Pages

Saturday, September 29, 2012

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ရန် မည်သည့် သဘောတူညီချက်မှ မရှိသေး


မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်တစ်ခုဖြစ်သော ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန် မည်သည့် သဘောတူညီချက်မှ မရှိသေးဟု ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် JCCI  ၏ မဲခေါင်ဒေဆိုင်ရာ စီးပွားရေးလေ့လာမှုကော်မတီ ဥက္ကဌ မစ္စတာကိုဟိ ၀ါတာနာဘဲက ပြောကြားခဲ့သည်။
''ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံက အီတာလျံ -ထိုင်းကုမ္ပဏီက လုပ်ဆောင်နေတာဖြစ်ပြီး သူတို့က ဂျပန်မှာရှိတဲ့ အဓိက ကုမ္ပဏီကြီးတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ ထားဝယ်စီမံကိန်းက မဲခေါင်ဒေသအတွက်ရော အာဆီယံနိုင်ငံတွေအတွက်ပါ အရေးကြီးတဲ့ ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်တာကြောင့် မြန်မာရော ထိုင်းနိုင်ငံအတွက်ပါ ဂျပန်က ပူးပေါင်းဆောင်ရွက်ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပုံ စံမျိုးနဲ့ ဒီစီးပွားရေးဇုန်စီမံကိန်းကို ဖော်ဆောင်သွားမယ်ဆိုတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ MOU တွေ၊ အခြား သဘောတူစာချုပ်တွေကို ဂျပန်အစိုးရနဲ့ရော စီးပွားရေးလုပ်ငန်းတွေနဲ့ပါ လက်ရှိမှာ လုပ်ဆောင်ထားခြင်း မရှိပါဘူး'' ဟု ၄င်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ဂျပန်နိုင်ငံက ရန်ကုန်မြို့နှင့်နီးသော သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကိုသာ အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်ဟု ၄င်းကဆိုသည်။
အီတာလျံ-ထိုင်းကုမ္ပဏီသည် ငွေကြေးနောက်ခံထောက်ပံ့ပေးမည့် အဖွဲ့အစည်းကို ရှာဖွေလျက်ရှိပြီး ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် လိုအပ်သောငွေကြေး အမေရိကန်ဒေါ်လာ ၈.၆ ဘီလျံ၏ ၇၅ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံမှ ချေးငွေအဖြစ် ရယူနိုင်ရန် မျှော်မှန်းထားသည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။
၎င်းကုမ္ပဏီသည် အဆိုပါ စီးပွားရေးဇုန် စီမံကိန်းတွင် စိတ်ပါဝင်စားသည့် ဂျပန်ရင်းနှီးမြှုပ်နှံသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းထက် ၁၀ ဆကြီးမားပြီး ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့တွင် တည်ဆောက်မည့်စီမံကိန်း ၂၀၃ ခုအတွက် ကုန်ကျစရိတ် ဘတ်ငွေ ၃၁ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဘီလျံ) ကို ထိုင်းအစိုးရက အတည်ပြုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားဖော်ပြခဲ့သည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံအတွင်း ဂျပန်နိုင်ငံဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးဈေးကွက်ကို အာဆီယံဒေသသို့ ချက်ခြင်းပြောင်းလဲမှုများ ဖြစ်ပေါ်မည်မဟုတ်ကြောင်း JCCI ၏ အကြီးအကဲ မစ္စတာအိုကာမူရာက ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ဆန်ဖရန်စစ္စကို ( ဘေး ဧရိယာ ) တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်.....

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ဆန်ဖရန်စစ္စကို ( ဘေး ဧရိယာ )
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်.....

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ဆန်ဖရန်စစ္စကို ( ဘေး ဧရိယာ )
တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်.....

Title :2012 Daw Aung San Su Kyi Event in San Francisco ( Bay Area)
Description :2012 Daw Aung San Su Kyi Event in San Francisco (Bay Area)
Update :2012-09-29
အချိန် မြန်မာစံတော်ချိန် ည နေ 6နာရီခွဲ ခန့် 
နေ့ ရက် 29.9.2012
http://shwevideos.net/watch_local.php?v=AZQuSeC11uI2&title=2012+Daw+Aung+San+Su+Kyi+Event+in+San+Francisco+%28+Bay+Area%29

