Pages

Saturday, September 1, 2012

မီဒီယာများကို ဆဲဆိုခြင်းကိစ္စ ဇာဂနာ ပြန်လည်ဖြေရှင်း

 
 သြဂုတ်လ ၃၁ ရက်နေ့က ရန်ကုန် လေဆိပ်တွင် ဒေါက်တာနိုင်အောင် နှင့် အဖွဲ့အား လာရောက်ကြို ဆိုကြစဉ် နိုင်ငံတော် သမ္မတ၏ ရခိုင်အရေး နှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် တစ်ဦးဖြစ် သူ ဦးဇာဂနာက သတင်း မီဒီယာများအား ဆဲဆိုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စဖြစ်ပြီး နောက်တစ်နေ့ စက်တင်ဘာ ၁ ရက်နေ့တွင် ဦးဇာဂနာမှ မီဒီယာများအား ဆဲဆိုခြင်း မဟုတ်ကြောင်း လေဆိပ်တွင် တရားဝင် ရှင်းလင်းပြောကြားသည်။

"ကျွန်တော့်ကို လူတစ်ယောက်က တွန်းလိုက်လို့ မှောက်ရက်လဲသွားတယ် ၊ အဲဒီလူကို ကျွန်တော်ပြန်ဆဲတာ မီဒီယာတွေကို ဆဲတာမဟုတ်ဘူး ၊ တကယ်လို့ မီဒီယာကို ကျွန်တော်ဆဲတယ်ဆိုရင်လည်း ကျွန်တော်အတိအလင်းတောင်းပန်တယ် " ဟု ယနေ့ မိုးသီးဇွန်နှင့် အဖွဲ့အား လာရောက်ကြိုဆိုစဉ် လေဆိပ်၌ သတင်းမီဒီယာများအား တရားဝင် ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။

ကျော်သူ-Yangon Media Group

၈၈ ရဲ့ စေတနာဝသန် ဂီတရန်ပုံငွေပွဲ မြင်ကွင်း တချို့

အဖွင့် အမှာစကားပြောကြားနေတဲ့ မင်းကိုနိုင်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်၊ ၈၈ မျိုးဆက်ကျောင်းသားများ
၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာဝသန် ဂီတ ရန်ပုံငွေပွဲ စတင်လိုက်ပါပြီ။

ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်း စင်တာလို့ ခေါ်တဲ့ MCC ခန်းမမှာ မြန်မာစံတော်ချိန် ညနေ ၄ နာရီကပဲ စတင်လိုက် တဲ့ အခမ်းအနားကို ကိုမင်းကိုနိုင်က အဖွင့်အမှာ စကားပြောကြားပြီး ၈၈ မျိုးဆက်ကျောင်းသား၊
ကျောင်းသူများ နဲ့ အဆိုတော်များက" ၈၈ ငြိမ်းချမ်းရေး တေးသံ" အဖွင့် သီချင်းကို ဆက်လက် သီဆိုကြ ပါတယ်။

အခမ်းအနားကို မကြာသေးခင်ကမှ သမ္မတရုံး ၀န်ကြီး ဖြစ်လာတဲ့ ယခင် စက်မှု ၀န်ကြီး ဦးစိုးသိန်းလည်း တက်ရောက်လာပါတယ်။ နောက် သမ္မတရုံး ၀န်ကြီးဖြစ်တဲ့ ဦးအောင်မင်းလည်း တက်ရောက်လာပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ စကားကောင်းနေတဲ့ ကိုပေါ် ( မင်းကိုနိုင်)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ပြည်သူ့ ဗိုလ်ချုပ်ကြီး ဦးတင်ဦးလည်း တက်ရောက်အားပေးပါတယ်။
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းနဲ့ ဘဘ ဦးတင်ဦးတို့ကိုလည်း ဦးကိုကို ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို တွေ့ ရပါတယ်။


ဒီကနေ့ ကျင်းပတဲ့ စေတနာ ၀သန် ဂီတရန်ပုံငွေပွဲကို SKY NET က တိုက်ရိုက်ထုတ်လွှင့်မှာလည်းဖြစ်ပါတယ်။ ပွဲမစခင်ကတည်းက စကိုင်းနက်က ကိုမင်းကိုနိုင်ကို အင်တာဗျူး လုပ်နေပုံပါ ။
ဂီတပွဲမှာတော့ လက်ဆောင်ပစ္စည်းတွေကိုလည်း ရောင်းချပြီး ၀ယ်ယူအားပေးတဲ့သူတွေလည်း များလှပါတယ်။ ကိုမင်းကိုနိုင်၊ ကိုပြုံးချို တို့ ရေးဆွဲဖန်တီးအလှဆင်ထားတဲ့ ငြိမ်းချမ်းရေး ဂစ်တာ တလက်ကို လည်း လေလံ တင် ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒီအပြင် ပိုလှသော မနက်ဖြန် သီချင်းခွေကိုလည်း ဖြန့်ချီနေပြီဖြစ်ပါတယ်။ ဒီပွဲကို တချိန်က ၈၈ မှာ ဦးဆောင်ခဲ့ကြ တဲ့ သူတွေအားလုံး ဆုံဆည်းကြတဲ့ထူးခြားတဲ့ ပွဲပါ။ မြန်မာနိုင်ငံကို ဒီကနေ့ မှ ရောက်တဲ့ ကိုမိုးသီးဇွန်နဲ့ အဖွဲ့၊ တနေ့က ရောက်နေတဲ့ ဒေါက်တာနိုင်အောင် စသဖြင့် ပြည်တော်ပြန်တွေလည်း တက်ရောက်နေပါတယ်။



