Pages

Saturday, September 15, 2012

ကျပ်သန်းထောင်ချီ ကြေးနီ အလွဲသုံးစားမှု စတင်အရေးယူ

မုံရွာမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ဒေသခံ ပြည်သူများ
မုံရွာမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ဒေသခံ ပြည်သူများ မုံရွာမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ဒေသခံ ပြည်သူများ

မုံရွာ၊ စက်တင်ဘာ ၁၃

ဝန်ထမ်း ၄၆ ဦးက အသိပေး ဖော်ထုတ်ခဲ့သည့် ကျပ်သန်းပေါင်း ၂၇၀၀ကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ကျော် အလွဲ သုံးစားမှုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့က ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်းထားပြီး တရားစွဲဆိုနိုင်ရန် အမှုတည်ဆောက်နေကြောင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းမှူး ဦးလှငွေက အတည်ပြု ပြောကြားသည်။

ဒေါ်လာ ၃ ဒသမ နှစ်သန်းကျော် တန်ဖိုးရှိ ကြေးနီတန် ၃၀၀ ကျော် အလွဲ သုံးစားမှုမှာ စစ်ဆေးဆဲ ဖြစ်နေသဖြင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်း ခံထားရသော ကြေးနီ စီမံကိန်း စက်ရုံမှူးနှင့် ဝန်ထမ်း တစ်ဦးတို့ကို တရားရုံး တင်မည့်ရက် ရွှေ့ဆိုင်း၍ ရမန်ကြီး တစ်ပတ် ထပ်ယူထားကြောင်း ၎င်းက ဆိုသည်။

ထိန်းသိမ်း ခံထားရသည့် မုံရွာ ကြေးနီ စီမံကိန်း စက်ရုံမှူး ဦးအောင်လောဟာ နှင့် ကြေးနီပို့ တာဝန်ခံ ဦးကျော်ဆွေတို့ ကို သြဂုတ်လ ၂၉ ရက်နေ့တွင် ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့ စခန်းတွင် ဖမ်းဆီးထားခဲ့ပြီး ၁၄ ရက် ပြည့်မြောက် ဖြစ်သည့် စက်တင်ဘာလ ၁၂ ရက်နေ့ တွင် တရားရုံးသို့ ရုံးတင် စစ်ဆေးရန် စီစဉ်ထားကြောင်း၊ သို့သော် ယင်းနေ့ နေ့လယ်ပိုင်းတွင် ကျောင်းဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်လာသော သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်း၏ ခရီးစဉ် ရှိသောကြောင့် မြို့နယ် တရားသူကြီးမှာ ညနေ ၄ နာရီကျော်မှ တရားရုံးသို့ ပြန်လည် ရောက်ရှိပြီး မြို့နယ် ဥပဒေ အရာရှိမှာ လည်း ယင်းအမှုအတွက် ကြည့်ရှုရမည့် စာရွက်စာတမ်း အထောက်အထားများ မှာ အလွန် များပြားသည့်အတွက် သေချာစွာ ဖတ်ရှုနိုင်ရန် ရမန်ကြီး တစ်ပတ် ထပ်ယူ ခဲ့ရကြောင်း ထိန်းသိမ်း ခံထားရသူများ၏ အကျိုးဆောင် ရှေ့နေ ဦးဝင်းမြင့်က ပြော ကြားသည်။

သတ္တုတွင်း ဝန်ကြီးဌာနနှင့် အိုင်ဗင်ဟိုး ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခဲ့သော အဆိုပါ ကြေးနီ စီမံကိန်း ကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်ဝမ်ဘောင် ကုမ္ပဏီတို့ထံ လွှဲပြောင်း ရောင်းချခဲ့သည့် အတွက် ၂၀၁၀ ပြည့် နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင် မှစတင်ပြီး ထုတ်လုပ်မှု ရပ်ဆိုင်းရန် ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ အထိ တရားမဝင် စက်လည်ပတ်၍ ကြေးနီတန်ချိန် ၃၃၈ ဒသမ ၉၃၂ တန်ကို အလွဲသုံးစား ပြုလုပ် ခဲ့သဖြင့် ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ၂၀၁၁ ခုနှစ် စက်တင် ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးထံသို့ တိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း၊ သို့သော် အရေးယူ ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိသောကြောင့် နိုင်ငံတော် သမ္မတကြီးထံသို့ တိုင်ကြားစာ ထပ်မံ ပေးပို့ခဲ့ရကြောင်း ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။ အဆိုပါ အလွဲသုံးစားမှုကို အရေးယူ ဆောင်ရွက်ပေးရန် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် သတ္တုတွင်း ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဖေသိန်းက ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်း၌ (ပ) နံပါတ် ၂၈၅/၂၀၁၁ ဖြင့် တိုင်ကြား ခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်လာသည့် တိုင်အောင် ထိရောက်သော အရေးယူ ဆောင်ရွက်မှု မရှိကြောင်း၊ ပြစ်မှု ကျူးလွန်သူများတွင် အဓိက ပါဝင်ဖွယ်ရှိသော နိုင်ငံခြားသား အထွေထွေ မန်နေဂျာနှင့် အတွင်းရေးမှူးတို့မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာ လဆန်းကပင် ပြည်ပနိုင်ငံသို့ အလွယ်တကူ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြောင်း ကြေးနီသတ္တုတွင်း ဝန်ထမ်းများနှင့် ထိန်းသိမ်း ခံထားရသူနှစ်ဦး၏ မိသားစုဝင်များက ပြောကြားသည်။

ယင်းကဲ့သို့ အမှုကိစ္စ ကြန့်ကြာရမှု အခြေအနေနှင့် ပတ်သက်၍ The Voice Weekly က စက်တင်ဘာလ ၆ ရက်နေ့ ၌ ဒဂုံမြို့နယ် တရားရုံးတွင် သတ္တုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကို မေးမြန်းခဲ့ရာ ပုဒ်မ ၆/၁ ဖြင့် ဝန်ထမ်း နှစ်ဦးကို ဖမ်းဆီး ထားသည်ဟု ကြားသိရ ကြောင်း၊ အဆိုပါ အမှုကို ဌာန ဆိုင်ရာ စုံစမ်း စစ်ဆေးမှု သာမက တိုင်းဒေသကြီး စာရင်းစစ် အဖွဲ့၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနှင့် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနတို့က ဝင်ရောက် စစ်ဆေး နေသောကြောင့် ကြန့်ကြာ ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစား မှုနှင့် ပတ်သက်၍ အသိပေး ဖော်ထုတ် တိုင်ကြားခဲ့သော ဝန်ထမ်း ၄၆ ဦးကို သတ္တုတွင်း ဝန်ကြီးဌာန အမှတ်(၁)သတ္တု တွင်းလုပ်ငန်း ခေတ္တ ဦးဆောင် ညွှန်ကြား ရေးမှူးနှင့် အကြီးတန်း အရာရှိများက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ တွင် လာရောက် တွေ့ဆုံခဲ့ပြီး အလွဲသုံးစားမှု မှန်ကန်ကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိမှု အစီရင်ခံစာကို ဖတ်ပြ၍ မုံရွာမြို့တွင် သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အမှုစစ်ဆေး နေစဉ်မှာပင် ကြေးနီသတ္တုများ ပြန်လည် သိမ်းဆည်း မိကြောင်း အသိပေးခြင်း၊ နိုင်ငံတော် သမ္မတကြီး၏ နှုတ်မိန့်အရ အဆိုပါ သိမ်းဆည်းရမိသော ကြေးနီများကို လေလံတင် ရောင်းချရာမှ ရရှိသော နိုင်ငံခြားငွေများ ကို ဘဏ်တွင် အပ်နှံခြင်း၊ ယင်းငွေထဲမှ ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီး များတွင် ကင်ဆာရောဂါကုစက်များ လှူဒါန်း ခဲ့ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့ကို အသိပေး ပြောကြားခဲ့သည်ဟု ကြေးနီ သတ္တုတွင်း ဝန်ထမ်းများက ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးတို့တွင် သတ္တုတွင်းဝန်ကြီး ဌာနကသော်လည်းကောင်း၊ မြန်မာအိုင် ဗင်ဟိုး ကုမ္ပဏီက သော်လည်းကောင်း ကင်ဆာ အထူးကု စက်များ လှူဒါန်းထားမှုရှိ မရှိကို The Voice Weekly သတင်း အဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့တွင် အတည်ပြု မေးမြန်းခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အများ စုပေါင်း လှူဒါန်း ထားသော ကင်ဆာ ဓာတ်ရောင်ခြည် စက်နှစ်လုံးသာ ရှိပြီး အလှူရှင်များ စာရင်းတွင် သတ္တုတွင်း ဝန်ကြီးဌာနပါဝင် ခြင်း မရှိကြောင်း ကင်ဆာ ဓာတ်ရောင်ခြည် ဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ စိုးဦးမောင်က ပြောကြားသည်။

မန္တလေး ပြည်သူ့ ဆေးရုံကြီး ကင်ဆာဌာနတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန အစီအစဉ်ဖြင့် ဝယ်ယူထား သော ဓာတ်ရောင်ခြည် စက်နှစ်လုံးသာ ရှိပြီး တစ်လုံးမှာ တပ်ဆင်ထားခြင်း မရှိသေးသော စက်အသစ်ဖြစ်ကြောင်း အဆိုပါ ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ပထမပတ်က ဖြစ်ပေါ်ခဲ့သော ကြေးနီတန် ၃၀၀ ကျော် အလွဲသုံးစားမှုတွင် ကြေးနီစက်ရုံ ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီး ထားသော်လည်း အဆိုပါ ကြေးနီများကို ရန်ကုန်မြို့အထိ သယ်ယူခဲ့ရာ၌ ပါဝင်ခဲ့သူများနှင့် ရှစ် လ နီးပါးကြာ လက်ခံ သိမ်းဆည်း ထားသူများကိုမူ အရေးယူနိုင်ခြင်း မရှိသေးကြောင်း ကြေးနီ သတ္တုတွင်း ဝန်ထမ်းများ နှင့် ထိန်းသိမ်းခံရသူ နှစ်ဦး၏ မိသားစုဝင်များက ပြောကြားသည်။

“ဒီတန်ချိန် ၃၀၀ ကျော်ကြီးကို ဒီနှစ်ယောက် တည်းနဲ့တော့ လုံးဝ မဖြစ်နိုင် ပါဘူး။ ကြီးကြီးပိုင်းက မပါဘဲ နဲ့တော့ လုပ်ရဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကလည်း အမှန်အတိုင်း ဖြစ်စေချင်ပါတယ်” ဟု ဆားလင်းကြီး ရဲတပ်ဖွဲ့ စခန်း တွင် ထိန်းသိမ်း ခံထားရသော ကြေးနီ စီမံကိန်း ဝန်ထမ်း ဦးကျော်ဆွေ၏သား ဖြစ်သူ ဦးသက်ဝင်းထွန်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ငွေစာရင်း ကော်မတီသို့ ပေးပို့သော ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အရေးကြီးသော စစ် ဆေး တွေ့ရှိချက် အစီရင်ခံစာ ၃/၂၀၁၂ တွင် ကြေးနီ ၃၃၈ ဒသမ ၉၃၂ တန်ကို စာရင်း မဖော်ပြဘဲ မမှန်မကန် ထုတ်ယူခဲ့ သည့် မှတ်တမ်း အထောက်အထားများ ကြိုတင် ဖျောက်ဖျက်ထားခြင်း များကို မြန်မာအိုင်ဗင်ဟိုး ဝန်ထမ်းများ ဖြစ်သော ဌာနမှူး ဦးအောင်လောဟာ၊ General Manager Mr.Glenn E.Forl နှင့် ဒေါ်သီရိတို့က ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ တိုင်စာကို စစ်ဆေးရာမှ အစုရှယ်ယာ ရောင်းချခြင်း တွင် ကျသင့်ငွေ ဒေါ်လာသန်း ၁၀၀ ကို မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်က ပေးချေခြင်း မဟုတ်ဘဲ ဝမ်ဘောင် ကုမ္ပဏီက ပေးချေ ခဲ့သည်ကို တွေ့ရှိရကြောင်း ဖော်ပြ ထားသည်။

ဇန်န၀ါရီလ ၁ ရက်နေ့မှ ၄ ရက် နေ့အထိ လေးရက်တာ ကာလအတွင်း ဒေါ်လာသုံးသန်းကျော် တန်ဖိုးရှိသော ကြေးနီ တန်ချိန် ၃၃၈ ဒသမ ၉၃၂ တန် ကို ထုတ်လုပ် နိုင်ခဲ့သော မြန်မာအိုင်ဗင်ဟိုး ကုမ္ပဏီ၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း ကို မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ ဒေါ်လာသန်း ၁၀၀ ဖြင့် ရောင်းချခဲ့ခြင်း မှာ မေးခွန်း ထုတ်ရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အမျိုးသား လွှတ်တော် သတ္တုနှင့် သယံဇာတ ကော်မတီဝင် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“ကျွန်တော် အမှန်အတိုင်း ပြောရရင် MEC နဲ့ ဦးပိုင်မှာ စီမံခန့်ခွဲရေး လုပ်နေတဲ့ လက်တစ်ဆုပ်စာ လူတစ်စုကို အယုံအကြည် မရှိဘူး။ တပ်မတော်က လုပ်တဲ့ စီးပွားရေး လုပ်ငန်းတွေက ရှုံးတာ များတယ်။ မြင်းခြံ သံမဏိ စက်ရုံကို ဝန်ကြီးဌာန လက်ထဲ ပြန်လွှဲပြောင်း လိုက်သလို၊ ဦးပိုင်က လုပ်နေတဲ့ လုပ်ငန်းတွေ ကိုလည်း ဝန်ကြီးဌာန လက်ထဲ လွှဲပြောင်း ပေးရင်၊ ပုဂ္ဂလိကပိုင် ပေးမယ်ဆိုရင်လည်း Open Tender ပေးစေ ချင်တယ်” ဟု ဦးဖုန်းမြင့်အောင် က ဆိုသည်။

အနာဂတ် ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း များကို ဒေသခံများ၏ သဘောဆန္ဒ ရယူပြီးမှ ဆောင်ရွက်သွားရန်နှင့် စီမံကိန်းပါ အချက်အလက်များနှင့် ရရှိမည့် အကျိုး အမြတ်များကို ပွင့်လင်း မြင်သာမှု ရှိစွာဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မုံရွာမြို့သို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ကိုဂျင်မီက ဝက်မှေး ဒေသခံများနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

“လေးရက်ကို ဒေါ်လာသုံးသန်းနဲ့ တွက်မယ် ဆိုရင် ခြောက်လ ကြာတာနဲ့ အရင်းကျေပြီ။ လျှော့ဈေးနဲ့ လက်သိပ် ထိုးရောင်း မရောင်းဆိုတာ ကာယကံရှင်တွေပဲ သိနိုင်မှာပါ။ အသွင် ကူးပြောင်းရေး ကာလ ဖြစ်တဲ့အတွက် နိုင်ငံပိုင် လုပ်ငန်း တွေကို ပုဂ္ဂလိက လက်ထဲ လွှဲပြောင်းတာတွေ အများကြီး ရှိခဲ့တယ်” ဟု ပြည်သူ့ လွှတ်တော် ငွေစာရင်း ကော်မတဝင်တစ်ဦး က ပြောကြားသည်။

အဆိုပါ မုံရွာ ကြေးနီ စီမံကိန်း အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာ လေးရွာမှာ ရွှေ့ပြောင်းပေးရန် ဖိအားပေး ခံခဲ့ရခြင်း၊ လယ်ယာမြေ ဧကပေါင်း ၇၈၀၀ ကျော် သိမ်းဆည်း ခံခဲ့ရသဖြင့် တောင်သူများ ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရခြင်း၊ ကြေးနီ စီမံကိန်း စွန့်ပစ် မြေစာပုံများကြောင့် သဘာဝပတ်ဝန်း ကျင် ပျက်စီးခြင်းများ ကြုံတွေ့နေရခြင်း စသည့် ရလဒ်များကြောင့် ဒေသခံများမှာ အဆိုပါ စီမံကိန်း ရပ်ဆိုင်းရန် ဇွန်လ ပထမပတ်မှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုလျက် ရှိပြီး စက်တင်ဘာလ ဒုတိယပတ်တွင် မုံရွာမြို့ပေါ်သို့ ကူးစက်ခဲ့သည်။

Written by  The Voice Weekly

ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းဝန်းကျင်ခန့် ထပ်မံရောက်ရှိလာ


    ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းဝန်းကျင်ခန့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာခဲ့ကြောင်း ဖားကန့်ဒေသသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

    "ဖားကန့်မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၃၉ ခုရှိပါတယ်။ အဲဒီစခန်းတွေကို ဒီနေ့မှာပဲ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းကျော်လောက် ထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ လုံခြုံရေး အခြေအနေအရ ဒုက္ခသည် စခန်းတွေဆီကို ၀င်ရောက်ခိုလှုံသူ တစ်သိန်းကျော် ရှိလာပါပြီ”ဟု Eleven Media Group သတင်းထောက်က ပြောပါသည်။

    လက်ရှိ အခြေအနေအရ ဖားကန့်ဒေသအတွင်း ညပိုင်းအချိန်တွင် အရပ်သားများ သွားလာလှုပ်ရှားမှုမှာ မရှိတော့ကြောင်း သိရပါသည်။

    ထို့အပြင် ဖားကန့်ဒေသ၌ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ သီးခြား အတည်ပြုချက် မရရှိခဲ့ပေ။

    ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး ယနေ့ညနေပိုင်း တွင် လုံခြုံရေး အခြေအနေအရ အရပ်ဘက် သွားလာလှုပ်ရှားမှုများ မရှိတော့ခြင်း ဖြစ်ကြောင်း သိရပါသည်။

    ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က တပ်မတော်နှင့် ကေအိုင်အေတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေခဲ့ပြီး ကိုးတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    "တိုက်ပွဲဖြစ်ပွားတဲ့ ဆွတ်ငိုင်ယန်ရွာ ရှေ့ဘက်ပိုင်းကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တပ်မတော် စစ်ကြောင်း ရောက်လာတယ်။ ညနေပိုင်း စစ်ကြောင်းပြန် အထွက်မှာ မိုင်းဗုံးတစ်လုံး ကွဲတယ်။ နောက် အပြန်အလှန် ပစ်ခတ်ကြတာပဲ။တပ်မတော်ဘက်က ကျဆုံးပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။ ရွာသူရွာသားနဲ့ ကျောင်းသူတွေက ၇ ဦး ၈ ဦးလောက်ထိခိုက်ဒဏ် ရာရလို့ ဖားကန့် ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။ သေဆုံးသွားတဲ့ မဂျာဆိုင်းအင်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ သဂြိုလ်သွားဖို့ စီစဉ်ထားပါတယ်" ဟု တိုက်ပွဲဖြစ်ပွားမှုကို မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရသော မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောပါသည်။

    " ကနေ့မနက်ပိုင်း အမြောက်ကျည်ဆံ နှစ်လုံးကျလို့ အနီး ပတ်ဝန်းကျင်က သူတွေ ထွက်ပြေး တိမ်းရှောင်ကုန်ကြပြီ။ အခုဆိုရင် ဆွတ်ငိုင်ယန်ရွာမှာ နာရေးဖြစ်တဲ့ အိမ်လောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေက လုံခြုံရေးကြောင့် မရှိကြတော့ဘူး။ သေဆုံးသွားတဲ့ မဂျာဆိုင်းအင်ရဲ့ နာရေးကို ကျောင်းသူ ကျောင်းသားတွေ လိုက်ပါ ပို့ဆောင်ဖို့ စီစဉ်ထားပေမယ့် အခု အခြေအနေအရ မြို့ပေါ် စခန်းတွေမှာ သွားပြီး ခိုလှုံနေရတာမျိုး ရှိနေပါတယ်" ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

    ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)အဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

    ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှစတင်ခဲ့ကာ လက်ရှိအချိန်၌ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု သိရှိရသည်။
   
      

