက်နိုင်ငံက တရားမ၀င် ခိုးဝင်လာသော မွတ်ဆလင် ဘင်္ဂါလီ ကုလားလေး သိန်းသည် ဌာနီ ရခိုင်တိုင်းရင်းသုံးသောင်းခန့်အား ရက်စက်စွာ သတ်ဖြတ်ခြင်းများကို တားဆီးပေးပါ။
၂။ လှုံ့ဆော်သူ၊ ကျူးလွန်သူများကို ထိရောက်စွာ အရေးယူပေးပါ။
၃။ မုဒိမ်းကျင့် ပစ္စည်းလု၊ လူသားမဆန်စွာ သတ်ဖြတ်သူ၊ လှုံ့ဆော်ခဲ့သော ကုလားများကို အများပြည် သူရှေ့တွင် ထိရောက်စွာ အပြစ်ပေးပါ။

ကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးလှမင်း ဦးဆောင်တဲ့အဖွဲ့ မောင်တောမြို့ သို့  ရောက်ရှိကွပ်ကဲလျက်ရှိ



ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးလှမင်း
ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ

 ဆေးဝန်ထမ်းများ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်

 နေပြည်တော်  ဇွန်  ၉

ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများအပေါ်စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည် ဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ အခြေအနေများ မူလအတိုင်း ပြန်လည်တည်ငြိမ် အေးချမ်းလျက် ရှိပြီဖြစ်သည်။

အဆိုပါဖြစ်စဉ်များ၌ နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေ ဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးစခန်းများအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တောက်ပံ့ရေးပစ္စည်း (၃.၃)တန်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဘေထုပ် (၅၀) (စုစုပေါင်း ၂ တန်ကျော်) ပေးပို့ပြီးဖြစ်ကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်တောဖြစ်စဉ် (ဇွန်လ ၈ ရက်)၊ ထပ်မံရရှိသောဓါတ်ပုံများ



မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော အောင်မြေဗောဓိကျောင်း မြင်ကွင်းများ
မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော အောင်မြေဗောဓိကျောင်း မြင်ကွင်းများ

မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော အောင်မြေဗောဓိကျောင်း မြင်ကွင်းများ
မောင်တောမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော အောင်မြေဗောဓိကျောင်း မြင်ကွင်းများ

ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ပေးပါ၊ မြစ်ဆုံဆည် ရပ်ပေးပါ။ ပြည်တွင်းစစ်တွေ ရပ်ပေးပါ

Saturday, June 09, 2012  ဇာနည်မာန်  
ကချင်ဒေသကို အစိုးရ စစ်တပ်တွေ ထိုးစစ်ဆင်နေတာ တနှစ်ပြည့်တဲ့နေ့မှာ့  အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ကချင်တိုင်းရင်းသားတွေဦးဆောင်တဲ့ မြန်မာဒုက္ခသည်တွေဟာ ကချင်ဒေသက ထိုးစစ်တွေကို ရပ်တန့်ပေးဖို့ အိန္ဒိယ ပါလီမန်နားက ဂျန်တားမန်တား ပန်းခြံမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

(ဓာတ်ပုံ - ဧရာဝတီ)

စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ကြရတယ်၊ မြန်မာအစိုးရဟာ ပြောင်းလဲမှုတွေ လုပ်နေပါတယ်ဆိုပြီး တဖက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေ လုပ်နေပေမယ့် တဖက်မှာလည်း တိုင်းရင်းသားဒေသတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်ထဲမှာ ထိုးစစ်ဆင်နေတာတွေကို မရပ်တန့်သေးတဲ့အပြင် စစ်အင်အားတွေ ထပ်ဖြည့်နေလို့ ၀မ်းနည်းရတယ်လို့ ကချင်တိုင်းရင်းသားတွေက ဆိုပါတယ်။

စစ်တွေအနီး ကျေးရွာသုံးရွာမှ တုတ် ဓါးကိုင်လူအုပ်အား လုံထိန်းများက စစ်တွေမြို့ဘက်မရောက်စေရန် ထိန်းထား

 ညနေ ၅နာရီ၊ ဇွန် ၉၊ ၂၀၁၂၊ YPI

ညနေ ၄နာရီ ၁၅ ၀န်းကျင်တွင် စစ်တွေလေယာဉ်ကွင်း အနီးရှိ တပိုင်၊ ဘုမယ်နှင့် သဲချောင်းကျေးရွာများမှ ဘင်္ဂါလီလူမျိုး အယောက် ၁၀၀၀ ခန့်က တုတ်၊ ဓါးများကိုင်ဆောင်၍ စစ်တွေမြို့ဘက်သို့ ဦးတည်လာရာ လုံထိန်းရဲများက သေနတ်ထောင်ဖေါက်ကာ နောက်ဆုတ်စေခဲ့သည်။

