Pages

Saturday, November 17, 2012

၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်လာတော့မည့် 98B

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 98B သည် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာလ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း မုန်တိုင်း ဖြစ်နိုင်ခြေအဆင့် HIGH သို့ သတ်မှတ်လိုက်ပြီဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားပါသည်။
နိုဝင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် ညနေ ၁၈၃ဝ နာရီတွင် ရရှိသည့် NRL data များအရ မုန်တိုင်းဖြစ်လာတော့မည့် 98B သည် လပွတ္တာမြို့ အနောက်ဘက် ၃၉ဝ မိုင်ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင် ၃၈ဝ ခန့်၊ အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်၊ Kolkata မြို့တောင်ဘက် မိုင် ၄၄ဝ ခန့်နှင့် သြရိသပြည်နယ်(Odisha) Bhubaneswar မြို့ အရှေ့တောင်ဘက် ၃၄၅ မိုင်ခန့်တွင် တည်ရှိနေပြီး အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်မည်ဟု ခန့်မှန်းထားပါသည်။ 98B ၏ ဗဟိုတွင် လေတိုက်နှုန်း ၃ဝ နော်တီကယ်မိုင် (တစ်နာရီ ၃၄.၅၂ မိုင်) နှုန်းရှိနိုင်ပြီး၊ ဖိအား 1000 hPa သို့ ကျဆင်းလျှက်ရှိကြောင်း တွေ့ရှိရပြီ လွန်ခဲ့သည် ၆ နာရီအတွင်း အနောက်မြေက်ဘက်သို့ တစ်နာရီ ၆ မိုင်ခွဲနှုန်းဖြင့် ရွေ့လျားခဲ့ကြောင်း သိရပါသည်။
98B 17 Nov 2012 1200Z
Location: 16.2 88.9
Winds: 30 knots
Central Pressure: 1000 hPa

ဆီတွဲမီးလောင် လူနာများအတွက် ဆေးဝါးများ လိုအပ်လျက်ရှိ

 
ရန်ကုန်၊ နိုဝင်ဘာ ၁ရ

သေဆုံးသူ ဦးရေမှာ ၄၆ ဦးအထိ မြင့်တက်ခဲ့သော ဆီတွဲရထားတိမ်မှောက် မီးလောင် မှုကြောင့် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများ အတွက် ဆေးဝါများ လိုအပ်လျက်ရှိပြီး လှူဒါန်း လိုသူများ အနေဖြင့် ဆေးဝါး သော်လည်းကောင်း၊ ဆေးဖိုး ကုန်ကျငွေသော် လည်းကောင်း ကန့်ဘလူ ကုတင် ၁၀၀ ဆေးရုံသို့ လှူဒါန်းနိုင်ကြောင်းနှင့် လူနာများ လက်သို့လည်း တိုက်ရိုက် လှူဒါန်းနိုင်ကြောင်း အဆိုပါ ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ မိုးမြင့် က The Voice Weekly သို့ ပြော ကြားသည်။

“ကျွန်တော်တို့ လူနာတွေ အတွက် အဓိက လိုအပ်တာ ဆေးဝါးပါ၊ ကျန်တာတွေလည်း လူနာတွေ အတွက် ပံပိုး ပေးနေပါတယ်၊ လှူချင်တဲ့ လူတွေအနေနဲ့ ဆေးဝယ်ပြီး လှူရင်လည်း ရသလို ငွေသားလည်း လှူလို့ ရပါတယ်” ဟု ဒေါက်တာမိုးမြင့်က ဆိုသည်။

နိုဝင်ဘာ ၁၀ရက်မှ ၁ရရက်နေ့ အထိ ကန့်ဘလူ ဆေးရုံတွင် တက်ရောက် ကုသမှု ခံယူနေသူ ပြင်းထန်မီးလောင် လူနာ ၂၁ ဦး ထပ်မံ သေဆုံးခဲ့ရာသေဆုံးသူ ဦးရေမှာ ၄၆ ဦးအထိ မြင့်တက်ခဲ့သည်။


ချပ်ကြီးဘူတာ အနီး ဆီးတွဲ မီးလောင်မှုကြောင့် ကန့်ဘလူ ကုတင် ၁၀၀ဆေးရုံမှ မီးလောင် လူနာများအတွက် ကျန်းမာရေးဝန်ကြီးဌာန ကငွေကျပ်သိန်းတစ်ရာ နှင့် ပြင်ပအလှူရှင် များက ငွေကျပ် တစ်ရာလေးဆယ့်သုံးသိန်း ကို လှူဒါန်း ခဲ့ကြောင်းလူနာများ အတွက် တစ်ရက်ဆေးဖိုး ကုန်ကျငွေမှာ ငွေကျပ် ၃၅ သိန်းခန့် ရှိကြောင်း ၎င်းကပြောကြားသည်။

လူနာများအတွက် လှူဒါန်းလိုသူ များသည် ကန့်ဘလူဆေးရုံ ဆေးရုံအုပ် ဖုန်း ၀၇၅-၂၇၀၁၃၊ ဦးမင်းကြည်ဦး-၀၉-၆၈၀၈၈၅၀၊
ဒေါက်တာ လှိုင်မြင့်ဟန်-၀၉-၄၇၀၆၆၇၁၃၊ ဦးဇော်လင်းထွန်း-၀၉-၆၄၆၆၂၃၂ တို့သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

ရန်ကုန်မြို့မှ အလှူရှင်များအနေဖြင့် ဆေးဝါ (သို့)ဆေးဝါးဝယ်ယူ ရန်ငွေကြေးများ လှူဒါန်းလိုပါက The Voice Weekly ရုံးခန်း အမှတ် ၄၅၈၊မဟာဗန္ဒုလလမ်းနှင့်၃၁ လမ်းထောင်ဖုန်းနံပတ်၂၄၂၄၂၄၊၃၈၉၂၁၀၊၃၈၉၂၁၁၊၃၇၂၉၀၅ တို့သို့ဆက်သွယ်လှူဒါန်းနိုင် ကြောင်း အသိပေးအပ်ပါသည်။

The Voice Weekly

ဆယ်စုနှစ်တစ်စုနီးပါး မြန်မာ့သွင်းကုန်များ ပိတ်ပင်ထားမှု အမေရိကန်ပယ်ဖျက်

ဝါရှင်တန်၊ နိုဝင်ဘာ - ၁၇

အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံမှ သွင်းကုန်များအား ဆယ်စုနှစ်တစ်ခုစာနီးပါးပိတ်ဆို့ထားမှုအား အိုဘားမား၏ သမိုင်းဝင် အလည်အပတ်ခရီး မလာမီ ယမန်နေ့က ပယ်ဖျက် ပေးလိုက်သည်။

အိုဘားမား အစိုးရသည် မြန်မာအပေါ်၌ ခြစားမှုနှင့် အကြမ်းဖက်မှုတို့၏ အဓိကမောင်းနှင်အားအဖြစ်ရှုမြင်ခံရသော ကျောက်မျက်ကဏ္ဍ ပိတ်ပင်မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများ အားလုံးပယ်ဖျက်ပေးသည်။