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော



September 15, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအားထားသော ပါတီ မဖြစ်စေရေးအတွက် ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းနေရာအား ဝင်ရောက် လုပ်ကိုင် နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။ NLD ပါတီသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပါတီများထဲတွင် သြဇာအင်အား အကြီးဆုံးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် မရှိလျင် ပါတီမရှိနိုင်တော့ဟု ပြောဆို ဝေဖန်မှုများလည်း ရှိနေသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များက လူငယ် သွေးသစ်များအား သွေးသစ်လောင်း၍ အားဖြည့်ရန် ပြင်ဆင်နေသည်ဟုဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ လာပြီး ဝင်ပြီး လုပ်ကိုင်နိုင်သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့ သူ့ခေါင်းထဲမှာရှိတယ်၊ သူ စဉ်းစားထားတယ်၊ ကျနော်တို့လည်း စဉ်းစားထားတယ်၊ တဦးကောင်း လုပ်တဲ့ နိုင်ငံရေးဟာ မမြဲပါဘူး” ဟု ဦးတင်ဦး က ပြောသည်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၈ အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဝင်ရောက်ခဲ့ပြီး ဦးဆောင် သူ တဦး ဖြစ်လာခဲ့သည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အစိုးရက အာဏာလွှဲပြောင်းပေးအပ်ခြင်း မပြုခဲ့ပေ။
နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ချထားခြင်းခံခဲ့ရပြီး စစ်အစိုးရက ဦးဆောင်ကျင်းပသော ၂၀၁၀ ရွေး ကောက်ပွအပြီး တပတ်အကြာတွင်လွှတ်မြောက်ခဲ့သည်။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ် အနိုင်ရရှိကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်လာခဲ့သည်။ မဲဆန္ဒရှင်အများစုက ဒေါ် အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့်မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သံများ ထွက်ပေါ် နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ယင်းသို့ မဖြစ်စေရေးအတွက် ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
ထို့ကြောင့် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးသွားမည် ဖြစ်ကြောင်း၊ ထို့အတူ ပါတီ ဗဟိုအဖွဲ့ချုပ်တွင် လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်များကိုလည်း နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပေးနေပြီဖြစ်ကြောင်း သိရသည်။ လူငယ်များဖြင့် အားဖြည့်ထားသော NLD ပါတီအနေဖြင့် နောက်ပိုင်းတွင် တက်ကြွမြန်ဆန်သည့် ပါတီတရပ်အဖြစ် မြင်တွေ့ လာရမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်သည်ဟု ဦးတင်ဦးကပြောသည်။
“ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ယှဉ်ပြိုင်ရမယ့်ကိစ္စသည် အရင်ကလို မလွယ်ဘူး၊ အဲဒါကြောင့် လုပ်ရမယ်၊ အဲဒါနဲ့ ပတ်သက်လို့ လုပ်တဲ့နေရာမှာ ပိုမိုပြီးတော့ ပြည်သူလူထု ယုံကြည်မှုရဖို့အတွက် ညီညွှတ်နိုင်တဲ့ အားဖြစ်အောင် ကြိုးစား မယ်” ဟု သူကပြောသည်။ NLD ဖြစ်တည်လာရခြင်းသည် ၁၉၈၈ အရေးတော်ပုံ၏ ကိုယ်ကျိုးစွန့်မှုများမှ ဖြစ်တည် လာ ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ၈၈ မျိုးဆက်များအနေနှင့် ပါတီသို့ လာရောက်ပူးပေါင်းလိုပါက ကြိုဆို ကြောင်း NLD ၏ သဘောထားကို ပြောဆိုသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များနှင့် အခြားအတိုက်အခံ အင်အားစုများ အနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်း မှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်ခဲအမျိုးမျိုးကိုလည်း စာနာကြောင်းနှင့် ထိုအဖွဲ့များအနေဖြင့် ယခုချိန်ထိ NLD ပါတီသို့ ဝင်ရောက်ရန် ပြောဆိုခြင်းများမရှိသေးကြောင်း ဦးတင်ဦးက ရှင်းပြသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် NLD က မဲအပြတ်အသတ် အနိုင်ရရှိလိမ့်မည်ဟု အများက မျှော်လင့်ထား သော်လည်း မလွယ်ကူကြောင်း၊ ပါတီကြီးတစ်ခုဖြစ်သော ကြံ့ခိုင်ရေး ပါတီ အပါအဝင် အခြားသောပါတီများကလည်း အားနည်းချက်များကို ပြုပြင်ကာ အရှိန်ရနေကြမည်ဆိုသည်ကို သတိရှိရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။

Full version တစ်ခါထဲလုပ်ပြီးသား Internet Download Manager 6.12 Beta Build 17 Potable

                 Full version လုပ်ရာမှအခက်ခဲတွေဖြစ်နေတဲ့သူတွေအတွက်အသင့်သုံး
 potable IDM ကိုတင်ပေးလိုက်ပါတယ်။Full version လုပ်ပြီးသားပါ။
အသုံးပြုနည်းလေကတော့ exe လေးကို run လိုက်ယုံပါပဲ







ရွှေဝါရောင် မေတ္တာ စာအုပ်နှင့် စာရေးသူရဲ့ နှလုံးသား

ဓာတ်ပုံ- Ashin Htavara

ဒီလ ဟာ စက်တင်ဘာလ ဖြစ်တယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလ မှာ ဘာတွေ ဖြစ်ခဲ့ဖူးလဲ ???
 ပေးဆက်သူတို့၏ ရွှေဝါရောင် နှလုံးသား
အရှင် ထာဝရ
 “အော်စကာဆုချီးမြှင့်ပွဲ ရွှေဝါရောင် သံဃာတော်တွေကို ဖိတ်ကြား ” ဟူသော သတင်းခေါင်းစဉ်ဖြင့် ဖေဖော်ဝါ ရီလ ၂၄ ရက်နေ့က သတင်းခေါင်းစဉ်တစ်ခုကို တွေ့မြင်မိပြီး စိတ်ဝင်စားစွား ဖတ်ကြည့်မိသည်။ ထူး ခြားတာကတော့ ဟောလိဝုဒ်ရုပ်ရှင်အော်စကာဆုလျာထားစာရင်းထဲမှာ ၂၀၀၇ က မြန်မာနိုင်ငံ တွင်း ပြည်သူတွေရဲ့ စား ၀တ်နေရေး အထွေထွေအခက်အခဲတွေအတွက် သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက် ဆန္ဒပြပွဲကို အခြေခံရိုက်ထားတဲ့ Burma VJ မှတ်တမ်းတင်ရုပ်ရှင်ကားကို ထည့်သွင်းထားခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ ဖေဖော်ဝါရီလ ၂၃ ရက်နေ့သတင်းတစ်ခုမှာ နောက်ထပ် “ သံဃာတော် များ ဖမ်းဆီးရန်ရှိဟု မယက ပြော ” ခေါင်းစဉ်နဲ့ သတင်းတစ်ခုကိုပါ တွဲလျက်တွေ့ရပါသည်။ ဒီသတင်းနှစ်ခုကို ဖတ်ရှုရင်း ကျွန်တော့်အတွက် စဉ်းစားစရာတွေ ဖြစ်လာပါတော့သည်။ ကျွန်တော်သိ ရသလောက် ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုအတွင်းမှာ သံဃာတော်တွေ၊ သီလရှင်များပါမကျန် မြတ်ဗုဒ္ဓ ၏ သာသနာ့ဝန်ရှင်ရဟန်းများမှာ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါသည်။ သူတို့ဟာ ငိုရှိုက်သံ၊ သက်ပြင်း ချသံ တွေကို နိစ္စဓူဝ ကြားသိမြင်တွေ့နေရတဲ့အပြင်၊ သံဃာတော်တွေကို စစ်မိစ္ဆာလက်ဝေခံတွေက တိုင်မှာကြိုးတုတ် ရိုက်နှက်၊ ညှင်းဆဲပြီး နှစ်ပေါင်း နှစ် ထောင်ကျော် ကြာ အောင် မြင့်မြတ်စွာ တည်တံ့ခိုင်မြဲ အခြေတည်လာတဲ့ ဗုဒ္ဓ၏ သံဃာ့အဖွဲ့ အစည်းကိုပါ စော်ကားလို့ မခံမရပ်နိုင်ဖြစ်ပြီး အဓမ္မတရားတွေကို ဆန့်ကျင်ပြခဲ့ကြပါသည်။ လောက၌ “ အဓမ္မ ” မလွှမ်းမိုးနိုင်အောင်ကြိုးပမ်းခြင်းသည် မျိုးချစ်အာဇာနည်တို့၏ လုပ်ငန်းနှင့် သူတို့ ၏ တာဝန်ဖြစ်သည်။ မြတ်ဗုဒ္ဓ၏ တရားကိုကျင့်ကြံလိုက်နာပွားများနေသော သံဃာတော် အရှင်မြတ်များသည် နအဖစစ်မိစ္ဆာတို့၏ ဘာသာ၊ သာသနာ၊ လူမျိုးအပေါ် စော်ကားမှုများလာသောအခါ သူတော်ကောင်းတို့၏ ထုံး နှလုံးမူ ပြီး ငြိမ်းချမ်းစွာမေတ္တာပို့၍ အဓမ္မတရားတွေ ပျံ့နှံ့အောင် ကြိုးစားခဲ့ခြင်းဖြစ်ပါသည်။ ဗုဒ္ဓဒေသနာတော်များ၌ အသာစံခြင်း နှင့် အနာခံခြင်းနှစ်မျိုးတို့တွင် အနာခံခြင်းက အသာစံခြင်းထက် တန်ဖိုးကြီးကြောင်း တွေ့ရသည်။ အနာခံခြင်းကား မြင့်မြတ်သူများသာ လုပ်နိုင်သော လုပ်ငန်းဖြစ်၏။ ထိုကဲ့သို့ မြတ်ဗုဒ္ဓ၏ တရားဓမ္မကို အမှန်တကယ်သက်ဝင်ယုံကြည်သော ရဟန်းသံဃာတော်မြတ်များသည် ၂၀၀၇ စက် တင်ဘာတော်လှန်ရေးတွင် ကာယအားဖြင့်တသွယ်၊ စိတ်ဓါတ်ပိုင်းဖြင့်တစ်ဖုံ ပါဝင်ပတ်သတ်ခဲ့ပြီး ဘာသာ၊ သာ သနာ၊ လူမျိုး အကျိုးအတွက် ပေးဆပ်ခဲ့ကြသည်။ ထိုထိုသောများမြောင်လှသည့် သာသနာ့အာဇာနည်အရှင်မြတ်များထဲမှ ၂၀၀၇ စက်တင်ဘာသံဃာ့ လှုပ်ရှားမှု တွင် သန္ဓေတည်ပေါက်ဖွားလာခဲ့သော “ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့ ” ( All Burma Monks Representative Committee ) အကြောင်းကို အကျဉ်းတင်ပြချင်ပါသည်။ ၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့တွင် ပခုက္ကူမြို့၌ သံဃာအပါး ၅၀၀ လောက်က မေတ္တာသုတ်များ ရွတ် ဆိုပြီး လှည့်လည်ခဲ့သည်။ ရည်ရွယ်ချက်မှာ အခြေခံစားသုံးကုန်စည်ဈေးနှုန်းလျော့ချရေး နှင့် ပြည်သူတို့၏ လူမှု ဘ၀ ပြဿနာများ ပြေလည်အောင်လုပ်ပေးရန် နအဖအာဏာပိုင်တို့အား တောင်းဆိုခြင်းဖြစ်သည်။ဘုရား၊ တရား၊ သံဃာဂုဏ် ကျေးဇူးကို မသိနားမလည်သော နအဖလက်ပါးစေများက ဦးပညာစက္က နှင့် ဦးပညာနန္ဒ ဘွဲ့အမည်ရှိသော ကိုယ်တော်နှစ်ပါးကို ဓာတ်တိုင်ကြိုးတုတ်ပြီး ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။ အဲ့ဒီမှာတင် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုလို့ ကမ္ဘာ့သမိုင်း နှင့် မြန်မာ့သမိုင်း အပါအ၀င် ဘာသာရေးသ မိုင်းမှာပါ မော်ကွန်းဝင်ကမ္မည်းထိုးထိုက်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီး စခဲ့ပါသည်။ ဆရာတော်၊ သံဃာတော် များက နအဖစစ်အာဏာပိုင်များအား ကျူးလွန်ခဲ့သည်များကို ပြန်လည်ဝန်ချတောင်းပန်စေခဲ့ပါသည်။ ဒါပေမယ့် လူသတ်လက်နက် ကိုသာ အားကိုးပြီး အာဏာမှိုင်းမိနေသော မကောင်းဆိုးဝါးများ ပူးကပ်နေသော နအဖ စစ်အာ ဏာရှင်များဟာ ဒေ၀ဒတ်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါသည်။ ၂၀၀၇ စက်တင်ဘာ ၁၇ မှာ ရွှေတိဂုံစေတီတော် မြတ်ခြေရင်းမှာ ရဟန်းသံဃာ ၁၀၀၀ ကျော် နှင့် ကျောင်းသား၊ လူထုအပေါင်းတို့ စုဝေးချီတက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။ တစ်ရက်ပြီးတစ်ရက် ဆန္ဒပြမှု အဟုန်ဟာ ကြီးမားလာခဲ့ပါသည်။ မိမိအာဏာတန်ဖိုးကြီးကြောင်း ပြသလိုတဲ့ စစ်အာဏာရှင်တွေဟာ မာရ်နတ် စစ်သည် တွေ ဗုဒ္ဓမြတ်စွာကို အံတုပြိုင်ခဲ့သလို သံဃာအဖွဲ့အစည်းကို စိန်ခေါ်ခဲ့ကြပါသည်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ သံဃာ့အင်အား ထောင်ပေါင်းများစွာနှင့် ကျောင်းသား၊ ပြည်သူ လူထုအပေါင်းတို့ဟာ ရွှေတိဂုံစေတီတော်မှသည် ဆူးလေစေတီတော်ကြီးထိတိုင်အောင် ချီတက်ခဲ့ကြပါသည်။ ထိုနေ့ ညနေ ၄ နာရီအချိန်မှာဘဲ ရဟန်း၊ သံဃာ၊ သီလရှင်၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့၏ အားပေး ထောက်ခံ မှုဖြင့် “ ဗမာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့ ” ( All Burma Monks Representative Committee ” ကို ဆူးလေစေတီတော်ရင်ပြင်ပေါ်မှာဘဲ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့သည်။ ထိုအဖွဲ့သည် ဓမ္မအတွက် တိုက်ပွဲဝင်ရသော စစ်မြေပြင်တွင်ပွင့်ဖူးသော ပန်းမြတ်တော်ဝင်တစ်ခုပင် ဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် - ၁။ အရှင်ကောဝိဒ ( ဥက္ကဌ ) ၂။ အရှင်ထာဝရ ( အထွေထွေ အတွင်းရေးမှူး ) ၃။ အရှင်နေမိန္ဒ ( သတင်းနှင့်ပြန်ကြားရေး ) ၄။ အရှင်စန္ဒီယ ( စည်းရုံးရေး ) ၅။ အရှင်သံဝရ ( စည်းရုံးရေး ) ၆။ ရှင်ဣန္ဒက ( ဘဏ္ဍာရေးမှူး ) ၇။ အရှင်ဇာဂရ ( စည်းကမ်းထိန်းသိမ်းရေး ) ၈။ ကေသရိန္ဒ ( ရုံးအကြီးအကဲ ) ၉။ အရှင်သာသန ( ရုံးအဖွဲ့ ) ၁၀။ အရှင်ရသ ( ရုံးအဖွဲ့ ) ၁၁။ အရှင်ဥတ္တမ ( ရုံးအဖွဲ့ ) ၁၂။ အရှင်ဓမ္မညာဏ ( ရုံးအဖွဲ့ ) ၁၃။ အရှင်ဝိဇယ ( ရုံးအဖွဲ့ ) ၁၄။ ရှင်လက္ခဏ ( ရုံးအဖွဲ့ ) ၁၅။ ရှင်ထေရ၀ံသ ( ရုံးအဖွဲ့ ) တို့ဖြစ်ပါသည်။ အရှင်ထာဝရဦးဆောင်တဲ့အဖွဲ့ဝင် ၁၅ ပါးဦးဆောင်တဲ့ ဒီအဖွဲ့ကြီးကို သာသနာရေးဝန်ကြီး ဗိုလ်ချုပ် သူရမြင့်မောင် က သံဃာတု၊ သံဃာယောင်များဖြစ်ကြောင်း မဟာသံဃာ့နာယကအဖွဲ့ ကို စေလျှောက်တင်ခဲ့ သည် လို့ သိရပါသည်။ ဒါ့အပြင် ဒီတရားမ၀င်အဖွဲ့ကြီးဟာ ထိုင်းနယ်စပ်မှာ ဖွဲ့ခဲ့တာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်လုပ်ကိုင်နေပါသည်ဟု လိမ်လည်တင်ပြခဲ့ပါသည်။ ဒီအဖွဲ့ကြီး ရည်ရွယ်ချက်ကတော့ ဗုဒ္ဓသာသနာအဓွန့်ရှည်ရေး၊ တိုင်းပြည်တွင်း ပြည်သူတို့ခံစားနေရ သော စားဝတ်နေရေး အဆင်ပြေရေး၊ ငြိမ်းချမ်းသော တိုင်းပြည်ဖြစ်ရေး ….. စတဲ့ လူသားတို့ ဘ၀ သာယာချမ်းမြေ့ရေး အတွက် ရည်ရွယ်ပါသည်။ အဖွဲ့တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီဖြစ်လို့ ဒီသံဃာ့ကိုယ်စားလှယ်များအဖွဲ့ကြီးဟာ မြန်မာနိုင်ငံ လုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု ကဲ့သို့သော သံဃာ့အဖွဲ့များနှင့်အတူ ဆင်းရဲအတိဒုက္ခရောက်နေကြသော သန်း ၅၀ ကျော် မြန်မာပြည်သူတို့အတွက် သေနတ်ကိုင်ပြီး ရက်စက်ယုတ်မာတဲ့ စစ်အာဏာရှင်များကို အံတုနိုင်ခဲ့ သည်။ ၂၀၀၇ စက်တင်ဘာ ၂၂ မှာဆိုရင်ဖြင့် သံဃာ့ကိုယ်စားလှယ်များအဖွဲ့ဝင် သံဃာတော်များဟာ အခြား သံဃာတော်များနှင့်အတူ အကျယ်ချုပ်ခံနေရသော ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိ ရာသို့ ရဲရဲဝံ့ဝံ့သွားရောက်ပြီး မေတ္တာပို့ဆုမွန်ကောင်းများကို ၁၅ မိနစ်ခန့်ပေးခဲ့သည်။ လူထုခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် ခြံဝထွက်ပြီး သံဃာတော်များကို ဂါရ၀ပြုခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်များအဖွဲ့ဝင် သံဃာတော်တို့၏ ဓမ္မအတွက် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင် ခဲ့ပုံ၊ လူထုတွေ ကြုံတွေ့နေရသည့်ဒုက္ခကို စာနာနားလည်ပုံ နှင့် ကယ်တင်လိုစိတ်ကို စက်တင်ဘာ ၂၃ ရက်နေ့ တွင် အထင်အရှားတွေ့မြင်နိုင်သည်။ ဘုရား၊ တရား၊ သံဃာတို့၏ ဂုဏ်ကျေးဇူးထက် သေနတ်ကိုင် အာဏာရှင် စစ်မိစ္ဆာတို့၏ အမိန့်ကိုသာ နာခံ တတ်သော လက်ပါးစေတို့၏ သေနတ်ပြောင်းဝအောက်တွင် ပြည်သူသန်းပေါင်း များစွာ၏ အသက်အိုးအိမ် အတွက် အမှန်တရားကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ရဲသော ရဟန်းအာဇာနည်၊ လူအာဇာနည် တို့၏ စိတ်ဓါတ်ကား အံ့သြဖွယ်ပင်ဖြစ်ပါသည်။ ထိုစက်တင်ဘာ၂၃ ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးနေရာတွင် နေ့လည် နှစ်နာရီခွဲလောက်မှစပြီး လူထုဟောပြောပွဲကြီး ကျင်းပနိုင်ခဲ့သည်။ ကဗျာဆရာကိုအောင်ဝေး၊ ကျောင်းသား ခေါင်းဆောင် ကျော်ကိုကို တို့လည်း တတ်ရောက်ဟောပြောခဲ့ပါသည်။ တတိယမြောက်ဟောပြောသူကတော့ သံဃာ့ကိုယ်စားလှယ်များအဖွဲ့မှ အရှင်နေမိန္ဒ (စာရေးသူ။ မှတ်ချက် ယခု ထိုင်း၊ မြန် မာနယ်စပ်တွင် ဆင်းရဲကျပ်တည်းစွာ သတင်းသုံးနေရသူ၊) ဖြစ်သည်။ အရှင်နေမိန္ဒက ရသန်းရှင်လူကျောင်းသားအပေါင်းတို့အား မိန့်ခွန်းဟောရာတွင် “ ကျောင်းသားများ၊ ပြည်သူများ အားလုံး ညီညီညွတ်ညွတ်ရှိကြပါ။ သဟဇာတရှိရှိနေထိုင်ကြပါ။ တစ်သဘောတည်းထားကြပါ။ ကျောင်းသား နှင့် ပြည်သူလူထုကြီးအပေါင်းတို့ ဒီလှုပ်ရှားမှုကြီးမှာ တစ်ဦး နဲ့ တစ်ဦး သွေးမကွဲဘဲ ညီညွတ်စွာ သံဃာ တော်များနှင့်ပူးပေါင်းကြရန် ” မေတ္တာရပ်ခံဟောကြားခဲ့ပါသည်။ မြတ်ဗုဒ္ဓ၏ သွန်သင်မိန့်ကြားချက်များအတိုင်း ပဋိပတ္တိ၊ ပဋိယတ္တိ၊ ပဋိဝေဒ သုံရပ်ကိုသာ ကျင့်ကြံပွားများ လေ့လာ နေကြသော ရဟန်းသံဃာတော်များမှာ ဗုဒ္ဓ၏ ပဌာန်းဒေသနာတော်လာ “ ဥပနိဿပစ္စည်း ” အရ အားကြီးသော ကျေးဇူးပြုခြင်းဖြင့် ကျေးဇူးပြုသောသဘောအတိုင်း မြန်မာနိုင်ငံတော်ကြီးကို ကျေးဇူးဆပ်ရန် သေနတ်ပြောင်း ၀အောက် ရဲရဲဝံ့ဝံ့ ရပ်နိုင်ခဲ့လေပြီ။ ကျေးဇူးရှင်ကို ဤလောကမှ မပျောက်ကွယ်ရလေအောင် ကျေးဇူးဆပ်ရန်မှာ လူပီသသောလူသားတိုင်း၏ တာဝန်ပင်မဟုတ်ပါလော။ တိုင်းရင်းသားအချင်းချင်း၊ တိုင်းသူ ပြည်သားအချင်းချင်း၊ လူသားတိုင်းအချင်းချင်း ကို သူတော်ကောင်းတို့ ထုံး နှလုံးမူပြီး “ သမ္မ၀ါယ သမ္မန္ဓ ” နည်းအရ စည်းရုံးစေသည်မှာ မြင့်မြတ်သူတို့၏ အကျင့်မြတ်တစ်ခုပင် ဖြစ်ပါသည်။ မြင့်မြတ်သူဖြစ်လိုလျှင် အများအတွက် တကယ်လိုအပ်တဲ့အခါမှာ အနစ်နာခံလိုစိတ်ရှိရမည်ဖြစ်သည်။ မြင့်မြတ်သူဖြစ်လိုလျှင် မြင့်မြတ်သောနှလုံးသားရှိရုံမက လက်တွေ့အားဖြင့်လည်း တာဝန်ယူ လုပ်ကိုင် ရဲရမည် ဖြစ်သည်။ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ထိုကဲ့သို့စိတ်ထားမြင့်မြတ်ပြီး အများအတွက် အနစ်နာခံရဲသူများ ကိုတွေ့နိုင်ပါသည်။ အရှင်နေမိန္ဒနောက် သံဃာ့ကိုယ်စားလှယ်အဖွဲ့ အထွေထွေအတွင်းရေးမှူး အရှင်ထာဝရ ( ယ္ခု အိန္ဒိယ နိုင်ငံတွင် သီတင်းသုံးနေ ) က ဟောပြောခဲ့သည်။ အရှင်ထာဝရက “ ကိုယ်တော်တို့ဟာ သာသနာ့ဝန်ထမ်း ရှင်ရဟန်း များဖြစ်သည့်အားလျှော်စွာ သွေးထွက်သံယိုဖြစ်မည့် ပြဿနာမျိုးကို လုံးဝအလိုမရှိပါ။ ငြိမ်းချမ်းစွာ စေ့ စပ်ဆွေးနွေးပြီး အဖြေရှာလိုပါသည်။ ယခုအခါမှာ မိမိပြည်သူတွေ ဘာကို အရေး တကြီးတောင်း ဆိုနေတယ်ဆို တာကို နအဖအာဏာရှင်အနေနဲ့ ကောင်းကောင်း နားလည်သဘောက်ပေါက် မယ်လို့ ယုံကြည်ပါတယ်။ ဗမာနိုင်ငံမှာ မြေပေါ်မြေအောက် သဘာဝသယံဇာတပေါကြွယ်ဝပါတယ်။ တကယ်ဆို ခေတ်မီနိုင်ငံတစ်ခုဖြစ် ရမှာပါ။ ဒါ ပေမယ့် နအဖအာဏာပိုင်တွေက သူတို့အကျိုးစီးပွားအတွက်ဘဲ လုပ်နေကြလို့ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ ဖြစ်နေပါ ပြီ။ လက်တစ်ဆုပ်စာခန့်သာရှိသော စစ်အာဏာပိုင်များ နှင့် အပေါင်းပါလူတစ်စုက တိုင်းပြည် သယံဇာတတွေကို မတရားလက်ဝါးကြီးအုပ် ခွဲယူသုံးစွဲနေလို့ ပြည်သူတွေမှာ အလွန်ဘဲ ဆင်းရဲနေရပါတယ်။ သူတို့လက်တစ်ဆုပ်စာ ကောင်းစားဖို့ သန်း ၅၀ ကျော်တို့၏ အသက်အိုးအိမ်စည်းစိမ်တွေကို စတေးခံနေရပါ တယ်။ ဒါဟာ လုံးဝ မတရားပါဘူး။ နအဖရဲ့အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရားဟာ အလွန်သေးသိမ်ပြီး မင်းကောင်းတို့ရဲ့ စရိုက်လက္ခဏာ နဲ့ လုံးဝမကိုက်ညီပါဘူး။ တကယ်တော့ မြန်မာပြည်သူလူထုအများစုဟာ ဆင်းဆင်းရဲရဲ နေထိုင်နေရပေမယ့် အ တွေးအခေါ်နဲ့ ဆင်ခြင်တုံတရားမှာ ကမ္ဘာ့အဆင့်မီပါတယ်။ ဒါပေမယ့် ညံ့ဖျင်းလှတဲ့ အုပ်ချုပ်ရေး ယန္တရားကြောင့် သာ ဒီလိုကြမ္မာဆိုးတွေနဲ့ ကြုံတွေ့နေရပြီး ကမ္ဘာပေါ်မှာ မျက်နှာငယ်နေရတာပါ။ စစ်အုပ်စုအနေနဲ့လည်း ဗမာ ပြည်တွင်းပြဿနာတွေကို နားလည်သဘောပေါက်ပါ လိမ့်မယ်။ ဒါပေမယ့် ဘယ်လိုဖြေရှင်းရမယ်ဆိုတာကို မသိ တာဘဲ ဖြစ်ပါလိမ့်မယ်။ သူတို့တွေဟာ အဲ့ဒီလိုပြဿနာတွေကို လှည့်ဖြားဖို့ လမ်းပြမြေပုံ ( ၇ )ရပ်ကို ထုတ်ခဲ့တာပါ။ အဲ့ဒီမြေပုံ မှာ ပြည်သူတွေ ကို အကျိုးယုတ်စေမှာဘဲ ဖြစ်ပါတယ်။ မင်းကျင့်တရား ( ၁၀ ) ပါးကို လိုက်နာတဲ့ မင်းကောင်းမင်းမြတ်ကြောင့်သာ တိုင်းပြည်ငြိမ်းချမ်းသာယာ ပြီး စည်ပင်ဝပြောနိုင်မှာ ဖြစ်ပါတယ်။ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ပြီး မင်းကျင့်တရား ( ၁၀ ) ပါးမညီညွတ်တဲ့ မင်းဟာ ပြည်သူပြည်သားတွေရဲ့ ရိုသေလေးစားမှုကို မရနိုင်ပါဘူး။ ထို့ပြင် အဲ့ဒီတိုင်းပြည်ဟာ မတည်မငြိမ်ဖြစ် ပြီး ကပ်အမျိုးမျိုးဆိုက်ရောက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်အနေနဲ့ စစ်အာဏာရှင်တွေကို တိုက်တွန်းချင်တာကတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီနည်းကျပြီး တရားမျှတတဲ့ အစိုးရဖြစ်အောင် လုပ်ကြပါ။ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ သဘောထား ကြီးစွားထားပြီး ဖြေရှင်းကြပါ။ ကြမ်းတမ်းတဲ့ ဖြိုခွဲရေးနည်းလမ်းကို မသုံးကြပါနဲ့။ နိုင်ငံရေးနည်း ကို နိုင်ငံရေး နည်း ဖြင့်သာ ဖြေရှင်းကြပါ။ တိုင်းရင်းသားအုပ်စုတွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ဖြစ်အောင် လုပ်ကြပါ။ နိဂုံးချုပ်ပြောရရင် စစ်အစိုးရအနေနဲ့ ပြဿနာတွေကို မဖြေရှင်းဘူးဆိုရင် ကိုယ်တော်တို့ သံဃာတော်များ ဟာ ပြည်သူနဲ့ပူးပေါင်းပြီး မကြောက်မရွံ့ ငြိမ်းချမ်းသောနည်းနဲ့ ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ ” တစ်ကမ္ဘာလုံးက အရက်စက်ဆုံးလို့ သတ်မှတ်ထားခံရတဲ့ ဗမာစစ်အာဏာရှင်တို့ကို ယခုလို ရဲရဲဝံ့ဝံ့၊ ပြတ်ပြတ် သားသား တောင်းဆိုရဲသော သံဃာတော်များ၏ သတ္တိမှာ အံ့သြချီးကျူးဖွယ်ဖြစ်သည်။ ယမ်းငွေ့ဝေနေ တဲ့ သေနတ်ပြောင်းဝတည့်တည့်မှာ မိမိတို့ရဲ့ အသက်ခန္ဓာကို ပေးဆပ်ပြီး အများအတွက် အနစ်နာခံရဲတဲ့ အာ ဇာနည်တွေရဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကို တွေ့နိုင်ပါသည်။ သူရဲကောင်းအစစ်အမှန်များကို စစ်မြေပြင်မှာသာ တွေ့နိုင်သလို စိတ်ဓါတ်မြင့်မြတ်ပြီး အများအကျိုး တကယ်ဆောင်ရွက်နေသူများကိုလည်း လူထုကြားမှာသာ တွေ့နိုင်ပါလိမ့်မယ်။ သူတို့သာလျှင် လူထုရဲ့ မျက် ရည်ကို တွေ့နိုင်မယ်။ လူထုရဲ့သက်ပြင်းချသံကို ကြားနိုင်မှာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သတ်လို့ ဆရာကြီး ဦးရွှေအောင် ရေးသားပြုစုခဲ့တဲ့ ဗုဒ္ဓ ( သို့ ) လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင် ( စာ - ၂၁ ) မှာ - နိုင်ငံဖြစ်စေ၊ လူမျိုးဖြစ်စေ၊ နိုင်ငံအတွက်၊ လူမျိုးအတွက် အနစ်နာခံနိုင်သူများ၊ ဘ၀ကို စတေးနိုင်သူ များ ပေါများသည်နှင့်အမျှ ထိုနိုင်ငံ၊ ထိုလူမျိုးသည် ကမ္ဘာ၌ ထိပ်တန်းနိုင်ငံ၊ ထိပ်တန်းလူမျိုး ဖြစ်မည်မှာ သေချာ ၏။ ဤနေရာ၌ ထိပ်တန်းဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၌ ထိပ်တန်းကို ဆိုလိုသည်မဟုတ်။ အတတ်ပညာပိုင်း ဆိုင်ရာ ပြည့်စုံမှု၌လည်း ထိပ်တန်းကို ဆိုလိုသည်မဟုတ်၊ ကိုယ်ကျင့်သိက္ခာပိုင်း ဆိုင်ရာ ပြည့်စုံမှု၌သာ ထိပ်တန်း ကိုဆိုလိုခြင်းဖြစ်၏။ အမှန်အားဖြင့် ရင့်ကျက်သောအမြင်ဖြင့် ကြည့်ပါက ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ်မဟုတ်။ အတတ်ပညာပိုင်းဆိုင်ရာ ပြည့်စုံမှုများသည်လည်း မြတ်နိုးဖွယ်မဟုတ်။ တကယ်တမ်း မြတ် နိုးဖွယ်ကား “ ကိုယ်ကျင့်သိက္ခာ နှင့် ပြည့်စုံမှု ” သာ ဖြစ်၏။ ဤနေရာတွင် အောက်ပါ ဓမ္မပဒဂါထာ၏ အဆိုအ မိန့်သည် များစွာ မှတ်သားဖွယ် ကောင်း၏။ မှတ်သားဖွယ်ကောင်းသည့် အလျောက်လည်း လိုက်နာကျင့်ကြံနိုင် အောင် ကြိုးပမ်းဖို့ ကောင်း၏။ ဂါမေ ၀ါယဒိ ယဒိ ၀ါ’ ရညေ၊ နိန္နေ ၀ါ ယဒိ ၀ါ ထလေ။ ယတၱ အရဟေႏၱာ ၀ိဟရႏၲိ၊ တံ ဘူမိ ရာမေဏယ်ကံ။ ( ဓမ္မပဒဂါထာ - ၉၈ ) “ ဒေသတစ်ခုသည် “ ရွာ ” ဖြစ်ချင်ဖြစ်မည်။ “ တော ” ဖြစ်ချင်ဖြစ်မည်။ “ ချိုင့်ဝှမ်း ” ဖြစ်ချင်ဖြစ်မည်။ “ ကြည်ကုန်း ” ဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတော်စင်များ နေထိုင်ရာ ဖြစ်ရိုးမှန်ပါက ထိုနေ ရာ၊ ထိုဒေသသည် ကမ္ဘာ့မြေအပြင်တွင် မွေ့လျှော်ဖွယ် အကောင်းဆုံး ဖြစ်၏။ဟုဆိုထားပါသည်။ ဆင်ခြင် သတိမှုရာပင်ဖြစ်သည်။ ” ယခု အချိန်မှာ ဆိုရင် စစ်အာဏာရှင်များဟာ သူတို့ အာဏာတည်းမြဲရေးအတွက် ပြည်သူတွေ မျက်ရည် တစ်ဖြိုင်ဖြိုင်ကျနေတဲ့ ကာလမှပင် ဆန္ဒခံယူပွဲကို အတင်အားဓမ္မလုပ်ခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါဝင် တိုင်းရင်းသားခေါင်းဆောင်၊ ကျောင်းသားခေါင်းများနှင့် အမှန်းတရားအတွက် တိုက်ပွဲ့ဝင်နေကြသူ ထောင်ပေါင်းများစွာကို ဖမ်းဆီနှိပ်စက် အပြစ်ပေးထားပါတယ်။ ကမ္ဘာနှင့် မြန်မာပြည်သူများကို နည်းလမ်းပေါင်းစုံးဖြင့် သတ်ဖြတ် ညှင်ဆဲပြီး ဘာသာ သာသနာ ကို စော်ကားနေသော ဒီ နအဖ စစ်အာဏာရှင်များကို သူတော်ကောင်းတို့၏ စိတ်နှလုံးသားရှိသူတိုင် နစ်နာခံ တွန်းလှန်းဖယ်ရှားဖြစ်ရပါမယ်။ ထို့မှာသာ ဘာသာ သာသနာနှင့် လူမျိုးဂုဏ်တင့်တယ်မှာပါသော်သည်။ ရေးသားသူ။ Dhammawira (HDAK) ပြည်ပရောက် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ၂ နှစ်မြောက် အထိမ်းအမှတ် ဂုဏ်ပြုရေးဖွဲ့ပါသည်။

