Pages
Saturday, October 20, 2012
လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံ ဒုတိယနေ့ ထုတ်ပြန်ချက်များကို လူထုနှင့် အဖွဲ့အစည်းပေါင်းစုံ အင်အား ၅၀၀၀ ခန့်မှ အခုလို အတည်ပြု။
စနေနေ့၊ အောက်တိုဘာလ ၂၀၊ ၂၀၁၂  
Photo..Aung nay myo facebook
  လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံကြီးမှ အတည်ပြု ဆုံးဖြတ်ချက်များ
၁။       လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း လုံးဝ ရပ်တန့်ပေးရန်
၂။       နိုင်ငံတော် သမတကြီးဦးသိန်းစိန်၏စကားအရ ၁၈၂၄-ခုနှစ်မှစ၍ နှစ်ပေါင်း (၁၀၀)ကျော် နေထိုင်လာခဲ့ သော ဘင်္ဂလီလူမျိုးများအား မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုကာ နိုင်ငံသားအခွင့်အရေးများ အပြည့်အ၀ ပေးရန်နှင့် ယခုလက်ရှိကာလတွင် တရားမ၀င်ခိုးဝင်လာသော ဘင်္ဂလီများအား ဘင်္ဂလားဒေ့ရှ် သို့မဟုတ် တတိယနိုင်ငံများသို့ ပို့ဆောင်ပေးရန်
၃။       ကချင်ပြည်နယ်တွင် စစ်ရပ်စဲရေးကို ချက်ချင်းရပ်ပြီး တန်းတူညီမျှသော တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန်
၎။       ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန်
၅။       တိုင်းရင်းသားဒေသများတွင် စစ်အင်အားမတိုးချဲ့ရန်
၆။       နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန်
၇။       လယ်ယာမြေများ မတရားသိမ်းပိုက်နေမှုများ ချက်ချင်းရပ်ရန်
၈။       လယ်သမားများ၏ ဘ၀ကို အာမခံသည့် လယ်ယာမြေဥပဒေနှင့် မြေလွတ်မြေရိုင်းဥပဒေ ပေါ်ထွက် လာစေရန်
၉။       ဒေသခံတောင်သူလယ်သမားများ၏အကျိုးကို အာမခံသည့် မျှတသည့် အင်းလုပ်ငန်း ဥပဒေ ပေါ်ထွက် လာရန်
၁၀။     လွတ်လပ်သော တောင်သူလယ်သမား သမဂ္ဂများပေါ်ထွန်းလာရန်
၁၁။       အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အလုပ်သမား ဥပဒေများ ပေါ်ထွက်လာရန်
၁၂။       လွတ်လပ်သော အလုပ်သမား သမဂ္ဂများပေါ်ထွက်လာရန်
၁၃။       အလုပ်သမားထုအပေါ် မတရားဖိနှိပ် ဂုတ်သွေးစုပ်နေမှုများ အားလုံးရပ်တန့်ရန်
၁၄။       အလုပ်သမားများ၏ စားဝတ်နေရေးကို လုံလောက်သည့် အနှိမ့်ဆုံးအခြေခံလစာကို အမြန်ဆုံး သတ်မှတ် ပြဌာန်းရန်
၁၅။       အစိုးရ တိုက်ရိုက်အုပ်ချုပ်မှုမှ ကင်းလွတ်ပြီး သီးခြားလွတ်လပ်သည့် တက္ကသိုလ်များ ပေါ်ထွက်လာစေ မည့် ကျောင်းသားထု အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်သော ကျောင်းသားကိုယ်စားလှယ်များ ပါဝင်ခွင့် ရရှိစေမည့် ပညာရေးလွတ်လပ်ခွင့် အခွင့်အရေးကို လမ်းဖွင့်ပေးနိုင်မည့် ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ရည်တည်ဖွဲ့စည်းခွင့်ကို ရရှိစေနိုင်မည့် ဒီမိုကရေစီနည်းကျ တက္ကသိုလ်များဥပဒေတစ်ရပ် အမြန်ဆုံးပေါ်ထွက်ရေး
၁၆။       ကျောင်းသားသမဂ္ဂအဆောက်အအုံ တရားဝင်ပြန်လည်တည်ဆောက်ပေးရန်
၁၇။       မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် ဖြစ်ပေါ်နေသည့် ပြည်သူလူထု ရင်ဆိုင်နေရသည့် ပြဿနာများကို လွတ်တော်များနှင့် အစိုးရတို့ မှ တရားမျှတစွာနှင့်ထိရောက်စွာ အမြန်ဆုံးဖြေရှင်းပေးရန်
၁၈။       လက်ပန်တောင်းတောင်စီမံကိန်းကို လွတ်လပ်သော ပြည်သူ့ကော်မရှင် တစ်ရပ်ဖွဲ့ ၍ စုံစမ်းစစ်ဆေး ပေးရန်
၁၉။       နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရန်
၂၀။       ၁၉၅၀-ခုနှစ် အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅(ည) ကိုဖျက်သိမ်းရန်
၂၁။       ဆန္ဒပြခွင့်ဥပဒေ နည်းဥပဒေများ ပြင်ဆင်ရန်
၂၂။       အမျိုးသမီးများနှင့် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်သည့် နိုင်ငံတကာ အဆင့်မီ ဥပဒေ တစ်ရပ်ပေါ်ထွက်ရန်
၂၃။       နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ချိုးဖောက်သည့် ကြေညာချက်များ ထုတ်ပြန်နေခြင်းများကို တရုတ်နိုင်ငံ တာဝန်ရှိသူများက ချက်ချင်းရပ်ရန်
၂၄။       အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေးရရန်
၂၅။       သဘာဝပတ်ဝန်းကျင်နှင့် အမျိုးသားယဉ်ကျေးကို ထိန်းသိမ်းရန်
၂၆။       တိုင်းရင်းသားပြည်သူတရပ်လုံး လက်ခံနိုင်သည့် ဒုတိယ အကြိမ်ပင်လုံညီလာခံကြီး အမြန်ဆုံး ခေါ်ယူကျင်းပပေးရန်
ဂါမဏိ 
နန်းခင်ဇေယျာ People Choice Award ဆု ၁ ဆု ရပြီ
Miss နန်းခင်ဇေယျာ People's Choice ဆု ရရှိ
ဂျပန်နိုင်ငံ အိုကီနာဝါ၌ ကျင်းပသည့် Miss International 2012 မှ ချီးမြင့်မည့် Miss Internet နှင့် People's Choice ဆုများကို မြန်မာပြည်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် Miss နန်းခင်ဇေယျာမှ ရရှိခဲ့ကြောင်း နန်းခင်ဇေယျာနှင့်ပတ်သက်သည့်သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပေးနေသော သက်တံချို၏ လူမှုကွန်ရက်စာမျက်မှာတွင်ဖော်ပြထားချက်အရသိရသည်။
မူရင်းသတင်း----Popular Myanmar News Journal
ဒေါ်အောင်ဆန်းစုကြည်ကော့မှူးကစာသင်ကျောင်းကို လေ့လာကြည့်ရှုခဲ့တာနဲ့ပတ်သက်ပြီး နောင်ကို ခွင့်ပြုချက်ရမှ ကြည့်ခွင့်ပေးဖို့ တိုင်းဒေသကြီးအစည်းဝေးကဆုံးဖြတ်
အကြောင်းအရာ ။  ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်း
ရည်ညွှန်းချက် ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပ ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။
အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံပညာ ဦးစီးဌာနမှ ဆရာ ၊ ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း ၊ စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၎င်းဖြစ်စဉ် အပေါ် တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ "အထက် ဌာန၏ ခွင့်ပြုချက် မရဘဲ ဌာနဆိုင်ရာများသို့ လာရောက်
ကြည့်ရှု စစ်ဆေးခြင်းအား ခွင့်မပြုရန် ၊ လိမ္မာ ပါးနပ်စွာ ပြောကြားရန်" ညွန်ကြားခဲ့ ပါကြောင်း သိသာနိုင်ပါရန်နှင့် လိုအပ်သလို ညွန်ကြားနိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါသည်။
ရုရှား နျူကလီးယား ဒုံးကျည် စမ်းသပ်
ရုရှားနိုင်ငံမှာတော့ နျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် ၂ခုကို စမ်းသပ် လွှတ်တင်လိုက်ပါတယ်။ ရုရှားနဲ့ အမေရိကန် နိုင်ငံတွေအကြား NATO စစ်မဟာမိတ်အဖွဲ့ရဲ့ နျုကလီယားလက်နက် ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေ ဖြစ်နေချိန်မှာ သောကြာနေ့မှာပဲ ရုရှားက ခုလိုစမ်းသပ်မှုလုပ်ခဲ့တာပါ။
ရုရှားစစ်ဖက်အရာရှိတွေကလည်း ဒီနျုကလီယား ထိပ်ဖူးတပ် Missile ဒုံးကျည် စမ်းသပ်လွှတ်တင်မှု ကို တာဝေးမဟာဗျူဟာ ပစ်ခတ်မှုကရိယာတွေနဲ့ ပစ်ထုတ်ခဲ့တာဖြစ်ပြီး၊ အောင်မြင်မှုရှိခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ရုရှားအနေနဲ့ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးတင်းမာလာတဲ့ အချိန်အခါမျိုးမှာ ခုလိုလုပ်ရပ်မျိုးကို လုပ်လေ့ရှိပါတယ်။ ဒီ NATO အဖွဲ့ရဲ့ နျုကလီယာလက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက် တည်ဆောက်ဖို့ အစီအစဉ်ကို ရုရှားအနေနဲ့ လုံခြုံရေးခြိမ်းခြောက်မှုတခုအဖြစ် ခံယူလာခဲ့ပြီး၊ ဒီအစီအစဉ်ကို ဆက်လုပ်မယ်ဆိုရင် NATO နိုင်ငံတွေရဲ့နယ်စပ်ကို ဒုံးကျည်နဲ့ ပစ်ထဲ့မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ NATO မဟာမိတ်တွေကတော့ ဒီနျုကလီယား လက်နက်ဒဏ်ကာကွယ်ရေး ကွန်ယက်အစီအစဉ်ဟာ ရုရှားကို ပစ်မှတ်ထား ခြိမ်းခြောက်တာမဟုတ်ဖူးလို့ ဆိုနေပါတယ်။ အရင် အမေရိကန် သမ္မတ George W. Bush လက်ထက်တုံးက အီရန်နဲ့ အခြားရန်လိုတဲ့ အစိုးရတွေရဲ့ လုပ်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကနေ NATO မဟာမိတ်နိုင်ငံတွေကို ကာကွယ်ပေးဖို့အတွက် မြေပြင်အခြေစိုက် Missile ဒုံးကျည်ကာကွယ်ရေးကွန်ယက်တခု လုပ်ဖို့ အဆိုပြုခဲ့ဖူးပါတယ်။
ဒါပေမဲ့ သမ္မတ Barack Obama ကတော့ နောက်ပိုင်းကာလမှာ ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန် မဖြစ်အောင် ပြောင်းလဲပေးခဲ့ပြီး၊ ဒီဒုံးပစ်တာ ကိုစစ်ဆေးဖမ်းယူမိနိုင်ဖို့ စစ်သဘောင်္ကြီးတွေပေါ်မှာ ရေဒါတပ်ဆင်မှုလုပ်ဖို့ပဲ စီစဉ်ပေးခဲ့ပါတယ်။
VOA
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ဆရာ ဒဂုန်တာရာ၏ သဘောထားထုတ်ပြန်ချက်
ကျေးလက်နေပြည်သူများခင်ဗျား မြို့နေပြည်သူများခင်ဗျား
ကျွန်တော်သည် ခင်ဗျားတို့၏ ကန့်ကွက်သံများကိုကြားနေရပါသည် ။
တကယ်က ကျွန်တော်တို့တိုင်းပြည်သည် သယံဇာတ အလွန်ကြွယ်ဝသော တိုင်းပြည်ဖြစ်ပါသည် ။ သဘာဝအလျောက်ရှိနေသော သယံဇာတ အရင်းအမြစ် များကိုလည်းကောင်း သဘာဝပတ်ဝန်းကျင်ကိုလည်းကောင်း ပျက်စီးအောင် ပြုလုပ်နေခြင်းက အလွန်အကျည်းတန် အရုပ်ဆိုးသည်ဟု ထင်ပါသည် ။ ထိုကြောင့် သယံဇာတ ကို ထုတ်ယူ မသုံးစွဲပဲ သဘာဝ မပျက်စီးအောင်ထားရှိခြင်းက အလွန်ကောင်းပါသည် ။
ထိုကြောင့် မုံရွာခရိုင်အနီးရှိ လက်ပံတောင်းတောင်ခြေအနီးမှ ရွာသားများနှင့် မုံရွာမြို့သားများနည်းတူ ခံစားရပါသည် ။
ထိုကြောင့် လက်ပံတောင်းတောင်စိမ်းလန်းစိုပြည်ရေး နှင့် ကျေးရွာသားများ၏ စားဝတ်နေရေးပြေလည်အောင် ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။
ပြည်သူလူထု စည်းလုံးညီညွတ်မှု မြှင့်တင်ရန် လိုအပ်ပါသည် ။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို လုံးဝ အပြီးအပြတ် ဖျက်သိမ်းရန်တောင်းဆိုလိုက်ပါသည် ။
ဒဂုန်တာရာ
ပန်းကြာဝတ်မှုန်
ရန်ကုန်မြို့ ၁၆ . ၁၀ . ၂၀၁၂
ရထားပေါ်မှာ မအောင့်နိုင်တဲ့အမျိုးသမီး(ရုပ်-သံ)
အင်တာနက် ယူကျုပေါ်မှာ ပျံ့နှံနေတဲ့ ရုပ်သံဖိုင် တခုပါ။ အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့ မြေအောက်ရထား တခုပေါ်မှာ ဖြစ်ပွားသွားတဲ့ ဖြစ်ရပ်ကလေးတခုပါ။ 
ပုံပါ အမျိုးသမီးမှာ မအောင့်နိုင်ဖြစ်ရပြီး လူအများကြားမှာပဲ အပေါ့စွန့်ခဲ့ပါတယ်။ နောက် အဲဒီအနံ့ မခံနိုင်လို့ သူ့မှာ ပါလာတဲ့ ရေဗူးထဲ ပါလာတဲ့ ရေနဲ့ လူပုံအလယ်မှာ ဆပ်ပြာတိုက်၊ ရေချိုး၊ နောက် ပေါင်ဒါတွေနဲ့ သန့်ရှင်းနေခဲ့လိုက်တာကို ခရီးသွား တဦးက ရိုက်ပြီး ယူကျုပေါ် တင်လိုက်တာဖြစ်ပါလိမ့်မယ်။
Miss International 2012 -Okinawa -FINAL SHOW တိုက်ရိုတ်ကြည့်ရှုရန်
THE FINAL!!!!