“ယခုပယ်ဖျက်ပေးမှုသည် မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများကို ထပ်မံတွန်း အားပေးရန် မြန်မာနှင့် အမေရိကန်စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ပေါ်ထွန်းစေရန်” ရည်ရွယ်ကြောင်း အမေရိကန်အစိုးရ ကြေညာချက်တွင်ဖော်ပြထားသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဌာနတို့က ပူးတွဲထုတ် ပြန်ထားသောယင်း ကြေညာချက်တွင် မြန်မာအစိုးရနှင့် အတိုက်အခံခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည် တို့သည် ၎င်းတို့၏ တိုင်းပြည်ကို ကမ္ဘာ့စီးပွားရေးနှင့် ထပ်မံပေါင်းစပ်နိုင်ရေးအတွက် ယခုခြေလှမ်းကို ကြိုဆိုခဲ့ကြ ကြောင်းဖော်ပြထားသည်။

ယခုကြေညာခဲ့သည့် သွင်းကုန်ပိတ်ဆို့မှု ပယ်ဖျက်ခြင်းတွင် အမေရိကန်ကုမ္ပဏီများအား တွဲဖက်စီးပွားရေးလုပ်ခွင့် ပိတ်ပင်ထားသည့် အမည်မည်းစာရင်းဝင် မြန်မာကုမ္ပဏီခုနစ်ခုကိုလည်း ပယ်ဖျက်ပေးခဲ့သည်။ အမေရိကန် ကွန်ဂရက်တွင် ထိပ်တန်းရီပက် ဘလေကန်ခေါင်းဆောင်ဖြစ်ပြီး အိုဘားမားအား ဝေဖန်လေ့ရှိသူ အထက်လွှတ်တော်အမတ် မစ်ခ်ျမက်ကွန်နယ်ကလည်း အိုဘားမား၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ကို ထောက်ခံကြောင်း8ပြောကြားထားသည်။

-Ref: AFP

ကျောက်မီးသွေးအတွက် တနင်္သာရီ ၈၈ များ ကွဲကြမလား




တနင်္သာရီတိုင်းမှာ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆိုတဲ့ ခရိုင် ၃ ခု ရှိပါတယ်။  ခရိုင်တခုစီမှာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ တဖွဲ့စီ ရှိသလို၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းလည်း တခုစီ ရှိကြပါတယ်။

ထားဝယ်မှာက ၄,ဝဝဝ မဂ္ဂါဝပ်၊ မြိတ်မှာ ၅၀ မဂ္ဂါဝပ်နဲ့ ကော့သောင်းမှာတော့ ၈ မဂ္ဂါဝပ် ထုတ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေပါ။

ဒေသခံတွေကန့်ကွက်လို့ ထားဝယ်က ၄,ဝဝဝ မဂ္ဂါဝပ်ကို နှစ်ဆန်းပိုင်းကတည်းက ၄၀၀ မဂ္ဂါဝပ်ထိ အစိုးရက လျှော့ချပေးလိုက်ပါပြီ။ 
ကျန်တဲ့ နှစ်နေရာတွေကတော့ကန့်ကွက်မှုတွေနဲ့ ကြုံနေရဆဲ။  ဒီအထဲမှာ လည်ပတ်နေတဲ့စက်ရုံက ကော့သောင်း။


အန္တရာယ် ရှိတယ် ဆိုတဲ့သူတွေကကန့်ကွက် ဆန္ဒပြလိုက်၊ လျှပ်စစ်မီး ဈေးပေါပေါနဲ့ လိုချင်သူတွေက ထောက်ခံ ဆန္ဒပြလိုက်၊ တဖက်က ပြန်ပြီးကန့်ကွက် ဆန္ဒပြလိုက်နဲ့ ကော့သောင်း ကျောက်မီးသွေး ဆန္ဒပြ သံသရာက လည်နေပါလေရော။

ဒီလိုနဲ့ နိုဝင်ဘာ ၁၁ မှာ ကော့သောင်း ၈၈ တွေက စက်ရုံကို သွားရောက်လေ့လာပါတယ်။  ရရှိတဲ့အချက်အလက်တွေကို မှတ်တမ်းတင်ပါတယ်။

ဒါပေမဲ့ ကော့သောင်း ၈၈ မှာ ပါတဲ့ကိုထင်လင်းဆွေက စက်ရုံဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိဘူးလို့ အဖွဲ့ရဲ့ သဘောထား မပါဘဲ ကော့သောင်း ၈၈ နာမည် သုံးပြီး မီဒီယာတွေကို ဖွင့်ချလိုက်ပါတယ်။

ဒီတော့ ရန်ကုန် ၈၈ ကကော၊ တခြား ခရိုင်တွေက ၈၈ တွေကပါ ကော့သောင်း ၈၈ တွေဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု မရှိဘူးလို့ ဆုံးဖြတ်နိုင်အောင် ပညာရှင်တွေမို့လား ဆိုပြီး မေးခွန်းထုတ်လာပါတယ်။

ဒီတော့ နိုဝင်ဘာ ၁၅ မှာ ကော့သောင်း ၈၈ ကို ဦးစီးတဲ့ ကိုမင်းလွင်က အရေးပေါ် အစည်းအဝေးခေါ်ပြီး “ကော့သောင်းမြို့ ကျောက်မီးသွေးစက်ရုံနှင့် ပတ်သက်၍ ရေးသားဖော်ပြချက်များသည် ကော့သောင်း ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ပုဂ္ဂိုလ်တဦးတယောက်၏ ထင်မြင်ယူဆချက်မျှသာ ဖြစ်ပြီး ကော့သောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ သဘောထား မဟုတ်ကြောင်း” ဆိုပြီး ကြေညာချက် ထုတ်ရပါသတဲ့။


ကော့သောင်း ၈၈ တွေထဲက အများစုဟာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အလွမ်းသင့်ကြသူတွေ ဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းရှင်တွေ အကြိုက် လိုက်လုပ်နေတယ်လို့ ပြောဆိုသံတွေလည်း ကြားနေရပါတယ်။

ကိုမင်းလွင်ကတော့  “ကျနော်တို့ ၈၈ ရဲ့ ရည်ရွယ်ချက်က ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေးပါ။ ကျနော်တို့ဟာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ဝေခံ မဟုတ်သလို၊ နိုင်ငံရေးပါတီတွေရဲ့ လက်အောက်ခံလည်း မဟုတ်ဘူး။  နောက်တခါ ဒီလို မဖြစ်အောင်ကျနော်တို့ ထိန်းကျောင်းသွားမယ်” လို့ ပြောပါတယ်။