(၅)နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနားကျင်းပရေး ညှိနှိုင်း

 Photo: ရန်ကုန် စက်တင်ဘာ(၁၅)
                          --------------------------
စက်တင်ဘာလ၊(၁၈)ရက်တွင် ကျရောက်မည့် (၅)နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံပရိယတ္တိစာသင်တိုက်တွင်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းဇေယျနှင့် ဗသက်အောင်တို့တက်ရောက်ခဲ့ကြသည်။ (၅)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ် (၇)ရပ်ကွက်၊ ဖျာပုံလမ်းရှိ ဇေယျသိဒ္ဓိတက္ကသီလာ မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ ကျင်းမည်ဟုသိရရှိရသည်။
ရန်ကုန် စက်တင်ဘာ(၁၅)
--------------------------
စက်တင်ဘာလ၊(၁၈)ရက်တွင် ကျရောက်မည့် (၅)နှစ်မြောက် ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနားကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်ရှိ

ငွေကြာယံပရိယတ္တိစာသင်တိုက်တွင်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ မင်းဇေယျနှင့် ဗသက်အောင်တို့တက်ရောက်ခဲ့ကြသည်။ (၅)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့ ဒဂုံအရှေ့ပိုင်းမြို့နယ် (၇)ရပ်ကွက်၊ ဖျာပုံလမ်းရှိ ဇေယျသိဒ္ဓိတက္ကသီလာ မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ ကျင်းမည်ဟုသိရရှိရသည်။

၈၈မျိုးဆက်ကျောင်းသားများ ကချင်ပြည်နယ်သို့ရောက်ရှိ


ရန်ကုန် စက်တင်ဘာ(၁၄)
--------------------------

၈၈မျိုးဆက်ကျောင်းသာ
းများဖြစ်ကြသော မင်းကိုနိုင်၊ ဋ္ဌေးကြွယ်၊ ပြူံးချို၊ မာကီနှင့် သက်ဇော်တို့သည် စက်တင်ဘာလ၊(၁၅)ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ကျင်းပမည့် မြစ်ဆုံရေကာတာ စီမံကိန်း(၁)နှစ်ပြည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်ကြရန် စက်တင်ဘာလ(၁၄)ရက် နံနက်ပိုင်းက လေကြောင်းခရီးဖြင့် မြစ်ကြီးနားမြို့သို့ထွက်ခွာသွားကြရာ နံနက်(၀၉း၃၀)နာရီတွင်မြစ်ကြီးနားလေဆိပ်သို့ရာက်ရှိကြသည်။ ဆက်လက်၍ တည်းခို မည့်နဂါးနှစ်ကောင်ဟိုတယ်သို့ထွက်ခွာခဲ့ကြပြီးခေတ္တရပ်နားကာ နံနက်(၁၁း၀၀)နာရီတွင် မြစ်ဆုံသို့သွားရောက်ကြည့်ရှုလေ့လာကြသည်။ နေ့လည်စာကို အဆိုပါမြစ်ဆုံတွင်စားသုံးကြပြီး မြစ်ဆုံရှိ တန်ဖဲရွာ ရွာသူရွာသားများနှင့်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။ ထိုသို့တွေ့ဆုံရာတွင် ကချင်ဒေသခံ တိုင်းရင်းသားခေါင်းဆောင် များနှင့်ဒေသခံ အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများ၊ ရန်ကုန်မြို့မှ အတူတကွရောက်ရှိလာကြသော အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများလည်း ပါဝင်ကြောင်းသိရသည်။

အပေါ်ပိုင်း ဗလာကျင်းနေတဲ့ တော်ဝင် မင်းသမီး ကိတ်


ဗြိတိန် တော်ဝင် မင်းသား ၀ီလျံရဲ့ ကြင်ယာတော် ကိတ် မင်းသမီး တယောက် အပေါ်ပိုင်း ဗလာကျင်းနေတဲ့ပုံတွေ ကို ပြင်သစ်က Gossip မဂ္ဂဇင်းတခုဖြစ်တဲ့ Closer က စာမျက်နှာ ၅ မျက်နှာမှာ စက်တင်ဘာလ ၁၄ ရက်နေ့ က ဘဲ ဖော်ပြလိုက်ပါတယ်။ အဆိုပါ မဂ္ဂဇင်းက ဖော်ပြမယ်ဆိုတာလည်း ကြိုတင် ကြေငြာ ထားခဲ့တာပါ။
အခုဟာကတော့ မင်းသား ၀ီလျံနဲ့ အတူ ကိတ်တို့ဟာ အာရှ ပစ္စိဖိတ် ကို အလည်အပတ် သွားခဲ့ရာမှာ မွတ်ဆလင် တိုင်းပြည် တခုဖြစ်တဲ့ မလေးရှာနိုင်ငံ ကွာလမ်လမ်ပူကို ရောက်နေခဲ့ပါတယ်။

ကိတ်တယောက်လည်း ကွယ်လွန်သွားပြီဖြစ်တဲ့ ယောက္ခမဖြစ်သူ ဒိုင်ယာနာ မင်းသမီးရဲ့ ပဲ့တင်မှုခံရတာလား မပြောတတ်ပေမယ့် ဒိုင်ယာနာလိုဘဲ ပါပါရာဇီရဲ့ ရိုက်ချက်မှာ အခုတော့ အပေါ်ပိုင်း ဗလာကျင်းနေတဲ့ ကိတ်ရဲ့ ဓာတ်ပုံတွေက သိသိသာသာ ပေါ်ထွက်လာခဲ့ပါတယ်။
 
 
 
ဒီအကြောင်း ရုပ်မြင်သံကြားသတင်းတွေကလည်း ဝေေ၀ဆာဆာ ဖော်ပြရင်း မီဒီယာ ကျင့်ဝတ်ဆိုင်ရာနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးပြောဆိုမှု အရှိန်မြင့်လာပါတယ်။

“ရိုဟင်ဂျာအမည်ခံ ခိုးဝင်ဘင်္ဂလီများ စိမ့်ဝင်နေဆဲ”

ဒီကနေ့ (၁၄-၉-၂၀၁၂)ရက်နေ့မှ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊ ပေါက်တောရွာမှာ ခိုးဝင် ဘင်္ဂလီကုလား(၁၀)ယောက် ဖမ်းမိကြောင်း သိရပါတယ်။

အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသာတစ်ယောက်ကတွေ့လို့ သတင်းပို့ရာမှ ရွာဥက္ကဋ္ဌ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း၊ ပေါက်တောရွာဥက္ကဋ္ဌအိမ်မှာ ဖမ်းထားပြီး ကလေးမြို့ရဲစခန်းကို သတင်းပို့ရာ ရဲစခန်းမှ စက်လှေဖြင့် လာခေါ်ခြင်းဖြစ်ကြောင်း၊ တောင်အူရွာလှေဆိပ်မှာ ရဟန်းသံဃာများနှင့် ရွာသားများက စက်လှေဖြင့်လိုက်ကာ ဝန်းရံခဲ့ကြကြောင်း၊ လှေဆိပ်မှ ရွာသူ/ရွာသားများ နှင့် မြို့သူ/မြို့သားများ ဝိုင်းအုံလျက်ရှိရာ တစ်စုံတစ်ရာ အန္တရာယ်ပြုမည်စိုးသောကြောင့် သံဃာများနှင့် လူများ က စက်လှေတစ်စီးဖြင့် ရှေ့မှ ဦးဆောင်ခေါ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဒီကနေ့ ည(၇း၀၀)နာရီမှာ တောင်အူရွာမှ အချုပ်ကားဖြင့် တင်ခေါ်သွားကြကြောင်း၊ ကလေးမြို့ရဲစခန်းသို့ (၇း၂၀)နာရီမှာ ရောက်ရှိကြောင်း သိရပါတယ်။

ဘင်္ဂလီ(၁၀)ယောက်ဟာ ဆယ်ကျော်သက်အရွယ်များဖြစ်ကြပြီး ၎င်းတို့ကို လမ်းပြသူမှာ ကိုစိန်ဝင်း (ဗမာ/ဗုဒ္ဓ) မင်းကင်းနယ် တောင်တွင်းရွာမှာဖြစ်ကြောင်း၊ တမူးမှ ကလေးကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခ ငါးသိန်း ကျပ်ရပြီး၊ တမူးမှ မန္တလေးသို့ ပို့ဆောင်ခမှာ တစ်ယောက်လျှင်(၁၅)သိန်းရကြောင်း၊ ခါတိုင်းလိုပဲ အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ထင်ပြီး အတင့်ရဲကာ ဖြတ်ကျော်လာလို့ ဖမ်းမိသွားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ELEVEN-ဂျာနယ်သတင်းထောက်နှင့် နယ်မြေခံသတင်းထောက်များလည်း လာရောက်သတင်းယူကြ ကြောင်း၊ ညကြီးမိုးချုပ်ဖြစ်နေလို့ ဆိုင်ကယ်မီးများဝိုင်းထိုးပေးထားတာတောင် ဓာတ်ပုံရိုက်ဖို့ အခက်အခဲရှိ ကြောင်း၊ ရဲစခန်းကလည်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်း သိရပါတယ်။

အခု ဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ (၂၇)ဦးအုပ်စုမှဖြစ်ပြီး ကျန်(၁၇)ဦး လွတ်မြောက်နေသေးကြောင်း၊ ဆင်ရွာမှာလည်း (၃၀)ဦး အုပ်စုရှိနေသေးကြောင်း၊ ညအခါ နှစ်ယောက်တစ်တွဲ လာရောက်ထမင်းတောင်းကြလို့ ရွာသူ/ရွာသားများက ရိပ်မိသွားကြခြင်းဖြစ်ကြောင်း၊ အင်းစိန်တံငါရွာမှာလည်း ဘင်္ဂလီများ ရောက်ရှိနေကြောင်း ကြားရလို့ နေသာဆရာတော် ဦးဓမ္မိကကိုယ်တိုင် လူလွှတ်ပြီး စုံစမ်းနေကြောင်း သိရပါတယ်။

ကလေးမြို့မှာ ဘင်္ဂလီတွေကို ခိုးသွင်းပေးနေတဲ့ ဒေသခံတစ်ဦးရှိနေပြီဖြစ်ကြောင်း၊ ယခု ဖမ်းမိသော ကိုစိန်ဝင်းဟာ ခေါင်းဆောင်မဟုတ်၊ လမ်းပြသာဖြစ်ကြောင်း၊ ဒေသခံခေါင်းဆောင်တစ်ဦးဦးဆိုတာကလည်း (ဗမာ/ဗုဒ္ဓ)ပင်ဖြစ်ကြောင်း၊ စုံစမ်းရှာဖွေဖမ်းဆီးဆဲဖြစ်လို့ အတိအကျ မသိရသေးကြောင်း၊ ရဲစခန်းကလည်း ၁၃.၉.၂၀၁၂.-ရက်နေ့က ကျင်းပထားတဲ့ ပူပူနွေးနွေး ရိုဟင်ဂျာရှုတ်ချပွဲကြောင့် ယခုလို ပြည်သူလူထု ပူးပေါင်း လာတာကို ကျေးဇူးအထူးတင်ကြောင်း သိရပါတယ်။

ဝန်ကြီးဦးခင်ရီ ခိုးဝင်ဘင်္ဂလီမတွေ့ရဟု ပြောဆိုထားသော်လည်း ကလေးမြို့သူ/မြို့သား ကလေးနယ် သူ/နယ်သားကတော့ အစုလိုက် အပြုံလိုက်ဖမ်းပြီး သက်သေပြတော့မှာ ဖြစ်ကြောင်းပါခင်ဗျာ။

"စုံစမ်းရန်"

၀၉-၄၉၂၃၈၃၉၇

၀၉-၂၄၅၀၁၆၃

၀၉-၄၇၀၇၂၉၉၇

၀၉-၄၇၀၇၂၁၄၇

၀၉-၄၀၀၄၅၈၁၉၉

အရှင် ၀ီရသူ

SANBA အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း စူပါတိုင်ဖွန်းမုန်တိုင်း အဖြစ်သို့ အားလျော့

17W SANBA
15 Sep 2012 0000Z(မြန်မာစံတော်ချိန် ၀၆၃၀ နာရီ NRL data)
Location: 22.3 129.1
Winds: 125 knots (Category 4)
Central Pressure: 929 hPa
အရှေ့ဖိလစ်ပိုင်ပင်လယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်း SANBA(ဖိလစ်ပိုင်အမည် KAREN) သည် မြောက်-အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် မိုင်နှုန်းဖြင့် ဆက်လက်ရွေ့လျားနေပြီး အိုကီနာဝါကျွန်း၊ အိုကီနာဝါမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၂၈၀ ခန့် ပင်လယ်ပြင်တွင် ဗဟိုပြုနေပါသည်။
JTWC မှ ယနေ့ မြန်မာစံတော်ချိန် နံနက် ၀၉၃၀ နာရီထုတ်ပြန်ချက်အရ တိုင်ဖွန်းမုန်တိုင်း SANBA သည် အားအနည်းငယ်လျော့သွားပြီး အဆင့်-၃ တိုင်ဖွန်းမုန်တိုင်း(မုန်တိုင်းဗဟိုတွင် လေပြင်းတိုက်နှုန်း တစ်နာရီ ၁၂၅ မိုင်မှ ၁၅၅ မိုင်နှုန်း၊ မုန်တိုင်း ဒီလှိုင်းအမြင့် ၄၈ ပေ) အဆင့်သို့ အားလျော့သွားပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိုကီနာဝါကျွန်းအား လာမည့် ၁၂ နာရီအတွင်း(စက်တင်ဘာလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ညနေ ၆နာရီခွဲနောက်ပိုင်း) ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။
JTWC 150300Z POSITION NEAR 22.9N 128.8E.
TYPHOON 17W, LOCATED APPROXIMATELY 250 NM SOUTH-SOUTHEAST OF KADENA AB, OKINAWA, JAPAN, HAS TRACKED NORTH-NORTHWESTWARD AT 10
KNOTS OVER THE PAST SIX HOURS. MAXIMUM SIGNIFICANT WAVE HEIGHT AT 150000Z IS 48 FEET.
17W SANBA
15 Sep 2012 0600Z (မြန်မာစံတော်ချိန် ၁၂၃၀ နာရီ NRL data)
Location: 23.4 128.7
Winds: 110 knots (Category 3)
Central Pressure: 941 hPa
တိုင်ဖွန်းမုန်တိုင်း SANBA သည် အိုကီနာဝါကျွန်းအား ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ပိုမို၍ အားလျော့ကျသွားနိုင်ပြီး အဆင့်-၂ တိုင်ဖွန်းမုန်တိုင်းအဖြစ် အရှေ့တရုတ်ပင်လယ်အား ကျော်ဖြတ်ကာ ဂျပန်နိုင်ငံ ကျုရှုကျွန်းမကြီးတောင်ဘက်စွန်းနှင့် ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းတို့သို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။
 

ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် မြိတ်မြို့ မှာ ကျင်းပ


ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် မြိတ်မြို့ မှာ ကျင်းပ ယနေ့ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၁၀ ခန့်တွင် မြိတ်မြို့ ပေါ်တော်မူ ဘုရားပေါ်တွင် ကမ္ဘာ့ ဒီမိုကရေစီ နေ့ အထိမ်းအမှတ် ဆုတောင်းပွဲအား NLD ပါတီဝင်များအင်အား ၁၅၀ ကျော်ခန့်  နှင့် ကျွန်းစုမြို့နယ် လွှတ်တော်အမတ် ဒေါ်တင်တင်ရီ တို့မှ ဦးဆောင်ပြုလုပ်ခဲ့ကြပါသည်။

ကမ္ဘာ့ဒီမိုကရေစီနေ့ ဖြစ်သည့်အားလျော်စွာ နိုင်ငံတကာ ဒီမိုကရေစီ ကျင့်နည်းကျင့်ထုံးများ ၊ အခြေခံ လူ့အခွင့်အရေးနှင့် နိုင်ငံသားတိုင်းရပိုင်ခွင့် ၊ လုပ်ပိုင်ခွင့်များအား ပိုမို တိုးတက်လာပြီး ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာစေရန် နှင့် နိုင်ငံတွင်း ဖြစ်ပွားနေသည့်  ပြည်တွင်းစစ်များ ၊ အငြင်းပွားမှုများ ပပျောက်ကင်းစင်စေရန်ရည်စူး မေတ္တာပို့ ဆုတောင်းပေးကြပါသည်။

ကမ္ဘာတစ်ဝန်း မေတ္တာလွမ်းခြုံကြပါစေ.
ကမ္ဘာအနှံ့ စစ်မက်ကင်းကြပါစေ.
ကမ္ဘာတစ်ခွင် ဒီမိုကရေစီ ရှင်သန်ထွန်းလင်းကြပါစေ.
 

ဘ၀ ဇာတ်ကြောင်း ကို ဦးကျော်ဆန်း စာ အုပ် ထုတ် ဝေမည်

for-f
ဦးကျော်ဆန်း

ပြီးခဲ့သည့် လက ပြန်ကြား ရေး ၀န်ကြီး တာဝန်မှ ပြောင်းရွှေ့  နေရာ ချထား
ခြင်း ခံရသည့် ဦးကျော်ဆန်းသည် သူ ၏ ပြန်ကြား ရေး ၀န် အတွေ့ အကြုံ
ကို စာ အုပ် ထုတ်ဝေရန် စီစဉ် နေ သည် ဟု သိရသည်။ သူ၏ ပြန်လည် ပြော
ကြား ချက် များ ကို စာအုပ် ထုတ်ဝေ သူ က စီစဉ် သည့် စာရေးဆရာ တစ်
ယောက်  က ပြန်လည် ရေး သား မှု များ  ဖြင့် ထုတ်ဝေမည့် စာ အုပ် တွင်
ဦးကျော်ဆန်း က စာရေး ဆရာ ကို ပြော ပြသည် မှာ သူ သည် ပုဂံ ခောတ်
အမတ် ကြီး တစ်ပါး ဖြစ်သည့် အနန္တသူရိယ အမတ် လို  ဖြစ်ကြောင်း ၊ အမတ်
ကြီး ၏ မျက်ဖြေ လင်္ကာ ဖြစ် သည့်
သူတည်းတစ်ယောက်၊ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ၊ပျက်လင့်ကာသာ
ဓမ္မတာတည်း။
အစချီ သော ကဗျာ မှာ
သူ့  အတွက် ရည် ရွယ် ပြီး ရေးဖွဲ့  စပ် ဆို သွား
သလား ပင် ထင်ရသည် ဟု ပြောသည်။
ဦးကျော်ဆန်း ၏ စာအုပ် တွင် မြန်မာ အစိုးရ ပြန်ကြား ရေး ၀န်ကြီးဌာ ၏
လုပ်ငန်းများ အကြောင်း ၊ အစိုးရ အတွင်း ရေး များ နှင့် ဗိုလ်ချုပ် ၊ ဗိုလ်
ချုပ် ကြီး များ သာမ က ၎င်း တို့  ၏ ကတော်များ က ပါ MRTV မြန်မာ့
ရုပ် သံ ထုတ်လွှင့် မှု တွင် ပါရှိ ရန် ကြိုး စား ကြ ပုံ များ ၊ ရုပ်သံ နှင့် သတင်း
စာ တွင် စာမျက် နှာ နှင့် တည်းဖြတ် သတင်း ထုတ် လွှင့် မှု အခက် အခဲ များ
ကြောင့် မပါ ရှိ ခဲ့ လျှင် အကောက်ကြံ အညှိုးထား ပုံ များ ကို ဖတ် ရှု ရမည်
ဖြစ်သည်။
အစိုးရ နှစ် ဆက် တွင် အရေး ပါသည့် ၀န်ကြီး တာဝန် ကို ဆယ်စုနှစ် တစ်စု
ကျော်ကြာ ထမ်းဆောင် လာသည့် ဦးကျော်ဆန်း သည် ၂၀၀၄ ခုနှစ်က  ထောက်
လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ် ကြီး ခင်ညွန့်  ကို ရာထူး မှ ဖယ်ရှား စဉ် က
အကြောင်း များ လည်း ပါဝင် မည် ဟု သိရသည်။
စာအုပ် ထုတ်ဝေ သူ က ဦးကျော်ဆန်း ၏ ဘ၀ အတွေ အကြုံ စာ အုပ် ကို ရောင်း
ဈေး အနည်းဆုံး ကျပ် တစ်သောင်း ခန့်  ဖြင့် ရောင်းချ မည် ဟု ဆိုသည်။
စိတ် ၀င်စား ဖွယ် ဖြစ် သည့် လက်ရှိ ၀န်ကြီး တစ်ပါး ၏ စာအုပ် ထုတ်ဝေ မှု တွင်
ပြည်ပ မီဒီယာများ အကြောင်း ၊ ပြည်ပ မီဒီယာ များ မှ သူ နှင့် တွေ့ ဆုံ ခဲ့ သည့်
ပုဂ္ဂိုလ်များ ၊ သူ့  ကို ချဉ်းကပ် ခဲ့ သည့် ပုဂ္ဂိုလ် များ အကြောင်း လည်း ပါဝင်မည်
ဖြစ်သည်။
ဦးကျော်ဆန်းသည် သတင်းစာ ဆရာ ကြီး ကြေးမုံ ဦးသောင်း ရေးသား ခဲ့ သမျှ
ကို အကုန် ဖတ်ရှု ပြီး သူ ၏ စာ အုပ် များ  ကို နိုင်ငံခြား မှ မှာယူ ၀ယ်ယူ သိမ်းဆည်း
ထား မှု လည်း  ပြု သည် ဟု ဆိုသည်။
FNG မှ ဦးကျော်ဆန်း နှင့် ပတ်သက်ပြီး ဖော် ပြ ခဲ့ သည့် သတင်း နှင့် ဆောင်း ပါး များ ကို
ဖတ် ရှု ရန် စုစည်း ထား ရှိ မှု
ကျော်ဆန်း ရဲ့  ၀ါဒဖြန့် ချိရေး အင်ပါယာ (FULL STORY)
ပြည်သူ့ လွှတ်တော် ဥက္ကဌ ၏ မိန့် ခွန်း ကို ဆင်ဆာဖြတ်
သမ္မတ ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှု ကို ဦးကျော်ဆန်း လက်မခံ
ပြန်ကြား ရေး ၀န် ရာထူး မှ ဦးကျော်ဆန်း ဖယ်ရှားခံရ
ရောစ် ဒန်ကလီ ပြီးတော့ ဘယ်သူ့ အလှည့် လဲ

အမေရိကား ကို မသွားဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကို သွားတဲ့ ခေါင်းဆောင်.

မင်းကိုနိုင်

" ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။"

နောက်ဆုံးရရှိတဲ့သတင်းအရ ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ကိုမာကီး၊ ကိုသက်ဇော်(ခ)ဇောက်ထိုး တို့နဲ့DVB သတင်းထောက် တစ်ဦးတို့ဟာမနက်ဖြန်မှာ တိုက်ပွဲပြင်းထန နေတဲ့် ဖားကန့် ဒေသ နှစ်ဘက်တိုက်ပွဲကြားထဲကိုဝင်ကြတော့ မှာဖြစ်ပါတယ်။

အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက်လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော် ပိတ်မိနေပြီး ဒုက္ခသည် တွေလည်းရှိနေတဲ့အတွက် သူတို့တွေအတွက်၊စစ်ကိုရပ်တန့်စေ ရေးအတွက် ဒီလိုလုပ်ရတာပါလို့၈၈ မျိုးဆက်ကျောင်းသားများကဆိုပါတယ်။

လိုအပ်ရင် ကချင်လူထုနဲ့အတူ စစ်တလင်းထဲမှာ လူထုရှေ့က မားမားမတ်မတ်ရပ်ပြီးအသေခံသွားကြ မယ်လို့ပြောပါတယ်။

ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။

 ဒေါင်းမာန်ဟုန်

MPU ကတ်များ စတင်အသုံးပြုနိုင်တော့မည်

 
စက်တင်ဘာ ၁၄ ရက်မှ စတင်၍ MPU (Myanmar Payment Union) မြန်မာ့အမျိုးသားအဆင့် ငွေပေးချေမှု ကတ်များကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ မြန်မာနိုင်ငံသားများဘဏ်၊ မြဝတီဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ်၊ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်၊ ဧရာဝတီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ် တို့တွင် စတင် အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ကျန်အဖွဲ့ဝင် ဘဏ်များတွင်လည်း အသုံးပြုနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MPU ရုံးနှင့် Data Centre ဖွင့်ပွဲကို မြန်မာနိုင်ငံ ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) ၌ စက်တင်ဘာ ၁၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ MPU တွင် အဖွဲ့ဝင်ဘဏ် ၁၇ ဘဏ်ရှိပြီး နိုင်ငံတော်ဘဏ် သုံးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၄ ဘဏ်ရှိကြောင်း၊ MPU ကတ်သည် debit ကတ် အမျိုးအစား ATM ကတ်ဖြစ်ကြောင်း၊ ငွေကျပ် ၁၀၀၀ မှ သိန်း ၅၀ အထိ ထည့်သွင်း အသုံးပြုနိုင်ကြောင်း၊ ဘဏ်တစ်ဘဏ်တွင် MPU ကတ် ပြုလုပ်ထားခြင်းအားဖြင့် အဖွဲ့ဝင်ဘဏ်တိုင်း၏ ATM စက်တွင် ငွေထုတ် ယူနိုင်ကြောင်း၊ ဘဏ်အသီးသီးက ချိတ်ဆက်ထားသော Point of Sale (POS) များတွင် ဈေးဝယ်ငွေပေးချေ မှု ပြုလုပ်နိုင်ကြောင်း၊ လုံခြုံစိတ်ချပြီး ထိရောက်လျင်မြန်မှုရှိသော ငွေပေးချေမှုစနစ် ဖြစ်ကြောင်း၊ ငွေသား ကိုင်တွယ်သွားရန် မလိုဘဲ ကတ်ဖြင့် ဝယ်ယူနိုင်သော နေရာများ၊ ငွေထုတ်ယူနိုင်သော စက်များကို နေရာအနှံ့ တိုးချဲ့သွားရန် အစီအစဉ်ရှိကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

ကိုကာကိုလာဖျော်ရည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့ပြီ

 
ကမ္ဘာ့နာမည်ကြီး ကိုကာကိုလာ ကုမ္ပဏီက ပထမဆုံးအကြိမ်အဖြစ် ကိုကာကိုလာ ဖျော်ရည်များ မြန်မာနိုင်ငံသို့ စတင်တင်ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။ ကိုကာကိုလာ ကုမ္ပဏီအနေဖြင့် ပင်းယကုမ္ပဏီနှင့် ဖက်စပ်၍ မြန်မာနိုင်ငံ၌ စက်ရုံတည်ဆောက်ရေးအတွက် ဆောင်ရွက်နေကြောင်းလည်း သိရသည်။ ၃ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားရန်ရှိပြီး အလုပ်အကိုင် ၂၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။ ကိုကာကိုလာနည်းတူ ပက်စီကုမ္ပဏီကလည်း မြန်မာနိုင်ငံ၌ ပက်စီဖျော်ရည်များ ပြန်လည် စတင်ရောင်းချရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ ပက်စီကုမ္ပဏီသည် မြန်မာနိုင်ငံ ဈေးကွက်၌ ဝင်ရောက်လုပ်ကိုင်နေရာမှ အမေရိကန်နှင့် အနာက်နိုင်ငံ များ၏ စီးပွားရေး ပိတ်ဆို့သပိတ်မှောက်ရေး လှုပ်ရှားမှုများကြောင့် ပြန်လည် ရုပ်သိမ်းသွားသည့် ကုမ္ပဏီ ဖြစ်သည်။ မကြာမီကာလ၌ မြန်မာနိုင်ငံ၌ ပြိုင်ဘက် ကိုကာကိုလာကုမ္ပဏီနှင့် ပက်စီကုမ္ပဏီတို့အပြိုင် နေရာယူလာကြဖွယ် ရှိကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခရိုနီလက်စွဲ ကော်လံဖြူတယောက်နှင့် မူလမြေယာပိုင်ရှင်တောင်သူတို့ရဲ့အမြင်နှိုင်းယှဉ်ချက်


“MESSENGER ဂျာနယ် စက်တင်ဘာလ (၃) ရက်နေ့ထုတ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းမှ စီမံကိန်းတာဝန်ခံ ဦးမြင့်အောင်နှင့် ဆက်သွယ်မေးမြန်းခြင်းကို အသိမ်းခံ (၂၆) ရွာမှ ဖြေကြားခြင်း”
(၁၃.၉.၂၀၁၂)

မေး ... ရွာသူရွာသားတွေနဲ့ စီမံကိန်းကအဆင်မပြေဖြစ်နေတယ်။ အဓိက ကြေးနီစီမံကိန်းကြီးကြောင့် ရွာသူရွာသားတွေ ဒုက္ခရောက်တယ်လို့ မြင်ကြတယ်။ ဖွံ့ဖြိုးမှုအတွက် စီမံကိန်းက လိုအပ်သလို အခြေခံလူတန်းစားတွေအတွက်က ကြည့်ရပါတယ်။ ဒါကိုဘယ်လိုမြင်ပါသလဲ ?