 ကချင်စစ်ပွဲများ ရပ်တန့်သွားရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုများကို တားဆီးသော အမိန့်ထုတ်ပေးရန် လိုအပ်သည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ပွဲများရပ်တန့်ရန် KIA ဘက်ကလည်း ပစ်ခတ်တိုက်မှုများ ကိုတားဆီးသော အမိန့်ထုတ်ပေးရန်လိုအပ်သည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာမီဒီယာသမားများနှင့် တွေ့ဆုံရာတွင် မေးမြန်းချက်များကို ဖြေကြားရာ၌ ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
''ငြိမ်းချမ်းရေး တည်ဆောက်ဖို့ သူတို့နဲ့ တော်တော်များများ ဆွေးနွေးပြီးပါပြီ။ ကျွန်တော်တို့ဘက်က လည်းပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်ခိုင်းထားတယ်။ စစ်တပ်ကိုကျွန်တော် အမိန့်ပေးထားတယ်။ အဲဒီတော့ သူတို့ဘက်ကလည်း ပစ်တာ၊ ခတ်တာ၊ တိုက်တာတွေကို ရပ်စဲတဲ့အမိန့် ထုတ်ပေးပါ။ ဒီလိုဆိုရင် ကျွန်တော်တို့နှစ်ဖက်က စားပွဲပေါ်မှာထိုင်ပြီးတော့ ဆွေးနွေးကြရအောင်။ ခက်တာက သူတို့ဘက်က ဒီလို ပစ်ခတ် တိုက်ခိုက်တာတွေကို တားဆီးမိန့် ထုတ်ထားတာ မရှိဘူး။ အဲဒီတော့ အောက်ခြေမှာ ကျွန်တော်တို့ ဘယ်လောက်ပဲ တားထားပေမယ့် ပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတုန်းပါပဲ''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
အစိုးရဘက်က အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန်၊ ရိက္ခာပို့ရန်၊ သွားသည့်အခါများတွင် KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခြင်းများ၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်ကြောင်း၊ ယင်းတိုက်ခိုက်မှုများကို ရပ်တန့်ရန် လိုကြောင်း၊ တားဆီးမိန့် ထုတ်ပေးလိုက်ပါက အောက်ခြေတွင် စုစုစည်းစည်း လုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တိုက်ပွဲများဖြစ်နေခြင်းကြောင့် နှစ်ဦးနှစ်ဖက်အတွက်သာမက နိုင်ငံတော်အတွက်ပါ နှစ်နာရကြောင်း၊ ညှိနှိုင်းမှုများ ပြေလည်မည်ဟု ထင်ပါကြောင်း စသည်ဖြင့် နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားခဲ့ပါသည်။
''ကချင်ဒေသမှာ ဆုံးရှုံးမှုလည်း တော်တော်လေးများပါတယ်။ သူတို့ရဲ့ဆုံးရှုံးမှုဟာလည်း နိုင်ငံရဲ့ ဆုံးရှုံးမှုပါပဲ။ ဒီဘက်က ဆုံးရှုံးမှုဟာလည်း နိုင်ငံရဲ့ ဆုံးရှုံးမှုပါပဲ။ စစ်ပွဲဟာ တစ်နှစ်ခွဲနီးပါး တစ်နှစ်ကျော်လောက် ကြာလာတာနဲ့အမျှ နှစ်ဦးနှစ်ဖက် ကျဆုံးမှုတွေလည်း ရှိလာတယ်။ ဒါတွေဟာလည်း နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုတွေပါပဲ။ ဒီဒေသမှာရှိနေတဲ့ တိုင်းရင်းသားတွေက အလုပ်အကိုင်တွေ စွန့်ပြေး၊ အိုးအိမ်တွေ စွန့်ပြေးပြီးတော့မှ လုံခြုံတဲ့နေရာတွေမှာ ခိုအောင်းနေရတယ်။ အစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာရှိတဲ့ နေရာတွေကတော့ စားရေး၊ နေရေး၊ လုံခြုံရေးအတွက် ကျွန်တော်တို့ လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ကိုယ့်ဒေသနဲ့စာရင်၊ ကိုယ်နေခဲ့တဲ့ ဒေသနဲ့စာရင်တော့ ဘယ်လိုမှ ပြည့်ပြည့်စုံစုံရှိမှာ မဟုတ်ပါဘူး။ ဒီအဖွဲ့တွေကလည်း တစ်နှစ် ကျော်လောက် ရှိသွားပါပြီ။ သူတို့ရဲ့ နေရေးထိုင်ရေး၊ စားသောက်ရေး ကလေးတွေ ပညာသင်ကြားရေးတွေ၊ ဒါတွေဟာလည်း ဆုံးရှုံးမှုတစ်ရပ်ပါပဲ''ဟု နိုင်ငံတော်သမ္မတက သုံးသပ်ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်က သူမအား ဖိတ်ခေါ်ပါက ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြောဆိုထားမှုအပေါ် သမ္မတအနေဖြင့် ဖိတ်ခေါ်ဖို့ ရှိပါသလားဆိုသော မေးခွန်းနှင့်ပတ်သက်၍လည်း ယခုအချိန်တွင်လည်း နိုင် ငံရေးလုပ်ငန်းစဉ်များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လုပ်ဆောင်နေသည်များ ရှိနေပြီဖြစ်ကြောင်း၊  သူမ ကိုယ်တိုင် ငြိမ်းချမ်းရေးကိစ္စသွားရောက် မလုပ်ကိုင်နိုင်သော်လည်း နောက်ပိုင်းမှနေ၍ ဦးအောင်မင်းတို့ လုပ်ဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍  ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံအကြံဥာဏ်ပေးခြင်းများကဲ့သို့ ပါဝင်လုပ်ဆောင်နေခြင်းများ ရှိပါကြောင်း စသည်ဖြင့် ထည့်သွင်း ဖြေကြားခဲ့သည်။

ဧ၀ရက် တောင်တက်မယ့် ကမ္ဘာ လှည့် တွေ လေယာဉ် ပျက်ကျ လို့ သေ

ALeqM5hu_vkFF1_9fM13Oqu3LIBgwGkjdw


  နီပေါနိုင်ငံရှိ ကမ္ဘာ့ကျော်အမြင့်ဆုံး မောင့်အဲ ဗရက်စ် တောင်တက်ရန်အတွက် ကမ္ဘာ့လှည့်ခရီးသည်
တို့စီးနင်းလိုက်ပါလာသော စီတာလေကြောင်းလိုင်းပိုင် ပန်ကာ(၂)လုံးတပ်လေယာဉ်သည် မြို့တော်
ခတ္တမန္ဒူလေဆိပ်မှ Lukla လေဆိပ်တို့ပျံသန်းခဲ့ရာ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်ပေါ်ရှိခရီး
သည်အားလုံးသေဆုံးခဲ့ရသည်။သောကြနေ့က လေယာဉ်ပျက်ကျခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်
ဗြိတိသျှလူမျိုး(၇)ဦး၊ တရုပ်လူမျိုး(၅)ဦး သေဆုံးခဲ့ကြောင်းနီပေါရဲတပ်ဖွဲ့မှ အတည်ပြုပြောဆိုခဲ့သည်။
Lukla လေဆိပ်သည် မောင့်အဲဗရက်စ်တောင်တက်ရန်အတွက် တောင်တက်ဝါသနာရှင် ကမ္ဘာလှည့်
ခရီးသည်တို့အကြားတွင် ထင်ရှားကျော်ကြားသော တောင်ပေါ်မြို့ဖြစ်သည်။
ဗြိတိသျှလူမျိုး ခရီးသွားအုပ်စုတွင် အသက်(၂၇)နှစ်အရွယ်မှ (၆၀)နှစ်အရွယ်ထိပါဝင်ပြီး မောင့်အဲဗရက်တောင်မြေပြင်စခန်းမှ တောင်ရက်(၁၆)ရက်ခရီးစဉ်
ဝယ်သူများဖြစ်ကြောင်းကိုခရီးသွားအေဂျင်စီမှတဆင့်သိရှိရသည်။
လေယာဉ်ပျက်မကျခင်တွင် လေယာဉ်မှူးမှ မြေပြင်လေဆိပ်နှင့်အဆက်အသွယ်ရရှိပြီး ငှက်အုပ်နှင့်
တိုက်မိကြောင်းသတင်းရရှိခဲ့သော်လည်းအဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။
 လေယာဉ်ပျက်ကျရာအနီးမှ
မျက်မြင်မြင်တွေ့ရသူတဦးက လေယာဉ်သည်အရေးပေါ်ဆင်းသက်ရန်ကြိုးစားသော်လည်း လေထဲတွင်
မီးတောက်မြင်ရပြီး ပေါက်ကွဲမှုဖြစ်ကာထိုးကျလာကြောင်းပြောပြခဲ့သည်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသည် လေယာဉ်ပျက်အတွင်းမှ ရုပ်အလောင်း (၁၉)လောင်းတွေ့ရှိရကြောင်းကို အေအက်ပီသတင်းတွင်ဖေါ်ပြထားသည်။နီပေါနိုင်ငံသည် ဆင်းရဲသောနိုင်ငံတခုဖြစ်ပြီး လေကြောင်းလိုင်း(၁၆)လိုင်း၊
လေဆိပ်ပေါင်း(၄၉)ခုတည်ရှိသည်။ နီပေါနိုင်ငံသည် တောင်တက်သမားစိတ်ဝင်စားဖွယ်ရာ ကမ္ဘာ့အမြင့်ဆုံးတောင်(၁၄)လုံးအနက် (၈)လုံးတည်ရှိနေသောကြောင့် ကမ္ဘာ့တောင်တက်သမားတို့ဖြင့် နှစ်စဉ်ပွင့်လင်းရာသီတွင်စည်ကားနေတတ်သည်။
ပြီးခဲ့သည် (၂)နှစ်အတွင်းတွင် နီပေါနိုင်ငံအတွင်း၌ လူသေဆုံးစေသော လေယာဉ်ပျက်ကျမှု (၆)ကြိမ်ရှိခဲ့သည်။
ပြီးခဲ့သည် မေလအတွင်းကလေယာဉ်ပျက်ကျမှုတွင် ခရီးသည်အားလုံးမသေဆုံးဘဲ ၈၅ဦးအသက်မသေလွတ်မြောက်ခဲ့ပြီး ခရီးသည်(၁၅)ဦးသာသေဆုံးသော ဖြစ်ရပ်တခုလည်းရှိခဲ့သည်။ နီပေါနိုင်ငံ၏ လေကြောင်းလိုင်းများ စိတ်မချရမှု၊
အန္တရာယ်ရှိမှုအကြောင်းကို နိုင်ငံတကာမှ စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောဆိုမှုများသည် နီပေါနိုင်ငံခရီးသွားအတွက်ထိခိုက်မှုရှိလာနိုင်ကြောင်း သတင်းတွင်ဖေါ်ပြထားသည်။
အောင်ပန်(FNG)