Livestream available from   17:00-20:30
(Japan Standard Time)
Sunday, October 21 2012
http://www.ustream.tv/channel/miss-international-okinawa-2012
အချိန်မမှားရအောင် ဒေသစံတော်ချိန် ကိုသတိပြု
Time in Tokyo - Time in Okinawa - Yangon
နန်းခင်ဇေယျာဦးဆောင်နေတဲ့နောက်ထပ် ဆုတခြု
Nang Khin Zay Yar (Miss Myanmar)_19/10/2012
မြန်မာပြည်အတွက် ဂုဏ်ဆောင်နှိင်ပါစေ...
.........................
ဒါကတော့ နန်းခင်ဇေယျာဦးဆောင်နေတဲ့နောက်ထပ် ဆုတခုဖြစ်တဲ့ "ပရိတ်သတ်အကြိုက်အများဆုံးသော ကိုယ်ပိုင်တန်ဆာဆင်ဝတ်စားဆင်ယင်မူဆု (People's ChoiceCustommadeCrystalTrophy)"ပါ။နန်းခင်ဇေယျာကသည်ဆုအတွက်လည်းနံပါတ်တစ်နေရာကနေဦးဆောင်နေပါတယ်။ထိုင်းလန်းဒ်ကဒုတိယနေရာကကပ်လိုက်နေပြီး၊မွန်ဂိုလ်လီယားကတတိယနေရာမှလိုက်နေတာဖြစ်တဲ့အတွက်အောက်မှာချိတ်ပေးထားတဲ့လင့်အတိုင်းလိုက်ပြီးနန်းခင်ဇေယျာရဲ့ ဓါတ်ပုံအောက်မှာ Like လုပ်ပေးကြပါ။
...တိုက်ရိုက်နှိပ်ရန်Link: (Voting ဟုရေးထာသောနေရာတွင်နန်းခင်ရဲ့ဓါတ်ပုံကို ရှာပြီးနှိပ်ပါရန်) - https://www.facebook.com/photo.php?fbid=535708906445378&set=a.535706526445616.143900.138158146200458&type=1&theater
..........................
BEAUTY PAGEANT GRAND SLAM
Miss Earth 2012 starts coming soon...
Myanamr
https://www.facebook.com/photo.php?fbid=535708906445378&set=a.535706526445616.143900.138158146200458&type=1&theater
People's Choice for Miss Earth Pageant!
*You can vote 1 time per day
မူရင်းသတင်း----Richelle Ko
ဘယ်ကျော်လေး နန်းခင်ဇေယျာ Miss Internet Award အတွက်သေချာသွားပြီ
ဘယ်ကျော်လေး နန်းခင်ဇေယျာ Miss Internet Award
အတွက်သေချာသွားပြီဖြစ်ပါတယ်။ Miss Internet ရွေးချယ်
ကောက်ယူမူ Voting Period စေ့သွားပြီးတဲ့နောက် -
ဆုကြေငြာမဲ့အချိန်ကို စောင့်နေခဲ့ပါပြီ။
(၁) နန်းခင်ဇေယျာက ... 21.5 သန်း
(၂) မစ်(စ်) မကာအိုက ... 17 သန်း
(၃) မစ်(စ်) အန္ဒိယက ... 9.6 သန်း တို့ ဖြစ်ကြောင်းပါ။
တကမ္ဘာလုံးက မြန်မာတွေရဲ့လက်တွေလည်း အကြော
တွေလိုက်ပြီး လှုပ်တုတ် လှုပ်တုတ်ဖြစ်ပြီးကျန်ခဲ့တယ်။
============
လက်ကလေးတွေ အကြောတက်လက်စနဲ့ နောက်ထပ်
ကျန်တဲ့ ဆုတွေအတွက် ထပ်ပြီး Vote လိုက်ကြပါဦး။
============
ပရိတ်သတ်အကြိုက်ဆုံးဆု (Miss International 2012
People's Choice Award) ဆုအတွက်သည်လင့်ခ့်မှာ
vote ကြပါ။ပရိတ်သတ်အနှစ်သက်ဆုံးမယ်
(Miss International 2012 People's Choice Award)
ဆုကိုတရားဝင် နေ့တိုင်း တခါမဲပေးခွင့်ရှိပါတယ်။
ယင်းဆုအတွက်လည်း နန်းခင်ဇေယျာက Vote မဲ
အရေအတွက်ပေါင်း (၃၇၀၁၉) ဖြင့် ပထမနေရာမှ
ဦးဆောင်လျှက်ရှိကြောင်းပါ။
မဲပေးရန် Link (Myanmar ဆိုသော အကွက်ကလေး
တွင် Tick ပေးပြီး vote ကိုနှိပ်ပါ): http://poll.pollcode.com/u7r1ht
==================
ညီအစ်ကိုမောင်နှမများခင်ဗျား ဒါကတော့ နန်းခင်ဇေယျာ
ဦးဆောင်နေတဲ့နောက်ထပ် ဆုတခုဖြစ်တဲ့ "ပရိတ်သတ်
အကြိုက်အများဆုံးသော ကိုယ်ပိုင်တန်ဆာဆင်ဝတ်စား
ဆင်ယင်မူဆု (People's Choice Custom-made
Crystal Trophy)" ပါ။ နန်းခင်ဇေယျာက သည်ဆု
အတွက်လည်း နံပါတ်တစ်နေရာကနေဦးဆောင်နေ
ပါတယ်။ ထိုင်းလန်းဒ်က ဒုတိယနေရာက ကပ်လိုက်နေပြီး၊
မွန်ဂိုလ်လီယားကတတိယနေရာမှလိုက်နေတာဖြစ်တဲ့
အတွက် အောက်မှာချိတ်ပေးထားတဲ့ လင့်အတိုင်းလိုက်ပြီး
နန်းခင်ဇေယျာရဲ့ ဓါတ်ပုံအောက်မှာ Like လုပ်ပေးကြပါ။
တိုက်ရိုက်နှိပ်ရန် Link: (Voting ဟုရေးထာသောနေရာတွင်
နန်းခင်ရဲ့ဓါတ်ပုံကို ရှာပြီးနှိပ်ပါရန်) - https://www.facebook.com/media/set/?set=a.535706526445616.143900.138158146200458&type=1
Myanmar overtakes Thailand to take the lead! Who will be the recipient of Miss International 2012
People's Choice Custom-made Crystal Trophy in Okinawa, Japan!?
Only 45 hours left to vote! Keep voting! Current Top 15:
1. Myanmar, Nang KhinZay Yar
2. Thailand, Rungsinee Panjaburi
3. Mongolia, Delgerjav Dolgion
4. Philippines, Nicole Schmitz
5. Mauritius, Ameeksha Dilchand
6. Indonesia, Liza Elly Purnamasari
7. Poland, Rozalia Mancewicz
8. Lebanon, Cynthia Moukarzel
9. Haiti, Anedie Azael
10. Portugal, Joana Peta
11. US Virgin Islands, Vanessa Donastorg
12. Sweden, Katarina Konow
13. El Salvador, Marlin Ramirez
14. USA, Amanda Delgado
5. Colombia, Melissa Varón
Hlaing Bwa(facebook)
နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ
| October 19, 2012 |
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ် အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့ နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက အလှမယ် တဦးအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ခြင်း လည်း ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ အပြီးသတ်ယှဉ်ပြိုင်ရမယ့် ပအို့ဝ် တိုင်းရင်းသူ နန်းခင်ဇေယျာ အပါအ၀င် ပြိုင်ပွဲဝင် ၆၉ ဦးစလုံးဟာ ဂျပန် နိုင်ငံ အိုကီနာဝါ ကျွန်းမြို့ကလေးမှာ လေ့လာစရာတွေ မပြတ်လေ့လာ နေရပါတယ်။
အလှမယ်တွေဟာ စင်ပေါ်မှာ ဘယ်လောက်ပြောဆိုနိုင်သလဲဆိုတာရယ်၊ ရေကူးဝတ်စုံဝတ် အလှပြပြိုင်တာရယ် နဲ့ ပွဲတက်ဝတ်စုံ ၀တ်ပြိုင်ပွဲတွေပေါ် မူတည်ပြီး အမှတ်ရရှိမှာဖြစ်ပါတယ်။ စင်ပေါ်မှာ ကောင်းကောင်းပြောဆိုနိုင်ရင် မေးခွန်းတွေ ဖြေနိုင်ရင်တော့ ၁၀ ရာခိုင်နှုန်း ရမှာဖြစ်ပြီး ကျန်တဲ့ပြိုင်ပွဲနှစ်ခုအတွက် ၄၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။
အမျိုးသမီး တဦးရဲ့ ခန္ဓာကိုယ် ကျစ်လျစ်လှပမှုသာမက အတွေးအခေါ်၊ ဗဟုသုတ ပြောဆိုနိုင်စွမ်းတွေကိုပါ အမှတ်ပေး အကဲဖြတ် တဲ့ ဒီပြိုင်ပွဲဟာ ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး စကားလက်ဆောင်တွေ ဖလှယ်နိုင်ဖို့လို့ ပြိုင်ပွဲ ရည်ရွယ်ချက်မှာ ထည့်ထားတာ တွေ့ရပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ဇာတိဖြစ်တဲ့ နန်းခင်ဇေယျာက ပြီးခဲ့တဲ့ မတ်လက ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာ့အလှမယ် (Miss Myanmar) ဆုကို ရခဲ့ပါတယ်။ သူဟာ မယ်မြန်မာ ပြိုင်ပွဲမှာ ၀င်ပြိုင်သလို ခရီးသွားဧည့်လမ်းညွှန် အလုပ်ကိုလည်း လုပ်ကိုင်နေသူ ဖြစ် ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဂျာမန်ဘာသာကို ကောင်းစွာ တတ်ကျွမ်းသူဖြစ်ပြီး လမ်းညွှန်အဖြစ် လုပ်ကိုင်နေတာကြောင့် အနုပညာဘက်ကို ဒီနှစ်ကမှ စပြီး ၀င်ရောက်လာတာ ဖြစ်တယ်လို့ ပြည်တွင်းက အင်တာဗျူးတခုမှာ ပြောဆိုထားဖူးပါတယ်။
သူဟာ အိုကီနာဝါ ကို အောက်တိုဘာ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅၂ ကြိမ်မြောက် ရှိပြီဖြစ်တဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲရဲ့ နေ့စဉ် လှုပ်ရှားမှုတွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲဟာ ကမ္ဘာမှာ အဆင့် ၄ နေ ရာရှိတဲ့ မယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ ၀င်ပြိုင်နေသူတချို့ဟာ အတွေ့အကြုံရှိပြီးသားလူတွေ ပါနေတယ်လို့လည်း မစ်ဆိုဆိုလိုဂျီ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သဘောထား မှတ်ချက်တွေအရ သိရပါတယ်။
မစ်ဆိုဆိုလိုဂျီ အယ်ဒီတာအဖွဲ့ရဲ့ အောက်တိုဘာ ၈ ရက် တရားဝင်အမှတ်ပေးမှုအရတော့ အကောင်းဆုံး ရိုးရာဝတ်စုံပိုင်ရှင် ထိပ် ဆုံး ၁၅ ဦးထဲမှာ မြန်မာအလှမယ်လေးက နံပါတ် ၉ နေရာက ချိတ်ပါတယ်။ ခရမ်းစေ့ရောင် မြန်မာရင်ဖုံးအင်္ကျီ ၀တ်စုံလေးနဲ့ပါ။ တခြား အာရှက ထိပ်ဆုံးစာရင်းဝင်သူတွေကတော့ အင်ဒိုနီးရှားက နံပါတ် ၁ ဖြစ်ပြီး မွန်ဂိုလီးယားက နံပါတ် ၃ နဲ့ ဂျပန်က နံပါတ် ၄ နေ ရာက ဖြစ်ပါတယ်။ အရင်နှစ်က အကောင်းဆုံး ရိုးရာဝတ်စုံဆုကိုတော့ ထိုင်းနိုင်ငံက ရရှိခဲ့ပါတယ်။
ဒါ့အပြင် ၄၅ ရာခိုင်နှုန်း အထိ အမှတ်ပေးတဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်သူတွေထဲက ထိပ်ဆုံး ၁၅ ဦးထဲမှာလည်း နန်းခင်ဇေယျာက နံပါတ် ၁၅ မြောက် အရွေးခံထားရပါသေးတယ်။
မစ်ဆိုဆိုလိုဂျီ ၀က်ဘ်ဆိုက်က သူ့ကိုရွေးချယ်ရပုံကို“နန်း က မြန်မာက ဘာလဲဆိုတာ ကမ္ဘာကို ပြသ လိုက်နိုင်တာပဲ။ ပြီးတော့ သူ ဘီကီနီဝတ်တာက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ သူ့မှာ အလှမယ်တဦးရဲ့ ခန္ဓာကိုယ်အလှမျိုး တသီးတသန့် မရှိပေမယ့်လည်း သူ့ အချိုးအစားက ပြေပြစ်သင့်တင့်တဲ့ ပုံစံပါ”လို့ ရေးထားပါတယ်။
ဘီကီနီဝတ်စုံနဲ့ သူ့ပုံကို မြင်ကတည်းက မြန်မာ အွန်လိုင်း ပရိသတ်အကြား ဝေဖန်မှုတွေ ညံခဲ့သလို ထောက်ခံသူတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
အွန်လိုင်းအသုံးပြုသူ အမျိုးသမီးတဦးကတော့ “မြန်မာအမျိုးသား၊ အမျိုးသမီးတွေ ဘာအကျိုးအတွက်မှလည်း မဟုတ်ဘဲ လျှပ်ပေါ်လော်လီ၊ အ၀တ်အစားမျိုးစုံ စရိုက်ပေါင်းစုံ လူမြင်ကွင်းရော လူနောက်ကွယ်ရော ပုံစံမျိုးစုံနေကြတယ်၊ သရုပ်ပျက် ကြတယ်။ အကျင့် စာရိတ္တ ပျက်ကြတယ်။ နန်းခင်ဇေယျာ ကျတော့ ပြိုင်ပွဲစည်းကမ်းအရ ၀တ်တာနဲ့တော့ သပ်သပ်ဆီ လို့မြင်တယ်လေ။ ဒီလောက် လေးတော့ မြန်မာနိုင်ငံသားတွေ နာလည်ပေးလို့ရတယ်”လို့ ဆိုပါတယ်။