ဦးမြင့်အောင် ဖြေ ... ကျွန်တော်တို့ကတော့ ဟိုအရင်စီမံကိန်းအတွက် ဒေသခံတောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းရပါမယ်။ ဒီအတိုင်းဘဲ ကျေးရွာပြောင်းမယ်ဆိုရင် သူတို့ရဲ့မူလ အိမ်အဆင့်အတန်းထက်မနိမ့်အောင် သွားရေးလာရေးဘဲဖြစ်ဖြစ် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းလုပ်တဲ့နေရာတွေကို ရေတို့၊ လျှက်စစ်မီးတို့ လိုအပ်မှုမရှိအောင် ထားပေးထားတယ်။ တောသူတောင်သားဆိုတာ ဒီနေရာမှာနေရင် ဘယ်လောက်ဘဲ ရေရှားရှား မပြောင်းချင်ကြဘူး။ ကျေးရွာအသစ်ဆောက်တဲ့ နေရာနဲ့ရွာဟောင်းရှိတဲ့နေရာ နှိုူင်းယှဉ်လို့ ရပါတယ်။ မြေတွေသိမ်းတာက ဧက (၆၀၀၀) ကျော်ကို လျော်ကြေးပေးရမှာပါ။ ဧက (၇၈၀၀) မှာ ပုံမှန်လျော်းကြေးပေးရမှာက ဧက (၅၀၀၀) ကျော် ဘဲပေးရမှာ။

တောင်သူတွေက (လန) ရတဲ့ သတ္ထုတွင်းပိုင်တဲ့မြေသတ်မှတ်တယ် တောသဘာဝကတော့ လွတ်တဲ့နေရာမှာ ထွန်ယက်စိုက်ပျိုး တာဖြစ်တယ်။ ထွန်ယက်စိုက်ပျိုးတဲ့အခါ တိုးလာတဲ့ ဧက (၁၇၀၀) လောက်ရှိတယ်။ ဒါကမြို့နယ်မှာ စာရင်းမပေါက်ဘူး။ တရားမဝင်တိုးချဲ့ပြီး သတ္ထုတွင်းဧရိယာထဲကို လုပ်ကိုင်တာ နောက်လျော်ကြေးနှုန်းထားအတိုင်းပေးတယ်။

သူတို့မြေသိမ်းလျော်ကြေးအကြောင်းကို ကျွန်တော်တို့ လူကြီးတွေသိတယ် ထိုက်တန်တဲ့လျော်ကြေးပေးမယ်။ ပြီးရင် ယာကို စွန့်လွှတ်လိုက်ရတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေး အလုပ်အကိုင်ရရှိရေး တပိုင်တနိုင် စီးပွားရေး၊ ပညာရေး လူမှုရေး ကလေးငယ်တွေအတွက် ပညာရေးမြင့်မားဖို့ ဆောင်ရွက်ပေးထားမှာပါ။ အဲဒီအတွက် တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ်တော်သို့ ညှိနှိုင်းဆောက်ရွက်ပြီးသားပါ။

ဒေသခံတွေရဲ့ခံစားချက်ကို ကျွန်တော်တို့ စာနာပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ကတော့ အမြင့်ဆုံးဆောင်ရွက်ပေးနေပါတယ်။ မြေယာသိမ်းခံရမည့်သူတွေ ရွှေ့ရမည့်သူတွေ အသီးသီးစာနဲ့တင်ပြပါ ၎င်းတို့ရဲ့လိုအပ်ချက်တွေကို အမြင့်ဆုံး အကောင်းဆုံးဖြည့်ဆည်းပေးမှာပါ။


(၂၆) ရွာမှ … တောင်သူများ၏ ဖြေကြားချက်

ကျေးရွာအသစ်က ကျုပ်တို့အတွက် ဘယ်လိုကောင်းတယ်ပြောပြော ကျုပ်တို့က တောင်သူလယ်သမားတွေဖြစ်တဲ့အတွက် စိုက်ပျိုးစရာ မြေတစ်လက်မမျှတောင် မရှိတဲ့နေရာမှာ ကျုပ်တို့လုံးဝမနေနိုင်ပါ။ ကျုပ်တို့ရဲ့ စိုက်ပျိုးမြေတွေပေါ်မှာဘဲ ကျုပ်တို့ စိုက်ပျိုးရေးတွေလုပ်မယ်။ ထန်းတက်မယ်။ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ မြင်း မွေးမြူရေးတွေလုပ်မယ်။ ဒီလုပ်ငန်းနဲ့ဘဲ ကျုပ်တို့ ကျေးရွာတွေဖွံ့ဖြိုးအောင်လုပ်မယ် ဒီလုပ် ငန်းတွေနဲ့ ကျုပ်တို့ သားသမီးတွေကို ဘွဲ့ရအောင်လုပ်နိုင်တယ် ရွာသစ်မှာသွားပြီးတော့ တစ်နေ့ ၃၁၀၀ ကျပ်နှုန်းနဲ့ တရုတ်ကျွန်လုပ်မှာမ ဟုတ်ဘူး။

မေး ... ဒေသခံတွေက သုံးနှစ်စာသီးနှံလျော်ကြေးပေးမယ်ဆိုလို့ လက်မှတ်ထိုးလိုက်ပြီးမှ လယ်ယာတွေသိမ်းတယ်ပြောတယ်။
ဦးမြင့်အောင်-ဖြေ ... လျော်ကြေးတွေက သီးစားဆိုလဲမရှိဘူး မြေလျော်ကြေးက ၂၀၁၀ခုနှစ်က သေချာတွက်ချက်ပြီးမှ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေလည်းတင်ပြတယ်။ ကွင်းဆင်းတယ် သက်ဆိုင်ရာဥပဒေနဲ့လုပ်တယ်။ ပြီးမှ အသင့်တော်ဆုံးနှုန်းနဲ့ သတ်မှတ်ပြီးမှ ၂၀၁၂ကတည်းက အတည်ပြုချက်ယူပြီးမှ ၂၀၁၁ မတ်လ လောက်မှာစပေးတာ သီးနှံလျော်ကြေးပေးတာမဟုတ်ဘူး။ ပြီးရင်လျော်ကြေးပေး နည်း သုံးမျိုးရှိတယ်။ အဲဒီအတိုင်းပေးလိုက်တာ။ သုံးမျိုးထဲမှာအမြင့်ဆုံးကိုပေတာ။

(၂၆) ရွာ တောင်သူများ၏ဖြေကြားချက် ...

ကျုပ်တို့က သီးနှံလျော်ကြေးသုံးနှစ်စာကို လက်မှတ်ထိုး လက်ဗွေနှိပ်၍ ထုတ်ယူခဲ့ပါသည်။ ကျုပ်တို့မြေကိုစွန့်လွှတ်ကြောင်း ဆိုသည့်စာကို ကျုပ်တို့ လုံးဝမတွေ့ခဲ့ပါ။ မသိရှိခဲ့ပါ။ ကျုပ်တို့မြေကို စွန့်လွှတ်ကြောင်း လုံးဝ လက်မှတ်မထိုးခဲ့ပါ။ လက်ဗွေမနှိပ်ခဲ့ပါ။ ယခု အချိန်ကျမှ ကျုပ်တို့မြေကို ကျုပ်တို့ လက်မှတ်ထိုး လက်ဗွေနှိပ်၍ စွန့်လွှတ်ခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ကျုပ်တို့ကို သူတို့ ကလိမ်ကကျစ် သက်သက်လုပ်တာသာဖြစ်တယ်။
မေး ... ဒေသခံစာချုပ်ချုပ်တုန်းက သုံးနှစ်စာသီးနှံလျော်ကြေး အဲဒီလိုပြောပြီးပေးတာ။ ပေးတဲ့အခါကြတော့ စကားပြောမှားသွားတယ်လို့ ?

ဦးမြင့်အောင်ဖြေ ...

မှားတာမရှိပါဘူး။ အသုံးအနှုန်းလွဲတာပဲ ရှိတယ်။ စာချုပ်ရယ်လို့ မဟုတ်ဘူး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာရှိတယ်။ မြေအခွန်နှုန်းက စလုပ်တယ်။ မြေအပေါင်းသီးနှံလျော်ကြေးဆိုပြီး ထည့်ပေးတ်။ သီးနှံက သုံးနှစ်စာမဟုတ်ဘူး။ ၁၉၅၉ဥပဒေကဆိုရင် မြေလျော်ကြေးပေးမယ်ဆိုရင် မြေခွန်တော်ရဲ့ ၁၂ဆ (သို့) ၂၀ဆ တစ်မတ်လောက်လုပ်တဲ့အခါကတော့ တစ်ဧက ၅ိ ကျပ် လောက်ရတယ်။ အဆနှစ်ဆယ်ဆိုမှ ၅ိ/ (သို့) ၁၅ိ/ကျပ် လောက်ဘဲရတယ်။

အဲဒါသည်အလွန်နည်းတယ်။ အဲဒါကြောင့်လည်းပါမယ် နောက်တစ်မျိုးတွက်တာ က ဒေသပေါက်ဈေးနဲ့ ဒေသအထွင်နှုန်းနဲ့ ကိုက်တဲ့အသီးနှံပေါ် မူတည်တဲ့နှုန်းထားနဲ့ သုံးဆတွက်လိုက်တယ်။ နောက်တနည်းက မြေရဲ့ကာလပေါက်ဈေးပေါ် သူနဲ့သက်ဆိုင်တဲ့ ယာ၊ ယာမှာမှ အမြင့်ဆုံးသည် တစ်နှစ်ထွက်တဲ့ သီးနှံ စိုက်တဲ့သီးနှံ သူ့ရဲ့ကာလပေါက်ဈေးရဲ့ သုံးဆသည် အမြင့်ဆုံးဖြစ်နေတယ် အဲဒါကြောင်းမို့ လျော်ကြေးပေးတဲ့ အခါကြတော့ မြေခွန်တော်အဆ ၂၀ ၊၁၅ိ ကျပ်ဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် မြေခွန်အပေါင်းသီးနှံလျော်ကြေးဆိုပြီး နှစ်ခုစလုံးထည့်ရတယ်။ ထည့်ပြီးမှ တစ်ဧကမှာ ဘယ်လောက်နှုန်းလဲ တန်ဖိုးဇယားတွေပါရှိတယ်။ အဲဒီ ဇယားတွေအတိုင်းလဲ သူတို့ကို ဝန်ခံ ကတိ ထိုးခိုင်းတယ်။ မြေယာအပေါင်း သီးနှံလျော်ကြေး ဘယ်လောက်ထုတ်ပေးပါတယ်။ အဲဒါကြောင့် လယ်ယာမြေကို စွန့်ပါတယ်လို့ ဝန်ခံ ကတိ လက်မှတ်ထိုးပါတယ် ဆိုပြီးလက်မှတ်ထိုးပါတယ်။

(၂၆) ရွာ တောင်သူများဖြေကြားချက်

သူတို့က သီးနှံလျော်ကြေး သုံးနှစ်ဆိုပြီးပေးလို့ ကျုပ်တို့က လက်မှတ်ထိုး လက်ဗွေနှိပ်တာပါ။ ကျုပ်တို့က အဲဒီမြေရာတွေကို စွန့်လွှတ်ကြောင်း လက်မှတ်ထိုး လက်ဗွေနှိပ်ခြင်း လုံးဝမဟုတ်ပါ။ ၎င်းစာချုပ်ကိုလည်း ကျုပ်တို့ကို မပေးခဲ့ပါ။

မေး ... ဆရာတော်တွေနဲ့ ဒေသခံတွေက လယ်တီဆရာတော်ရဲ့ သမိုင်းဝင် ကျမ်းတွေရေးတဲ့ နေရာတွေလည်းဖြစ်တယ်။ ဒေသခံတွေက လက်မှတ်ထိုးတဲ့အခါ အထဲကစာတွေကို မဖတ်ရဘူလို့ပြောတယ် အဲဒါနဲ့ပတ်သတ်ပြီး ဘာပြောချင်ပါလဲ ?
ဦးမြင့်အောင် ဖြေ ... ဝန်ခံကတိ လက်မှတ်ထိုးတဲ့ ပုံသေဖတ်နေရတဲ့ပုံတွေ မှတ်တမ်းတင်ထားတာရှိပါတယ်။ တစ်ယောက်ချင်နှစ်ယောက်ချင်းပေးတာ မဟုတ်ဘူး၊။ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝန်ခံကတိ လက်မှတ်ထိုးပါတယ်။ ငါးသိန်း တစ်သောင်း နှစ်သောင်းဆို တာ အဲဒီအချိန်က အမြင့်ဆုံးပေးတာပါ။

(၂၆) ရွာ တောင်သူမျာဖြေကြားချက် ...

လက်ပန်တောင်းတောင်ကြီးဟာ လွန်ခဲ့တဲ့ ရှေးယခင် နှစ်ရာပေါင်းများစွာ ဘိုးဘွားဘီဘင်လက်ထက် ကတည်းက သစ်တွေဝါးတွေခုတ်ခဲ့တယ်၊ မျှစ်-ဆူးပုတ်ရွက်-ဟင်းရွက်စုံ-မှို စတဲ့ ဟင်းစားတွေကို ရှာဖွေခဲ့ကြတယ်။ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ သမိုင်းမှတ်တိုင်ဖြစ်တဲ့ ကျမ်းမြတ်တွေကိုလည်း လယ်တီဆရာတော်ဘုရားကြီးက ဒီလက်ပန်တောင်းတောင်ကြီးပေါ်မှာဘဲ ရေးသားခဲ့တယ်။ ရှေးအဘိုးအဘွားတွေရဲ့ သမိုင်းဝင် စေတီဘုရားကျောင်းကန်တွေကိုလည်း တစ်စတစ်စ တည်ဆောက်ခဲ့ကြရတာပါ။ ကြေးနီစီမံကိန်း ကြောင့် ပျက်စီးသွားတဲ့အတွက် အစားထိုးမရတဲ့ ပျက်ဆီးဆုံးရှုံးမှုကြီးဖြစ်တယ်။

မေး ... စီမံကိန်းကထွက်တည့် စွန့်ပစ်မြေစာကို လယ်ကွင်းထဲကိုပုံထားတယ်။ စိုက်ပျိုးရတာလည်း အခက်ခဲရှိတယ်။ ရွာတွေဘက်မှာ ရှိတဲ့ရေကို ဓါတ်ခွဲခန်းမှ စမ်းသပ်တာ သောက်ဖို့မညီညွတ်ဘူးပြောတယ်။

ဦးမြင့်အောင် ဖြေ ... စွန့်ပစ်မြေပုံရှိတယ်။ အဲဒါတွေက လျော်ကြေးပေးထားပြီးသား။ သူတို့ နှမ်း၊ပြောင်း စိုက်ကြတယ်ဆိုရင် အဲဒီစိုက်ခင်းတွေ မသုံးဘူး သူတို့ရိတ်သိမ်းပြီးချိန်ကြမှ ကျွန်တော်တို့ကသုံးတာ။ ကျန်သုံးရေက ၁၉၉၅ ခု လောက်က ဒီရေနက်ထဲမှရှိတဲ့ မြေဆီလွှာတွေကို အဲဒီရွာက လူထုက ပုဂ္ဂလိကလုပ်တာ ဖြစ်ကြတဲ့အတွက် အိမ်တွေမှာလည်းရှိတယ် ရိုးနံဘေးမှာလည်းရှိတယ် သူတို့ရွာထဲမှအပြည့်ဘဲ အဲဒါ ကြောင့်ဖြစ်တာပါ။

သတ္ထုတွင်း လုပ်ငန်းကြောင့်မဟုတ်ဘူး သူတို့ရဲ့ ပုဂ္ဂလိက လုပ်ငန်းကို နည်းစနစ်မကျဘူး တစ်ချက်က ကိုယ့်အိမ်ဘေးမှာ ရေးတွင်းလေး ရေကန်လေးတွေလုပ်တယ် အဲဒီအခါမှာတော့ မြေပေါ်ရေကတော့ ကန်လေးတွေမှာစိမ့်နိုင်တယ် မြေအောက်ရေမှာကတော့ မရှိဘူး ဘာလို့မရှိလဲဆိုတော့ ပြီးခဲ့တဲ့လက ရေတွင်းတစ်တွင်းတူးပေးတယ် ရွာထဲမှာ ရေချိုတဲ့နေရာရှိတယ် မချိုတဲ့နေရာရှိတယ် အဲဒါက သတ္ထုတွင်းကြောင့်မဟုတ်ဘူး သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းကြောင့်ဖြစ်တာ သူတို့ပေးတဲ့ သောက်သုံရေမသန့် ဓါတ်ခွဲခန်းရလဒ်ကို သူတိုကို ရှင်းပြပေးတယ် ဒီဘက်ရေမှက ဓါတ်ခွဲခန်း ရလဒ်ထွက်ရင် သူရဲ့ ph နည်းမယ် NGO ရှိမယ် ရေCO3 ရှိမယ် O2 ရှိမယ် အဲဒါတွေရှိတာပေါ့ ကန်ကုန်းရွာမှာက မြစ်ကမ်းဘေးမှာ တူးရင်ရေချိုထွက်တယ်။

ကုန်းပေါ်မှာနဲ့ ပေတရာလမ်းဘက်ကူးရင် အညာဒေသမှာလို ရေငန် ရေခါး ထွက်တယ်။ ရေငန် ရေခါးက သူ့ရဲ့ အက်စစ်ဓါတ်ကြောင့် မဟုတ်ဘူး ကယ်စီယမ် ပါဆင်းနှိတ် ရယ်၊ မက်ဂနီစီယမ် ပါဆင်းနိတ် ရယ်ကြောင့် ရေခါးလို့ phက 6 to 9 လောက်ရှိချင်ရှိမယ်။ အညာဒေသထုံးဆံဖြစ်လို့ ရေခါးသောက်သုံးရန် မသင့်တာပါ။ ဓါတ်ခွဲခန်းရလဒ်ကိုကြည့်ရင် ဘာတွေများနေတာကို သိရပါတယ်။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

စွန့်ပစ်မြေပုံတယ်ဆိုတာ အဲဒီစွန့်ပစ်မြေကို မပုံမီ စိုက်ပျိုးလို့ရတယ်ဆိုတဲ့ အပေါ်ယံမြေဆီလွှာ တွေကို တစ်နေရာမှာ စုထားရပါမယ်။ ကြေးနီတူးတဲ့လုပ်ငန်းကို လုပ်ပြီးတဲ့အချိန်မှာ အဲဒီစွန့်ပစ်မြေတွေကိုညှိပြီး စိုက်ပျိုးလို့ရအောင် ဖယ်ရှားစုပုံထားတဲ့ မြေဆီလွှာတွေကို ပြန်ဖြန့်ပေးရမှာပါ။

အဲဒါကို ကုမ္ပဏီက လုပ်ထားတာ လုံးဝမတွေ့ရဘူး။ အိုင်ဘင်ဟိုး ကုမ္ပဏီ စံပါယ်တောင်မှာ စတင်လုပ်ဆောင်စဉ်တုန်းက လေထု ညစ်ညမ်းမှုကာကွယ်ရန် သစ်ပင် သုံးသိန်း ကိုစိုက်ပျိုးခဲ့ပေမယ့် လက်ပန်တောင်းတောင် စီမံကိန်းဟာ (၉)လခန့်ရှိပါပြီ သစ်ပင်စိုက်ပျိုးခြင်းကို လုံးဝမတွေ့ရပါ။ ယခုချိန်မှာ ရေပြဿနာ အခက်အခဲ မရှိပေမယ့် စံပါယ်တောင်လို ကြေးနီတွေကို ပင်လယ်ရေမျက်နှာပြင်အောက် တူးဖော်ခဲ့ရင် လက်ပန်တောင်းတောင်ရဲ့ ပတ်ဝန်းကျင် လယ်ယာမြေဧက သောင်းချီ တွင်းရေများ ခမ်းခြောက်သွားနိုင်ပါသည်။ ကျော်ရွာတံတားနှင့် ရွှေလှေတံတားကြား ကြေးနီများတူးဖော်ရာတွင် စွန့်ပစ်မြေများ ပိတ်ဆို့မှုကြောင့် ချင်းတွင်းမြစ်ရေကြီးချိန်တွင် မုံရွာမြို့ကို ရေလွှမ်းသွားနိုင်ပါသည်.