ကချင် စစ်ပွဲ ငြိမ်းချမ်းရေးဦးဆောင်တောင်းဆိုသူ(၂)ဦးအားရဲစခန်း(၁၂)ခုက စတင်တရားစွဲ စစ်ဆေးနေ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကျရောက်ခဲ့တဲ့ စက်တင်ဘာ(၂၁) ရက်နေ့နိုင်ငံတကာ ငြိမ်းချမ်းရေး မှာ ရန်ကုန်မြို့နေရာအနှံ့ တနိုင်ငံလုံး စစ်ပွဲတွေရပ် ကြွေးကြော်သံပါတဲ့
ဆိုင်းဘုတ်ကိုင်ဆွဲ ဆန္ဒပြုခဲ့ကြတဲ့ အထဲက လူမူရေး အဖွဲ့တစ်ခုဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ယက်ကခေါင်းဆောင်တွေကို ဒီကနေ့ အမှုစတင်စစ်ဆေးနေတယ် လို့ သိရပါ
တယ်။
ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ခေါင်းဆောင်တွေ ဖြစ်တဲ့ဦးမရန်ဂျော်ဂွန်း နဲ့ ဒေါ်မေစပယ်ဖြူ (အယ်လ်ခေါန်ထွဲ) တို့ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ
ဥပဒေပုဒ်မ (၁၈) အရ ဒဂုံမြို့ နယ် တရားသူကြီး ဒေါ်ခင်သန့်စင်က အမှုစစ်ဆေးနေတာပါ။

အထက်ပါ နှစ်ဦးကို မရမ်းကုန်းမြို့နယ် ၊ဒဂုံမြို့နယ် ၊စမ်းချောင်းမြို့နယ် ၊ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ တာမွေမြို့နယ် စတဲ့မြို့နယ်အသီးသီးက တာဝန်ကျရဲစခန်းများက အမှုဖွင့်ထားတာဖြစ်ပြီး ဒီကနေ့ ဒဂုံမြို့နယ် တရားရုံးမှာ စတင်စစ်ဆေး
တယ်လို့သိရပါတယ်။
ဒဂုံမြို့နယ် တရားသူကြီးက ဥပဒေဆိုင်ရာ ကျင့်ထုံးများအရ တရားစွဲခံရသူ တစ်ဦးလျှင် အာမခံနှစ်ဦးစီနှင့် သန်းခေါင်စာရင်း ၊ပိုင်ဆိုင်မှုများပြပြီး အာမခံဝန်ချက်ထိုးရမယ်
လို့ ပြောဆိုပါတယ်။
ဒါပေမဲ့ တရားစွဲခံရသူ နှစ်ဦးကတော့ နိုင်ငံသားတစ်ဦးရဲ့အခွင့်အရေး အရ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ပြီး ဥပဒေကိုချိုးဖောက်မှု မရှိကြောင်းပြန်လည်တင်ပြခဲ့တာ ကြောင့်ကိုယ်ပိုင်ခံဝန်ချက်နဲ့ ငွေဆယ်သိန်း အာမခံထားခဲ့ရပါတယ်။
အမှုကို လာမယ့်လ အောက်တိုဘာ (၁၀) ရက်နေ့ ထပ်မံချိန်းဆိုလိုက်တယ် လို့ သိရပါတယ်။
(source-RFA)

ရှားခဲအင်းပဋိပက္ခတွင် ဒဏ်ရာရသူ ၂ ဦး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း

သေနတ်ဒဏ်ရာ ရထားသူများကို ပုသိမ်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ရန် ရောက်ရှိလာသည့် လူနာတင်ယာဉ်နှင့် စောင့်ဆိုင်းနေသည့် ဆွေမျိုးများ (ဓာတ်ပုံ – သန့်စင်ငြိမ်းချမ်း / ဧရာဝတီ)


ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲအင်းကြီး၌ စက်တင်ဘာ ၂၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့သူ ၂ ဦးမှာ အခြေအနေ ဆိုးရွားနေသဖြင့် ယမန်နေ့ နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်သည်။

ပုသိမ်ဆေးရုံသို့ ယမန်နေ့နံနက် ၉ နာရီက ရောက်ရှိလာသည့် ဒဏ်ရာရသူ ၃ ဦးအနက် ကိုကျော်ဆန်းငွေ (၃၉ နှစ်) မှာ နံနက် ၁၀ နာရီ ၅၀ ခန့်တွင် သေဆုံးသွားခဲ့သည်။ ကျန် ၂ ဦးဖြစ်သည့် ကိုကျော်ဇင်သန့် (၂၅ နှစ်) နှင့် ကိုဝင်းသန်း (၃၀ နှစ်) တို့မှာ သေနတ်ထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်။

ကိုဝင်းသန်းမှာ ညာဘက်ရင်အုံနှင့် ညာဘက်လက်မောင်းတို့တွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိထားကာ ကိုကျော်ဇင်သန့်မှာ ညာဘက်လက်မောင်းတွင် သေနတ်ထိမှန်ထားပြီး သတိမရဘဲ ဖြစ်နေသည်။