ကိုမင်းလွင်က မိမိတို့ ကော့သောင်း ၈၈ အဖွဲ့ဝင် အချို့ရဲ့ လုပ်ရပ်ဟာ ၈၈ ပုံရိပ်ကို ထိခိုက်စေပြီး မကြာခင် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် ကော့သောင်းကို လာမယ့် ရန်ကုန် ၈၈ များအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောပါတယ်။  ဒါပေမဲ့ သူတို့အချင်းချင်းကြား အကွဲအပြဲ ဖြစ်မလာနိုင်ပါဘူး တဲ့။

ကော့သောင်း ၈၈ အများစုက ကျောက်မီးသွေး စက်ရုံကို လက်ခံကြပေမဲ့ မြိတ် ၈၈ တွေကတော့ လက်မခံတဲ့သူတွေ ဖြစ်ကြပါတယ်။

တိုင်းတခုအတွင်းမှာ ရှိကြတဲ့ သူတို့တွေဟာ အချို့ကိစ္စတွေမှာတော့ ပူးပေါင်း လုပ်ဆောင်ကြပေမဲ့ ကျောက်မီးသွေးနဲ့ ပတ်သက်ပြီးတော့ သဘောထား မတိုက်ဆိုင်ကြပါဘူး။

မြိတ်ဘက်က သုတေသနစာတမ်းတွေကို ကိုးကားပြီး ဆိုးကျိုးတွေကို ထောက်ပြလိုက်၊ ကော့သောင်းဘက် ကလည်း ခေတ်မီတဲ့ နိုင်ငံတွေမှာ သုံးနေတဲ့ နျူကလီးယား နည်းပညာ လောက်တော့ ဆိုးရွားမယ် မထင်ဘူးလို့ ပြန်ချေပလိုက်နဲ့ သူတို့ အချင်းချင်းကြားမှာ ကျောက်မီးသွေး ကောင်းကျိုး ဆိုးကျိုးတွေ ကို ငြင်းခုံနေကြဆဲ။

ဒီတော့ ကျောက်မီးသွေးအတွက် တနင်္သာရီ ၈၈ များ ကွဲကြမလား၊ ပြန်ပြီး ပြေလည်နိုင်ကြမလား  ဆိုတာ စောင့်ကြည့်ရပါတော့မယ်။ 

ဧရာဝတီ

ရန်ကုန်မြို့မှ ရမည်းသင်းမြို့ထိ ခြေလျင်လျှောက် ဆန္ဒဖေါ်ထုတ်သည့် မိုးထိမိုးမိ အဖွဲ့ တောင်ငူမြို့သို့ ဆိုက်ရောက်







ရန်ကုန်မြို့မှ ရမည်းသင်းမြို့အထိ ရန်ကုန် - မန္တလေး အဝေးပြေး ကားလမ်းမကြီး အတိုင်း ခြေလျင်ခရီး လျောက်၍ ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများအဖွဲ့ တောင်ငူမြို့သို့ ၂၀၁၂-ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့ ညနေ (၄း၀၀) နာရီအချိန်ခန့်တွင် ရောက်ရှိလာခဲ့သည်။

အဆိုပါ အလုပ်သမားအဖွဲ့မှာ ရန်ကုန်မြို့မှ နိုဝင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းမှ အင်အား (၈၁) ယောက်ဖြင့် စတင်ထွက်ခွာ လာခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတလျှောက် ရာသီဥတု ပြင်းထန်မှုနှင့် လမ်းလျှောက် ဆန္ဒပြသူ အချို့၏ ကျန်းမာရေး အခြေအနေကြောင့်  တောင်ငူမြို့သို့ ရောက်ရှိချိန်တွင် အင်အား (၆၀) ကျော် ခန့်သာ ကျန်ရှိကြောင်း၊  လမ်းလျှောက် ဆန္ဒပြ အဖွဲ့သည် (၁၆-၁၁-၂၀၁၂) ရက်နေ့  ညတွင်  တောင်ငူမြို့၊ စည်ပင်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တရပ်နားပြီး ညအိပ်တည်းခိုခဲ့သည်။ (၁၇-၁၁-၂၀၁၂) ရက်နေ့ တွင် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရပါသည်။

By Myanmar News Now

သံရုံး အတိုက်ခံရမှု ထုတ်ပြန်ချက် CIA အကြီးအကဲဟောင်းကို စစ်ဆေး

စက်တင်ဘာလ ၁၁ ရက်နေ့ က လစ်ဗျားနိုင်ငံရှိ အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုကို သမ္မတအိုဘားမားအစိုးရ ရဲ့ ကနဦးဖော်ပြချက်နဲ့ ပါတ်သက်ပြီး စီအိုင်အေ အကြီးအကဲဟောင်း David Petraeus ကို  အောက်လွှတ်တော် နဲ့ ဆီးနိတ်လွှတ်တော်ကော်မတီ တို့က စစ်ဆေးခဲ့ကြပါတယ်။

ဒီဘန်ဂါဇီ (Benghazi) တိုက်ခိုက်မှုမှာ အကြမ်းဖက်သမားတွေ ပါဝင်တယ်ဆိုတာ သူအစကတည်းက ယူဆခဲ့ကြောင်း Petraeus က ထွက်ဆိုခဲ့တယ်လို့ ထောက်လှမ်းရေးကော်မတီဝင် အမတ်တွေက ဆိုပါတယ်။ ဒါပေမယ့် Petraeus အနေနဲ့ အဲ့ဒီအဖြစ်အပျက်ကို ပထမဦးဆုံး ဘယ်လို ဖော်ပြခဲ့သလဲ ဆိုတာကို မေးမြန်းခဲ့တယ်လို့ နိုင်ငံတော်လုံခြုံရေး ကော်မတီဥက္ကဌ Peter King ကဆိုပါတယ်။

တိုက်ခိုက်ခံရပြီးမကြာခင် ဒါဟာအကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်ကြောင်း  Petraeus က ပြောတယ် ဆိုတာ သူမမှတ်မိဘူးလို့လည်း မစ္စတာ  King  ကဆိုပါတယ်။ သမ္မတအိုဘားမားအစိုးရ အနေနဲ့ နိုဝင်ဘာ ၆ရက် ရွေးကောက်ပွဲမတိုင်ခင် ကသိကအောက် မဖြစ်စေချင်လို့ အဖြစ်မှန်ကို ဖုန်းကွယ်ထားခဲ့သလားဆိုပြီးတော့ မေးခွန်းထုတ်နေကြတာ ဖြစ်ပါတယ်။

အလွဲသုံးစားများသတိထား


မကြာသေးမီက ပြည်ထောင်စု လွှတ်တော်မှာ ဘဏ္ဍာငွေကြေး အလွဲသုံးစားကိစ္စနဲ့ပတ်သက်ပြီး တင်ပြ 
ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါတယ်။ 