ထိုလက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ချင်းတွင်း-ဧရာဝတီ မြစ်ဆုံ ဒေသများသည် အက်စစ်ရေများပျံနှံ၍ စိုက်ပျိုးမြေများ ဧက လေးသိန်း ခန့်ပျက်ဆီးဆုံးရှုံးနိုင်ပါသည်။ ယခု စံပါယ်တောင်အနီး ယမားချောင်းထဲတွင် ငါး အစရှိသည့် ရေသတ္တဝါများ မရှိတော့သလို ချင်းတွင်း-ဧရာဝတီ ဒုတိယ မြစ်ဆုံ မှသည် ဧရာဝတီ မြစ်ဝကျွန်းပေါ် များသို့တိုင်အောင် အက်စစ်ဓါတ်များ ပျံနှံနိုင်ပါသည်။ ရေနေသတ္တဝါများ အသက်ရှင်နိုင်တော့မည် မဟုတ်ပါ။ နောင်နှစ်ပေါင်း(၆၀) ကြေးနီစီမံကိန်းကြီး ပြီးစီးသည့်အထိ ခွင့်မပြုကြတော့ဘဲ ကျုပ်တို့ (၂၆) ရွာမှ လယ်ယာသမားများသည် အမျိုးသားရေးစိတ်ဓါတ်ဖြင့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြီး အမြန်ဆုံးရပ်ဆိုင်းရန် ဆန္ဒပြင်းပြလျက် ရှိပါသည်။

မေး ... စီမံကိန်းတွေက ပွင့်လင်းမြင်သာဖို့လိုပါတယ်။ အခုစီမံကိန်းကတော့ ပွင့်လင်းမြင်သာမှုရှိအောင် EIA SIA HIA တွေ ကောအစပေး လုပ်ထားတာတွေရှိလား ?

ဦးမြင့်အောင် ဖြေ ...

ရှိတာပေါ့ အဲဒါက မလုပ်လို့မှ မရတာ ကျွန်တော်တို့က ISO 3001 အဲဒါနဲ့ကလုပ်ရတာ အင်ဖာနေမယ်ကွန်ထရိုးနဲ့ ပတ်သတ်ပြီး လုပ်ရတယ် အချို့ကိစ္စတွေလည်း ထပ်လုပ်ရသေးတယ်။ စီမံကိန်းအတွက် ပြီးမှ Enviiroment Impact ဘယ်လို ဖြစ်မလဲဆိုတာကို ခြောက်လ တစ်ကြိမ် လုပ်တယ် အဲဒါက Third ပါတီဖြစ်တဲ့ စင်ကာပူ ကလုပ်တယ် သဘာဝပတ်ဝန်းကျင်ပိုင်း ကဖြစ်ဖြစ် ကွာလတီပိုင်းကဖြစ်ဖြစ် နည်းပညာပိုင်းကဖြစ်ဖြစ်လုပ်တယ် Enviroment Impact တွေနဲ့ ပတ်သတ်ပြီး သူတို့ လူကြီးတွေက ပတ်ဝန်းကျင်ထိမ်းသိန်းရေးကို လုပ်ဖို့ အမြဲတမ်းပြောတယ် ကျွန်တော်တို့ နိုင်ငံက နည်းဥပဒေများသာမက နိုင်ငံတကာ စံချိန်စံညွှန်းမူကိုလည်း လက်လွှတ်မခံဘဲ လုပ်ရမှာပါ။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

ဒီနှစ် (၆၀) စီမံကိန်ုးကြီးပြီးသွားခဲ့ရင် ဒီအသိမ်းခံရတဲ့ လယ်ယာမြေ ဧက(၇၈၀၀)ကျော်မကဘဲ ဧကသိန်းချီ စွန့်ပစ်မြေများ ဖုံးလွှမ်းခြင်း အက်စစ်ရေများ ပျံနှံခြင်း လက်ပန်တောင်းတောင် ပျောက်ကွယ်သွားခြင်းကြောင့် ဂေဟစနစ် ပျက်ပြီး မိုးများလွန်းခြင်း မိုးခေါင်လွန်းခြင်း မုန်တိုက်းဒဏ်ကို မကာကွယ်နိုင်ခြင်း စသည်တို့လည်း ဖြစ်ပါမည်။

မေး ... -- EIA SIA HIA Report လုပ်တော့ အဓိက ဘာတွေကို သွားတွေ့သလဲ ?

ဦးမြင့်အောင် ဖြေ ...

ဒီမှာကတော့ တော်တော်များကတော့ ပုံမှန် အော်တိုတင်းဝင်တယ် လုပ်တယ်ဆိုတော့ လုပ်တဲ့တွေ့တဲ့ဟာတိုင်းသည် သူတို့ကအမြဲတမ်း ကြည့်မှုလုပ်တယ် ဒီမှာရှိတဲ့ Report ကို ယူတယ်။ အစအဆုံး သေချာလုပ်ပါတယ်။ အားနည်းချက်ကတော့ နည်းပါတယ်။ အသေးစားဖြစ်စဉ်လောက်လေးတွေဘဲ ရှိပ်တယ်။ တကယ်လို့ သိချင်တယ်ဆိုရင် ကျွန်တော့် Report တွေကိုလည်း မိတ္တူ ပေးလို့ရပါတယ်။

(၂၆) ရွာ တောင်သူများ၏ ဖြေကြားချက် ...

ကျုပ်တို့ကတော့ နှစ်ပေါင်း (၂၀) ခန့် တူးပြီးသား စံပါယ်တောင် ကြေးနီစီမံကိန်းကို ကြည့်ပြီး ဆုံးဖြတ်တာဘဲ။ စံပါယ်တောင်ဟာ ဧက (၄၀) ရှိပေမယ့် တကယ်တူးလိုက်တော့ ဧက (၇၀) ဖြစ်သွားတယ်။ ကြေးနီသန့်စင်ဖို့ နေရာယူတဲ့မြေဟာ ဧက (၇၀၀) ဖြစ်တယ်။ စွန့်ပစ်မြေကတော့ ဧက (၃၀၀၀) လောက်ဖြစ်တယ်။ ကန်ကုန်း၊ ဒုန်းတော၊ ဂုန်တော၊ ရွာသာ ရွာ (၄) ရွာရဲ့ စိုက်ပျိုးမြေဧက (၃၀၀၀) ဟာ အက်စစ်ရေတွေ ပျံနှံသွာတဲ့အတွက်ကြောင့် ဘာမှ စိုက်ပျိုးလို့မရတော့ပါ။ စိုက်ပျိုးလို့ရတာ ဧက (၈၀၀) လောက်ဘဲ ကျန်တော့တယ်။ အက်စစ်ရေတွေကလည်း ကျန်စိုက်ပျိုးမြေတွေထဲကို ဆက်လက်ပျံနှံဆဲပါ။ သက်ဆိုင်ရာများကလည်း ရွာသားများကြေးနီချက်ရာတွင် စနစ်တကျ ညွှန်ကြားမှုမရှိသောကြောင့် ကြေးနီစွန့်ပစ်မြေများ ၎င်းတို့ရွာထဲတွင်ပျံနှံနေသောကြောင့် ရွာတွင်းရှိ အပင်များ မသန်စွမ်းတော့ပါ။ တစ်ချို့သေကုန်ပါသည်။

လက်ပန်တောင်းတောင်က ဧက (၁၅၀၀) ရှိတဲ့အတွက် စံပါယ်တောင်ထက် အဆ(၄၀)လောက် ရှိပါတယ်။ စံပါယ်တောင်က စာချုပ်သက်တမ်း (၁၈) နှစ်ခန့် ကျန်တဲ့အတွက် ဆိုးကျိုးများ ဒီထက်တစ်ဆ ဖြစ်လာနိုင်ကြောင်းပါ။
မေး ... ၃၃ လုံးမှာ ကြေးဖမ်းမယ် အက်စစ်တို့ ဓာတုဗေဒ ဆေးဝါးတွေလုပ်ရင် ယမားချောင်းကနေ ချင်းတွင်းမြစ်ထဲကို စီးမယ် အဲမှတစ်ဆင့် ဧရာဝတီမြစ်ထဲကို စီးမယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောတယ်

ဦးမြင့်အောင် ဖြေ ...

အဲဒါကတော့ သဘာဝထိန်းသိမ်းရေး ပညာရှင်တွေက ပြောတယ်ဆိုရင် ပညာရှင်တွေကို ကျွန်တော်တို့နဲ့ တွေ့ပေးလိုက်ပါ သူတို့ကို နည်းပညာလေးဘဲ ပြောမှာပါ သူတို့ကိုလည်း သဘာဝပတ်ဝန်းကျင်းပိုင်းကို နားလည်အောင် လာရောက်ကြည့်ရင်သိနိုင်ပါတယ်။ ရွာလူတွေပြောတာက တောင် (၃၃) လုံးဆိုတာ ဒေသအခေါ်အဝေါ်ရှိတယ် လက်ပန်တောင်းတောင်ကြီး တစ်လုံးဘဲရှိပါတယ်။ ဧက (၇၀၀၀) ကျော်တယ် တောင်ရဲ့ဧက မဟုတ်ဘူး တောင်ရဲ့ဧက အဲလောက်မရှိဘူး စီမံကိန်းမှာ တခြားလုပ်ရမယ့် ကိစ္စကြောင့် ဧက အဲလောက်ရှိတာပါ ချင်းတွင်းမြစ်ထဲကို ယမားချောင်းထဲသို့ စီးဝင်တယ်ဆိုတာကို သဘာဝပတ်ဝန်းကျင် ပညာရှင်တွေဘဲ ဖြစ်ဖြစ် နိုင်ငံတကာဘဲဖြစ်ဖြစ် လာရောက်လေ့လာနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုက်မယ်ဆိုရင် သူတို့က အားလုံးသိသွားမှာပါ။

(၂၆) ရွာ တောင်သူများ ဖြေကြားချက် ...

လက်ပန်တောင်းတောင် ၃၃လုံးတောင်တန်းကြီးဟာ ဧက(၁၅၀၀)လောက်ကျယ်ပါတယ် စံပါယ်တောင်ကြေးနီစီမံကိန်းကြီး နောင် (၁၈) နှစ်အကြာ စာချုပ်သက်တမ်း ပြည့်ပြီးသွားရင် သဘာဝပတ်ဝန်းကျင် ဘေးထွက်ဆိုးကျိုး ဒီထက်နှစ်ဆဖြစ်မယ်။ စံပါယ်တောင်ရဲ့ ဘေးထွက်ဆိုးကျိုးဟာ နောင်နှစ်ပေါင်း(၁၈)နှစ်ကျော်ကြာရင် ဧက(၁၀၀၀၀)ကျော် ပျက်စီးသွားနိုင်တယ် လက်ပန်တောင်းတောင်ဟာ စံပါယ်တောင်ထက် အဆ (၄၀) လောက် ရှိတဲ့အတွက် ဒုတိယမြစ်ဆုံဖြစ်တဲ့ ချင်းတွင်း-ဧရာဝတီ လယ်ယာမြေဧက (၄၀၀၀၀၀) လေးသိန်း (နောင်အနှစ်-၆၀-) ကြာရင် ပျက်စီးသွားနိုင်ကြောင်းပါ။

အဲဒါတွေကြောင့် ကျုပ်တို့ (၂၆) ရွာစလုံးရဲ့ လယ်ယာမြေတွေကို ဆုံးရှုံးရမည့်အပြင် လယ်ယာမြေ ဧက(၄၀၀၀၀၀)လေးသိန်းနဲ့ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးသွားမယ်။ ကျွန်ုပ်တို့ရဲ့ (၂၆)ရွာတင်မကတော့ဘဲ မြန်မာပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဒုတိယမြစ်ဆုံ မပျက်စီးရေးကို အမျိုးသားရေးစိတ်ဓာတ်အနေဖြင့် ကျေးရွာလူထုအားလုံး -

(၁) လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြီး လုံးဝ ရပ်ဆိုင်းသွားရေး
(၂) လှုပ်ရှားမှုတွင် ဖမ်းထားသူများကို ပြန်လွှတ်ရေး
(၃) ကြေးနီတူးဖော်မှုကြောင့် ဖြစ်ပြီးသော မြေစာပုံမှုများ၊ ဘာသာရေး အဆောက်အအုံများ ပျက်စီးမှုများအပေါ် လျော်ကြေးပေးရန်အရေး
၎င်းတောင်းဆိုချက် အရေး (၃) ချက်ကို မရမချင်း ပြည်သူများနှင့်အတူ တရားဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆန္ဒပြု တောင်းဆိုသွားကြပါမည်။

ထောင်တွင်းလက်ဖြစ်မယ်ဒိုလင်


အင်းစိန်ထောင်နဲ့မြောင်းမြထောင်မှာ(၇)နှစ်တာကာလအကျဉ်းကျခံနေတုံးက
ထောင်ဝင်စာပို့တဲ့ငါးပိကြော်ဘူး၊ဘန်နီကြိုး၊၀ါးခြမ်းပြားနဲ့ ခဲရာခဲဆစ်လုပ်ထားတဲ့ ထောင်တွင်းဖြစ် မယ်ဒိုလင်လေး

ထောင်တွင်းလက်ဖြစ်မယ်ဒိုလင်လေးကိုကိုယ်တိုင်တီးခတ်နေတဲ့ကိုရဲဝင်းဇော်
နဲ့ချစ်ပြုံးနှင်းဆီသီချင်းကို ခံစားချက်အပြည်နဲ့သီဆိုနေတဲ့အောင်မြေကဆရာလေးကိုတင်ဝင်းလှိုင်


Ref: Than Myint Aung(Facebook)

မြန်မာနိုင်ငံဒေသအနှံအပြား နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှု ကျင်းပမည်

2012-09-14
အခုလာမယ့် စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို အရပ်ဘက် လူ့အဖွဲ့အစည်း (၂၃) ဖွဲ့ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ပွဲတွေချက်ချင်းရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာနိုင်ငံ ဒေသအနှံအပြားမှာ လှုပ်ရှားမှုတွေကို အသွင်အမျိုးမျိုးနဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ရွှေသံလွင်ကွန်ဒိုမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကင်းမြို့နယ်ရှိ ရွှေသံလွင်ကွန်ဒိုတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့၌ ပြုလုပ်မည့် ပြည်တွင်းစစ်ရပ်စဲရေး လှုပ်ရှားမှုအစီအစဉ် ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ရာမှာ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိကတာဝန်ရှိတဲ့အတွက် ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဒီပွဲဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ Peace Network အဖွဲ့က မခင်စန္ဒာညွှန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်မတို့ ဘာဖြစ်လို့ တစ်နိုင်ငံလုံး စစ်ပွဲချက်ခြင်းရပ်ဖို့ ရည်ရွယ်ရတာလဲဆိုတော့ လက်ရှိမှာက ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်တွေထိုးတယ်။ အပစ်အခတ်ရပ်စဲရေးအတွက်။ သို့သော်ငြားလည်း သေနတ်မဖောက်တဲ့နေရာဆိုတာ ရှားပါတယ်။ ဆက်ပြီးဖြစ်နေတယ်။ အဓိက ဘာကိုရည်ရွယ်သလဲဆိုတော့ ကာချုပ်ကို ရည်ရွယ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှာ သမ္မတကြီး ဦးသိန်းစိန်ပါတယ်။ ကာချုပ်ပါတယ်။ တခြားသက်ဆိုင်ရာ အသီးသီးက ထိပ်သီးပုဂ္ဂိုလ်တွေပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဓိကဦးစီးပြီး လုပ်နေတယ်ဆိုသော်ငြားလည်း တဖက်မှာက တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဒီဟာကိုရပ်ဖို့ Command ပေးတဲ့အပိုင်းက မလုပ်သလိုမျိုး ကျွန်မတို့က ပွင့်ပွင့်လင်းလင်း မြင်တယ်။ အခုဒီရည်ရွယ်ချက်က ပြည်တွင်းစစ်ကို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခြွင်းချက်မရှိ ချက်ခြင်းရပ်တန့်ဖို့ ကျွန်မတို့ ရည်ရွယ်ပါတယ်"
စက်တင်ဘာလ (၂၁) ရက်နေ့မှာပဲ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သမ္မတအိမ်တော်နဲ့ လွှတ်တော်အဆောက်အဦးရှေ့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဦးမရန်ဂျော်ဂွန်းက ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ကတော့ ပထမဆုံး ကျွန်တော်တို့ သမ္မတကို ရည်ရွယ်တယ်။ ဒီမိုကရေစီ ကျင့်သုံးပြီးလက်ခံတဲ့ နိုင်ငံမှာဆိုရင် စစ်ပွဲတစ်ပွဲဟာ လွှတ်တော်ကနေ ခွင့်ပြုချက်မရဘဲ တိုက်လို့မရပါဘူး။ လွှတ်တော်ခွင့်ပြုချက်နဲ့ တိုက်နေကြတာပါ။ ဒါက ကျွန်တော်တို့ ရန်တိုက်ပေးခြင်းလည်း မဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စစ်ပွဲတွေက အဓိက အခရာကျတာက ကာကွယ်ရေးဦးစီးချုပ်ပါ။ အဲဒီဘက်ကို တွန်းအားပေးဖို့ ရည်ရွယ်ပါတယ်။ အဲဒီအချိန်မှာ လွှတ်တော် အစည်းအဝေးလည်း ရှိမှာ မဟုတ်ပါဘူး။ သမ္မတလည်းရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ရှိနေတယ်ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သွားမယ်ဆိုတဲ့အကြောင်း အကြောင်းကြားပြီး တောင်းဆိုပါတယ်"
(၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ပန်းရဲ့လမ်းဂီတအဖွဲ့၊ ကဗျာဆရာများသမဂ္ဂ၊ အဖြူရောင်တွဲလက်များ၊ စိမ်းရောင်စိုအဖွဲ့ စတဲ့ နိုင်ငံတ၀ှမ်းက အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးတေးသီချင်းဆိုတာတွေ၊ ကဗျာရွတ်တာတွေ၊ (၂၄)နာရီ ဆုတောင်းတာတွေ၊ ဂျိုးငှက်လွှတ်တာတွေ၊ ဗီဒီယိုပြတာတွေ ပြုလုပ်ကြမှာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ တခြားအဖွဲ့အစည်းတချို့ကလည်း အဲဒီနေ့ မနက်ပိုင်းမှာ ဆူးလေဘုရားကနေ စုပေါင်းလမ်းလျှောက်ကာ ညနေ(၄)နာရီမှာ အင်လျားကန်ဘောင်အရောက် ငြိမ်းချမ်းရေး ဆုတောင်းမူတွေ ပြုလုပ်မှာဖြစ်ပြီး အမှတ်တရကျောက်တိုင် စိုက်ထူကြမယ်လို့ သိရပါတယ်။