အသက် ၂၃ နှစ်အရွယ် နန်းခင်ဇေယျာကို အမျိုးသားရေး စိတ်ဓာတ်အရ မဲပေးကြသူ များပါတယ်။ နှစ် ၅၀ အတွင်း ပထမဆုံး ကမ္ဘာမှာ ပြန်ဝင်ဆံ့လာတဲ့ ပြယုဂ်အဖြစ် သူ့အကြောင်းကို ဂဃနဏ မသိပေမယ့် မြန်မာ နိုင်စေချင်တဲ့စိတ်ကြောင့် နေ့ညမပြတ် မဲပေး နေ သူတွေ အများအပြားပါ။ သူကတော့ မဲပေးသူများကို ကျေးဇူးတင်ကြောင်း မနေ့က ဘီဘီစီ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။
ဧရာဝတီက အွန်လိုင်းပရိသတ်တချို့နဲ့ စကားပြောကြည့်တဲ့အခါ သူ့ရဲ့ အလှဟာ အေးချမ်းပြီး တည်ကြည်နေတာရယ်၊ အပြုံးချိုချိုရယ်ကြောင့် ချစ်ခင်စိတ် မေတ္တာစိတ်တွေ ဖြစ်ရတယ်လို့ ဆိုကြသလို တိုင်းရင်းသားဝတ်စုံတွေ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတာတွေကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်း ကမ္ဘာသိအောင် ကြေညာလိုက်သလို ဖြစ်တယ်လို့ ဆိုကြပါတယ်။
ပလောင် တိုင်းရင်းသူ တဦးဖြစ်တဲ့ ဒီဂျေ ကတော့ နန်းခင်ဇေယျာဟာ တိုင်းရင်းသူ တဦးဖြစ်တာကြောင့် သတိပြုမိလာတာဖြစ်ပြီး သူ့အတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
“သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံပေါ့။ သူ့ကို မြန်မာ ဆန်ဆန် ၀တ်စုံလေးနဲ့ သူ့ပအို့ဝ်၀တ်စုံလေး ၀တ်တာ ပိုသဘောကျတယ်။ သူ့အလှက အဲဒီလိုဝတ်စုံနဲ့ ပိုပေါ်လွင်သလို ခံစားရတယ်”လို့ ဧရာဝတီ ကို ပြောပါတယ်။
နောက် မဲပေးနေတဲ့ အွန်လိုင်းပရိသတ်တဦးကတော့ နန်းခင်ဇေယျာက ချစ်စရာကောင်းတယ်၊ မြန်မာ ဆိုတဲ့ အယူစွဲကြောင့်သာ မဲပေးနေပေမယ့် ဖက်ရှင်တော့ သိပ်မကျဘူးလို့ မချင့်မရဲ ဆိုပါတယ်။
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် မြန်မာတွေ ကမ္ဘာကို ပြန်လာပြီဆိုတဲ့အသိနဲ့ မဲပေးဖြစ်ခဲ့တာပါ။ မြန်မာ အမျိုးသမီးတယောက်ရဲ့ ရှင်းသန့်တဲ့ အပြုံးကြောင့်လို့ ထင်ပါရဲ့”ဟုလည်း ဘန်ကောက်မြို့မှာနေတဲ့ ကိုသက်ခိုင် က ဆိုပါတယ်။
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို ၁၉၆၀ ခုနှစ်ကစခဲ့တာဖြစ်ပြီး ဒုတိယနှစ်ပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် တာ ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၆၂ စစ်တပ် အာဏာမသိမ်းခင်အထိ မြန်မာမယ်တွေ ကမ္ဘာအထိ ခြေဆန့်နိုင်ခဲ့ဖူးတာ ရှိခဲ့ပေမယ့် အဲဒီနောက် ဆယ်စုနှစ် ၅ စုကျော်မှ နန်းခင်ဇေယျာက ဒုတိယမြောက် မြန်မာအလှမယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နောက်ဆုံးပြိုင်ပွဲပြီးတဲ့အခါ ၂၀၁၂ ခုနှစ် နိုင်ငံတကာအလှမယ်အတွက် သရဖူကို မနှစ်က ဆုရခဲ့တဲ့ အီကွေဒေါ နိုင်ငံ က မာရီယာ ဖာနန်ဒါ ကော်နီဂျိုက လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
မစ်ဆိုဆိုလိုဂျီ ၀က်ဘ်ဆိုက်ရဲ့ မနေ့က နောက်ဆုံး အလှဆုံး ရွေးချယ်မှုစာရင်းမှာတော့ အမေရိကန်ပြည်ထောင်စုက အလှမယ် အမန်ဒါ ရီနေး ဒီဂါဒို(Amanda Renee Delgado) က ထိပ်ဆုံးက ရှိနေပြီး အိမ်ရှင် ဂျပန်နိုင်ငံက အလှမယ် အိကုမိ ရိုရှိမတ်စု(Ikumi Yoshimatsu)က ဒုတိယ နေရာ လိုက်နေပါတယ်။
ထိပ်တန်း ၂၀ စာရင်းဝင် တခြား အာရှနိုင်ငံ ကိုယ်စားပြုမယ်တွေကတော့ ကိုရီးယားက နံပါတ် ၄၊ ဖိလစ်ပိုင်က နံပါတ် ၈၊ အိန္ဒိယက နံပါတ် ၉၊ နယူးဇီလန်က နံပါတ် ၁၀၊ သီရိလင်္ကာက နံပါတ် ၁၂ နဲ့ စင်္ကာပူက နံပါတ် ၁၄ အသီးသီးဖြစ်ပါတယ်။ ။
မူရင်းသတင်း----ဧရာဝတီသတင်း
Miss International 2012 Swimsuit Hot Pick မှာ နန်းခင်ဇေယျာ နံပါတ် ၁၅ ရရှိသွား
Swimsuit Top 15
01. GUAM - Chanel Cruz-Jarret
02. COLOMBIA - Melissa Varon
03. INDIA - Rochelle Maria Ra
04. TAHITI - Ariirau Sandras
05. DOMINICAN REPUBLIC - Melody Mir
06. NAMIBIA - Paulina Malulu
07. VENEZUELA - Blanca Aljibes
08. BOLIVIA - Stephanie Nunez
09. PHILIPPINES - Nicole Schmitz
10. PARAGUAY - Nicole Huber
11. MALAYSIA - Mei Xian Teng
12. HAITI - Anedie Azael
13. UNITED KINGDOM - Alize Lily Mounter
14. JAPAN - Ikumi Yoshimatsu
15. MYANMAR - Nang Khin Zay Yar
Miss Guam Int'l
01GUAM - Chanel Cruz-Jarrett (172 cm, 18)
Speaking of the one with the freshest look, and armed with the right curves... that's definitely Chanel!  There is no doubt that she tops this category.  She is the epitome of a young, vibrant and sexy woman of the 21st century.  An ideal "Miss" if you ask us.  
Miss Colombia Int'l
COLOMBIA - Melissa Varon (179 cm, 24)02
Her tanned skin, toned body and "endless" legs are her best assets!  She will definitely be one of those who can set the bar too high for the girls who follow after her. 
Miss India Int'l
03INDIA - Rochelle Maria Rao (170 cm, 23)
Rochelle is "blessed".  And you know what we mean by that.  She is aware of her best "asset" and knows how to flaunt them.   She is arguably the best Indian delegate in bikini that we have seen in recent years.
Miss Tahiti Int'l
TAHITI - Ariirau Sandras (174 cm, 22)  04
The Pacific Island of Tahiti, also known as the French Polynesia, is home of beautiful exotic women, with great skin tone and healthy bodies.  Ariirau best represents that!
Miss Dom Rep Int'l
05DOMINICAN REPUBLIC - Melody Mir (181 cm, 22)
Being one of the tallest candidates has indeed made her a major standout, and Melody knows how to capitalize on that!  Another tanned beauty, who is usually mistaken for Miss Colombia, she is another glamazon to watch out for!
THE REST OF THE TOP 15
06NAMIBIA - Paulina Malulu (185 cm, 19)
Look at those legs!!!   This African beauty is definitely one of the hottest delegates in Okinawa!   I love her attitude, and her bubbly personality seems to reflect from inside out.
07VENEZUELA - Blanca Aljibes (179 cm, 24)
Ever since her stint at Miss Venezuela Pageant, Blanca has always been oozing with sex appeal.  We are glad to see that she has softened her look a little bit in order to suit the MI mold.  She is definitely ready for this round!
08BOLIVIA - Stephanie Nunez (174 cm, 22)
Poise, curve, tanned skin... What else can we ask for?   Stephanie definitely worked hard to achieve that body, but for MI, we believe that it's a little bit overdone.  But, we cannot ignore her at all!  She can definitely pull a surprise.
09PHILIPPINES - Nicole Schmitz (175 cm, 24)
This half-Australian, half-Filipino beauty had actually won her local pageant's Best in Swimsuit award.  So, it is no surprise that she is in this list.  
10PARAGUAY - Nicole Huber (174 cm, 21)
She is fine, and her well-toned body may do well at Miss Universe, but we doubt that it will be a shoo-in for Miss International.  But, if she softens her look and make a demure catwalk, she might score higher in this category.
11MALAYSIA - Mei Xian Teng (180 cm, 22)
This towering beauty from Perak is a rare find.  She is a Chinese-Malaysian with endless legs.  And just like Miss India, she's got a major asset to boot!
12HAITI - Anedie Azael (177 cm, 22)
She is so full of spunk and such personality makes her look even more vibrant and lively in her swimsuit.  Her skin tone is also one of the best, so, we should watch out for her!
13UNITED KINGDOM - Alize Lily Mounter (179 cm, 22)
Miss World 2011's Beach Beauty winner is no stranger to bikinis!  She knows how to work it and she is working it well.  Interestingly, she is the only European in our list.
14JAPAN - Ikumi Yoshimatsu (170 cm, 24)
When Ikumi competed at her local pageant, she wore a very revealing swimsuit that made her an instant hit among the judges.  If she could pull that one over, she could pull this one too!
15MYANMAR - Nang Khin Zay Yar (169 cm, 23)
Missosology's sentimental favorite, and one of the most popular girls on our online voting, Nang is showing the rest of the world what Myanmar has to offer.  And yes, she did not disappoint us in her bikini.  Though not your typical "pageant body", she still got the right curves at the right place.