အခုတော့ ဒီကိစ္စထဲက တခုနဲ့ပတ်သက်ပြီး အမှတ် (၃) အခြေခံ ပညာ ဦးစီးဌာနက ကျွမ်းကျင် ၀န်ထမ်း တယောက်ရဲ့ တာဝန်ပျက်ကွက်ခဲ့တာဖြစ်ပြိး  နိုင်ငံတော်ကို ပေးသွင်းရန် ငွေကြေး ကျပ် ၅ သန်းကျော် ကိုလည်း ပြန်လည် ပေးသွင်းပြီးဖြစ်ယုံမက အဆိုပါ ၀န်ထမ်းကိုလည်း ပင်စင်ပေး၊ မြို့နယ်ပညာရေးမှူးကို လည်း အဆင့်နှိမ့်ချ နယ်ပြောင်းရွှေ့ကာ အပြစ်ပေး လိုက်ကြောင်း သတင်းစာပါ ဖော်ပြချက်ပါ။

ပြည်သူသို့ အသိပေးခြင်းအမည်နဲ့ မြန်မာ့ အလင်းသတင်းစာပါ ကြေငြာချက်ကို ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်။  ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။ 





ဧရာဝတီ blog မှ

Friday, November 16, 2012

အမေရိကန် သမ္မတ Obama စီးတဲ့ Air force one အကြောင်းတစေ့တစောင်း


အများအထင်မှာ ၊ လေတပ် (၁) (Air force one) လို့ဆိုလိုက်တာနဲ့ ၊ သမ္မတတံဆိပ် နဲ့ အမေရိကန် အာဏါ (ပါဝါ) ကိုဖေါ်ပြတဲ့ ဘိုရင်း (၇၄၇) လေယဉ်ကိုဘဲ မျက်စိထဲ မြင်မိကြလိမ့်မယ် ထင်ပါတယ်။ တကယ်က လေတပ် (၁) (Air force one) ဆိုတာက လေယဉ်ကို သတ်မှတ်ပေးတဲ့ (call sign) လို့ခေါ် တဲ့ လေယဉ်နဲ့ ဆက်သွယ်တဲ့ နံမည်သတ်မှတ်မှုပါပဲ။ လူတွေကို မောင်ဘ ၊ မောင်လှ ဆိုပြီး ခွဲခြားနိုင်အောင် နံမည် ပေးကြသလို ၊ လေယဉ်တွေမှာလည်း ဆက်သွယ်တဲ့ အခါ သိသာ အောင် (call sign) သတ်မှတ်ပေးတာပါ။ ဘယ်လေယဉ် မဆို အမေရိကန်သမ္မတ လိုက်ပါလာတဲ့ လေယဉ်ကို လေတပ် (၁) (Air force one) လို့သတ်မှတ်ပါတယ်။

ဒီလိုသတ်မှတ်ရတဲ့ ရာဇ၀င်ကလည်း ၁၉၅၃ ခုနှစ်မှာ သမ္မတ အိုင်စင်ဟာဝါ စီးနင်းလိုက်ပါလာတဲ့ လေယဉ် (လေတပ် ၈၆၁၀) ဟာ Eastern Airline လေယဉ် အမှတ် ၈၆၁၀ နဲ့ သတ်မှတ်လေနယ်ပယ် (air space) တစ်ခုမှာ call sign ချင်းလာတူနေတဲ့ အတွက် ၊ နောင် မမှားရလေအောင် သမ္မတလေယဉ်ကို လေတပ် (၁) (Air Force (1) ) လို့သတ်မှတ် ခဲ့ရ တာပါ။ တကယ်တော့ မျက်စိယဉ်နေကြတဲ့ ဘိုးရင်း (ရ၄ရ) ပင် (၂) စီးရှိပါတယ်။ သမ္မတပါလာတဲ့ လေယဉ် ကိုမှ အဲဒီအချိန်မှာ လေတပ် (၁) (air force (1)) လို့ သတ် မှတ်ပါတယ်။

သမ္မတအတွက် အထူးဆောက်လုပ်ထားတဲ့ ဘိုးရင် (၇၄၇) နှစ်ဆင်းကို မြို့တော်ဝါရှင်တန် အပြင်ဖက် မေရိလန်မှာ ရှိတဲ့ အင်တရူးလေတပ်စခန်းမှာရှိတဲ့ (၈၉) လေတပ်ထောက်ပံ့တပ် airlift wing ကတာ ၀န်ယူထိန်းသိမ်း ရပါတယ်။ ဗိုလ်မှူးကြီး အဆင့် ကိုယ်တိုင်တပ်ရင်မှူး ဖြစ်သလို ကိုယ်တိုင်လေယဉ်မှူး အဖြစ်တာဝန်ယူ ရပါတယ်။ အမေရိကန်သမ္မတ ရဲ့ လုံခြုံရေးဟာ အလွန်အရေးကြီးတဲ့ အတွက် အမေရိကန် သမ္မတခရီးစဉ်မှာ စီးဖို့ကား (the Beast) ကအစ တခါတရံ ရဟတ်ယဉ် ပါ C130 ပစ္စည်းတင် လေယဉ်ကြီး တွေနဲ့ အရင် သယ်ချလာကြပါတယ်။ လိုအပ်လျှင် အမေရိကန် လုံခြုံရေး နဲ့ လက်ဖြောင့်တပ်သားတွေပါ လေယဉ်ကွင်း တွေမှာ ချထားလေ့ရှိပါတယ်။


သမ္မတလေယဉ်ဟာ ဆီဖြည့်ပြီး အမြဲ အဆင်သင့် ပြင်ထား ရပါတယ်။ လုံခြုံရေး စိတ်မချရသည့် နိုင်ငံများ ခရီးစဉ်တွင် လေယဉ်နှစ်စီးလုံး သေခြာရန် ယူဆောင် လာ လေ့ရှိသည့် အပြင် ဓါတ်ဆီတွေ ပါသယ်လာလှေ့ရှိပါတယ်။

သို့သော် အမေရိကန်သမ္မတ လေယဉ်အတွက် တိုက်လေယဉ် အစောင့်မထားပါ။ အကြောင်းမှာ ဘိုရင်း (၇၄၇) လေယဉ် နှစ်ဆင်းလုံးတွင် ဒုံးကျည် များကို ရှောင်ထွင်းနိုင်သော နောက်ဆုံးပေါ် လျှပ်စစ်ကရိယာ များ တပ်ဆင်ထား၍ ဖြစ်သည်။ ဥပမာ့ heat seeking missile ဟုခေါ်သော (အပူ) ကိုရှာသော ဒုံးကျည်များကိုလမ်းလွှဲရန် ထန်ပြန်းဒုံးကြည်များပါသလို အခြား ခေတ်ပေါ် ထန်ပြန်လျှပ်စစ် ကရိယာများ တပ်ဆင်ထားပါသည်။ တကယ်တော့ အဲဖို့ဝမ်းဆိုတာ သမ္မတတစ်ယောက် အတွက် လိုအပ်တဲ့ ဆက်သွယ် ရေး ကရိယာ တွေ အကုန်ပါသည့် အပြင် အကူရုံးသားအားလုံးကို တင်ဆောင်နိုင်သော လေပေါ် သမ္မတ ရုံခန်း တစ်ခုပင် ဖြစ်သည်။