မန္တလေး ကျူးကျော်မြေများ ပြန် သိမ်းမည်


မန္တလေးတိုင်းအတွင်းက ကျေးရွာသူ ရွာသားများ
မန္တလေးတိုင်းဘက်မှာတော့ မြို့နယ်သုံးမြို့နယ်က  ကျေးရွာတွေက ထောင်ချီတဲ့ အိမ်ခြေတွေကို စက်တင်ဘာလမှာ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ မန္တလေးတိုင်းဒေသကြီး  အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ ရက်ပိုင်းအတွင်းမှာ ကိုယ့်အစီအစဉ်နဲ့ ကိုယ်အမြန်ဆုံးပြောင်းကြဖို့ မန္တလေး စည်ပင်ဘက်က ခေါ်ပြီး သတိပေးတာဖြစ်တဲ့အတွက် ကျေးရွာသူ ရွာသားတွေ အခက်အခဲနဲ့ရင်ဆိုင်နေရတာပါ။ ဒီအကြောင်းအသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း တိုင်းဒေသကြီးထဲက ချမ်းမြသာစည်မြို့နယ်
ပြည်ကြီး တံခွန်မြို့နယ် နဲ့ အမရပူရမြို့နယ်ထဲက မြို့ကွက်သစ်ဖော် ထားတဲ့နေရာတွေက ကျေးရွာ တွေမှာ နေထိုင်သူတွေကို ရက်ပိုင်း အတွင်းမှာဘဲ မိမိတို့အစီအစဉ်နဲ့ အမြန်ဆုံး ပြောင်းရွှေ့ကြဖို့ မန္တလေး စည်ပင်က ခေါ်ယူသတိပေး ပြောဆိုလိုက်တဲ့အတွက် ကျေးရွာသူ ရွာသားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မန္တလေး မြို့ခံတွေက ပြောပါတယ်။

“အခုလိုပဲ လက်လွတ်စပယ်ပဲ ရွှေ့လိုက်ပါ ဆိုတဲ့အခါကျတော့ သူတို့မှာ ပြေးစရာ မြေမရှိပဲ ဖြစ်သွားတာပေါ့ဗျာ။ အဲ့တော့ သူတို့ရပ်တည်နေတဲ့ ဘဝလေးက ပျက်စီး သွားမှာ စိုးတဲ့အတွက် ဒီလိုနည်းနဲ့ ဆောင်ရွက်မယ့်အစား တခြားသင့်တင့်တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်စေချင်တဲ့ ဆန္ဒတွေနဲ့ ပြောကြတယ်။ ဥပမာအားဖြင့် ဆိုရင် သူတို့ကို မြေကွက်အစားပြန်ချထားပေးမယ်ဆိုရင်လည်း ချထားပေးပေါ့။ ဝေးချင် ဝေးပါစေပေါ့ဗျာ။

နောက်တချက်က သူတို့ရဲ့ ဒီလိုဟာမျိုးလေးတွေကို  တက်နိုင်ရင် အခွန်အခတွေ နိုင်ငံတော်ကို ပေးဆောင်ပြီးတော့ မြေဂရမ်ဖောက်ပေးပါ။ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက်ဆို အခွန်အခတွေ ပေးဆောင်ပါ့မယ်။ မြေခွန်တွေ မြေဂရမ်ခတွေ လိုအပ်တဲ့ ဖိုင်းချရင်လည်း ချပေါ့ဗျာ။ ဒီအတွက် လိုအပ်တဲ့ ငွေကြေးတွေ ထပ်ပြီး ပေးဆောင်ပါဆို ပေးဆောင်ပါမယ်။ လက်ရှိနေမြဲအတိုင်းလေး နေချင်တယ်ပေါ့ဗျာ။  ဒီသဘောလေးကိုလည်း တချို့ပြည်သူများက ပြောပါတယ်။”

ဒီလိုမျိုး အစိုးရက သိမ်းယူထားခဲ့တဲ့ မြေကွက်တွေထဲက လယ်ယာမြေတွေမှာ တောင်သူတွေက အသုံးပြု နေထိုင်နေမူတွေကို မန္တလေးတိုင်း စည်ပင်သာယာရေး ကော်မတီ က လက်ရှိနေထိုင်သူတွေကို  တစုံတရာ ညိုနိုင်းခြင်းမရှိဘဲ ပြန်သိမ်းယူဖို့
ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်တယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။

အစိုးရရဲ့ ခွင့်ပြုမိန့်နဲ့ သိမ်းယူပြီးတော့ လျော်ကြေးတွေ ပေးထားပြီးသားဖြစ်တယ်လို့ မန္တလေးတိုင်း စည်ပင်က ပြောဆိုခဲ့တဲ့အကြောင်းကိုလည်း မန္တလေးမြို့ခံ ကိုမင်းထက်ငြိမ်းချမ်းကပြောပါတယ်။

“ အဲ့ဒီ့မြို့ကွက်သစ်တွေကို မြေသိမ်းယူစဉ်တုန်းကတဲ့၊ ၁၉၉၁ခုနှစ်ကပေါ့ တောင်သူတွေ နစ်နာမှုမရှိစေဖို့အတွက်  နစ်နာကြေးတွေ တဧကကို ငွေကျပ်လေးထောင်နှုန်းနဲ့  မြေအစားပေးပြီးသားဖြစ်ပါတယ်တဲ့။  ဒီမြို့ကွက်သစ်မြေတွေကို မြို့ကွက်သစ်ဖောက်ထုတ်ရေးအဖွဲ့က စနစ်တကျ အကွက်ရိုက်ဖော်ထုတ်ပြီးတော့ မူလမန္တလေးမြို့ထဲက ကျူးကျော်မြေတွေ၊ နောင်တခါ မီးလောင်ခံရတဲ့သူတွေ နောက် ပတ်လမ်းဖောက်စဉ်က ဖယ်ရှားပေးခံရတဲ့သူတွေ၊ နောက် ကန်တော်ကြီး ခရိုင်လှပရေးစီမံကိန်း ဆောင်ရွက်စဉ်က ဖယ်ရှားပေးခဲ့ရတဲ့သူတွေ နောက် လုပ်သက်၂၅နှစ်နဲ့ အထက် ဝန်ထမ်းတွေကို နေရာချထားပေးပြီးသား ဖြစ်ပါတယ်တဲ့။

အဲ့သလို မြို့ကွက်သစ်ဖော်ထုတ်မူ လုပ်ငန်းတွေကို လွန်ခဲ့တဲ့ နှစ်၂၀ကျော် ကတည်းက ဆောင်ရွက်ထားခဲ့ပြီး ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ အညီ အကောင်အထည် ဖော်ထားပြီးသား ဖြစ်တဲ့အတွက် တောင်သူတွေ နစ်နာမူမရှိဖို့အတွက် အဲ့တုန်းကငွေကြေးတွေ မြေကွက်တွေကို စီမံပေးခဲ့ပြီး ဖြစ်တဲ့အတွက် ၀င်ရောက်ပြီး ဝင်းခြံကာရံပြီး နေတဲ့တချို့ထဲမှာ မူလလယ်ပိုင်ရှင်တချို့လည်းပါတယ်။

တချို့က မသိနားမလည်လို့ ဝယ်လို့ရတယ် ထင်ပြီးတော့ ဝယ်ပြီး နေတဲ့သူတွေ ရှိတယ်။ တချို့ကတော့ မြေပွဲစားတချို့က စည်းရုံးဟောပြော ဖြားယောင်း သွေးဆောင်လို့ မြေနေရာရလိုမှုနဲ့ ဝင်ရောက်နေထိုင်သူတွေလည်းရှိတယ်လို့ သူတို့သုံးသပ်ပါတယ်တဲ့။ အဲ့သလို နေတဲ့သူတွေဟာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဖြစ်ကြလို့ ဖိတ်ကြားပေးဖို့ သတင်းစာကနေ ၈လပိုင်း  ၁၅ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ကြေငြာထားခြင်း ဖြစ်ပါတယ်တဲ့။

တချို့က ဖယ်ရှားခြင်းမရှိပဲ ဆက်လက်နေထိုင်တယ်လို့ သိရတယ်တဲ့။ ဒါကြောင့် မသိတဲ့သူတွေ သိရအောင်လို့ အခုလို ခေါ်ယူတွေ့ဆုံရှင်းလင်းတာပါဆိုပြီးတော့မှ သူတို့က ချမ်းမြ သာစည်မြို့နယ်မှာလည်း ပြောခဲ့ပြီးပြီ။

တခါ နိဂုံးချုပ်အနေနဲ့ဆိုရင် နိုင်ငံတော်က ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကတည်းက စနစ်တကျ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် အခုနေထိုင်သူတွေဟာ ဥပဒေမဲ့နေထိုင်သူတွေဖြစ်တဲ့အတွက်  ဖယ်ရှားပေးဖို့ သတ်မှတ်ချက်က ကျော်လွန်သွားပြီ ဖြစ်တဲ့အတွက်  ကိုယ့်အစီအစဉ်နဲ့ အေးအေးချမ်းချမ်း ဖယ်ရှားပေးဖို့  သူတို့ပြောလိုပါတယ်ပေါ့ဗျာ။

တကယ်လို့ ဖယ်ရှားပေးခြင်း မရှိဘူးဆိုရင် တရားဥပဒေနည်းလမ်းအရေ အရေးယူဆောင်ရွက်သွားမယ်ဆိုပြီးတော့မှ ခေါ်ရှင်းပြတာ။ ဆွေးနွေးပွဲ မလုပ်ဘူး။
အဲ့တော့ အားလုံးက နားထောင်ပြီးပဲ ပြန်ကြရတယ်။

အဲ့ဒီ့အတွက် တော်တော်စိတ်မကောင်းဖြစ်ကြတယ်။ တချို့လည်း ကြိတ်မနိုင်ခဲမရဖြစ်ကြတယ်။ တချို့လည်း ရုတ်တရက်ပေါ့ဗျာ။ မူးမိုက်သွားပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားကြတာပေါ့ဗျာ။”

အစိုးရတာဝန်ရှိသူတွေဘက်က လက်ရှိနေထိုင်နေကြတဲ့ မန္တလေးတိုင်း ဒေသကြီးတွင်းက ရွာသူရွာသားတွေကို ဒီနေထိုင်နိုင်မူအတွက် အပြေလည်ဆုံးနည်းလမ်းနဲ့ ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းပေးဖို့ကို မန္တလေးရပ်မိရပ်ဖတွေက လိုလားနေကြတယ်လို့လည်း  ကိုမင်းထက်ငြိမ်းချမ်းကပြောပါတယ်။

ချမ်းမြသာစည်မြို့နယ်တွင်းက ကျေးရွာတွေကို စက်တင်ဘာလ ၁၆ရက်နေ့ နောက်ဆုံး ထား ဖျက်သိမ်းခိုင်းပြီး ပြည်ကြီးတံခွန်မြို့နယ်တွင်းက နေအိမ်တွေကို စက်တင်ဘာလ ၁၉ရက်နေ့ နောက်ဆုံးထားပြီး ဖျက်သိမ်းခိုင်းနေတာဖြစ်ပါတယ်။

တကယ်လို့ နောက်ဆုံးဖျက်သိမ်းပေးရမယ့် အချိန်ကျော်လွန်သွားရင် တာဝန်ရှိသူတွေ ဘက်က မြေထိုးစက်တွေနဲ့ ကော်ပြီး နေအိမ်တွေကို ဖျက်ပစ်မယ်လို့ ခြိမ်းခြောက်ကြောင်းကိုလည်း ကျေးရွာဒေသခံတွေက ပြောပါတယ်။

နောက် အစိုးရပိုင်နေရာတွေမှာ တရားမ၀င်နေထိုင်မူနဲ့လည်း တရားစွဲဆိုခံရမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် ဒေသခံတွေမှာ နေထိုင်ရေးနဲပတ်သက်ပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မ ဦးသိန်းစိန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ Mr. Wu Bangguo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် စက်တင်ဘာ ၁၄

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
 ဦးသန်းစိန်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက်
အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr. Wu Bangguo ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ၌ ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ အပေါ် များစွာ အထောက်အကူ ပြုမှု၊ နှစ်နိုင်ငံ ခေါင်းဆောင်ကြီးများ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ထိန်းသိမ်းနိုင်မှု၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် ဆွေမျိုး ပေါက်ဖော်အဆင့်မှ ဘက်စုံ မဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့် ပြေားလဲခဲ့မှု၊ တရုတ်-မြန်မာ ဆက်ဆံရေး တိုးမြှင့် ဖော်ဆောင်မှု၏ အကျိုးဆက်အဖြစ် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အကျိုးရှိစေမှု၊ နှစ်နိုင်ငံ နယ်စပ်များ တည်ငြိမ်အေး ချမ်းအောင် ဖော်ဆောင်နေမှု၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၁)ဖွဲ့ အနက် (၁ဝ)ဖွဲ့နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးတက်မြင့်မားလာမှု၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြင့်မားလာစေမှု၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလာရေး၊ ပညာရေးစသည့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမို မြှင့်တင်နိုင်မှု၊ နှစ်နိုင်ငံ အစိုးရ မဟုတ်သော ချစ်ကြည်ရေး အသင်းအဖွဲ့များ၏ ဆက်ဆံရေး တိုးမြှင့်နိုင်ရေး အတွက် ဆက်လက် အကောင်အထည် ဖော်ရန် စီစဉ်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ မဟာဗျူဟာမြောက် ဆက်ဆံရေး စီမံကိန်း Action Plan ရေးဆွဲနိုင်ရေး ပူးပေါင်း ဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံ နန်နင်းမြို့၌ မကြာမီ ကျင်းပမည့် အာဆီယံ- တရုတ် ကုန်စည်ပြပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ရန် စီစဉ်ထားရှိမှု၊ မြန်မာနိုင်ငံ အနေဖြင့် ပြည်သူများ အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ရရှိအောင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ် ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ခင်မင် ရင်းနှီးစွာ ဆွေးနွေး ခဲ့ကြသည်။

news from..မြ၀တီ

ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းဝန်းကျင်ခန့် ထပ်မံရောက်ရှိလာ



ဖားကန့်မြို့ပေါ်ရှိ ဒုက္ခသည် စခန်းများသို့ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းဝန်းကျင်ခန့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထပ်မံ ရောက်ရှိလာခဲ့ကြောင်း ဖားကန့်ဒေသသို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။

"ဖားကန့်မြို့ပေါ်မှာ ဒုက္ခသည် စခန်း ၃၉ ခုရှိပါတယ်။


 အဲဒီစခန်းတွေကို ဒီနေ့မှာပဲ လုံခြုံရေး အခြေအနေအရ ၀င်ရောက်ခိုလှုံသူ တစ်သောင်းကျော်လောက် ထပ်မံ ရောက်ရှိလာတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် တစ်ခုလုံး အတိုင်းအတာနဲ့ ဆိုရင်တော့ လုံခြုံရေး အခြေအနေအရ ဒုက္ခသည် စခန်းတွေဆီကို ၀င်ရောက်ခိုလှုံသူ တစ်သိန်းကျော် ရှိလာပါပြီ”ဟု Eleven Media Group သတင်းထောက်က ပြောပါသည်။

လက်ရှိ အခြေအနေအရ ဖားကန့်ဒေသအတွင်း ညပိုင်းအချိန်တွင် အရပ်သားများ သွားလာလှုပ်ရှားမှုမှာ မရှိတော့ကြောင်း သိရပါသည်။

ထို့အပြင် ဖားကန့်ဒေသ၌ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းက ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံမှ သီးခြား အတည်ပြုချက် မရရှိခဲ့ပေ။

ဖားကန့်မြို့နယ်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများကြောင့် ကိုးတန်းကျောင်းသူ တစ်ဦး သေဆုံးခဲ့ပြီး ယနေ့ညနေပိုင်း တွင် လုံခြုံရေး အခြေအနေအရ အရပ်ဘက် သွားလာလှုပ်ရှားမှုများ မရှိတော့ခြင်း ဖြစ်ကြောင်း သိရပါသည်။

ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် (၁) ဆွတ်ငိုင်ယန်တွင် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က တပ်မတော်နှင့် ကေအိုင်အေတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေခဲ့ပြီး ကိုးတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး အရပ်သား ရှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

"တိုက်ပွဲဖြစ်ပွားတဲ့ ဆွတ်ငိုင်ယန်ရွာ ရှေ့ဘက်ပိုင်းကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တပ်မတော် စစ်ကြောင်း ရောက်လာတယ်။ ညနေပိုင်း စစ်ကြောင်းပြန် အထွက်မှာ မိုင်းဗုံးတစ်လုံး ကွဲတယ်။ နောက် အပြန်အလှန် ပစ်ခတ်ကြတာပဲ။တပ်မတော်ဘက်က ကျဆုံးပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။ ရွာသူရွာသားနဲ့ ကျောင်းသူတွေက ၇ ဦး ၈ ဦးလောက်ထိခိုက်ဒဏ် ရာရလို့ ဖားကန့် ဆေးရုံမှာ ကုသမှု ခံယူနေပါတယ်။ သေဆုံးသွားတဲ့ မဂျာဆိုင်းအင်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ သဂြိုလ်သွားဖို့ စီစဉ်ထားပါတယ်" ဟု တိုက်ပွဲဖြစ်ပွားမှုကို မျက်မြင် ကိုယ်တွေ့ ကြုံခဲ့ရသော မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောပါသည်။

" ကနေ့မနက်ပိုင်း အမြောက်ကျည်ဆံ နှစ်လုံးကျလို့ အနီး ပတ်ဝန်းကျင်က သူတွေ ထွက်ပြေး တိမ်းရှောင်ကုန်ကြပြီ။ အခုဆိုရင် ဆွတ်ငိုင်ယန်ရွာမှာ နာရေးဖြစ်တဲ့ အိမ်လောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေက လုံခြုံရေးကြောင့် မရှိကြတော့ဘူး။ သေဆုံးသွားတဲ့ မဂျာဆိုင်းအင်ရဲ့ နာရေးကို ကျောင်းသူ ကျောင်းသားတွေ လိုက်ပါ ပို့ဆောင်ဖို့ စီစဉ်ထားပေမယ့် အခု အခြေအနေအရ မြို့ပေါ် စခန်းတွေမှာ သွားပြီး ခိုလှုံနေရတာမျိုး ရှိနေပါတယ်" ဟု အဆိုပါ ဒေသခံက ဆက်လက်ပြောပါသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ)အဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှစတင်ခဲ့ကာ လက်ရှိအချိန်၌ တစ်နှစ်ကျော်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု သိရှိရသည်။

news from...eleven media group

မြန်မာနိုင်ငံဒေသအနှံအပြား နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှု ကျင်းပမည်

2012-09-14
အခုလာမယ့် စက်တင်ဘာ (၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို အရပ်ဘက် လူ့အဖွဲ့အစည်း (၂၃) ဖွဲ့ ဦးဆောင်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ပွဲတွေချက်ချင်းရပ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာနိုင်ငံ ဒေသအနှံအပြားမှာ လှုပ်ရှားမှုတွေကို အသွင်အမျိုးမျိုးနဲ့ လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းရှိ ရွှေသံလွင်ကွန်ဒိုမှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

RFA
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ရန်ကင်းမြို့နယ်ရှိ ရွှေသံလွင်ကွန်ဒိုတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့၌ ပြုလုပ်မည့် ပြည်တွင်းစစ်ရပ်စဲရေး လှုပ်ရှားမှုအစီအစဉ် ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်ရာမှာ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိကတာဝန်ရှိတဲ့အတွက် ဒီလှုပ်ရှားမှုကို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဒီပွဲဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ Peace Network အဖွဲ့က မခင်စန္ဒာညွှန့်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်မတို့ ဘာဖြစ်လို့ တစ်နိုင်ငံလုံး စစ်ပွဲချက်ခြင်းရပ်ဖို့ ရည်ရွယ်ရတာလဲဆိုတော့ လက်ရှိမှာက ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်တွေထိုးတယ်။ အပစ်အခတ်ရပ်စဲရေးအတွက်။ သို့သော်ငြားလည်း သေနတ်မဖောက်တဲ့နေရာဆိုတာ ရှားပါတယ်။ ဆက်ပြီးဖြစ်နေတယ်။ အဓိက ဘာကိုရည်ရွယ်သလဲဆိုတော့ ကာချုပ်ကို ရည်ရွယ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှာ သမ္မတကြီး ဦးသိန်းစိန်ပါတယ်။ ကာချုပ်ပါတယ်။ တခြားသက်ဆိုင်ရာ အသီးသီးက ထိပ်သီးပုဂ္ဂိုလ်တွေပါတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို အဓိကဦးစီးပြီး လုပ်နေတယ်ဆိုသော်ငြားလည်း တဖက်မှာက တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဒီဟာကိုရပ်ဖို့ Command ပေးတဲ့အပိုင်းက မလုပ်သလိုမျိုး ကျွန်မတို့က ပွင့်ပွင့်လင်းလင်း မြင်တယ်။ အခုဒီရည်ရွယ်ချက်က ပြည်တွင်းစစ်ကို ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ခြွင်းချက်မရှိ ချက်ခြင်းရပ်တန့်ဖို့ ကျွန်မတို့ ရည်ရွယ်ပါတယ်"
စက်တင်ဘာလ (၂၁) ရက်နေ့မှာပဲ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သမ္မတအိမ်တော်နဲ့ လွှတ်တော်အဆောက်အဦးရှေ့တွေမှာ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့က ဦးမရန်ဂျော်ဂွန်းက ဒီကနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ကတော့ ပထမဆုံး ကျွန်တော်တို့ သမ္မတကို ရည်ရွယ်တယ်။ ဒီမိုကရေစီ ကျင့်သုံးပြီးလက်ခံတဲ့ နိုင်ငံမှာဆိုရင် စစ်ပွဲတစ်ပွဲဟာ လွှတ်တော်ကနေ ခွင့်ပြုချက်မရဘဲ တိုက်လို့မရပါဘူး။ လွှတ်တော်ခွင့်ပြုချက်နဲ့ တိုက်နေကြတာပါ။ ဒါက ကျွန်တော်တို့ ရန်တိုက်ပေးခြင်းလည်း မဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ စစ်ပွဲတွေက အဓိက အခရာကျတာက ကာကွယ်ရေးဦးစီးချုပ်ပါ။ အဲဒီဘက်ကို တွန်းအားပေးဖို့ ရည်ရွယ်ပါတယ်။ အဲဒီအချိန်မှာ လွှတ်တော် အစည်းအဝေးလည်း ရှိမှာ မဟုတ်ပါဘူး။ သမ္မတလည်းရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ရှိနေတယ်ဆိုတဲ့အကြောင်း၊ ကျွန်တော်တို့ သွားမယ်ဆိုတဲ့အကြောင်း အကြောင်းကြားပြီး တောင်းဆိုပါတယ်"
(၂၁) ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ ပန်းရဲ့လမ်းဂီတအဖွဲ့၊ ကဗျာဆရာများသမဂ္ဂ၊ အဖြူရောင်တွဲလက်များ၊ စိမ်းရောင်စိုအဖွဲ့ စတဲ့ နိုင်ငံတ၀ှမ်းက အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးတေးသီချင်းဆိုတာတွေ၊ ကဗျာရွတ်တာတွေ၊ (၂၄)နာရီ ဆုတောင်းတာတွေ၊ ဂျိုးငှက်လွှတ်တာတွေ၊ ဗီဒီယိုပြတာတွေ ပြုလုပ်ကြမှာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ တခြားအဖွဲ့အစည်းတချို့ကလည်း အဲဒီနေ့ မနက်ပိုင်းမှာ ဆူးလေဘုရားကနေ စုပေါင်းလမ်းလျှောက်ကာ ညနေ(၄)နာရီမှာ အင်လျားကန်ဘောင်အရောက် ငြိမ်းချမ်းရေး ဆုတောင်းမူတွေ ပြုလုပ်မှာဖြစ်ပြီး အမှတ်တရကျောက်တိုင် စိုက်ထူကြမယ်လို့ သိရပါတယ်။