အရပ်သားများ သေကြေဒဏ်ရာရစေခဲ့သည့် ပစ်ခတ်မှုမှာ ရှောင်လွှဲမရသည့် အခြေအနေကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ခရိုင် အုပ်ချုပ်ရေးရုံးမှ အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့လူတွေ သေနတ်နှစ်ချက် အရင်ဆုံး မိုးပေါ်ထောင်ဖောက်ပါတယ်။ အဲဒီမှာ လူအုပ်ထဲက ဒီကောင်တွေ မပစ်ရဲပါဘူးကွာ။ မိုးပေါ်ပဲ ထောင်ဖောက်ရဲတာပါဆိုပြီး ပြောသံတွေထွက်လာပြီး လေးခွတွေနဲ့ အနီးကပ်ပစ်တယ်။ အဲဒါနဲ့ မတတ်သာတဲ့အဆုံး ပစ်ရတဲ့အခြေအနေတွေ ဖြစ်ကုန်တာပါ”ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

ထိုသို့ မပစ်ခတ်ပါက ရာနှင့်ချီသော လူအုပ်ကြားတွင် ပိတ်မိနေသော အထောင်ရဲစခန်းမှ ရဲတပ်သား ၃၀ ကျော်မှာ အသက်သေဆုံးသွားနိုင်ကြောင်း သူက ဆက်ပြောသည်။

ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ရဲသား ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရသည့် အနေအထားရှိကြောင်း ရဲသတင်းရပ်ကွက်အဆိုအရ သိရသည်။

ဒေသခံရွာသားတဦးအား အင်းမှထွက်သည့် ဆည်မြောင်းဝကို ဖျက်ဆီးသည်ဆိုကာ အင်းလေလံ အောင်ထားသည့် ၀ိုင်းဝိုင်းလည် ကုန်ထုတ်သမအဖွဲ့က ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူစစ်ဆေးရာ လက်လွန်၍ သေဆုံးသွားသည်ကို မကျေနပ်သည့် ရွာသားများက ဖြေရှင်းပေးရန် တောင်းဆိုရာမှ ပဋိပက္ခ စတင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့သော် ဒေသခံများ၏ ပြောဆိုမှုမှာ မိမိတို့သိရှိထားသည်နှင့် လွဲချော်နေသည်ဟု ခရိုင်ရုံးမှ ရဲအရာရှိက ပြောသည်။

“ကိုတလုတ် (ခေါ်) ၀င်းနိုင်ဆိုတဲ့လူက ရှားခဲရွာက မီးသတ်တပ်ကြပ်ကြီးရဲ့ မိန်းမကို အိမ်ပေါ်အထိ တက်ရိုက်တယ်။ ပြီးတော့ ဟင်္သာတဖက် ကူးသွားပြီး ညနေစောင်းကျတော့ ရှားခဲကို ပြန်လာတယ်။ အဲဒီမှာ ရပ်ကွက်ထဲကလူတွေက ကိုတလုတ်ကို ၀ိုင်းချကြတယ်” ဟု ရဲအရာရှိက ဆိုသည်။

၎င်းက ဆက်လက်၍ “ချရင်း တယောက်က ကိုတလုတ်ကို ဓားနဲ့ထိုးလိုက်တော့ ဟိုလူက ဗိုက်ပွင့်သွားပြီး အူတွေအခွေလိုက်ထွက်ပြီး လမ်းပေါ်မှာ လဲနေတယ်။ အဲဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးက အထောင်ရဲစခန်းကို အကြောင်းကြားလို့ စခန်းက ကား ၃ စီးနဲ့ မြို့နယ်မှူး ဦးဆောင်ပြီး ကိုတလုတ်ကို လာသယ်တာ” ဟု သူက ပြောသည်။

ကိုတလုတ်အား လာရောက်သယ်ထုတ်သည့် ရဲကား ၃ စီးအား ဒေသခံများက ခဲများ၊ တုတ်များ၊ လေးခွများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြရာ ကားများပျက်စီးသွားပြီး ရဲသားများမှာလည်း ရာနှင့်ချီသော လူအုပ်ကြားထဲတွင် ပိတ်မိသွားခဲ့ပြီးနောက် ပစ်ခတ်မှုများ ဆက်ဖြစ်ခဲ့သည်ဟု သူက ဆက်ပြောသည်။

“တကယ်တမ်း ဒေါသစိတ်နဲ့ လူထုကို နှိပ်ကွပ်ချင်တဲ့စိတ်နဲ့ဆိုရင် ကျနော်တို့လူတွေ ဘေးမှာ ၀ိုင်းထားတာ ရာနဲ့ချီရှိပါတယ်။ ကျည်အတွဲလိုက်ဆွဲရင် လူတွေအတုံးအရုံး သေကုန်မှာပါ။ အခုပစ်ခတ်မှုဟာ ရဲတွေအသက်အန္တရာယ်အတွက် ကာကွယ်မှုဆိုတာ ဒီအချက်ကိုကြည့်ရင် သိသာပါတယ်”ဟု အဆိုပါရဲ အရာရှိက ပြောသည်။

လက်ရှိတွင် ကိုတလုတ် (ခေါ်) ၀င်းနိုင် သေဆုံးမှုနှင့် ပတ်သတ်၍ ပုဒ်မ (၃၀၂) ဖြင့် လူသတ်မှုအဖြစ် အမှုဖွင့်ထားကြောင်း သိရသည်။

ကျုံပျော်မြို့နယ် ရှားခဲအင်းအရေးကိစ္စအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းအထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးအေးကျော်တို့ အပါအ၀င် တာဝန်ရှိသူများက ကျုံပျော်သို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်။ Ref: ဧရာဝတီဘလော့

ဆက်စပ်ဖတ်ရှုရန်   

ကျုံပျော်မြို့နယ် ရှားခဲရွာနေ ဒေသခံတစ်ဦးအား ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်တားမြစ်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ 

ဒေါ်အောင်ဆန်းစုကြည် ၏ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကို ကမ်းခြေဒေသနေ မြန်မာမိသားစုများ တွေ့ဆုံပွဲ တိုက်ရိုက်ကြည့်ရှုဖို့


ဒီနေ့ စက်တင်ဘာ ၂၉ရက်နေ့ည မြန်မာစံတော်ချိန် ည၁၀နာရီ ၄၅မိနစ် စမယ့် ချစ်မေနဲ့ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စ္စကို ကမ်းခြေဒေသနေ မြန်မာမိသားစုများ တွေ့ဆုံပွဲ တိုက်ရိုက်ကြည့်ရှုဖို့ link ၂ခုရှိပါတယ်။ တစ်ခုအဆင်မပြေရင် နောက်တစ်ခုပြောင်းကြည့်ပေါ့။