Ref: http://missosology.org/missinternational/hotpicks/item/1482-miss-international-2012-swimsuit-hot-picks
ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ စစ်တပ် လေ့လာသူ အဖြစ် ပါဝင်ရန် အမေရိကန် ကမ်းလှမ်း
ဘန်ကောက်၊အောက်တိုဘာ-၁၈
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုတစ်ဖြစ်သည့် ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာရန် မြန်မာအား ဖိတ်ခေါ်လိုက်သည်။
cobra Gold စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှားနှင့်စင်ကာပူ နိုင်ငံမှ ကြည်း၊ ရေ၊ လေ စစ်သား များ နှင့် ခေတ်မှီစစ်လက်နက် ပစ္စည်းများ သုံးကာ စစ်ရေးလေ့ကျင့် ကြခြင်းဖြစ်သည်။ထိုစစ်ရေးလေ့ကျင့်မှုတွင် အခြားအာရှနိုင်ငံများ အမေရိကန်မှ စစ်သားပေါင်း ၁၀၀၀၀ ကျော် ပါဝင်မည်ဖြစ်သည်။ မြန်မာ့စစ်ဘက်ရေးရာ ကျွမ်းကျင်သူဖြစ်ပြီး စင်ကာပူရှိ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျု့မှ ပညာရှင် ဒေါက်တာတင်မောင်မောင်သန်းက "ဒါဟာ ထူးခြားပါတယ်။
အတိတ်တုန်းကတော့ မြန်မာဟာ ကော်ဘရာဂိုးလ် (စစ်ရေးလေ့ကျင့်မှု)နဲ့ ပတ်သက်လို့ အမြဲပဲ မပျော်ရွှင်ခဲ့ပါဘူး။ ဒါဟာ သူတို့ကို တိုက်ရိုက်ဦးတည်တာ။ ကျူးကျော်မယ့် ခြေလှမ်းတစ်ရပ်လို မြင်ခဲ့တာပါ"ဟု ဆိုသည်။
မြန်မာသို့ စစ်ရေးလေ့ကျင့်မှု လေ့လာရန် ယခု ဖိတ်ခေါ်မှုသည် မြန်မာစစ်ဘက်နှင့် အမေရိကန်တို့ ပြန်လည်ထိတွေ့ရေးအတွက် ကြိုးပမ်းမှုလည်း ဖြစ်သည်။ ယခုဖိတ်ခေါ်ချက်သည် မကြာမီရက်ပိုင်းက အမေရိကန်နိုင်ငံခြားရေးဌာန၏ ထိပ်တန်းလူ့အခွင့်အရေး တာဝန်ရှိသူ မိုက်ကယ်ပေါ့စနာ ဦးဆောင်သောအဖွဲ့ လာရောက်လည်ပတ်အပြီး ပေါ်လာခြင်းဖြစ်သည်။ ယင်းအမေရိကန်သံအဖွဲ့တွင် ကန်ကာကွယ်ရေးဝန်ကြီးဌာန ဒုလက်ထောက်ဝန်ကြီး ဗစ်ခရမ်ဆင်းနှင့် အခြားစစ်ဘက်အရာရှိများ ပါဝင်ခဲ့သည်။
ကော်ဘရာဂိုးလ် စစ်ရေးလေ့ကျင့်မှုကို ယမန်နှစ်က ပြုလုပ်ရာတွင် အမေရိကန်တပ်သား ၁၀၀၀၀ ခန့်၊ ထိုင်းတပ်သား ၃၄၀၀ ခန့်နှင့် အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယားတို့မှ တပ်သားများ ပါဝင်ခဲ့သည်။ တရုတ်အပါအ၀င် အခြားကိုးနိုင်ငံမှ စစ်ရေးလေ့ကျင့်မှုသို့ လေ့လာသူများ စေလွှတ်ခဲ့သည်။
Cobra Gold စစ်ရေး လေ့ကျင့် မှု ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါလဆန်း တွင် ကျင်းပ နိုင်ဖွယ် ရှိ သည်။ မြန်မာ နိုင်ငံ သည် ဗြိတိသျှ နှင့် လည်း စစ်ရေး ဆက်ဆံ မှု တိုးမြှင့် လုပ်ဆောင် လျှက်ရှိသည်။ ၂၀၁၂ ခုနှစ် က ထိုင်း နိုင်ငံ အရှေ့  ပိုင်း ရှိ ချွန် ဘူရီ တွင် နောက်ဆုံး ကျင်း ပခဲ့ သည့် ရွှေမြွေဟောက် စစ်ရေး လေ့ ကျင့် မှု တွင် အမေရိကန် လက်နက် ကိုင် တပ် ဖွဲ့  ၀င် တစ်သောင်း ပါဝင်ခဲ့ သည်။ မြန်မာ နိုင်ငံ သည် ၁၉၈၀ မှ ၁၉၈၅ ခုနှစ် အတွင်း အမေရိကန် နိုင်ငံ ရှိ စစ်တက္ကသိုလ်များ စစ်သင်တန်း ကျောင်း များ သို့  မြန်မာ အရာ ရှိ ၂၀၀ ကျော် တက် ရောက် ခဲ့သည်။
အမေရိကန် ၏ ရွှေမြွေဟောက် စစ်ရေး လေ့ကျင့် မှု တွင် မြန်မာ ပါဝင် ရန ဖိတ် ခေါ် ခြင်း သည် မြန်မာ အစိုးရ နှင့် ပဋိပက္ခ ဖြစ် ပွား နေသည့် တိုင်းရင်း သား လူနည်းစု လက်နက် ကိုင်များ အတွက် စိတ်မသက် မသာ ဖြစ်စေမည် ဟု ရိုက်တာ က ဆိုသည်။ -Ref:Chicagotri By 7Day News Journal and FNG
သမိုင်းဝင်အဆောက်အဦးများ ဟိုတယ်မဖြစ်ရေး ရှေ့နေများကွန်ယက် ဆန္ဒထုတ်ဖော်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း၊ အနောက်ပိုင်းခရိုင် တရားရုံးတွေ အပါအ၀င် ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်တွေ ဖြစ်တဲ့ တရားလွှတ်တော်အဆောက်အဦနဲ့ စုပေါင်းတိုင်းတရားရုံး အဆောက်အဦတို့ကို ပုဂ္ဂလိကပိုင်အဖြစ် ပြုလုပ်လိုက်တဲ့အပေါ် လက်မခံနိုင်တဲ့အတွက် ရှေ့နေများကွန်ယက်က ရှေ့နေတွေနဲ့ အခြား ရှေ့နေတွေ ပူးပေါင်းပြီး အောက်တိုဘာလ ၁၇ ရက်နေ့က ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။
Lawyers protest against privatization of heritage buildings
Friday, October 19, 2012
Miss International 2012 - ၃း၀၅ ညနေ Update
 ၃း၀၅ ညနေ Update
Miss Internet
မြန်မာ - ၂၀၉၂၂၁၃၄
မကာအို - ၁၆၇၇၂၁၆
-----------------------
People choice award
မြန်မာ - ၁၂၅၀၄
ထိုင်း - ၅၇၃၀
မူရင်းသတင်း----သက်တန့်ချို
ဟောလီးဝုဒ်မှ မြန်မာ (မြန်မာအမေရိကန်(မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား)/Burmese American) မင်းသား အက်ဒရီယန်ဇော် (Adrian Zaw)
ဟောလီးဝုဒ်မှ မြန်မာ (မြန်မာအမေရိကန်(မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား)/Burmese American)
မင်းသား အက်ဒရီယန်ဇော် (Adrian Zaw) ....
..... မင်းသား "ဇော်" ပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ
The Resistance (2010) -- Syrus Primoris
Lovebot (2009) -- Adrian Lee
Hollywood Confidential (2008) -- Tiger
Retribution (2007) – Gorgan
Satacracy 88 (2007) – Ariel Zim
The Kiss (2007) – Jerry
Fright Club (2006) – Detective Frank N. Shan
Anesthesia (2006) – Nurse
American Dreamz (2006) – Video Audition
မင်းသား "ဇော်" ၏ အနုပညာသမိုင်းကြောင်းအား သိရှိလိုပါက
ယ္ခု လင့်ခ်ကိုနှပ်ပါ ......... http://www.lacasting.com/adrianzaw
                                     http://vimeo.com/46723610
                                     https://www.facebook.com/adrianzaw
Hlaing Bwa
အငြင်းပွားတဲ့ ကျွန်းစုမှာ တရုတ် စစ်ရေး လေ့ကျင့်မယ်
တရုတ် ဂျပန် ကမ်းခြေစောင့် တပ်များ တရုတ်နိုင်ငံက သူ့ရဲ့ရေပိုင်နက်ကို ကာကွယ်ရေးဖို့ လေ့ကျင့်တဲ့ အနေနဲ့ ဒီကနေ့ သောကြာနေ့မှာ အရှေ့တရုတ် ပင်လယ်ပြင်မှာ တရုတ်ရေတပ်က စစ်ရေး လေ့ကျင့်မယ်လို့ သတင်းတွေ ဖြစ်ပေါ်နေ ပါတယ်။
ဂျပန်တို့ အခေါ် ဆင်ကာကူနဲ့ တရုတ်တို့ ဘက်က အခေါ် ဒိုင်အိုယုဆိုတဲ့ ကျွန်းစုတွေရှိတဲ့ နေရာမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးက ဒီကျွန်းတွေကို သူပိုင်ကိုယ်ပိုင် အငြင်းပွား နေကြပါတယ်။
ဂျပန်အစိုးရက ခုအငြင်းပွားနေတဲ့ ကျွန်းတွေကို ပုဂ္ဂလိက လက်ထဲကနေ နိုင်ငံပိုင်လုပ်လိုက်တဲ့အတွက် တရုတ်နိုင်ငံက မြို့ကြီးတွေမှာ ဂျပန်ဆန့်ကျင်ရေး အကြီးအကျယ် ဆန္ဒပြကြပါတယ်။ယူကေကိုရောက်နေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးKoichiro Gemba ကတော့ အခုလိုဂျပန်အစိုးရက ကျွန်းတွေကို ဝယ်လိုက်တာဟာ လက်တွေ့ကျတဲ့အကြောင်း ဘီဘီစီကိုပြောပါတယ်။
တကယ်လို့အစိုးရဘက်က ဒီကျွန်းစုတွေကို မဝယ်ဘဲ လက်ယာယိမ်းတဲ့ တိုကျိုမြို့တော်ဝန်Shintaro Ishihara ကမူလစီစဉ်တဲ့အတိုင်း ဝယ်ဖြစ်ရင် အမျိုးသားရေးလှုံ့မှုကတဆင့် ရန်စောင်မှုတွေ ဖြစ်လာနိုင်တယ်လို့နိုင်ငံခြားရေး ဝန်ကြီးက မြို့တော်ဝန်ကို ပစ်တင်လိုက်ပါတယ်။
တိုကျို မြို့တော်ဝန်ရဲ့ ကြိုးပမ်းမှုကြောင့် ၆လအတွင်း ကျွန်းဝယ်ဖို့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈သန်းလူထုထံက ကောက်ခံရရှိခဲ့ပါတယ်။
နောက်တခါ ဒီလိုအစိုးရက ဝယ်လိုက်တဲ့အတွက် တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဂျပန် စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက်တိုက်ခိုက်လို့ မယုံနိုင်စရာပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဒါကြောင့် ဂျပန်ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် တရုတ်နဲ့စီးပွားရေးအရ ဂျပန်ဘက်က အများကြီးနစ်နာ ထိခိုက်ရပါတယ်။Gemba ဘက်က ဒီကျွန်းတွေကို ဂျပန်ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောနေပေမယ့် ဒီအခြေအနေ ပိုပြီးတင်းမာလာမှာကို နှစ်ဖက်စလုံးက ရပ်ကြဖို့အရေးကြီးတဲ့အကြောင်း ပြောသွားတာကို ဘီဘီစီသတင်းထောက် Mariko Oi ကသတင်းပေးပို့ထားပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
နန်းခင်ဇေယျာရဲ့ ရင်ထဲစကား
ပြိုင်ပွဲကတော့ (၂၁) ရက်နေ့ ပြိုင်ရမယ်ပေါ့။
(၂၁) ရက်နေ့ ပြီးသွားတဲ့အချိန်မှာ ညီမတို့ ထဲက ဆန်ကာတင် (၅) ယောက်ရွေးမယ်။
ပြီးကျရင်အဲ့သည် Special Prize တွေ ပေါ့နော်။
ဥပမာ - Miss Friendship တို့ Miss Internet တို့  ရမယ်ပေါ့နော်။ အဲသည်လိုရမယ်ဆိုရင် ညီမတို့ က (၂၇) ရက် နေ့ အထိနေရမှာပါ။
အကယ်၍မရဘူးဆိုရင် (၂၂) ရက်နေ့  ကျရင် ကိုယ့်နေတဲ့ နေရာကိုပြန်ရမှာပါ။
ဆုရတာတွေ မရတာတွေထက် ... ညီမဒီ Experience ရသွားရင် မြန်မာနိုင်ငံကိုပေါ့နော် ... ဂုဏ်ပြုနိုင်တဲ့ ... မြန်မာနိုင်ငံ ဆိုတာ ဘာပါလား ....