(၉-၁၁) ဟုနံမည်ကျော်သော ၂၀၁၁ စက်တင်ဘာလ ၁၁ နေ့က နယူးရောက်မြို့ နှင့် ၀ါရှင်တန်မြို့တို့ အတိုက်ခံရစဉ်က ဘာမှန်း မသိနိုင်သည့်အတွက် ၊ သမ္မတဘုရ် စီးလာသောလေယဉ် အတိုက်ခံရမည်ကို စိုးရိမ်သောကြောင့် သာတိုက် လေယဉ် အစောင့်အရှောက် တောင်းဖူးသည်။ ၁၉၇၄ ခုနှစ် ဇွန်လတွင် သမ္မတ နစ်ဆင်သည် ဆီးရီးယား နိုင်ငံသို့ ရပ်နားမှုအစီအစဉ်အတိုင်း ရပ်နားရန် ပျံသန်းစဉ် ဆီရီးယား စစ်တိုက်လေယဉ်များက အကြောင်းမကြားပဲ စောင့် ရှောက် ရန် ချဉ်းကပ်လာကြရာ အဲဖို့ဝမ်း ခမြာ အတင်းထိုးဆင်း (Dive) လုပ်ကာ ရှောင်ထိန်ခြင်းပြုခဲ့ရဖူးသည်။ သမ္မဘုရ် မကြေ ငြာပဲ အန္တရာယ်များသော အီရတ်သို့ တိပ်တစိပ် ပျံသန်းနေစဉ် ခရီးသည်တင် လေယဉ်မှူးတဦးက အမေရိကန်သမ္မတ တံဆိပ်ကြီးနှင့် လေယဉ်ကို တွေ့၍ အဲဖို့ဝမ်း မဟုတ်လားလို့ လှမ်းမေးသည့်အတွက် ဗျာများခဲ့ရဖူးသည်။

သမ္မတ ကနေဒီ လုပ်ကြံခံရပြီး သမ္မတ ဂျွန်ဆင် ဟာ ကျန်ရစ်သူ ဂျက်ကလင်းကနေဒီ ၏ရှေ့မှောက်လေယဉ် ပေါ်မှာပင် ကျမ်းသစ္စာခံယူခဲ့ ပုံကို မည်သူမှ မေ့နိုင်မည်မဟုတ်ပါ။ ရာဇ၀င် တင်ခဲ့သော ဓါတ်ပုံတစ်ခုပင်။ ယင်း လေယဉ် ၏အမည်ရင်းမှာ Speical Airforce Mission (SAM) 26000 အမည်ရှိသော ဘိုရင်း ၇၀၇ လေယဉ် ဖြစ်ပါသည်။ ဤလေယဉ်နှင့် ပင် သမ္မတ နစ်ဆင် သည် ရာဇ၀င်တင်ခဲ့သော ဖေဖေါ်ဝါရီ ၊ ၁၉၇၂ ခုနှစ် တရုတ် ပြည် ခရီးစဉ် နှင့်ထိုနှစ်နှစ်ဟောင်းပိုင်းတွင် ဆိုဗီယက်ယူနီယံ ခရီးစဉ် တို့ကို သွားရောက်ခဲ့ သည်။ ခရီးစဉ် နှစ်ခုလုံးမှာ အမေရိကန်သမ္မတ အတွက် ပထမဦးဆုံး ခရီးစဉ် များဖြစ်သည်။

အခုခေတ်မှာမှ အမေရိကန် သမ္မတတဦး ခရီးထွက်ဖို့ရာ အစောင့်အရှောက်တွေက တဖုံကြီး။ သမ္မတကို စောင့်ရှောက်ရသော secret service ဟုခေါ်သော သက်တော်စောင့် တွေက ၀ိုင်းရံလျှက်။ မမြင်ရသော အကြို ပြင်ဆင်ရသော အမေရိကန် စစ်သည်တွေက ပို၍ပင်များသေး။ မပိုလွန်းဖူးလား လို့ထင်စရာ။ အကုန်အကျ များလိုက်တာလို့ ထင်စရာ။

တချိန်က သမ္မတစံအိမ်တော်ကို တံခါးသွားခေါက်လျှင် လာဖွင့်ပေးသူမှာ သမ္မကိုယ်တိုင် ရှိခဲ့ဖူးသည်ဟု ဆိုလျှင် ယုံနိုင်ဖွယ် မရှိ။ ၁၉၀၁ ခု ၊ ၂၅ ယေက်မြောက်သမ္မတ ၀ီလျှံမက်ကင်းလီ အသတ်ခံရပြီး မှာ ကွန်ကရက်က စီးကရက်ဆာလ်ဖစ် ကို သမ္မတကို စောင့်ရှောက်ရန် အမိန့်ချမှတ်ခဲ့သည်။ အမေရိကန် ရာဇ၀င်မှာ သမ္မတ (၄) ဦး အသတ်ခံရဖူးပြီး (၂) ယောက် မသေသော်လည်း ဒဏ်ရာရဖူးသည်။ ထို့ကြောင့် ယနေ့အချိန်အခါတွင် သမ္မတစ်ယောက် ၏အသက်ကို ကာကွယ်ရန်မှာ အလွန်လိုအပ်သော တာဝန်ဖြစ် လာရပေသည်။

မက်ကင်းလီ သည် လူထုနှင့် ထိတွေ့ရသည်ကို သဘောကျ၍ ၎င်းအတွက်လုံခြုံရေးကို လက်မခံခဲ့ပေ။ ၎င်း၏အတွင်းဝန်က စိုးရိမ်၍ ၎င်း၏ခရီးစဉ်ကို (၂) ကြိမ်ဖျက်ခဲ့သော်လည်း သမ္မတက ပြန်လည် ထဲ့သွင်း ခဲ့သည်။ သေဖို့ရာ ကံ ပါဘာသည်လို့ပဲ ဆိုရမလားမသိ။ မြန်မာနိုင်ငံတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း ကိစိုးရိမ်၍ ဖဆပလ ခေါင်းဆောင်များက လုံခြုံရေး အားဖြည့်ခဲ့သော်လည်း ဗိုလ်ချုပ်က လက်မခံခဲ့။ ဗိုလ်ချုပ်ကို ဆုံရှူံးခဲ့ ရသည့်အတွက် မြန်မာနိုင်ငံ၏ ရာဇ၀င် လမ်း ပြောင်းခဲ့ရသည်။ ဤကဲ့သို့ အန္တရယ် မျိုးကိုစိုးရိမ်၍ အမေရိကန်တွေက ကုန်ကျမှုကို ဂရုမစိုက်ကြတော့။ လုံခြုံရေးကိုသာ ဂရုစိုက်ကြသည်။ ဒေါ်စု သွားတုန်းက ပေးသော လုံခြုံရေး ကို သာ ကြည့်လျှင် မြင်သာပါသည်။