၁။ http://www.usfca.edu/suukyi/
၂။ http://shwevideos.net/live_broadcasting.php

အချိန်နီးလာရင် နောက်တစ်ခေါက် ထပ်သတိပေးဦးမယ်။

အီတာလျှံထိုင်းကုမ္ပဏီ၏ ကားကြီးများသွားလာမှုကြောင့် ပျက်စီးနေသည့်လမ်းများ ပြုပြင်မှုမရှိ။

Photo: အီတာလျှံထိုင်းကုမ္ပဏီ၏ ကားကြီးများသွားလာမှုကြောင့် ပျက်စီးနေသည့်လမ်းများ ပြုပြင်မှုမရှိ။
စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် သွားလာနေသည့် အီတာလျှံထိုင်းကုမ္ပဏီမှ ကားကြီးများကြောင့် လမ်းများပျက်စီးကာ ပြုပြင်ပေးခြင်းလည်း မရှိသဖြင့် ပြည်သူများ သွားလာရန်  အခက်အခဲနှင့် ကြုံတွေ့နေရသည်။

ရေဖြူမြို့နယ်အတွင်းရှိ နဘူးလယ်၊ မူးဒူး၊ ညောင်ပင်ဆိပ် ကျေးရွာများတွင် တစ်ရွာနှင့် တစ်ရွာအကြား သွားလာနေသည့် လမ်းများအပြင် ရွာထဲသို့ အီတာလျှံထိုင်းကုမ္ပဏီ ကားကြီးများ အဆက်မပြတ် သွားလာလျှက်ရှိသော်လည်း ပျက်နေသည့် လမ်းများကို ပြန်ပြင်ပေးခြင်းမရှိ ကြောင်း ထိုဒေသခံများနှင့် ရင်းနှီးသူ ကိုစိုးသိန်းက ပြောသည်။

၎င်းက “အခုလမ်းတွေဆို တော်တော်လေးကို ပျက်စီးနေတယ်။ ဗွက်တွေကော၊ ရေအိုင်တွေကော၊ ကားတွေ နစ်တာတွေကော ဖြစ်နေ တော့ လမ်းတွေက တော်တော်လေးကိုလည်း ညစ်ပတ်နေတယ်။ သူတို့က နေ့တိုင်းကားတွေ ဖြတ်သွားနေတော့ ပိုဆိုးလာတယ်”ဟု ပြော သည်။

ယခင် ၂၀၁၁ခုနှစ်က ပျက်စီးနေသောလမ်းများကို ပြန်ပြင်ပေးမှုများရှိခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည်ပြုပြင်ပေးခြင်း လုံးဝ မရှိတော့ ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လမ်းတွေက ပျက်စီးတာများလွန်းလို့ သူတို့ကားကြီးတွေ ရွာထဲကို ဖြတ်လာတဲ့အခါကျရင် ရွာသား တွေ အားလုံးက ကားတားပြီး လမ်းတွေပြင်ပေးဖို့ ၀ိုင်းပြောကြရတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် အီတာလျှံထိုင်းကုမ္ပဏီမှ ရေနက်ဆိပ်ကိမ်းစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီး စီမံ ကိန်းကြောင့် နေရပ်အိုးအိမ် ပြောင်းရွှေ့ပေးရမှုများရှိသဖြင့် ယင်းဒေသရှိ ကလုံးထကျေးရွာသူရွာသားများမှ မကျေမနပ်မှုများ ဖြစ်ခဲ့ကြ သေးသည်။

ယခုနှစ် ဇူလိုင်လ ၂၃ရက်နေ့က ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိသွားသည့် မြန်မာသမ္မတ ဦးသိန်းစိန်သည် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်နှင့် တွေ့ဆုံပြီး ထားဝယ်ရေနက်စီမံကိန်း အမြန်ဆုံး ပြီးစီးအောင်မြင်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွား ရန် သဘောတူညီခဲ့ကြသည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
ဓာတ်ပုံ-ထားဝယ်မြို့တော်

စက်တင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် သွားလာနေသည့် အီတာလျှံထိုင်းကုမ္ပဏီမှ ကားကြီးများကြောင့် လမ်းများပျက်စီးကာ ပြုပြင်ပေးခြင်းလည်း မရှိသဖြင့် ပြည်သူများ သွားလာရန် အခက်အခဲနှင့် ကြုံတွေ့နေရသည်။

ရေဖြူမြို့နယ်အတွင်းရှိ နဘူးလယ်၊ မူးဒူး၊ ညောင်ပင်ဆိပ် ကျေးရွာများတွင် တစ်ရွာနှင့် တစ်ရွာအကြား သွားလာနေသည
့် လမ်းများအပြင် ရွာထဲသို့ အီတာလျှံထိုင်းကုမ္ပဏီ ကားကြီးများ အဆက်မပြတ် သွားလာလျှက်ရှိသော်လည်း ပျက်နေသည့် လမ်းများကို ပြန်ပြင်ပေးခြင်းမရှိ ကြောင်း ထိုဒေသခံများနှင့် ရင်းနှီးသူ ကိုစိုးသိန်းက ပြောသည်။

၎င်းက “အခုလမ်းတွေဆို တော်တော်လေးကို ပျက်စီးနေတယ်။ ဗွက်တွေကော၊ ရေအိုင်တွေကော၊ ကားတွေ နစ်တာတွေကော ဖြစ်နေ တော့ လမ်းတွေက တော်တော်လေးကိုလည်း ညစ်ပတ်နေတယ်။ သူတို့က နေ့တိုင်းကားတွေ ဖြတ်သွားနေတော့ ပိုဆိုးလာတယ်”ဟု ပြော သည်။

ယခင် ၂၀၁၁ခုနှစ်က ပျက်စီးနေသောလမ်းများကို ပြန်ပြင်ပေးမှုများရှိခဲ့သော်လည်း ယခုနှစ်တွင် ပြန်လည်ပြုပြင်ပေးခြင်း လုံးဝ မရှိတော့ ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “လမ်းတွေက ပျက်စီးတာများလွန်းလို့ သူတို့ကားကြီးတွေ ရွာထဲကို ဖြတ်လာတဲ့အခါကျရင် ရွာသား တွေ အားလုံးက ကားတားပြီး လမ်းတွေပြင်ပေးဖို့ ၀ိုင်းပြောကြရတယ်”ဟု ပြောသည်။