မြန်မာနိုင်ငံဆိုတာ ဘယ်မှာရှိပါသလဲ ... မြန်မာနိုင်ငံရဲ့ဝတ်စားဆင်ယင်မူက ဘာပါလား ... ဆိုတာ ... သိသွားတာကို ညီမကျေနပ်တယ်ပေါ့နော်။----။
မူရင်းသတင်း---- Hlaing Bwa
ဥပဒေအချို့ ပြည်သူ့လွှတ်တော် ပယ်ဖျက်
ပထမအကြိမ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွေ ပြန်လည်စတင်တဲ့ နေ့မှာပဲ အမျိုးသားလွှတ်တော်ကနေအတည်ပြုထားတဲ့ ဥပဒေ ၄ ခု ဖျက်သိမ်းရေး ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော်ကလဲ ဖျက်သိမ်းကြောင်း အတည်ပြုခဲ့ပါတယ်။ ဘယ်ဥပဒေတွေကို ဖျက်သိမ်းလိုက်သလဲဆိုတာနဲ့ ပထမနေ့ လွှတ်တော် စည်းဝေးတွေမှာ ဘာတွေထူးခြားမှုရှိလဲ ဆိုတာကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
အောက်တိုဘာ ၁၈ ရက် ဒီနေ့မှာ ပြန်လည် စတင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ မလိုအပ်တော့တဲ့ ဥပဒေ ၄ ခုကို အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း အတည်ပြုဖျက်သိမ်းလိုက်တယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီရဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ခုလို ရှင်းပြပါတယ်၊
“ ၁၉၆၄ခု မြန်မာနိုင်ငံ ကြယ်ငါးပွင့် သဘောင်္လုပ်ငန်းကော်ပရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အဲ့ဒီ့ဥပဒေကို ရုပ်သိမ်းပစ်လိုက်ပြီး အဲ့တာကို အမျိုးသားလွှတ်တော်ကနေ ဆွေးနွေးပြီးတော့ ပို့တာ။ အဲ့ဒီ့ထဲက ပြန်ပြီး ကျနော်တို့က ပြန်ပြီးတော့ ဆွေးနွေးတာ မရှိတဲ့အတွက် အဲ့ဒီ့အတိုင်းပဲ အတည်ပြုတယ်။ နောက်တခုက Agenda ၁၃မှာ နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းအောင် စနစ်တကျ လွှဲပြောင်းပေးရန်၊ အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်း ကာကွယ်သည့်ဥပဒေ ရုပ်သိမ်းသည့်ဥပဒေ၊ ဒါလည်း အမျိုးသားညီလာခံပြီးတော့ ဒီဥပဒေက မလိုတော့ဘူးလေ။ ဒါကိုလည်း အမျိုးသားလွှတ်တော်ရဲ့ အတည်ပြုချက်အတိုင်းပဲ ကျနော်တို့က ပြန်ပြီး အတည်ပြုလိုက်တာပေါ့။
Agenda ၁၄လည်း အဲ့ဒီ့အတိုင်းပဲ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း အဲ့တာကိုလည်း အမျိုးသားလွှတ်တော်က အတည်ပြုချက်အတိုင်းပဲ ကျနော်တို့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ရုပ်သိမ်းလိုက်တာ။
နောက်တခု Agenda ၁၅မှာက မြေသိမ်း သတ္တုတွင်းများ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ အဲ့တာကိုလည်းပဲ အမျိုးသားလွှတ်တော်က ရုပ်သိမ်းပြီးပြီလို့ အတည်ပြုထားတဲ့အတိုင်း ပြည်သူ့လွှတ်တော်က ထပ်ပြီး အတည်ပြုပြီး ရုပ်သိမ်းလိုက်တာပေါ့။
အဲ့တော့ ဥပဒေကြမ်း ၄ခုပေါ့ ဆိုလိုတာကတော့ ပြည်ထောင်စုလွှတ်တော်က အဲ့ဒီ့ဥပဒေကြမ်းတွေ ဖျက်ပစ်လိုက်ပြီပေါ့နော်၊ အမျိုးသားလွှတ်တော်ရော ပြည်ထောင်စုလွှတ်တော်ရော ဒါကို အတည်ပြုပြီးပြီဆိုတော့ ပြည်ထောင်စုက လွှတ်တော်က ဖျက်ပြီးသားဖြစ်သွားတာပေါ့။ ခေတ်နဲ့ မညီတော့ဘူးဗျာ။ အလုပ်မဖြစ်တော့တဲ့ ဥပဒေကို အဲ့တာကို ကျနော်တို့က ဥပဒေဖောင်းပွနေလို့ များနေလို့ အကုန်လုံး ကျနော်တို့က မလိုတော့တဲ့ ဥပဒေတွေကို ဖျက်သိမ်းပစ်လိုက်တဲ့သဘောပါ။”
ပြည်သူ့လွှတ်တော်ပြန်စတဲ့ ပထမနေ့မှာ ခုလို အစည်းအဝေးအစီအစဉ်တွေအတိုင်း မဆောင်ရွက်ခင်က ဥက္ကဌ သူရဦးရွှေမန်းက မိန့်ခွန်းပြောခဲ့ပါတယ်။ တရားဥပဒေစိုးမိုးရေး အတွက် တည်ဆဲဥပဒေတွေအတိုင်း မလိုက်နာသူတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ လူ၊ အဖွဲ့အစည်းတွေကို ပြည်သူ့ကိုယ်စားလှယ်တွေက အပြစ်ပေးအရေးယူနိုင်ဖို့ လုပ်ရမယ်လို့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
“ဥပဒေအရ အရေးယူဆောင်ရွက်ရန်၊ ပျက်ကွက်သူ သို့မဟုတ် အဖွဲ့အစည်းကိုလည်း ပြည်သူများ သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များက ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ရေးအတွက် ဆောင်ရွက်ခွင့်ရှိနေရမည်။ အရေးယူဆောင်ရွက်ကြရမည် ဖြစ်၍ ထိုကိစ္စ ထိုဖြစ်စဉ်များကို လက်တွေ့နယ်ပယ်တွင် အရေးယူဆောင်ရွက်နေမှုများ ရှင်သန်နေရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များတွင် တာဝန်ရှိနေသည်ဟု ခံယူပြီး မိမိလွှတ်တော်နယ်မြေရှိ ပြည်သူလူထုအားလုံးပါဝင်ရေးအတွက် ဆောင်ရွက်ကြပြီး မိမိတို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါတယ်။”
ဒီမိုကရေစီစနစ်ရှင်သန်ဖို့ အရေးကြီးတဲ့ တည်ငြိမ်အေးချမ်းမှုအတွက် တရားဥပဒေစိုးမိုးမှုရှိနေဖို့ လိုတယ်လို့လဲ ပြည်သူ့လွှတ်တော်အဖွင့်မိန့်ခွန်းမှာ ဥက္ကဌ သူရဦးရွှေမန်းက ဆိုပါတယ်။
“ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှု ရှိမှသာ ဒီမိုကရေစီစနစ် ရှင်သန်နိုင်မှာဖြစ်ပါတယ်။ ထို့အတူ တည်ငြိမ်အေးချမ်းမှုရှိမှလည်း တရားဥပဒေစိုးမိုးရေး Rule of Law ရှိမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့သည် အပြန်အလှန် အမှီသဟဲပြုပြီး အကျိုးသက်ရောက်မှုများလည်း ရှိနေကြတာဖြစ်ပါတယ်။”
ဒီကနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော်မှာရော အမျိုးသားလွှတ်တော်မှာပါ၊ အသစ်ခန့်အပ်ခံရတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေ ကတိသစ္စာပြုခဲ့ကြပါတယ်၊ ပြည်ထောင်စုလွှတ်တော်ကိုတော့ တနင်္လာနေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်။
သြစီက လောင်စာ ကုမ္ပဏီ Woodside မြန်မာပြည် လာမယ်
Woodside ကုမ္ပဏီရဲ့ အစမ်းတွင်းလုပ်ငန်းတခု၊ ဓာတ်ပုံ- http://www.drillingcontractor.org
သြစတြေးလျ နိုင်ငံက Woodside Petroleum လို့ ခေါ်တဲ့ လောင်စာကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေကို တောင်ကိုရီယား ဒေ၀ူး အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးနဲ့ တွဲပြီး လုပ်ဖို့ ရှိပါတယ်။
သြစီ Woodside က ပြောတာတော့ ဒေ၀ူးဘက်က မြန်မာနိုင်ငံ အနောက်ဘက် ပင်လယ်၊ ရခိုင် ကမ်းရိုး တမ်း မှာ ရှိတဲ့ လုပ် ကွက်(ဘလော့ဂ်× အမှတ် AD-7 မှာ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းပေးမယ်လို့ သဘော တူခဲ့ပါတယ်တဲ့။ နောက်ထပ် ဒေ၀ူး ရဲ့ ရွှေ လုပ်ကွက်ဖွံ့ဖြိုးရေးအတွက်လည်း ပါတယ်လို့ ဆိုတာကို ရိုက်တာ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်ရေး အောက်ကနေ ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံမှာ Woodside လို့ သြစီ ကုမ္ပဏီက ခြေတလှမ်း ၀င်လိုက်သလို အခြား အနောက်နိုင်ငံများရဲ့ စွမ်းအင်ကုမ္ပဏီတွေက လည်း မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ စိတ် အား ထက်သန်နေကြတာပါ။
“ရခိုင်ကမ်းရိုးတမ်း ရေနက်ဆိပ်ကမ်းက ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရှာဖွေတဲ့ နေရာတွေထဲမှာ စိတ် လှုပ်ရှားစရာ ဧရိယာ တခု ပဲ” လို့ The Woodside ကုမ္ပဏီ အမှုဆောင်ချုပ် Peter Coleman ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဆိုထားပါတယ်။
Woodside ဟာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ပိုင်ခွင့် လေလံတွေ ရဖို့ ကြိုးစားနေကြတဲ့ နာမည် ကြီး လောင်စာ ကုမ္ပဏီ တွေ ဖြစ်တဲ့ ConocoPhillips၊ Hess Corp၊ Royal Dutch Shell၊ BP and BG Group တွေထဲမှာပါဝင်ပါတယ်။
အနောက်နိုင်ငံ ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှု၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းကာကာမှု၊ လူမှု ဆိုးကျိုး မဖြစ်ပေါ် ရေးဆိုတဲ့ တင်းကျပ်တဲ့ စံနှုန်းတွေကို အစိုးရက ထုတ်ပြန်ထားတာကြောင့် ဒါတွေအပေါ် Woodside က သဘောထား မှတ် ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒေ၀ူးနဲ့ Woodside တို့ဟာ ရခိုင်ပြည်နယ် ကမ်းလွန် လုပ်ကွက်၊ စမ်းသပ်ရှာဖွေရေး လုပ်ဖို့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ အစမ်းတွင်းတွေ လုပ်ဖို့ အစီအစဉ်ဆွဲထားတယ်လို့ သိရပါတယ်။
ဧရာဝတီ blog 
Forum 2000 အကြံပေးအဖွဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တိဘက် ဘုန်းတော်ကြီး ဒလိုင်လားမား တို့ဟာ  Forum 2000 အဖွဲ့ရဲ့ နိုင်ငံတကာ အကြံပေး ဘုတ်အဖွဲ့ထဲမှာ ပါဝင်လာကြပြီလို့  Forum 2000 အဖွဲ့က ကြာသပတေးနေ့မှာ သတင်း ထုတ်ပြန် ပါတယ်။ ဒီမိုကရေစီရေး ကျိုးပမ်းမှုကြောင့် ကမ္ဘာက ချစ်ခင်လေးစားမှု ခံရသူ ၂ဦးပါ  အခုလို  ပါဝင်လာတာမို့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေ ပိုမိုအားကောင်း လာမှာ ဖြစ်တဲ့အပြင် ကမ္ဘာအနှံ့က လူတွေအတွက် ပိုအားတက်လာစေတယ်လို့  ဖိုရမ် ၂၀၀၀ ဆွေးနွေးပွဲကို တက်ရောက်မယ့် သူတွေက သုံးသပ်ပါတယ်။
ကမ္ဘာတ၀ှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မျက်နှာချင်းဆိုင်ဆွေးနွေး အဖြေရှာနိုင်ဖို့ စဉ်းစားခဲ့တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက ကွယ်လွန်သူ သမ္မတဟောင်း Vaclav Havel က ဦးဆောင်ပြီး ဂျပန်နိုင်ငံသား Yohei Sasakawa နဲ့  ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်  Elie Wiesel တို့နဲ့ အတူ  ၁၉၉၆ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ Forum 2000 အဖွဲ့ဟာ  နှစ်စဉ် နိုင်ငံတကာက လူ့အခွင့်အရေး ဒီမိုကရေစီရေး ဦးဆောင်နေသူတွေနဲ့ အစည်းအဝေးကျင်းပ နေတာဖြစ်ပြီး  ၁၆ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကိုတော့  အောက်တိုဘာလ ၂၁ရက်နေ့ကနေ ၂၃ရက်နေ့အထိ Prague မှာကျင်းပမှာဖြစ်ပါတယ်။
ဒီညီလာခံမကျင်းပခင်  ကြာသပတေးနေ့ကတော့ အဖွဲ့အကြီးအကဲ Jakub Klepal က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားတို့ပါ အဖွဲ့ရဲ့ အကြံပေးဘုတ်အဖွဲ့မှာ ပါဝင်လာပြီဖြစ်ကြောင်း ကြေငြာခဲ့ ပါတယ်။
ဒီညီလာခံကိုတက်ရောက်ဖို့ အဖိတ်ကြားခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကတော့ ဒါဟာ ဒီအဖွဲ့ကို ပိုမိုအားကောင်း  လာစေတယ်လို့ ပြောပါတယ်။