တရုတ်သမ္မတ ရန်စီမင်းလက်ထက် ကတရုတ်သမ္မတ အတွက်လေယဉ်ကို ပြင်ဆင်မွမ်းမံရန် အမေရိကန် ကုမ္ပဏီတစ်ခုကို အပ်နှံမိရာ စီအိုင်အေက လျှို့ဝှက် အသံဖမ်းစက်တွေ တပ်လွှတ်လိုက်၍ ပြဿနာ တက်ဖူး သည်။ ယ္ခုခေတ်မှာတော့ ချမ်းသာသည့် နိုင်ငံတိုင်း နိုင်ငံ့ထိပ်သီးတွေ အတွက် ကိုယ်ပိုင်လေယဉ် ထားနေ ကြပေပြီ ။

လက်ရှိ ဘိုရင်း ၇၄၇ နှစ်ဆင်းကို အစားထိုးရန် လေတပ်က ဖိတ်ခေါ်ခဲ့ရာ ပထမ ၇၄၇-၈ (သို့) Airbus A380 နှင့် အစားထိုးရန် စဉ်းစားကြသော်လည်း Airbus ကိုထုတ်လုပ်သည့် EADS ကုမ္ပဏီက နောက်ဆုတ် သွားသည့် အတွက် ဘိုရင်း ၇၄၇-၈ (သို့) ဘိုရင်း ၇၈၇ (Dreamliner) ဖြစ်ဖို့သာ ရှိပါတယ်။ သမ္မတအတွက် လေယဉ်အသစ် (၂) ဆင်းဟာ ၂၀၁၇ မှာ စတင်ပျံသန်း နိုင်လိမ့်မယ် လို့ လန့်မှန်းကြပါတယ်။

သမ္မတ လိုက်ပါတဲ့ ရဟတ်ယဉ်ကို မရင်းတွေက တာဝန်ယူရသည့် အတွက် မရင်း (၁) လို့ သတ်မှတ်ကြပါတယ်။


ဘိုဘိုကျော်ငြိမ်း(ဒေါင်းမာန်ဟုန်)

ကျောက်တော် စစ်တပ်က ရိတ်သိမ်းလယ်များ မြို့နယ်ဦးစီးက ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာတွင် စစ်တပ်က စပါး ရိတ်သိမ်းသွားသော လယ်မြေဧကများကို မြို့နယ် ဦးစီးမှူးရုံးက ယနေ့တွင် ကွင်းဆင်း  စစ်ဆေးနေသည်ဟု သတင်း ရရှိသည်။

စစ်တပ်က ရိတ်သိမ်းပြီး စပါးများကို တပ်ရင်းသို့ ကားဖြင့် သယ်ယူနေစဉ် (ဓါတ်ပုံ- RSV)
“ ဟုတ်ကဲ့။ မြို့နယ် ဦးစီးမှူးရုံးနဲ့ မြို့နယ်မြေတိုင်း ဦးစီးမှူးရုံးက လာရောက် တိုင်းတာနေပါတယ်။ စစ်တပ်က ရိတ်သိမ်းသွားတဲ့ လယ်ဧက ဘယ်လောက်ရှိတယ်ဆိုတာကို အခု တိုင်းတာနေပါတယ်။ စစ်တပ်ကတော့ ဒီကနေ့မှာ စပါးရိတ်သိမ်းတာလည်း မရှိသလို တစ်စုံတစ်ရာ ဟန့်တားမူ လုပ်တာလည်း မရှိပါဘူး” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
ကျောက်တော်မြို့နယ် ကန်စောက် အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှ စစ်သားများသည် ယမန်နေ့ထိ ပြည်သူများ ထွန်ယက်စိုက်ပျိုးထားသော စပါးခင်းများကို လာရောက် ရိတ်သိမ်းခဲ့သည်ဟု ဆိုသည်။
“ စစ်တပ်က မနေ့ကလည်း လာရောက် ရိတ်သိမ်းပါတယ်။ ပီးရင် အဲဒီ လယ်မြေတွေဟာ စစ်တပ်ပိုင် ဆိုပြီးလည်း ဆိုင်းဘုတ် (၂) ခု ထောင်သွားပါတယ်။ တစ်ခုက ကားလမ်းရှေ့မှာ ဖြစ်ပြီး နောက်တစ်ခုက အုတ်တောင်ပြင် ရွာဘက်က ထောင်ပါတယ်။ တပ်နယ်မြေဆိုပြီး ရေးထားပါတယ်” ဟု ဒေသခံ ပြောသည်။
ပြိန်းချောင်းနှင့် အနီးတ၀ိုက်ကျေးရွာများမှ လယ်သမားများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော လယ်ဧက  ၆၀၀ ကို ခမရ ၅၃၉ မှ တပ်ရင်းချရန် အတွက်ဟု အကြောင်းပြကာ သိမ်းယူသွားခဲ့ပြီး  လယ်သမားများ လက်ကျန် လုပ်ကိုင် စားသောက်နေသော ဧက ၁၂၀ ကိုလည်း စစ်တပ်ပိုင် လယ်မြေများ ဖြစ်သည်ဟု ဆိုကာ စစ်သားများက လက်နက် ကိုယ်စီဖြင့် လာရောက်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့က စပြီး စပါးများကို လာရောက် ရိတ်သိမ်းနေသည်ဟု ဆိုသည်။

စစ်တပ် မိသားစုများက ပြည်သူများ ထွန်ယက်စိုက်ပျိုးထားသော စပါး စိုက်ခင်းများကို တက်ရောက် ရိတ်သိမ်းနေစဉ် (ဓါတ်ပုံ- RSV)
လယ်သမား စိုက်ပျိုးထားသော စပါး စိုက် ဧက ၁၂၀ တွင် ယအခု စစ်တပ်က ဧက ၅၀ ခန့် ရိတ်သိမ်း ယူဆောင်သွားခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။
ယခုကဲ့သို့ စစ်တပ်က တရားလက်လွန် အနိုင်ကျင့်မူကို သည်းမခံနိုင်သဖြင့် လယ်သမားများက ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော် ဥက္ကဌများထိ တက်ရောက် တိုင်ကြားခဲ့သည်။
ထိုသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း နိုဝင်္ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဆည်မြောင်းဝန်ကြီး ဦးကိုကိုနိုင်သည် အဆိုပါကျေးရွာသို့ လာရောက် စစ်ဆေးခဲ့သည်ဟု ဆိုသည်။
ယနေ့တွင် မြို့နယ်ဦးစီးမှူးရုံးနှင့် မြေစာရင်းမှ စစ်တပ်က ရိတ်သိမ်း သွားသောစပါး စိုက်ခင်းများကို တိုင်းတာနေသော်လည်း ကျေးရွာသားများမှာမူ  စစ်တပ်က ၀င်ရောက် ရန်ရှာမည်ကို အထူး စိုးရိမ်နေကြသည်ဟု သတင်း ရရှိသည်။
နိရဉ္စရာ

ဂုဏ်ထူးတန်းသင်တန်း ပြန်လည်လက်ခံမည်

  ၁၆ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ဘာသာရပ် ဆိုင်ရာတွေရဲ့ ဂုဏ်ထူးတန်း သင်တန်းတွေကို ရန်ကုန် တက္ကသိုလ်မှာ မကြာမီ ပြန်လည် ဖွင့်လှစ်သွားဖို့ ရှိတယ်လို့ ရန်ကုန် တက္ကသိုလ် ဆရာတွေက ပြောပါတယ်။