ယခုလောလောဆယ် အနေအထားတွင် ရထားလမ်း တဖက်မှ ယင်းလူအုပ်က လမ်းတဘက်တွင်ရှိသည့် လုံထိန်းရဲများအား ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ဟု စစ်တွေမြို့ ရခိုင်အမျိုးသား စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

စစ်တွေမြို့ခံများအနေဖြင့် ယခုအနေအထားတွင် လုံထိန်းများက တားဆီးလိုက်နိုင်သော်လည်း ညဘက်တွင် ယင်းတုတ် ဓါးကိုင်စွဲသူ လူစုလူဝေးက စစ်တွေမြို့ရပ်ကွက်များကို အန္တရာယ်ပြုလာမည့် အရေးစိုးရိမ်လျှက်ရှိသည်ဟု ဆိုသည်။

ယင်းကျေးရွာ ၃ ရွာမှာ ပင်လယ်ထွက်ပေါက်နှင့်နီးစပ်သည့် ကျေးရွာများဖြစ်သည်။

by Yangon Press International

ဓာတ်ဆီပုံးသယ်ဆောင်လာသော ဘင်္ဂါလီ ကလေးနှစ်ဦးအား စစ်တွေမြို့မဈေးအတွင်း ဖမ်းဆီး နေ့လည်

 ၃နာရီ ၊ ဇွန် ၉၊ ၂၀၁၂ (YPI)

စစ်တွေမြို့မဈေးအတွင်းသို့ ဓာတ်ဆီပုံးနှစ်ပုံးသယ်ဆောင်လာသော
ဘင်္ဂါလီကလေး နှစ်ဦးအား သံသယရှိသဖြင့် စစ်တွေမြို့ခံ တချို့က ၎င်းတို့ကို
ဖမ်းဆီးကာ ရဲစခန်းသို့ ပို့ပေးခဲ့ကြကြောင်း ရခိုင်အမျိုးသားစောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးက YPI သို့ ပြောသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် ဓာတ်ဆီပုံများကို ဈေးအတွင်း သယ်ဆောင်လာရသည်ကိုစစ်ဆေးမေးမြန်း နေဆဲဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ YPI အနေဖြင့်မူသီးခြား အတည်ပြုချက် မရရှိသေးပေ။

ဘင်္ဂါလီကျေးရွာဖြစ်သည့် နာဇီကျေးရွာဝန်းကျင်တွင် ဘင်္ဂါလီ အများအပြား ဒုတ်၊ ဒါးများကိုင်ဆောင်ကာ အုပ်စုဖွဲ့ သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်နေရပြီးအခြေအနေ မတည်မငြိမ်ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟုလည်း အထက်ပါ
ရခိုင်အမျိုးသားစောင့်ကြည့်ရေးအဖွဲ့ဝင်က ဆိုသည်။

မောင်တောတွင်ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်



ရန်ကုန်၊ ဇွန်- ၉

မောင်တောမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်လှစ်ကာကူညီစောင့်ရှာက်မှုပေးလျက်ရှိပြီး ဆေးဝန်ထမ်းများလည်း ရောက်ရှိကာ ကျန်းမာရေးစောက်ရှောက်မှုပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက နာရီပိုင်းအတွင်းက သတင်းထုတ်ပြန်လိုက်သည်။
မောင်တောမြို့နယ်၌ဖြစ်ပွားလျက်ရှိသော ဆူပူအကြမ်းဖက်မှုများကို ယနေ့နံနက်ပိုင်းမှစတင်ကာ
တည်ငြိမ်းအေးချမ်းသွားပြီဖြစ်ကြောင်းလည်း ဖော် ပြထားသည်။
ဒေသအတွင်းတရားဥပဒေစိုးမိုးရေးထိန်းသိမ်းဆောင်ရွက်ရန်အတွက် ကာကွယ်ရေးဌာန၀န်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်
ည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့မောင်တောမြို့သို့ရောက်ရှိကွပ်ကဲလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတရုံးမှသတင်းထုတ်ပြန်ချက်ကို ဒီနေရာ မှာ ဖတ်ပါ။

မောင်တောမြို့ တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက်

 
မောင်တောမြို့ တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်း ကြောင်း နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှ သတင်းထုတ်ပြန်ချက် ဒီနေရာမှာဖတ်ပါရန်