လက်ရှိအချိန်တွင် အီတာလျှံထိုင်းကုမ္ပဏီမှ ရေနက်ဆိပ်ကိမ်းစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြပြီး စီမံ ကိန်းကြောင့် နေရပ်အိုးအိမ် ပြောင်းရွှေ့ပေးရမှုများရှိသဖြင့် ယင်းဒေသရှိ ကလုံးထကျေးရွာသူရွာသားများမှ မကျေမနပ်မှုများ ဖြစ်ခဲ့ကြ သေးသည်။

ယခုနှစ် ဇူလိုင်လ ၂၃ရက်နေ့က ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိသွားသည့် မြန်မာသမ္မတ ဦးသိန်းစိန်သည် ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ်နှင့် တွေ့ဆုံပြီး ထားဝယ်ရေနက်စီမံကိန်း အမြန်ဆုံး ပြီးစီးအောင်မြင်နိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်သွား ရန် သဘောတူညီခဲ့ကြသည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည်။
နန်းသူးလေ (ကေအိုင်စီ)-ထားဝယ်မြို့တော်(Facebook)

ဂျပန်နိုင်ငံမှ စီးပွားရေးများ မြန်မာနိုင်ငံတွင် လက်တွေ့ကျကျ လုပ်ဆောင်မှုနည်းနေသည်ဟု ဝေဖန်မှုအပေါ် ဂျပန်ကုန်သည် စက်မှုအသင်းချုပ် အကြီးအကဲတုန့်ပြန်ပြောကြား

ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လက်တွေ့ကျကျလုပ်ဆောင်မှု နည်းနေပြီး အပြောသာများနေသည်ဟု ဝေဖန်မှုကို ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ အကြီးအကဲ မစ္စတာ တာဒရှိအိုကာမူရ က စက်တင်ဘာလ ၂၈ ရက် က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် တုန့်ပြန် ပြောကြားလိုက်သည်။

'' အခြေခံအားဖြင့် မြန်မာနိုင်ငံက စက်မှုလုပ်ငန်းတွေမှာ စတင်ပြုပြင်ပြောင်းလဲတာ ၁ နှစ်ကျော်ပဲ ရှိပါသေးတယ်။ ဒီကာလအတွင်းမှာ အမျိုးမျိုးသော ကဏ္ဍတွေနဲ့ အခြေခံအဆောက်အဦးတွေမှာ တိုးတက်အောင် လုပ်ဆောင်နေပေမယ့် ရင်းနှီးမြှုပ်နှံဖို့ အသင့်မဖြစ်သေးပါဘူး။ ဒါကြောင့်ဂျပန်ကနေ လာရောက်လုပ်ကိုင်ချင်သူတွေ ရှိနေပေမယ့် မလုပ်ဖြစ်သေးတာကို အခုလို ဝေဖန်ကြတာလို့ ထင်ပါတယ်။ အခုအချိန်ကစလို့ လက်တွေ့လုပ်ဆောင်မှုတွေ စတင်တော့ မယ်လို့ ထင်ပါတယ်'' ဟု ၎င်းက ဂျပန်နိုင်ငံ Ji Ji သတင်းဌာနမှ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် RUMFCCI နှင့် ဂျပန်နိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် JCCI တို့ ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

'' အခုဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံက စီးပွားရေးမစ်ရှင်အဖွဲ့က လိုက်ပါလာတဲ့ အသေးစားနဲ့ အလတ်စား လုပ်ငန်း SME တွေက ရင်းနှီးမြှုပ်နှံဖို့ ကောင်းတယ်လို့ ယူဆစရာတွေ ရှိနေလို့ မကြာမီကာလမှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်တော့မယ်လို့ ထင်ပါတယ်'' ဟု မစ္စတာအိုကာမူရ က ဆက်လက်ပြောကြားသွားခဲ့သည်။

အဆိုပါ ကိုးကြိမ်မြောက် ဆွေးနွေးပွဲသို့ နှစ်ဘက်စလုံးမှ စီးပွားရေးလုပ်ငန်းရှင် ၂၀၂ ဦး တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲ၏ ရလဒ်အဖြစ် ၁၉၉၇ ခုနှစ်က UMFCCI နှင့် JCCI တို့အကြား ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်ကို နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှုများ တိုးမြင့်စေရန် ပြင်ဆင်ချုပ်ဆိုခဲ့သည်ဟုဆိုသည်။ ထို့ပြင် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းပူးပေါင်းလုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၁၉ ဒသမ ၉၄ သန်း ရင်း နှီးမြှုပ်နှံပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံစာရင်းတွင် အဆင့် ၁၂ တွင်ရပ်တည်နေ သည်။ ပြီးခဲ့သည့် ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နှင့်မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမှာ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်ထက် နှစ်ဆနီးပါးမြင့်တက်ခဲ့သည်။

ဝေဖန်မည်ဆိုရင် ကွန် ပြူတာနားမှာ မှန်ကြီးကြီးတစ်ချပ် ထောင်ထားပြီးမှ ဝေဖန်ပါ

ရေးသူ-ဒီမိုဖက်တီး

မျက်ပေါက်ကျဉ်းသူများ ၊ ဦးနှောက်ကျုံ့နေသူများကတော့ ဒေါ်စု အမေရိက ကို လည်လည်သွား တယ်လို့ပဲ မြင်ကြမှာပါ ။

မျက်လုံးပြူးပြီး ဦးနှောက်ကြီးသူများကတော့ ..... မြန်မာဆိုတာ ဘယ်သူ ၊ မြန်မာဆိုတာ ဘယ်လောက်အထိ စွမ်းပကားရှိတယ် ၊ မြန်မာတွေ အခု ဘာလိုနေတယ် ၊ မြန်မာကို ဘယ်လို ဘယ်နည်း ကူညီကြပါ ဆိုပြီး တစ်ကျောင်းဝင် တစ်ကျောင်း ထွက် ရှင်းပြနေတာ .....

တစ်မြို့ဝင် တစ်မြို့ထွက်ပြီး အမေရိကမှာ နေသာထိုင်သာရှိနေကြတဲ့ မြန်မာ
များကို တိုင်းပြည် ကို လှည့်ကြည့်ဖို့ ၊ ညီညွှတ်ဖို့ ၊ မြန်မာယဉ်ကျေးမှုကို မမေ့ဖို့ လိုက်ပြီး တရား ချနေတာလို့ မြင်ကြမှာ မလွဲပါ။

၁၉၉၆ ခုနှစ်က နောက်ဆုံးတွေ့ဆုံခဲ့ပြီး နောက်ပိုင်း (၁၈)နှစ်လုံးလုံး မတွေ့ရသေးတဲ့ သားကြီးရဲ့ ပါးလေးကိုတောင် ပြေးနမ်းဖို့ အချိန်မတွေ့ သေးပါဘူး .....

ဝေဖန်မည်ဆိုရင် ကွန် ပြူတာနားမှာ မှန်ကြီးကြီးတစ်ချပ် ထောင်ထားပြီးမှ ဝေဖန်ပါ ...