၈၈ မျိုးဆက် မြစ်ဆုံဒေသအခြေအနေ သွားရောက်လေ့လာ

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်က ကချင်ပြည်နယ်ကို ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံနေစဉ်

2012-09-14
မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသအခြေအနေတွေကို သွားရောက်လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။
ဒေသခံတွေအနေနဲ့ ကျောက်တောင်တွေတည်ရှိရာနေရာကို ပြောင်းရွှေ့ခံခဲ့ရတဲ့အတွက် ထွန်ယက်စိုက်ပျိုး မရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ့ရကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်က ပြောပါတယ်။
"သူတို့ပြောင်းတဲ့ရွာက တရုတ်က ပြန်ဆောက်ပေးထားတာ။ ဆောက်ပေးထားတဲ့ နေရာက ကျောက်တောင်ပေါ်မှာ ဖြစ်နေတယ်။ ထွန်ယက်စိုက်ပျိုးလို့လည်း မရဘူး။ မြစ်ဆုံမှာတုန်းကတော့ ငါးတို့၊ ဖားတို့၊ ပုဇွန်တို့ မြစ်ထဲဆင်းလိုက်ပြီးတော့ ရှာလို့ရတာပေါ့။ ဒီနေရာမှာ ဘာမှမရဘူး။ အမဲလိုက်လို့လည်း မရဘူး။ အိမ်တွေဆောက်ပေးထားတဲ့ ဟာတွေကလည်း ကန်ထရိုက်ဆောက်ပေးသလို ဖြစ်နေတော့ မျက်နှာကျက်တွေ အကုန်လုံးပြိုကျတယ်။ ကြမ်းတွေကျဲသွားတယ်။ ပြီးစလွယ် လုပ်ထားတယ်။ တံခါးတောင် ပိတ်လို့မရဘူး။ မိုးတွေယိုတယ်။ သွပ်တွေအကုန်လုံး လှန်ထွက်သွားတယ်။ အိမ်သာတွေ လဲကျသွားတယ်။ ကလေးတွေပညာရေးရော တော်တော်ခက်ပါတယ်။ အခုပဲ သူတို့ ကိုယ်စီကိုယ်စီ ရင်ဖွင့်သွားတာပေါ့။ အဓိက ကတော့ လုပ်ကိုင်စားသောက်လို့မရဘူး"
ဒီခရီးစဉ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော်၊ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်နဲ့ ရေအရင်းအမြစ် ပညာရှင် ဒေါက်တာ ခင်နီနီသိန်းတို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ကျင်းပမဲ့ မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ ကချင်စစ်ဘေးဒဏ်ခံ ပြည်သူတွေအတွက် အလှူငွေ သိန်း ၂၀၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။

မြန်မာ့သွင်းကုန်ပိတ်ဆို့မှုတချို့ ဖြေလျှော့ပေးဖို့ အမေရိကန်အစိုးရ ကြိုးပမ်းနေ

2012-09-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ မနေ့ကထုတ်ဝေတဲ့ Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
ဒီလို ပို့ကုန်အရေးယူမှု လျှော့ချနိုင်ဖို့အတွက် သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့အမေရိကန် လွှတ်တော်တို့ ဆွေးနွေးနေကြပါတယ်။
ဒါပေမယ့် လျှော့ပေးဖို့ ကြိုးစားနေတဲ့အထဲမှာ စစ်ဘက်ဆိုင်ရာ ပိတ်ပင်ထားတာတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံခွင့် ပိတ်ဆို့ထားတာကိုတော့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကသွင်းကုန် ပိတ်ဆို့ထားတာ လျှော့ပေးဖို့ကိုတော့ အမေရိကန် လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုနေပြီး လွှတ်တော်ရဲ့ သဘောတူချက်ကို နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ရဖို့ကတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ သတင်းစာက ရေးပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ရောက်တဲ့အခါမှာ မြန်မာပို့ကုန် ပိတ်ဆို့ထားမှုကို စတင်ဖြေလျှော့ပေးနေပြီ ဆိုတဲ့အကြောင်း အမေရိကန်အစိုးရက တရားဝင် ကြေညာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီရလဒ် ထွက်လာဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကမကထပြု ဆောင်ရွက်နေပါတယ်။
ဒီကိစ္စမှာလွှတ်တော်ရော၊ ဒေါ်အောင်ဆန်းစုကြည်ကပါ ထောက်ခံမယ်ဆိုရင် ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် သုံးသပ်သူတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ချီးမြှင့်မယ့် ရွှေတံဆိပ်ဆု လက်ခံဖို့ လာမယ့် ၁၇ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့ကို ရောက်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ နယူးယောက်မြို့ကို လာမှာဖြစ်ပါတယ်။

ကြေးနီးစီမံကိန်း ရပ်မည်မဟုတ်

မုံရွာမြို့အနီး လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြနေသူများ

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ဒေသခံ တောင်သူတွေရော လယ်သမားတွေရော ပြည်သူ့အကျိုးဆောင် ကွန်ယက်ကပါ ထိန်းသိမ်းခံရာက လွတ်လွတ်ချင်း ဆက်တိုက် ဆန္ဒပြကန့်ကွက်နေပေမယ့် မြန်မာနိုင်ငံ ဦးပိုင်လီမီတက်ကတော့ ဒီ စီမံကိန်းကို ရပ်တန့်ဖို့မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ ဒါပေမယ့်လို့ ဒေသခံတွေနဲ့ ဥပဒေလမ်းကြောင်းအရ ညိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ပြောပါတယ်။ ရိုက်တာသတင်းဌာနက ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ဒေသခံ လယ်သမားတွေက စီမံကိန်းရပ်ဖို့ အတွက် ဆန္ဒပြကန့်ကွက်နေကြပေမယ့်လို့ သူတို့အနေနဲ့ကတော့ ဥပဒေ စည်းမျဉ်းအတိုင်းပဲ သူတို့ စီမံကိန်းကို ဆက်ပြီး လုပ်ကိုင် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ကြေးနီတောင်သတ္တုတွင်း စီမံကိန်း တာဝန်ရှိသူတွေက ပြောလိုက်တာပါ။

စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမီတက်နဲ့ တရုတ်အမျိုးသားပိုင် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲပြီးတော့ လုပ်တဲ့ လက်ပန်းတောင် တောင် ကြေးနီစီမံကိန်းကြောင့် သူတို့လယ်ယာမြေတွေ ဆုံးရှုံးသလို၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း ရှိတယ်ဆိုပြီးတော့ လယ်သမားတွေဖက်က ဒီ စီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေခဲ့ကြပါတယ်။

ဒီ စီမံကိန်းကို ဦးဆောင်လုပ်တဲ့ စီးပွားရေးဦးပိုင်လီမီတက်ဟာ အရင် စစ်အစိုးရကာလမှာ စီးပွားရေးလုပ်ငန်းအတော်များများကို အခွင့်ထူးခံ လက်ဝါးကြီးအုပ်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်လို့ အများက တွက်ဆထားတာပါ။

ဒါ့အပြင် အခုနောက်ပိုင်း အရပ်သားအစိုးရတက်လာပြီးနောက် ဦးပိုင်လီမီတက်ကို စစ်တပ်က တိုက်ရိုက် ကိုင်တွယ် စီမံနေတာပါ။ ဒါကြောင့်လည်း အခု လယ်သမားတွေရဲ့ ကန့်ကွက်မှုဟာ ထိရောက်မှုရှိနိုင်ပ့ါမလား စိုးရိမ်မှုတွေလည်းရှိပါတယ်။

တဖက်မှာလည်း အရပ်သားအစိုးရလက်ထက် လွတ်လပ်ခွင့်အချို့ရှိလာတော့ လယ်သမားတွေအနေနဲ့ အခုလို မကျေမနပ်ဖြစ်မှုကို ထုတ်ဖော် ဆန္ဒပြခွင့်ရှိလာတာကြောင့် အခု ပြဿနာကို အများပြည်သူက ပိုပြီး သိရှိခွင့်ရလာပါတယ်။

ဒါပေမယ့်လည်း အခုလို ဆန္ဒပြမှုတွေကြောင့်တော့ သူတို့ စီမံကိန်းလုပ်ငန်းတွေ ရပ်တန့်မှာ မဟုတ်ဘူးလို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဦးပိုင်လီမီတက်ရဲ့ ကြေးနီသတ္တုတွင်းလုပ်ငန်း ကြီးကြပ်သူ ဦးမြင့်အောင်က ပြောပါတယ်။

“စီမံကိန်းသည် ရပ်လို့မရပါဘူး။ နိုင်ငံတော်ရဲ့ အကျိုး ဒေသဖွံ့ဖြိုးရေးအကျိုးဖြစ်တဲ့အတွက် ရပ်လို့မရပါဘူး ဆိုတာ လူကြီးတွေကလည်း ရှင်းပြပြီးပါပြီ။ ကျနော်တို့ကလည်း ရှင်းပြပြီးပါပြီ။  သူတို့လိုအပ်ချက်ကို အဆင့်ဆင့် တင်ပြပြီးတော့ တောင်းဖို့ပဲရှိတယ်။ ညှိနှိုင်းပြီးမှ ဆက်လုပ်ပါဆိုတဲ့ဟာသည် မရနိုင်ပါဘူး။”

စီမံကိန်းကို ရပ်တန့်မှာမဟုတ်ဘူးလို့ဆိုပေမယ့် တဖက်မှာတော့ ကျေးရွာသားတွေရဲ့ နစ်နာမှုအပေါ်မှာ သူတို့ဖက်က အဖြေတစုံတရာရအောင် ညှိုနှိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဦးပိုင်လိမီတက်က တာဝန်ရှိသူ ဦးမြင့်အောင်က ပြောပါတယ်။

“ဆွေးနွေး ညှိနှိုင်းပြီးတော့ ပြေလည်အောင်ပဲ ဖြစ်စေချင်တယ်။ ကိုယ်ကတော့ ဥပဒေဘောင်အတွင်းက လုပ်တယ်။ ဟိုကတော့ ဥပဒေအပြင်ဘက်ကို ဖောက်ထွက်ပြီးတော့ လုပ်တယ်။ နော် ဥပဒေနဲ့ မညီလုပ်တယ်။ လုပ်ပင်လုပ်ငြားသော်လည်း ဒီဟာတွေကို ဖြစ်စေချင်တာကတော့ ညှိညှိနှိုင်းနှိုင်းလေးနဲ့ ပြေလည်စေချင်တာပေါ့။ ပြီးရင် ဥပဒေဘောင်အတွင်းကပဲ တရားဝင် တင်ပြပြီးတော့ ညှနှိုင်းဆောင်ရွက်ရင်တော့ နှစ်ဦးနှစ်ဖက်ကောင်းတာပေါ့။”

ဆန္ဒပြလယ်သမားတွေဖက်ကတော့ သူတို့နစ်နာဆုံးရှုံးမှုဖြစ်တဲ့ လယ်မြေတွေအတွက် နစ်နာကြေးပေးလည်း လက်ခံမှာမဟုတ်ပဲ၊ ဒီ စီမံကိန်းကိုပဲ ရပ်တန့်ဖို့ လိုလားတယ်ဆိုပြီး ကျေးရွာပေါင်း ၂၆ ရွာက လယ်သမားတွေက တနေ့ကပဲ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒီ စီမံကိန်းကြောင့်လယ်မြေဆုံးရှုံးရတာတင်မဟုတ်ပဲ၊ ပတ်ဝန်းကျင် ညစ်နွမ်းပြီး ဒေသခံတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေတယ်လို့ သူတို့က ပြောပါတယ်။

ဒီစီမံကိန်းကြောင့် လယ်မြေဧကပေါင်း ၇၈၀၀ ကျော် သိမ်းဆည်းခံခဲ့ရတယ်လို့လည်း လယ်သမားတွေကပြောပါတယ်။ ဒါကြောင့်လည်း မုံရွာမြို့ပေါ်အထိ လယ်သမားတွေ အခြားတတ်ကြွလှုပ်ရှားသူတွေ စုဝေးပြီး ဆန္ဒပြခဲ့ကြတာပါ။

ဒီ့အတွက်လည်း အာဏာပိုင်တွေနဲ့ တင်းမာမှုဖြစ်ခဲ့ပြီး ကြားကနေ နိုင်ငံရေးအဖွဲ့အစည်းအချို့က ၀င်ရောက်ညှိုနှိုင်းပေးနေရပါတယ်။ ဒါပေမယ့်လည်း လယ်သမားတွေ လိုလားချက်ဖြစ်တဲ့ စီမံကိန်းရပ်ဖို့အခြေအနေကတော့ အလှမ်းဝေးနေဆဲလို့ ပြောရမှာပါ။

အာဏာပိုင်တွေရဲ့ အဆိုအရတော့ တရုတ်ဖက်က ကုမ္ပဏီဟာ တနှစ်ကို မြေ ၀.၄ စတုရမ်းမိုင်ကို အမေရိကန်ဒေါ်လာ ၃၅၀၀ နဲ့ အစိုးရကို ပေးပြီး ငှားရမ်းထားတာလို့ သိရပါတယ်။

မြန်မာ့သွင်းကုန်ပိတ်ဆို့မှုတချို့ ဖြေလျှော့ပေးဖို့ အမေရိကန်အစိုးရ ကြိုးပမ်းနေ

2012-09-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ကာလနဲ့ တိုက်ဆိုင်ပြီး မြန်မာနိုင်ငံကနေ အမေရိကန်ကို တင်ပို့တဲ့ သွင်းကုန်ပိတ်ဆို့ အရေးယူမှုတချို့ကို ဖြေလျှော့ပေးဖို့ အမေရိကန် အစိုးရက ကြိုးပမ်းနေတယ်လို့ မနေ့ကထုတ်ဝေတဲ့ Financial Times သတင်းစာကြီးက ရေးသားလိုက်ပါတယ်။
ဒီလို ပို့ကုန်အရေးယူမှု လျှော့ချနိုင်ဖို့အတွက် သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေးဌာနနဲ့အမေရိကန် လွှတ်တော်တို့ ဆွေးနွေးနေကြပါတယ်။
ဒါပေမယ့် လျှော့ပေးဖို့ ကြိုးစားနေတဲ့အထဲမှာ စစ်ဘက်ဆိုင်ရာ ပိတ်ပင်ထားတာတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံမှာ စီးပွားရေးရင်းနှီးမြုပ်နှံခွင့် ပိတ်ဆို့ထားတာကိုတော့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံကသွင်းကုန် ပိတ်ဆို့ထားတာ လျှော့ပေးဖို့ကိုတော့ အမေရိကန် လွှတ်တော်ရဲ့ သဘောတူချက်ရဖို့လိုနေပြီး လွှတ်တော်ရဲ့ သဘောတူချက်ကို နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ရဖို့ကတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ သတင်းစာက ရေးပါတယ်။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ရောက်တဲ့အခါမှာ မြန်မာပို့ကုန် ပိတ်ဆို့ထားမှုကို စတင်ဖြေလျှော့ပေးနေပြီ ဆိုတဲ့အကြောင်း အမေရိကန်အစိုးရက တရားဝင် ကြေညာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒီရလဒ် ထွက်လာဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ကမကထပြု ဆောင်ရွက်နေပါတယ်။
ဒီကိစ္စမှာလွှတ်တော်ရော၊ ဒေါ်အောင်ဆန်းစုကြည်ကပါ ထောက်ခံမယ်ဆိုရင် ဖြစ်လာနိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် သုံးသပ်သူတွေက ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်လွှတ်တော်က ချီးမြှင့်မယ့် ရွှေတံဆိပ်ဆု လက်ခံဖို့ လာမယ့် ၁၇ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့ကို ရောက်မှာဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကတော့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ နယူးယောက်မြို့ကို လာမှာဖြစ်ပါတယ်။

NCGUB စဉ်ပြိုင်အစိုးရ ဖျက်သိမ်းလိုက်ပြီ



 ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီး အပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးဖို့ န၀တ စစ် အစိုးရ က ပျက်ကွက်ခဲ့ချိန်နောက်ပိုင်း ပြည်ပနိုင်ငံကို ထွက်ပြေးလာခဲ့ရင်း မြန်မာ့ ဒီမိုကရေစီရေး အတွက် နှစ်
ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ၀န်ကြီး ချုပ် ဒေါက်တာ စိန်ဝင်း လက် မှတ်ရေးထိုးပြီး ဖျက်သိမ်းလိုက်တဲ့ ကြေညာချက် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်နေ့က ထွက်ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလည်း အခုဆို ပြန် လည် မှတ်ပုံတင်၊ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက်အနိုင်ရပြီး လွှတ်တော် နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင် လာခဲ့ပြီး မြန်မာ့ နိုင်ငံရေး အခင်းအကျင်း တွေလည်း ပြောင်းလဲလာပြီး NCGUB ရဲ့ အခန်းကဏ္ဍဟာ စဉ်ပြိုင်အစိုးရတရပ် အနေနဲ့ လိုက်လျောညီထွေမရှိတော့ လို့ ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ၀န်ကြီးချုပ်
ဟောင်း ဒေါက်တာ စိန်ဝင်းက ဆိုထားပါတယ်။

စဉ်ပြိုင်အစိုးရ ခေါ်တဲ့ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ က စတင်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ် မာနယ်ပလော ဒေသမှာ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီစနစ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ် ပေါက်ရေးအတွက် ဖွဲ့စည်း လှုပ်ရှားခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအခြေအနေများအကြောင်း နိုင်ငံတကာ မိသားစုတွေကို ချည်းကပ်ပြီး သံတ မန်ရေး ဖိအားပေးရေးတွေအတွက် နှစ်ပေါင်း ၂၀ ကျော် လှုပ်ရှားခဲ့ပါတယ်။ ဒီအတောအတွင်း မှားယွင်းမှု၊ အားနည်း ချက်များလည်း ရှိခဲ့တာမို့ ကြေညာချက်မှာတော့ တောင်းပန်စကားဆိုထားပါတယ်။

တဖက်ကလည်း NCGUB ဖြစ်ပေါ်လာဖို့ အထူးသဖြင့် KNU နဲ့ တိုင်းရင်းသား အဖွဲ့များကိုလည်း ကျေးဇူး တင်ကြောင်း ဖော်ပြထားပါတယ်။

NCGUB ရဲ့ အင်တာနက်စာမျက်နှာမှာ နှစ်ပေါင်း ၂၀ ကျော် သူတို့ ဘာတွေ လုပ်ဆောင် ကြိုးပမ်းခဲ့ကြသလဲ ဆိုတာ သွားရောက်ဖတ်ကြည့်နိုင်ပါတယ်။