ပြည်ထောင်စု ပညာရေး ၀န်ကြီးဌာနကနေ အဲဒီသင်တန်းတွေ ပြန်ဖွင့်ပေးဖို့ ရန်ကုန်တက္ကသိုလ်က ဘာသာရပ်ဌာန အသီးသီးမှာ လေ့လာ ဆန်းစစ်နေပြီလို့ ဆိုပါတယ်။

မြန်မာတနိုင်ငံလုံးက မည်သည့် တက္ကသိုလ်ကမဆို ဒုတိယနှစ်သင်တန်းမှာ ဂုဏ်ထူးတန်း အဆင့်မီအောင်မြင်တဲ့ ကျောင်းသားတိုင်းဟာ ရန်ကုန်တက္ကသိုလ်မှာ ဂုဏ်ထူးတန်း တက်ရောက်ဖို့ လျှောက်ထားနိုင်ပြီး အဆင့်မီစာမေးပွဲကို ဖြေဆိုရမှာလည်းဖြစ်ပါတယ်။

ကျောင်းလျှောက်ထားတာနဲ့ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်က ဒေါက်တာကျော်သန်းမိုးက “ဘယ်ကျောင်းက ဖြစ်ဖြစ်ပေါ့၊ ကန့်သတ်ချက်နဲ့ အယောက် ၂၀ ပဲထားဖို့လုပ်နေတယ်၊ နည်းတာပေါ့။ ဘယ်ကျောင်းက ဖြစ်ဖြစ်ဆိုတာ ရန်ကုန်တက္ကသိုလ်မှာ တက်ချင်သူက ၀င်ခွင့်ဖြေရမယ်။ မေဂျာက ပေါင်းစုံပေါ့။ ဒဂုံက ကျောင်းသားသည် ရန်ကုန်တက္ကသိုလ်မှာတက်ချင်တယ်ဆိုရင် မိန်းထဲမှာ ၀င်ခွင့်လာဖြေ၊ မရရင်တော့ သူ့ဌာန ဒဂုံမှာသွားပြန်တက်ပေါ့။ တနိုင်ငံလုံးက လာလျှောက်ခွင့်ရှိတယ်၊ အကန့်အသတ်တော့ ရှိတာပေါ့။ ရန်ကုန်တက္ကသိုလ်တက်ချင်ရင်တေ့ စာလုပ်ပေါ့။”

ဘာသာရပ်တခုအတွက် ဂုဏ်ထူးတန်းကျောင်းသား အယောက် ၂၀ ကိုပဲ လက်ခံသင်ကြားပေးမယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးတန်း သင်တန်းတွေကို ၁၉၉၆ ခုနှစ် ထင်ရှားတဲ့ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှုးအပြီးမှာ ရပ်နားခဲ့ပြီး မဟာဘွဲ့အထူးပြု သင်တန်းနဲ့ ပါရဂူဘွဲ့ သင်တန်းတွေကိုသာ သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်တင်ဖို့ အစောပိုင်းရက်တွေမှာ တောင်းဆိုအပြီး အခုလို ဂုဏ်ထူးတန်း သင်တန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ပညာရေးဝန်ကြီးဌာနကနေ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

by မင်းလွင် (ဒီဗွီဘီ)

ရီးရဲလ်ဘောလုံးအသင်း လူငယ်နည်းပြ မြန်မာလူငယ်များကို လေ့ကျင့်ပေး


(ဓာတ်ပုံ- မြန်မာနေရှင်နယ်လိဂ်)
 စပိန် ထိပ်သီးကလပ် ရီးရဲလ် မက်ဒရစ် ဘောလုံးအသင်းရဲ့ လူငယ်အသင်း နည်းပြတွေဟာ  မြန်မာ့လူငယ် ကစား သမားများနဲ့ နည်းပြ ၂၀၀ ကို ရက်တို သင်တန်းတွေ ပို့ချသွားမှာ ဖြစ်ပါတယ်။

ဘောလုံးပညာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းက နည်းပြအဖွဲ့ဝင် ၄ ဦးဟာ ရန်ကုန်ကို ရောက်ရှိပြီးတော့ နိုဝင်ဘာ ၁၆ ရက်နေ့ကနေ ၂၅ ရက်နေ့ အထိ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းမှာ ရက်တို သင်တန်းပေးမှာ ဖြစ်ပါတယ်။

ရီးရဲလ်နည်းပြတွေကို မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်ကို စပွန်ဆာပေးနေတဲ့ Digicel ကနေ တာဝန်ယူ ခေါ်ဆောင်ပေးတာ ဖြစ်ပေမယ့် နေထိုင် စားသောက်စရိတ်ကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ကျခံရတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ Media Officer လုပ်နေတဲ့ ဦးစိုးမိုး (IBC) က ပြောပါတယ်။

နိုင်ငံတ၀န်းလုံးကနေ ရွေးချယ်ထားတဲ့ ဘောလုံး အကယ်ဒမီ သင်တန်းကျောင်းက လူငယ် ဘောလုံးသမားတွေ၊ အခြေခံပညာ ယူ ၁၂ နှစ်အောက် ဘောလုံး သမား ၁၆၀ နဲ့ နည်းပြ ၄၀ လောက် ဒီသင်တန်းမှာ ပါဝင်ကြမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ မြန်မာကို လာရောက်တာနဲ့ ပတ်သက်ပြီးတော့ ဦးစိုးမိုးက မြန်မာဘောလုံးလောက အပေါ် အကျိုးသက်ရောက်နိုင်ပုံကို အခုလို ပြောပါတယ်။

“ရီးရဲလ်မက်ဒရစ် မြန်မာနိုင်ငံကိုလာတာ ကောင်းတာပေါ့။ ရီးရဲလ်မက်ဒရစ်က ကမ္ဘာကျော်ဘောလုံးကလပ်အသင်းကြီးလေ။ အဲအသင်းက ဘောလုံးအကယ်ဒမီနည်းပြတွေက ဒီမှာလာပြီး မြန်မာကလေးတွေကို ဘောလုံးလေ့ကျင့်ပေးတာ အင်မတန် ကောင်းတယ်လေ၊ အနည်းဆုံး ရီးရဲလ်ကနည်းပြတွေကို အရှင်လတ်လတ် မြင်ရတယ်၊ မြန်မာနည်းပြတွေလည်း ရီးရဲလ်အသင်းက နည်းပြတွေနဲ့ အတူတွဲလေ့ကျင့်ခွင့် ပညာတွေ အများကြီးရတယ်။ ကျနော်တို့ နိုင်ငံကို ရီးရဲလ်မက်ဒရစ်အသင်းကြီးလာတဲ့အတွက် ဘောလုံးလောကအတွက်ရော နိုင်ငံအတွက်ရော image တက်တာပေါ့။ အင်မတန်အကျိုးရှိတယ်။”