ဒီမိုဖက်တီး.

















                                    ဓာတ်ပုံများကို ခွန်ဒီးယမ်(Facebook) မှ ကျေးဇူးပြုသည်။

ဒေါ်စုအား မိုင်ဂျာယန်သို့ လာရောက်ရန် ကချင်အဖွဲ့အစည်းများ ဖိတ်ခေါ်


ဖနိဒါ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၇ ရက် ၂၀၁၂ ခုနှစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးမှုကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်-မြန်မာ နယ်စပ်ရှိ ကချင် စစ်ပြေးဒုက္ခသည် စခန်းများကို လာရောက်ကြည့်ရှုရန် ကချင်အဖွဲ့အစည်း ၂၃ ဖွဲ့က အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်လိုက်သည်။

၁၅ လကြာ အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများကြောင့် ပြောင်းရွှေ့နေထိုင်နေရသော မိုင်ဂျာယန်နယ် ဒုက္ခသည်စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက် ကြည့်ရှုပါရန် ဗုဒ္ဓဟူးနေ့က ဖိတ်ကြားလိုက်ခြင်း ဖြစ်သည်။

နိုဘယ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ကချင်တိုင်းရင်းသား အဖွဲ့အစည်းများက ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ ပင်လုံစိတ်ဓါတ်နဲ့ ဖိတ်ခေါ်တာပါ။ ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုတွေ ကြားထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မျက်မြင် ကိုယ်ကျ လာပြီးတွေ့ရင် ပိုကောင်းမယ်ဆိုပြီးတော့ ကျနော်တို့ ဖိတ်ခေါ်တယ်” ထိုင်းနိုင်ငံ အခြေစိုက် ကချင်ကျောင်းသား လူငယ်များ သမဂ္ဂ (AKSYU) အထွေထွေအတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်

Friday, September 28, 2012

အမေရိကန်နှင့် မြန်မာ စစ်ရေးပူးပေါင်းရန် အစီအစဉ်ရှိ

 
အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ လုပ်ဆောင်ရန် နှစ်ဖက်တပ်မတော် အရာရှိများက ဆွေးနွေး ညှိနှိုင်းနေကြပြီး ဖြစ်ကြောင်း Financial Times တွင် ဖော်ပြထားသည်။ တပ်မတော် အရာရှိများကို စတင် သင်တန်းပေးရန် အလားအလာ ရှိနေကြောင်း သိရသည်။ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ရုပ်သိမ်းထားသည့် စစ်သံမှူးများကို မြန်မာပြည်တွင် ပြန်လည်ခန့်ထားရန် စီစဉ်နေကြပြီဟု သိရသည်။ ကနဦး စတင်မှုကတော့ စစ်ရေးနှင့် မဆိုင်ဘဲ မဟာဗျူဟာလေ့လာရေး သင်တန်း စာတင်ပေးရန်နှင့် စစ်ဦးစီးမှူး ရာထူးအဆင့်များ အပြန်အလှန် လည်ပတ်ရန် ဖြစ်သည်။ ကနဦးအဆင့် အဆင်ပြေချောမောလျှင် စစ်သင်တန်းနှင့် စစ်ဘက်ရေးရာ အထောက်အပံ့ပေးရန်ပါ ဆက်လက် ဆောင်ရွက်ဖွယ်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ အမေရိကန်နှင့် ဒေသတွင်းနိုင်ငံများ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေမှာ မြန်မာလေ့လာသူ အဖြစ် ပါဝင်ချင်ကြောင်း ကမ်းလှမ်းချက်အရ တစ်ဖက်က စဉ်းစားနေသည်ဟု သိရသည်။ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ နက်နက်ရှိုင်းရှိုင်း ဖြစ်မလာခင် ကွန်ဂရက်၏ ထောက်ခံမှုရရန် အိုဘားမားအစိုးရက ဆွဲဆောင်ရလိမ့်မည်ဟု သတင်းတွင် ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသာ အဆင်ပြေ ချောမွေ့ခဲ့လျှင် အမေရိကန်-မြန်မာ ဆက်ဆံရေးသည် လုပ်ဖော်ကိုင်ဖက် Comprehensive Partnership အဆင့်ထက်ပိုပြီး Strategic မဟာဗျူဟာမြောက်အဆင့်ထိပါလွယ်ကူစွာ ရောက်နိုင်ကြောင်းသုံးသပ်နေကြသည်။
 မြန်မာစစ်ဘက် ခေါင်းဆောင်တချို့ အထူးသဖြင့် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမေရိကန်နှင့် အနောက်နိုင်ငံ သံတမန်များက ပုဂ္ဂိုလ်ရေးအရ ချီးကျူးကြကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် မှတ်ပုံတင်ခွင့် ပြု

(ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ် နှင့် ရန်ကုန် တက္ကသိုလ်) တက္ကသိုလ်ဆရာ/ ဆရာမများ အသင်းများအား တရားဝင် အသင်းများ အဖြစ် အလုပ်သမား ၀န်ကြီးဌာနက အသိအမှတ်ပြု မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိပါတယ်။
 

လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေမှုကို ကြိုတင်တားမြစ်ပေးရန်အဆို နတလဝန်ကြီးကဦးဆောင်ကန့်ကွက်

n-kham-aye
ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး( ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
ယမန်နေ့က သုံးရက်မြောက်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ လူမျိုးရေးပဋိပက္ခအသွင်ဆောင်နေသဖြင့် မဖြစ်ခင် တားမြစ်သင့်သည် ဟူသည့် ကျားဖြူလွှတ်တော်အမတ်၏ အဆိုကို နတလဝန်ကြီးကဦးဆောင်၍ ကန့်ကွက်လိုက်ကြောင်း လွှတ်တော်အမတ်များ  ကပြောသည်။
“ကျားဖြူပါတီက နန်းခမ်းအေးက နမ္မတူဘက်မှာ အစိုးရအာဏာပိုင်တွေကနေ အရင်းရှင် စီးပွားရေးလုပ်ငန်းရှင်တွေကို ရွာ သားတွေရဲ့စိုက်ပျိုးမြေ (အစိုးရအခေါ်မြေလွတ်မြေရိုင်းပေါ့ဗျာ) ရောင်းချပေးနေတဲ့ကိစ္စ  လူမျိုးရေးပဋိပက္ခအသွင် ဆောင် နေတာကို ဟန့်တားပေးသင့်တယ် လို့ တင်ပြတောင်းဆိုတယ်။ အဲတာကို နတလ ဝန်ကြီးက လက်မခံဘူး။ အဲတာနဲ့ မဲခွဲဆုံး ဖြတ်မယ်လို့ ပြောတယ်။ ဝန်ကြီးဗိုလ်မှူးကြီးအောင်သူ ကိုယ်တိုင်ဦးဆောင်ပြီး ကန့်ကွက်ကြောင်း မတ်တပ်ထရပ်တယ်။ စစ် ဘက်ကရော ပြည်ခိုင်ဖြိုးထဲကပါ လိုက်ပြီးရပ်တယ်။” ဟု ပြည်နယ်လွှတ်တော်အမတ်တဦးက သျှမ်းသံတော်ဆင့် အားပြောပြသည်။