ဦးကိုကိုကြီး။   ။“ ကွန်ဖရင့် ၂၀၀၀ ကိုစီစဉ်တဲ့ အဖွဲ့အစည်းက People in Need အဖွဲ့ပါ မစ္စတာ ဗားစလပ်ဟာဗဲလ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ တည်ထောင်ထားတာ ဆိုတော့ ဒီအဖွဲ့အစည်းက နိုင်ငံတကာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်နေတဲ့ နိုင်ငံတွေ အတွက် ဒီလိုမျိုး ဆွေးနွေးပွဲတွေ လုပ်တဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်လို လူထုခေါင်းဆောင် တယောက်၊ မစ္စတာ ဒလိုင်လားမား လို ပြည်သူတွေ အတွက် တောက်လျှောက် ရပ်တည်ခဲ့တဲ့ သူတွေ ပါဝင်လာခြင်းဟာ  ဒီအဖွဲ့အစည်း ဒီကွန်ဖရင့်ကို ပိုပြီးအားကောင်း လာစေတယ်။ နောက် ကျွန်တော်တို့ ကမ္ဘာအနှံ့က ပြည်သူတွေ အတွက်လည်း ပိုပြီးတော့ အားတက်စရာတွေ ဖြစ်လာစေတယ်လို့ ကျွန်တော် အဲဒီလိုပဲ ခံစားရပါတယ်။”
မေး။   ။ဖိုရမ်၂၀၀၀ ရဲ့ ၁၆ကြိမ်မြောက် ညီလာခံမှာ မြန်မာနိုင်ငံက ဘယ်နှစ်ယောက်တက်မှာပါလဲ ဦးကိုကိုကြီး။
ဦးကိုကိုကြီး။   ။“အခုကျွန်တော်သိသလောက်က အန်ကယ်ဦးအုန်းကြိုင်တက်မယ်။ နောက် ကျွန်တော်တက်မယ်။ ဒေါက်တာကျော်သူနောက် မခင်သန်းမြင့်၊  နောက် ကျွန်တော်တို့ မင်းရန်နောင်တက်မယ်။ နောက်ဒေါ် စူစန်နာ လှလှစိုးက တော့ သူက တခြားအခန်းအနား တခုရှိလို့ မတက်ဖြစ်ဖူးလို့ သိရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကနေ တက်ကြမယ့်သူတွေကတော့ အဲဒါပဲပေါ့လေ။”
မေး။   ။မြန်မာနိုင်ငံက ၆ယောက်ဖိတ်တဲ့ထဲမှာ ၅ယောက်တက်ဖြစ်တယ်ပေါ့နော်။ ဖိုရမ် ၂၀၀၀ နဲ့ ပါတ်သက်ပြီးတော့ ဘာတွေ ဆွေးနွေးကြတယ် ဆိုတာ။ ကိုယ်ကတော့ ဒါက ပထမဦးဆုံးအကြိမ်တက်တာဆိုတော့ ထူးထူးခြားခြား ဘာတွေများ မျှော်လင့်ထားပါသလဲ။ ဒီအခန်းအနားနဲ့ ပါတ်သက်ပြီးတော့။
ဦးကိုကိုကြီး။   ။“အခုကတော့ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ အစဉ်အလာကြီးမားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဒီမှာလာပြီးတော့ တက်ကြတာတွေ ပြောကြတာတွေ တွေ့ရတော့ ကျွန်တော်ကတော့ ဒါဟာ ပထမဦးဆုံး အတွေ့အကြုံလည်း ဖြစ်တယ်။ နောက် ဒါကျွန်တော့အနေနဲ့ လေ့လာ သင်ယူစရာ တွေလည်း အများကြီးရလိမ့်မယ်လို့ အဲဒီလိုပဲ ကျွန်တော်တို့ မျှော်လင့်ထားခဲ့တာပေါ့။ ကျွန်တော်သိသလောက်ကတော့ တက်လာတဲ့သူတွေကနေ ပြီးတော့ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ နိုင်ငံတကာက အပြောင်းအလဲတွေ အပေါ်မှာ အမြင်တွေပေါ့လေ။ အဲဒါတွေ သုံးသပ်ဆွေးနွေးကြမယ်။ ကျွန်တော် အဲလောက်ပဲ သိထားပါတယ်။”
မေး။   ။မြန်မာနိုင်ငံက ပုဂ္ဂိုလ် တယောက်အနေနဲ့ အဖိတ်ခံရတဲ့အခါမှာ ဦးကိုကိုကြီးအနေနဲ့ ဘာတွေများ တင်ပြနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။
ဦးကိုကိုကြီး။   ။ “ကျွန်တော်ကတော့ ကျွန်တော်တို့ နိုင်ငံ အပြောင်းအလဲ နောက် ကျွန်တော်တို့ သက်တမ်း အတွေ့အကြုံပေါ့နော်။ အဲဒါတွေနဲ့ ဒီ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍ ပေါ့။ အဲဒါတွေကို ကျွန်တော်ပြောဖို့ စီစဉ်ထားပါတယ်။”
ကျောင်းသားခေါင်းဆောင် ကိုကိုကြီးပါ။ ဒီနှစ်ဆွေးနွေးပွဲကို နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ် ၁၂၀ကျော်တက်ရောက်မှာဖြစ်ပြီး ဒီအထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine Albright တို့ တိဘက်ဝန်ကြီးချုပ် Lobsang Sangay တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်နေအိမ်အကျယ်ချုပ်နဲ့နေရစဉ် ကတည်းက ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး နောင်ဆွေးနွေးပွဲတွေမှာ တက်ရောက်လာဖို့ မျှော်လင့်ထားကြောင်းလည်း ဖိုရမ် ၂၀၀၀ အဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြထားပါတယ်။
သမ္မတဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ ဂုဏ်ပြုတင်မြှောက်ခြင်းသာဖြစ်
 ရန်ကုန်၊ အောက်တိုဘာ ၁၇
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ အဖြစ်ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း ခံရခြင်းမှာ ၎င်းအား ဂုဏ်ပြုသောအားဖြင့် ပြန်လည် ခန့်အပ်ခြင်း ဖြစ်ကြောင်း ပါတီတာဝန် ထမ်းဆောင်ရန် မဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးက အောက်တိုဘာ ၁၇ရက် နေ့က ဗဟို ပါတီညီလာခံ ကျင်းပရာ အခမ်းအနား၌ ပြောကြားခဲ့သည်။
ဦးဌေးဦးက ““သမ္မတဆိုတာဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီတာဝန်ထမ်းဆောင်လို့ မရဘူးလေ။ သို့ပေမဲ့ ရာထူးယူလို့ရတယ်။ ဒီ Post  ကို Honourable ပေးတာပါ။ နဂိုကတည်းက ဥက္ကဋ္ဌပဲလေ။ဥက္ကဋ္ဌဖြစ်လို့ သမ္မတဖြစ်တာပဲ။ အခုအချိန်မှာလည်း သူ့ကိုထားတော့ဘာဖြစ်လဲ။ သူ့တာဝန်ကိုတော့ ဒုတိယဥက္ကဋ္ဌကလုပ် မှာပဲ။ သူကတော့ တာဝန်ယူလို့မရဘူးပေါ့။ ဒါကြီးပါဖြုတ်ပစ်ရမှာလား။ ဒီလိုသဘောမျိုးဆိုတာ မဟုတ်ပါဘူး””ဟုပြောသည်။
အဆိုပါညီလာခံတွင် ပါတီဥက္ကဋ္ဌနေရာတွင် သမ္မတဦးသိန်းစိန်ကို ရွေးချယ်တင်မြှောက်ခဲ့သော်လည်း ၎င်းသည် သမ္မတဖြစ်သောကြောင့် ပါတီတာဝန်ထမ်းဆောင်နိုင်ခြင်းမရှိဘဲ ဒုတိယဥက္ကဋ္ဌသူရဦး ရွှေမန်းက ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူထမ်းဆောင်ရမည်ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်။
ပါတီကိုယ်စားလှယ်တစ်ဦးက လည်း ““သမ္မတကို ဥက္ကဋ္ဌနေရာ ပေးတယ်ဆိုတာ သူ့ကိုဂုဏ်ယူလို့ Honour ပေးလို့ပြန်ခန့်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တော့တာဝန်ယူခွင့်မရှိဘူးပေါ့”ဟုပြောသည်။
၂၀၀၈ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း၃-နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းကဏ္ဍ ပုဒ်မ ၆၄တွင် ““နိုင်ငံတော်သမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင်နိုင်ငံတော် သမ္မတ သို့မဟုတ်ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ””ဟုပါရှိသည်။
ပါတီညီလာခံတတိယနေ့ဖြစ်သော အောက်တိုဘာ ၁၆ ရက်နေ့ ညနေတွင် ပြန်လည်ရွေးချယ်ပြီးသည့် ဗဟိုကော်မတီ ၀င်များတာဝန်ထမ်းဆောင်ကြောင်း ကတိသစ္စာဆိုခဲ့ကြသည်။
by Myanmartandawsint Newspaper
အမေရိကန် ဒု နိုင်ငံခြားရေးဝန်ကြီး မြန်မာသမ္မတနဲ့တွေ့ဆုံ
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns ဟာ ဒီကနေ့ နေပြည်တော်မှာရှိတဲ့ မြန်မာ သမ္မတဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရပိုင်းက တာဝန်ရှိ သူတွေနဲ့ရော၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုဟာ ရလဒ်ကောင်းတွေရှိပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒီအကြောင်း စုံစမ်း မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။
အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns ဟာ သမ္မတဦးသိန်းစိန် အပါအ၀င် မြန်မာအစိုးရ ထိပ်တန်း အရာရှိတွေ နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာပါ။
ဒီကနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ခုလို ပြောပါတယ်။
“ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William J. Burns ဟာ နေပြည်တော်ကို သွားရောက်ပြီး မြန်မာအစိုးရ ထိပ်ပိုင်းအရာရှိတွေနဲ့ လွှတ်တော်အမတ်တွေကို တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်နဲ့ ကောင်းမွန်ပြီး အကျိုးအမြတ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့သလိုပဲ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တခြား အရေးပါတဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုတွေ အတွင်း နှစ်နိုင်ငံ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု  ရှေ့တိုး ဆောင်ရွက်ရင်း နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်လာတဲ့ မိတ်ဖက် ဆက်ဆံရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးချိန်ကစလို့ သိသာထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေရဲ့ ထင်ဟပ်မှုပါပဲ။”
မစ္စတာ ဘန်းစ် ဟာ သမ္မတ ဦးသိန်းစိန်အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် စတဲ့ အစိုးရပိုင်းက ထိပ်တန်း အရာရှိတွေအပြင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပါ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ဘန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်ပြီး ရန်ကုန် အမေရိကန် သံရုံးကလည်း ဒီကနေ့ပဲ ကြေညာချက် တရပ် ထုတ်ပြန်ထားပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အားပေး ထောက်ခံတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံသားတွေရဲ့ သမိုင်းဝင် အသွင်ကူးပြောင်းမှု လုပ်ငန်းတွေ အောင်မြင်ရေး ကူညီ ပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အကြောင်းလည်း ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ရှိ တိုးတက်ပြောင်းလဲမှုတွေ နဲ့ ပတ်သက်လို့ အားတက်စရာ ဖြစ်ပေမဲ့ ရှေ့ဆက် ပြုပြင် ပြောင်းလဲစရာတွေ အများကြီး ရှိနေသေးတဲ့အကြောင်းနဲ့ အမေရိကန် အစိုးရဘက်ကတော့ မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက် တခုတိုင်းကို အဲဒီလုပ်ဆောင်ချက်နဲ့ အညီ ပြန်လည် တုံ့ပြန်သွားမယ် ဆိုတဲ့အကြောင်းလည်း အမေရိကန်ပြည်ထောင်စုက အစောပိုင်းကတည်းက ပြောဆိုထားပါတယ်။
တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှု ရှိဖို့၊ တိုင်းရင်းသားလူမျိုးတွေနဲ့ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ နဲ့ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးဖို့ ကိစ္စတွေကို ရှေ့ဆက် ဆောင်ရွက်ဖို့ အမေရိကန် ပြည်ထောင်စုက မြန်မာအစိုးရကို တိုက်တွန်း ပြောဆိုနေတာ ဖြစ်ပါတယ်။
 ခင်ဖြူထွေး  - ဗွီအိုအေ (မြန်မာပိုင်း)
Miss International 2012 in Okinawa Beauty Parade (video)