                  ပွဲမစခင် နောက်ခံ ကို ပြောင်းလဲ ပြင်ဆင်နေကြပုံပါ။


                        

စေတနာဝသန် ဂီတဖျော်ဖြေပွဲ စတင်



 ၈၈ မျိုးဆက် ကျောင်းသားများ၏ စေတနာဝသန် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄း၃၀ နာရီတွင် MCC (Myanmar Convention Centre) ခန်းမတွင် ကျင်းပပြုလုပ်နေပါသည်။
တီးဝိုင်းများ
၁။ ရွှေသံစဉ်
၂။ Heaven Born
၃။ The Trees
၎။ Plus Three
၅။ Spectrum
 ၆။ Lazy Club
၇။ Metal Zone
၈။ မဇ္ဈီမလှိုင်း
၉။ ဂီတမိတ်
၁၀။ Ever Green
၁၁။ အဝေးကဧည့်ခန်း
၁၂။ Big Bag
၁၃။ Cobra
၁၄။ Hip-Hop ( Acid ၊ Too Big ၊ NGIIK )
၁၅။ Violence
အဆိုတော်များ
ခင်မောင်တိုး၊ ကိုနေဝင်း၊ ကိုရဲလွင်၊ ကိုသားထွေး၊ဂျေမောင်မောင်၊ ဂျေညီညီ၊ Sကဲနက်၊ တူးတူး၊ မာရဇ္ဇ၊ ရင်ဂို၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ အဲလက်စ်၊ မျိုးကျော့မြိုင်၊ ဘိုဖြူ၊ Rဇာနည်၊ ဇော်ပိုင်၊ အရိုး၊ Lလွန်းဝါ၊ ကိုင်ဇာတင်မုံ၊ ဖြိုးကြီး၊ ဟဲလေး၊ ဖိုးကာ၊ ဂျီလတ်၊ သအို၊ လင်းလင်း၊ ခိုင်မြဲသာ၊ လင်းနစ်၊ စိုးထက်၊ ကိုအောင်၊ ACID၊ Big Bag၊ Too Big၊ NGIIK၊ ဘိုလေး၊ ချမ်းအေးဝင်း၊ ရသ၊ Big Y၊ ကြက်ဖ၊ အယ်နောင်း၊ မေခလာ၊ ကော်နီ၊ ထွန်းအိန္ဒြာဗိုလ်၊ ကဗျာဘွဲ့မှုး၊ သျှီ၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ ခင်ဘုဏ်း၊ ချစ်သုဝေ၊ ရှင်ဖုန်း၊ မေစံပယ်ညို၊ ဝိုင်းစုခိုင်သိန်း၊ အိမ့်ချစ်၊ Nကိုင်ရာ၊ ချမ်းချမ်း၊ အေသင်ချိုဆွေ၊ ကာကာ၊ နီနီခင်ဇော်၊ ဆိုင်စံ၊ ခင်စုစုနိုင်၊ နန်းစုရတီစိုး၊ စိမ်းစိမ်းလဲ့ တို့ ဖြစ်ကြပါတယ်။
Burma VJ Media


ပုသိမ်ရေဘေးသင့်ပြည်သူများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလှူငွေသွားရောက်ပေးအပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့်ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက်တချို့အား အလှူငွေများပေးအပ် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၅ နာရီခွဲတွင်
... ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ရောက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှ လူထုအား ၁၀ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့သည်။
ဓာတ်ပုံ- ဥက္ကာကိုကို

 ထို့နောက် ရေကြည်ဦးရပ်ကွက် တာအား အင်ဂျင်နီယာများဖြင့် ခေါ်ယူလေ့လာပြီး
လိုအပ်သလို ပြင်ဆင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း လမ်းဘေးဓါတ်တိုင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ လဲလှယ်ပေးမည် ဖြစ်ကြောင်း ပုသိမ်ဆေးရုံကြီးကိုလည်း အခြေအနေစုံစမ်းပြီး ပြည်သူအများ သက်တောင့်သက်သာ ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေသခံများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ထို့နောက်
နံနက် ၁၀နာရီ ၄၀ မိနစ်တွင် ရေကြည်ဦး ၁၄ ရပ်ကွက်သို့ ဆက်လက် သွားရောက်ကြောင်းသိရသည်။
Photo: ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့မှပြန်လာစဉ် မြို့ပြင် ကားလမ်းဘေး၌တွေ့ရ သော ရေဘေးသင့်ဒေသခံတချို့၏ ယာယီတဲအိမ်များရှေ့တွင် ခေတ္တဆင်းကာ ၎င်းတို့ ပြောပြသော လိုအပ်ချက်များကို နားထောင်၍ အားပေးစကား ပြောကြားခဲ့သည်။ 

ဓာတ်ပုံ- ဥက္ကာကိုကို
ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့မှပြန်လာစဉ် မြို့ပြင် ကားလမ်းဘေး၌တွေ့ရ သော ရေဘေးသင့်ဒေသခံတချို့၏ ယာယီတဲအိမ်များရှေ့တွင် ခေတ္တဆင်းကာ
 ၎င်းတို့ ပြောပြသော လိုအပ်ချက်များကို နားထောင်၍ အားပေးစကား ပြောကြားခဲ့သည်။
ဓာတ်ပုံ- ဥက္ကာကိုကို