ယမန်နေ့က အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၃၂ ဦးရှိရာ ၇၀ : ၆၀ မဲ ဝန်းကျင်ဖြင့် အဆိုဘက်မှ ရှုံးသွားကြောင်း ထောက်ခံသည့်လွှတ်တော်အမတ်တဦးကလည်းပြောပါသည်။

နမ္မတူမြို့နယ်အတွင်းရှိ ဒေသခံများ၏ လယ်ယာမြေများကို မြေတိုင်းဦးစီးဌာန၌ စာရင်းမရှိဟုဆိုကာ ကျေးလက်ပိုင် လယ် ယာမြေများအားသိမ်းယူ၍ တရုတ်လူမျိုးငွေရှင်များကိုလုပ်ကိုင်ခွင့်ပြုထားသောကြောင့် ရွာသားများ မကျေမနပ်ဖြစ်နေကြ ကြောင်း၊ ရှေ့ ဆက်မည်သို့ဖြစ်လာမည် မခန့်မှန်းနိုင်သဖြင့် (ရခိုင်တွင်ဖြစ်နေသော ပဋိပက္ခကဲ့သို့အလားတူ) လူမျိုးရေး ပဋိပက္ခအသွင်ဆောင်နေမှုကို ဟန့်တားထားသင့်သည်ဟု ကျားဖြူပါတီ၏ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေး ကတင်ပြခြင်းဖြစ်ကြောင်း  တောင်ကြီးဒေသခံ လွှတ်တော်အမတ်တဦးကလည်း ဆိုပါသည်။

“နတလ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက  လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီးဖြစ်လို့ စိုးရိမ်စရာမလို ဘူးလို့ လို့ပြောတယ်၊ ကန့်ကွက်ကြတယ်။ ဒါပေမယ့်အံ့ဩတာက တပ်မတော်သား ကိုယ်စားလှယ် ၅ ယောက်က နန်းခမ်းအေးရဲ့ အဆိုကိုထောက်ခံတယ်။ ထမရပ်ဘူး။ နောက်ပြီး ပြည်ခိုင်ဖြိုးပါတီထဲက တိုင်းရင်းသားတချို့ပေါ့ မကန့်ကွက်ကြဘူး။ လွှတ် တော်ပြင်ပရောက်တော့ မတ်တပ်ရပ်ကန့်ကွက် ကြတဲ့အမတ်တွေထဲက သူတို့အချင်းချင်းပြန်ပြောကြတယ်။ ဝန်ကြီးတောင် မှ ကန့်ကွက်တော့ သူတို့လဲ အလိုက်သင့် မတ်တပ်ရပ်ရတာပါတဲ့” - ဟု သံလွင်အရှေ့ခြမ်းမှ ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်တဦးကလည်းပြောပါသည်။

၎င်းနှင့်ပတ်သက်၍ နန်းခမ်းအေးကလည်း“ ကျမကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့ဆန္ဒအပေါ် အလေးထားမှု၊ တန်ဖိုးထားမှုနဲ့ တိုင်းတာပြီးတော့ ဆုံးဖြတ်စေချင်တယ် လို့တင်ပြလို့ ဝန်ကြီးက မဲခွဲဆုံးဖြတ်လိုက်တာဖြစ် တယ်။ ပြည်သူတွေအတွက်ဘဲလုပ်မယ်လို့ဆုံးဖြတ်ပြီး လွှတ်တော်ထဲဝင်လာတဲ့ လူတွေမဟုတ်လား။ ဒီအဆိုပယ်ခံရလို့ ဝမ်းမနည်းပါဘူး၊ ပညာတခုထပ်ရသွားတာပေါ့။” ဟု ဆိုပါသည်။

မူဝါဒတခုကို တသမတ်တည်းကျင့်သုံးနေမှုမပြုသင့်ကြောင်း၊ ပြောင်းလဲလာသည့်အခြေအနေအပေါ် အထိုက် အလျောက် ပြောင်းလဲကျင့်သုံးသင့်ကြောင်း၊ ယခုတင်ပြမှုမှာလည်း ဥပဒေအဖြစ်ရေးဆွဲရန်မဟုတ်၊ မီးဘေးရှောင်မလောင်ခင်တား သဘောမျိုးသာ ကြိုတင်ပြောပြခြင်းဖြစ်ကြောင်း၊ အဆိုတိုင်းမှာ ဥပဒေ ဖြစ်မလာနိုင်သည်ကိုနားလည်ကြောင်း ၎င်းက ဆက်လက် တင်ပြ ခဲ့သည်ဟု ဆိုပါသည်။

အထက်မှ လုပ်ကိုင်ခွင့်ပါမစ်ရထားသည့် မြန်မာပြည်သားမဟုတ်သော စီးပွားရေးလုပ်ငန်းရှင်များအား မြေတိုင်းဦးစီးဌာနက မဆလ ခေတ်မတိုင်မှီ မြေပုံ အသုံးပြုဟန်တူပြီး အဆိုပါမြေပုံတွင် အစိုးရပိုင်မြေ၊ ဒေသခံရွာသားများ ပိုင်မြေ သတ်မှတ် ထားခြင်း မရှိ သဖြင့် ၎င်းတို့တိုင်းတာရောင်းချပေးခြင်းဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသခံလူထုတို့စိုက်ပျိုးခြံမြေများ ဆုံးရှုံးရခြင်းဖြစ်ကြောင်း နမ္မတူမှ ရပ်မိရပ်ဖ တဦးကလည်းပြောပါသည်။

အစိုးရသစ်တက်လာသည်ကာလ ယခုနှစ်များအတွင်းပင် နမ္မတူ၌ တရုတ်လောပန်းများအား ဖြတ်တောက်ရောင်းချပေးခြင်း ခံရသော ဒေသခံလူထု၏  လယ်မြေ ၁၇၂၇ ဧက ရှိပြီဖြစ်ကြောင်း နန်းခမ်းအေးက ပြောပါသည်။

ယခုလ ၂၅ ရက်က တောင်ကြီးမြို့၌ စတင်သော ပြည်နယ်လွှတ်တော် ပထမအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး ယနေ့မွန်း တည့် ချိန် ၌ အဆုံးသတ်မည်ဖြစ်ကြောင်း သိရပါသည်။