itv_jocip_1010
လက်ပန်တောင်းတောင်ပြည်သူညီလာခံ ကျင်းပ (ရုပ်-သံ)
တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ ပူးတွဲ လုပ်ဆောင်နေတဲ့ "လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး" အတွက် ပြည်သူ့ ညီလာခံတရပ်ကို စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဆည်တည်း ကျေးရွာမှာ နှစ်ရက်ကြာ ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
နန်းခင်ဇေယျာနဲ့ BBC အင်တာဗျူး(အသံဖိုင်)
နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ မြန်မာမယ်အဖြစ် ပါဝင် ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာရဲ့ ပြိုင်ပွဲ လက်ရှိ အခြေအနေကို ဘီဘီစီ ဘန်ကောက် ၀ိုင်းတော်သား ကိုဝင်းမြင့်က မေးမြန်းထားပါတယ်။ မြန်မာမယ်က အင်တာနက်မယ်ဆု ရအောင် မြန်မာတွေ ၀ိုင်းပြီး မဲပေးနေကြတာကို အလွန်အမင်း ၀မ်းသာ ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ဆုတွေထက် မြန်မာဆိုတာကို နိုင်ငံတကာကြားမှာ သိသွားကြလို့ ကျေနပ်တယ်လို့ ပြောပါတယ်။
မူရင်းသတင်း----BBC
မင်္ဂလာတောင်ညွန့်၊ ပုသိမ်ညွန့် ၆ လမ်းမီးလောင်မှု
မင်္ဂလာတောင်ညွှန့် မြို့နယ်၊ ပုသိမ်ညွန့် ၆ လမ်းထိပ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်တွင် ယနေ့ည ၁၀ နာရီခွဲခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
Thursday, October 18, 2012
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့မှုများ လိုအပ်
မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည့် ပြည်လုံးကျွတ် အမျိုးသားသန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၈ သန်းခန့် လိုအပ်နေသည်ဟု ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (ယူအင်န်အက်ဖ်ပီအေ) မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် မစ္စတာ မိုဟာမက်အက်ပ်ဒဲလ် အဟတ်က ပြောသည်။
“သန်းခေါင်စာရင်း ကောက်ယူမှုအတွက် နည်းပညာ ပြင်ဆင်ရေး လုပ်ငန်းတွေဟာ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်ပေမယ့် ရန်ပုံငွေ အတော်လိုအပ်နေဆဲ ဖြစ်ပြီး ဒေါ်လာ ၃၈ ဒသမ ၅သန်း လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းအတွက် ဒေါ်လာ ၅၈ ဒသမ ၅ သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မြန်မာအစိုးရနှင့် ယူအင်န်အက်ဖ်ပီအေတို့က ဒေါ်လာသန်း ၂၀ ထည့်ဝင်ကြမည် ဖြစ်သည့်အတွက် ဒေါ်လာ ၃၈ ဒသမ ၅ သန်း ဆက်လက်လိုအပ်နေခြင်း ဖြစ်သည်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများအတွက် ဝိုင်းဝန်းကူညီပေးကြရန်လည်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပသည့် ကော်မရှင်အစည်းအဝေး၌ ပြောကြားခဲ့သည်။ “နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ အနေနဲ့လည်း သန်းခေါင်စာရင်း ကောက်ယူရေးကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးတစ်ခု အနေနဲ့ ကူညီပေးကြပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ် ကောက်ယူခဲ့ပြီးနောက် ယခုနှစ် ၃၀ အကြာတွင်မှ ပြန်လည်ကောက်ယူရသည့်အတွက် လုပ်ငန်းအတွေ့အကြုံ၊ ဘဏ္ဍာရေး၊ ဝန်ထမ်းနှင့် အထောက်အကူပြုပစ္စည်း စသည့် လိုအပ်သည့် အခက်အခဲများ တွေ့ရမည် ဖြစ်သည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ၂၀၁၁ ခုနှစ်၊ မေလမှ စတင်ပြီး ၁၆ လကြာ ပြင်ဆင်ခဲ့ကာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူများကို မေးမြန်းရမည့် မေးခွန်းများနှင့် သန်းခေါင်စာရင်း ဥပဒေတို့ကို ယနေ့ခေတ်နှင့်အညီ ရေးဆွဲရမည်ဖြစ်ပြီး ကြီးကြပ်ကွပ်ကဲရေး အဖွဲ့များကိုလည်း ဖွဲ့စည်းရမည် ဖြစ်သည်ဟု ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
နိုင်ငံတကာ စံချိန်စံညွှန်များနှင့်အညီ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ယူအင်န်အက်ဖ်ပီအေက နည်းပညာ အကူအညီများ ပေးသွား မည်ဖြစ်ပြီး အစိုးရ အနေဖြင့်လည်း အနီးကပ်ပူးပေါင်း ဆောင်ရွက်နေ သည်ဟု ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့သည်။
ထို့ပြင် သန်းခေါင်စာရင်း ကောက်ယူမည့် ဝန်ထမ်းများ အရည်အသွေး တိုးတက်ရေးအတွက် လုပ်ငန်းခွင် သင်တန်းများ၊ နည်းပညာ အထောက်အပံ့များနှင့် လေ့လာရေး ခရီးစဉ်များကိုလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ် မြန်မာ့တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Miss နန်းခင်ဇေယျာ အတွက် Flickr က တရားဝင်ကြေငြာချက် နှင့် vote ရမယ့် အကောင့်အသစ်
ရှင်းတယ်နော် ဒီလောက်ဆို Flickr က တရားဝင်ကြေငြာလိုက်တာ သဘောပေါက်ကြပါ တယူမသန်ကြပါနဲ့ ။
ဒီပုံကို ယာယီရွှေ့ထားလိုက်ပါတယ် ဒါကြောင့် မြန်မာပုံကို ပုံအသစ်မှာကလစ်ကြပါတဲ့ ပုံနှစ်ပုံလုံးက အရေအတွက်ကို ထည့်သွင်းဆုံးဖြတ်မယ်လို့ အဖွဲ့က ကြေငြာလိုက်ပါပြီ ။
ရွှီးးးးးးးးးးးးးးးဖြောင်းးးးးးးးးးးဖြောင်းးးးးးးးးးဖြောင်းးးးးးးးးးးဖြောင်းးးးးးးးးးဖြောင်းးးးးးးးးးးဖြောင်းးးးးးးးးးဖြောင်းးးးးးးးးးးဖြောင်းးးးးးးးးးဖြောင်
းးးးးးးးးးးဖြောင်းးးးးးးးး
လက်ခုပ်တီးတာ သဘောကျလို့း))
http://www.flickr.com/photos/64086169@N03/8098434005/in/photostream/ ကိုသွားကြပါ ဆက်လက်ပြီး မနက်ဖြန်အထိ ကလစ်ကြပါစို့ ။ အားတက်သွားပြီး)))) 
သက်တန့်ချို
ဂျပန်နိုင်ငံမှာ ဇာတ်လမ်းတို ပြိုင်ပွဲ ပြိုင်ဖြစ်သူ ယွန်းယွန်း
Thursday, October 18, 2012
ကလေး သရုပ်ဆောင် နေရာ တစ်ခုကနေ အနုပညာ လောကထဲကို ဝင်ရောက်လာတဲ့ ယွန်းယွန်း က ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ခုချိန်အထိ ရရှိထားသူလည်း ဖြစ်ပါတယ်။ ယွန်းယွန်းက လူငယ်ဒါရိုက်တာ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်ရင်းက ရွေးချယ်ခံလိုက်ရကြောင်းလည်း သိရပါတယ်။
”ရုပ်ရှင် အစည်းအရုံး ကနေပြီးတော့ လူငယ် ဒါရိုက်တာ ပြိုင်ပွဲ ”သုံးပွင့်ဆိုင်” ဇာတ်လမ်းတို ပြိုင်ပွဲကို ခေါ်နေတယ်လို့ သတင်းရတယ်ပေါ့နော်။ မေမေက လည်း လုပ်ကြည့်မလားပေါ့။ သမီးကလည်း အရင်ကတည်းက ကလေး သရုပ်ဆောင်ကို ငယ်ငယ်တုန်းက လုပ်လာတာဆိုတော့ ဒါရိုက်တာ လုပ်တာ ကို စိတ်ဝင်စားတယ်။ အဲဒီ အလုပ်ကို ဝါသနာပါတယ်။ လုပ်ကြည့်ချင်တယ်။ ၃ မိနစ်စာ ဇာတ်လမ်းဆိုတော့လည်း ကိုယ်လုပ်နိုင်မယ်လို့ထင်တယ်ပေါ့နော်။
ဇာတ်လမ်းကြီးလည်း မဟုတ်တော့ အဓိက ကတော့ စိတ်ဝင်စားလို့ ဝင်ပြိုင်ဖြစ်သွားတယ်။ သရုပ်ဆောင်ကျတော့ ယွန်းယွန်းရယ်၊ မေမေရယ်ပဲ သရုပ်ဆောင် လိုက်တာပါ။ သိပ်ပြီးတော့ ထွေထွေထူးထူး ပြင်ဆင်ရတာမျိုး တော့ မရှိပါဘူး။ ဒါပေမဲ့ အဲဒီကားတင်ဖို့အတွက် နောက်ဆုံး ဖောင်ပိတ်တဲ့ ရက်မှ စရိုက်တာပေါ့နော်။ အကုန်လုံးက ဖုတ်ပူ မီးတိုက်ပဲ။ အရမ်းမြန်မြန် ဆန်ဆန်ကြီး လုပ်လိုက်ရတယ်။ မထင်မှတ်ဘဲနဲ့ ရွေးချယ်ခံလိုက်ရတယ်”လို့ ဇာတ်လမ်းတို ရိုက်ဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။
ယွန်းယွန်း က မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အနေနဲ့ နိုဝင်ဘာ ၁၈ ရက် နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်ပြီး ဇာတ်လမ်းတို ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ခုလိုသွားရတဲ့ အတွက် ဗဟုသုတတွေ အများကြီးရမယ်လို့လည်း မျှော်လင့် ထားပြီး ဝမ်းသာပီတိ ဖြစ်ရကြောင်း ပြောပြလာတာကတော့ ”စိတ်ဝင်စားတာ တစ်ခုတည်းနဲ့ ကြိုးစားလိုက်တာပေါ့။ အဲဒါလေးက အမှတ်တရလေး ဖြစ်သွား တော့ တကယ်ဝမ်းသာပါတယ်။ အဲဒီကို သွားရမှာဆိုတော့ ဗဟုသုတတွေ အများကြီးရမှာဖြစ်တယ်လို့ မျှော်လင့်ထားတဲ့အတွက် ပျော်ပါတယ်။ မြန်မာ နိုင်ငံကို ကိုယ်စားပြု လူငယ်အနေနဲ့ သွားရတဲ့အတွက်ကိုလည်း ဝမ်းသာပါ တယ်”လို့ ပြောပြသွားပါတယ်။
Myanmar Online News
Spitfire တိုက်လေယာဉ်တွေဖေါ်ဖို့ သဘောတူ
ဒုတိယ ကမ္ဘာစစ် အပြီးမှာ ဗြိတိသျှတွေက Spitfire တိုက်လေယာဉ်တွေကို မြန်မာပြည်မှာ ဖွက်ချန်ထားခဲ့
Spitfire တိုက်လေယာဉ်တွေဖေါ်ဖို့ သဘောတူ ဒုတိယကမ္ဘာစစ်အပြီး ကာလက မြန်မာနိုင်ငံမှာ ချန်ရစ် ဖွက်ထားခဲ့တဲ့ Spitfire တိုက်လေယာဉ် ၆၀ ပြန်တူးဖေါ် ရေးနဲ့ ပတ်သက်လို့ ဗြိတိသျှလူမျိုး တိုက်လေယာဉ် ဝါသနာအိုးတဦးနဲ့ မြန်မာအစိုးရကြား သဘောတူချက် တရပ် လက်မှတ် ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ်တွေဟာ လုံးဝ အသုံးမပြုရ သေးတဲ့ အသစ်စက်စက် လေယာဉ်တွေဖြစ်ပြီး ပို့တဲ့ ကုန်သေတ္တာကြီးတွေထဲမှာပဲ----
လွှတ်တော်အစည်းအဝေးများ နိုဝင်ဘာ ၂၇ ရက်ထိ ကျင်းပမည်
 နေပြည်တော်၊ အောက်တိုဘာ- ၁၈
ယခု ကျင်းပ လျက်ရှိသည့် ပထမ အကြိမ် လွှတ်တော် အစည်းအဝေးများ၏ ပဉ္စမ ပုံမှန် အစည်းအဝေးကို ယနေ့ အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပရန် လျာထားကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြောသည်။
သို့သော် အကြောင်းအရာများ ပေါ်မူတည်၍ ကျင်းပမည့်ရက် ပိုလျှင်လည်း ပိုသွားနိုင်ကြောင်း ဆက်လက်ပြောသည်။
သူရဦးရွှေမန်းက ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုသိမ်မဲဆန္ဒနယ်မှ
 လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့် တင်သွင်းသည့် "လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်နှင့် အချိန်ကြာမြင့်စွာ ကင်းကွာနေမှုမရှိစေရေး၊ နယ်မြေ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကူညီဆောင်ရွက်နိုင်ရေးအတွက် တစ်နှစ်လျှင် ၆ လထက် မပိုသော ကာလအထိသာ လွှတ်တော်ပုံမှန်အစည်းအဝေးများ ကျင်းပရန်၊ လွှတ်တော်များသို့ တိုက်တွန်းကြောင်း" အဆိုကို ပြန်လည်ရှင်းလင်းရာတွင် အထက်ပါအတိုင်း ပြောကြားသွားခြင်းဖြစ်သည်။
လက်ရှိလွှတ်တော်ကျင်းပနေမှုပုံစံသည် သတ်မှတ်ထားသည့် လ မရှိသော်လည်း တစ်နှစ်လျှင် ခြောက်လ၊ ခုနစ်လ ပတ်ဝန်းကျင်သာ ကျင်းပနေခြင်းဖြစ်ကြောင်း ဦးရွှေမန်းကပြောသည်။
လွှတ်တော်ကျင်းပချိန်ကို သတ်မှတ်ခြင်းကိုခွင့်ပြုလိုက်ပါက လုပ်ငန်းတာဝန်များ ကျေပွန်စွာ ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် ဦးဝင်းမြင့်တင်သွင်းသည့် အဆိုအား မှတ်တမ်းတင်ထားရန်သာ ဥက္ကဋ္ဌကပြောကြားသည်။
7Day News Journal
နန်းခင်ဇေယျာအတွက် vote ရမယ့် အကောင့်အသစ်
နန်းခင်ဇေယျာအတွက် vote ရမယ့် အကောင့်အသစ်က ဒီမှာ။ အကောင့်ဟောင်းက သတ်မှတ်လူဦးရေပြည့်သွားလို့တဲ့၊ ပျက်သွားတာ မှုတ်ဘူး။ နောက်ဆုံးရမှတ်မှာ အကောင့်၂ခုပေါင်း vote တွေအကုန် ထည့်တွက်ပေးလိမ့်မယ်။
http://www.flickr.com/photos/64086169@N03/8098434005/in/photostream/ ကိုသွားကြပါ ဆက်လက်ပြီး မနက်ဖြန်အထိ ကလစ်ကြပါစို့ ။ အားတက်သွားပြီး))))
 ခွန်ဒီးယမ်(Facrbook) ..မှ
လက်ပန်တောင်းတောင်ပြည်သူညီလာခံ ကျင်းပ
မုံရွာခရိုင် ဆားလင်းကြီး မြို့နယ် ဆည်တည်း ကျေးရွာတွင် အောက်တိုဘာ ၁၈ရက်နေ့ နံနက် ၇း၀၀ နာရီမှ ည ၇း၀၀ အချိန်ထိ ကျင်းပသည့် လက်ပန်တောင်းတောင် ပြည်သူညီလာခံတွင် လက်ပန်တောင်းတောင် စီမံကိန်းများ ရပ်ဆိုင်းရေးအတွက် ဆည်တည်းကျေးရွာနေ ပြည်သူများမှ အဆိုတင်သွင်းလွှာများ တင်သွင်းကြပြီး ညီလာခံမှ ရပ်ဆိုင်းရေး အတည်ပြုချက် ထုတ်ပြန်ခဲ့ပါသည်။
ဆရာကြီး ဒဂုံတာရာမှလည်း ဒေသခံများ ခံစားနေရမှုများကို ခံစား နားလည်ကြောင်းနှင့် ပြည်သူများ အမြန်ဆုံး ငြိမ်းချမ်းပါစေဟု သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။ လက်ပန်တောင်းတောင် ပြည်သူညီလာခံကို အောက်တိုဘာလ ၁၈ရက်နေ့မှ ၁၉ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဟု သိရှိရပါသည်။
Burma VJ Media Network
ရုံးဖွင့်ခွင့် ပြုတော့မည် မဟုတ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အိုအိုင်စီသို့ အကြောင်းကြား
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့(အိုအိုင်စီ) သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ထိုသို့ အကြောင်းကြားလာခြင်းကို အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က ယမန်နေ့က အတည်ပြု ပြောကြားသည်ဟု အေပီ သတင်းတွင် ဖေါ်ပြသည်။
သူက ပြောကြားရာတွင် သူတို့ထံသို့ နယ်စပ်ရေးရာ ၀န်ကြီး ဌာမှ တဆင့် အကြောင်းကြားစာ ရောက်လာခြင်း ဖြစ်ပြီး အစိုးရထံမှ တရားဝင် မဟုတ်ကြောင်း ပြောကြားသည်။
အဆိုပါ ကိစ္စကို နောက်လတွင် ကျင်းပမည့် အိုအိုင်စီ အစည်းဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စကို မြန်မာ တ၀န်းလုံးတွင် ကန့်ကွက် ဆန္ဒပြမူများ ပေါ်ပေါက် လာသဖြင့် ပြည်သူများ၏ ဆန္ဒကို လေးစား လိုက်နာသဖြင့် ယခုလို ရုံးများ ဖွင့်လှစ်ခြင်းကို ဆက်လက် ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနနှင့် အိုအိုင်စီ ကိုယ်စားလှယ်တို့သည် မြန်မာနိုင်ငံ စစ်တွေနှင့် ရန်ကုန်မြို့တို့တွင် ရုံးများ ဖွင့်လှစ်ရန် ယခုနှစ် စက်တင်္ဘာလ ၁၁ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ လက်မှတ်ရေးထိုး ပြီးနောက် မြန်မာနိုင်ငံ မြို့ကြီးများတွင် ရဟန်းတော်များမှ ဦးဆောင်ပြီး အိုအိုင်စီ ရုံးများ ဖွင့်လှစ်ရေးကို ကန့်ကွက် ဆန္ဒပြသည့် လူပ်ရှားမူများ နေ့စဉ် ရက်ဆက် ပေါ်ပေါက်ခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ADSL တပ်ဆင်ခနှင့် လစဉ်ကြေးများ နိုဝင်ဘာလ ၁ရက်နေ့မှ စတင်၍ လျှော့ချ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ADSL စနစ်၏ ကောက်ခံမှု နှုန်းထား လျှော့ချလိုက်သည်။ ယခင်က ADSL တပ်ဆင်ခမှာ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ဖြစ်သော်လည်း ယခု နှုန်းထားသစ်အရ ကနဦး တပ်ဆင်ခ နှုန်းထားမှာ ကျပ် ၅၀၀၀၀ (ငါးသောင်း) ဖြစ်သည်။ လစဉ်ကြေးအပိုင်းတွင် အမြန်နှုန်း 256 Kbps တွင် ယခင်က လစဉ်ကြေး ကျပ် ၃၀၀၀၀ (သုံးသောင်း) မှ နှုန်းထားအသစ်အရ ကျပ် ၁၇၀၀၀ (တစ်သောင်းခုနစ်ထောင်) သို့ လျှော့ချပေးလိုက်သဖြင့် ၄၃%ကျော် လျှော့ချပေးခြင်း ဖြစ်သည်။ အမြန်နှုန်း 2.5 Mbps တွင် ယခင်က လစဉ်ကြေး ကျပ် ၂၀၀၀၀၀ (နှစ်သိန်း) ကောက်ခံရာမှ ယခု ကျပ် ၈၀၀၀၀ (ရှစ်သောင်း) သာ ကောက်ခံတော့မည် ဖြစ်ပြီး ၆၀% အထိ ဈေးနှုန်း လျှော့ချပေးခဲ့ခြင်း ဖြစ်သည်။  ---
MNN  မှ
ပါကစ္စတန်ရေဘေး ၄၅၀ ကျော်သေ
17.10.2012 ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ မုတ်သုန်မိုးရာသီအတွင်း သီတင်းပတ်ပေါင်းများစွာ ရေကြီးခဲ့တာကြောင့် လူ ၄၅၅ ယောက်သေဆုံးပြီး ၅ သန်းကျော် ဘေးဒုက္ခရောက်ခဲ့ကြတယ်လို့ ပါကစ္စတန် ဘေးဒုက္ခ ကယ်ဆယ်ရေး အဖွဲ့က ခန့်မှန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ငါးပတ်အတွင်းမှာ ပါကစ္စတန်တနိုင်ငံလုံး ရေကြီးတဲ့ဘေးဒဏ်တွေကို ခံခဲ့ကြရတယ် လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုးဆုံးခံခဲ့ရတာကတော့ မြေနိမ့်ပိုင်း ဆင်းပြည် နယ် ဖြစ်ပါတယ်။ ဆင်းပြည်နယ်ဒေသဟာ ပင်လယ်ကမ်းရိုးတန်း တလျှောက် တည်ရှိတဲ့နေရာဖြစ်ပါ တယ်။ ရေကြီးမှုနဲ့ဆက်နွယ်တဲ့ သေဆုံးသူတ၀က်ကျော်ဟာ ဆင်းပြည်နယ်က ဖြစ်ပြီး လူ ၂ သိန်းခွဲ နီးပါးလောက် ဟာလည်း ကယ်ဆယ်ရေးစခန်းတွေမှာ နေ နေကြရပါတယ်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍဘက်မှာဆိုရင်လည်း ပန်ဂျပ်ပြည်နယ်က အဆိုးဆုံးခံရတာဖြစ်ပြီး သီးနှံစိုက်ပျိုးမြေ ဧက ၅ သိန်းလောက် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်မှာတော့ လယ်ယာသုံးတိရစ္ဆာန်တွေ အများဆုံးသေဆုံးခဲ့ပြီး နွားကောင်ရေ ၇ ထောင် သေဆုံးခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ နှစ်စဉ်လိုလို မုတ်သုန်ရာသီရောက်ပြီးဆိုရင် ရေကြီးတာတွေ ကြုံရတတ်ပြီး လွန်ခဲ့ တဲ့နှစ်နှစ်မှာလည်း ရေကြီးမှုဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်က ဖြစ်ခဲ့တဲ့ ရေကြီးမှု ကတော့ ရာစုနှစ်တခုအတွင်း အဆိုးဆုံးရေကြီးမှုဖြစ်ပါတယ်။ အဲဒီ ရေကြီးမှုကြောင့် ဗြိတိန်နိုင်ငံ အင်္ဂလန် နယ်လောက်ရှိတဲ့ မြေဧရိယာ ရေနစ်မြုပ်ခဲ့ပြီး ၁,၈၀၀ ကျော်သေဆုံးခဲ့သလို၊ လူပေါင်း ၂၁ သန်း ဒုက္ခရောက်ခဲ့ကြပါတယ်ခင်ဗျာ။
ဗွီအိုအေ (မြန်မာဌာန)
ဒေါ်အောင်ဆန်းစုကြည်အတွက် ဂျပန်ငြိမ်းချမ်းရေးဆု
17.10.2012
 မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင် ဆုတစ်ဆု ချီးမြှင့်မယ့်အကြောင်း ဂျပန်နိုင်ငံက ကြေညာလိုက်ပါတယ်။
နိုင်ငံတကာ ငြိမ်းချမ်းရေး တိုးတက်ထွန်းကားစေဖို့ ဆောင်ရွက်သူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်တဲ့ တတိယအကြိမ်မြောက် Sakai ငြိမ်းချမ်းရေးဆုကို အောက်တိုဘာ ၂၅ ရက်နေ့မှာ Sakai မြို့တော်မှာ ချီးမြှင့်ပေးအပ်ဖို့ ရှိပါတယ်။ ဂျပန်နိုင်ငံ Osacaနယ် Sakai မြို့အုပ်ချုပ်ရေးအဖွဲ့ က နှစ်နှစ် တစ်ကြိမ် ချီးမြှင့်တဲ့ ငြိမ်းချမ်းရေးဆုပေးပွဲကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး ဆုလက်ခံယူနိုင်မှာတော့ မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၄၀ အရွယ် ၁၉၈၅ ခုနှစ်က သားငယ်ဖြစ်သူနဲ့အတူ ဂျပန်နိုင်ငံ မှာ ခေတ္တနေထိုင်ခဲ့ပါတယ်။ မြန်မာ့လွပ်လပ်ရေး ကြိုးပမ်းမှုသမိုင်း သုတေသနလုပ်ငန်းအတွက် Kyoto တက္ကသိုလ်က အရှေ့တောင်အာရှလေ့လာရေးစင်တာမှာ ကိုးလ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
Wednesday, October 17, 2012
Nang Khin Zay Yar (Miss Myanmar) မြန်မာပြည်အတွက် ဂုဏ်ဆောင်နိုင်ပါစေ...
*မယ်မြန်မာကို အားပေးမယ် ဆိုရင် ပရိတ်သတ်တို့ အနေနဲ့ လုပ်စရာ ၃ ခုရှိပါတယ် ။ အဲဒါကတော့
၁ ။ Miss Internet Award အတွက် Vote ပေးခြင်း
၂ ။ Miss International 2012 People's Choice Award အတွက် Vote ပေးခြင်း ၊
၃ ။ Miss International 2012 Official Facebook Fan Page မှာရှိတဲ့ မြန်မာ့ကိုယ်စားပြု နန်းခင်ဇေယျာ ပုံ အားလုံး လေးလုံးပုံကို Like လုပ်ပေးခြင်း ဖြစ်ပါတယ် ။
၁ ။ Miss Internet Award အတွက် Vote ပေးခြင်း
http://www.flickr.com/photos/64086169@N03/8062634660/in/set-72157631640709082 မှာသွားပြီးပေးရမှာဖြစ်ပါတယ် ။
ပြုလုပ်ပုံ - အထက်ပါလင့်ကိုဖွင့်ပါ ။
Filcker မှာ ကိုယ့်ဖေ့ဘုတ်အကောင့်နဲ့ Sign Up လုပ်ရမှာဖြစ်ပါတယ် ။
(ကိုယ်မလုပ်ရသေးဘူးဆိုရင် ) ပြီးရင် Flicker ကို Log in ၀င်ပါ ။
နန်းခင်ဇေယျာ Photo ကိုရွေးပြီး Favourite လုပ်ပါ
( ပုံဘယ်ဖက်အပေါ်ထောင့်မှ ကြယ် Icon လေးကိုနှိပ်ရမှာဖြစ်ပါတယ် ) ပြီးတာနဲ့ ကွန်းမန့်နေရာမှာ ကိုယ်နန်းခင်ဇေယျာကို ထောက်ခံကြောင်း စာ နည်းနည်းရေးလိုက်ရင်ရပါပြီ ။ ဥပမာ We support Nan Khin Zayer ( On Behalf of Myanmar ) to be Miss International 2012 စသဖြင့်ပေါ့ ။ ငါးစက္ကန့်လောက်သာကြာတဲ့ဒီလုပ်ဆောင်မှုနဲ့ကွန်းမန့်တွေဟာ Miss Internet အတွက် များစွာ အထောက်အကူဖြစ်စေပါတယ် ။
၂ ။ Miss International 2012 People's Choice Award အတွက် Vote ပေးခြင်း
ဒီဆုကတော့ မြန်မာရလိမ့်မယ်လို့ ယူဆနိုင်ပါတယ် ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင်ပေါ့ ။
http://www.pageantology.net/t569-pageantologynet-miss-international-2012-people-s-choice-award ကိုဖွင့်ပြီး Myanmar ကိုရွေးကာ Vote လုပ်ပေးရမှာဖြစ်ပါတယ် ။ နေ့တိုင်း ၀င်ပြီး မဲမေးနိုင်ပါတယ် ။
၃ ။ Miss International 2012 Official Facebook Fan Page မှာရှိတဲ့ မြန်မာ့ကိုယ်စားပြု နန်းခင်ဇေယျာ ပုံ လေးပုံကို Like လုပ်ပေးခြင်း
https://www.facebook.com/media/set/?set=a.137306436415628.44897.132781446868127&type=3 ကို
ဖွင့်ပြီး ပေါ်လာတဲ့ပုံလေးပုံကို တစ်ပုံချင်းစီ ဖွင့်ပြီး Like နှိပ်ပေးခြင်းအားဖြင့်ကူညီပေးနိုင်ပါတယ် ။
 Nang Khin Zay Yar (Miss Myanmar) ၏ Facebook စာမျက်နှာမှ