ဒီအဖွဲ့ဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ မီဒီယာတွေကို နိုဝင်ဘာ ၁၆ ရက်နေ့မှာ တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ခဲ့ပါတယ်။

ဒီအဖွဲ့က နည်းပြချုပ်ဟာ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံတွေမှာလည်း ဘောလုံး သင်တန်းများ ပို့ချပေးခဲ့ပါတယ်။

by ကို​ထွေး​ (ဒီဗွီဘီ)

နေပြည်တော် GSM ကဒ် အမည်ပေါက်ကို ကျပ် (၁)သိန်းခွဲ အထိ ချရောင်းနေ

 နေပြည်တော်ရှိ ဖုန်းဆိုင် အချို့တွင် နေပြည်တော် ကျပ်နှစ် သိန်းတန် GSM ဖုန်းများကို ကျပ် (၁) သိန်းခွဲဖြင့် နိုဝင်ဘာလဆန်းမှ စတင်ကာ ရောင်းချ ပေးနေကြောင်း သိရသည်။

“နှစ်သိန်းတန် ဖုန်းတွေကို ကျွန်မတို့ ဆိုင်မှာ နေပြည်တော် - ၄၂၀ တစ်သိန်းခွဲနဲ့ ရောင်းပါတယ်။ လက်ငင်းပေး ချေရပါတယ်။ လိုင်စင်ပုံရယ်၊ မှတ်ပုံတင် ရယ်တော့ ယူလာဖို့လိုတယ်။”ဟု လေဆာဖုန်း ဆိုင်မှပြောသည်။

သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်များ အတွက် ဖုန်းကတ်များကို အထူးလျော့ဈေးဖြင့် ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ရောင်းချရက်ကို အကန့်သတ်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းတို့ ဆိုင်က ပြောသည်။ ဖုန်းဝယ်ယူသည့်အခါတွင် အမည်ပေါက် ရရှိမည်ဖြစ်သည်။

ဝယ်ယူသည့်ဆိုင်မှ ဘောင်ချာကို ရယူရမည်ဖြစ်ပြီး ကဒ်များ ပျောက်ဆုံးခြင်း၊ ပျက်စီးခြင်းများ ဖြစ်ပေါ်လာပါက ၀ယ်ယူသည့် ဘောက်ချာဖြင့်သာ လာရောက်၍ အသစ်ပြန်လည် ပြုလုပ်ရန် လျောက်ထား နိုင်ကြောင်း ကိုလည်း သိရသည်။

“ဘောက်ချာတွေကိုတော့ သိမ်းထားဖို့လိုမယ်။ ၀ယ်ယူထားတဲ့ ဘောက်ချာ ကိုပြမှ ကတ်ပျောက် တာတို့ကတ် ပျက်စီးတာတို့ကို ပြန်ပြီး လုပ်ပေးနိုင်မှာပါ။ စာချုပ်က တော့ တစ်နှစ်လောက်နေမှ ရမယ်။ အဲ့ဒီဘောက်ချာနဲ့ပဲ စာချုပ်ကို လာပြီးထုတ်ယူရမှာပါ။” ဟု လေဆာဖုန်းဆိုင်မှ ပြောသည်။

စတင်ရောင်းချသည့်နေ့များတွင် ရောင်းအားကောင်းလျက်ရှိပြီး ယခုနောက်ပိုင်းတွင် လာရောက်ဝယ်ယူသူများ နည်းပါးသွားကြောင်း သိရသည်။

“စစရောင်းတဲ့နေ့က ဆိုရင်လာဝယ်တဲ့သူက တစ်နေ့ကို အယောက် ၃၀ လောက်ရှိတယ်။ နောက်နှစ်ပတ်လောက် နေတော့ တစ်နေ့ကို အယောက် ၂၀ လောက်ပဲ လာဝယ်တော့တယ်။ အရောင်းတော့ နည်းနည်းပါးသွားတယ်။”ဟု လေဆာဖုန်းဆိုင်မှပြောသည်။

ဆက်သွယ်လိုသူများအနေဖြင့် နေပြည်တော်ပျဉ်းမနားရှိ လေဆာဖုန်းဆိုင်များတွင် ၀ယ်ယူနိုင်ခြင်းဖြစ်ပြီး ဖုန်း-၀၆၇-၂၂၉၁၇ သို့ ဆက်သွယ် ၀ယ်ယူ နိုင်ကြောင်း သိရသည်။

နေပြည်တော်ရှိ အခြားဖုန်းဆိုင် အချို့မှာမူ မြန်မာ့ဆက်သွယ်ရေးမှ ချထားပေးသည့် နှုန်းထားဖြစ်သည့် ကျပ်နှစ်သိန်းဖြင့်သာရောင်းချပေး လျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့ဆိုင်မှာက ဆက်သွယ်ရေးက ချထားပေးတဲ့နှုန်းအတိုင်းပဲ ရောင်းတာပါ။ ကျွန်မတို့ဆိုင်ကို လာမေးတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့ဆိုင်တွေ တစ်သိန်းခွဲနဲ့ ရောင်းတယ်လို့တော့ကြားတယ်။”ဟု
နေပြည်တော် လူကြီးမင်းဖုန်းဆိုင်က ပြောသည်။

ထက်အောင်ခန့် (မြစ်မခ)
Myit Makha Mediagroup

ပညာရင်နို့ သောက်စို့ခဲ့ရာ LSR သို့

 
၁၉၆ဝ ခုနှစ်များက နိုင်ငံရေး သိပ္ပံပညာ ဆည်းပူးခဲ့သော Lady Shri Ram အမျိုးသမီး ကောလိပ်သို့ နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဒေါ်အောင်ဆန်းစုကြည် ပြန်လည် သွားရောက် လည်ပတ်ခဲ့သည်။

ကြိုတင် ရေးသား ထားသော စာရွက်မပါပဲ နာရီဝက်ခန့်ကြာ မိန့်ခွန်းပြောကြားခဲ့ရာတွင် “ဒီစင်မြင့်ဟာ တခါက ကျမ စကားတွေ တက်ပြောခဲ့၊ သီချင်းတွေ တက်ဆိုခဲ့၊ ပြဇာတ်တွေ တက်ကပြခဲ့တဲ့ စင်မြင့်ပါပဲ။ ကျမ ဒီကျောင်းကို ပြန်ရောက် ရတာဟာ အိမ်ကို ပြန်ရောက်လာရုံတင် မကဘဲ ပျော်ရွှင်မှုနဲ့ ချစ်မေတ္တာတွေဆီကို ရောက်ရသလိုပါပဲ” ဟု ခံစားချက်ကို ပြောဆိုသည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တဦးဖြစ်သွားသည့် ကျောင်းသူဟောင်းကို မိခင်ကျောင်းတော်ကြီးက ဂုဏ်ပြု ကြိုဆိုကြရာတွင် လက်ရှိ နိုင်ငံရေးသိပ္ပံ ကျောင်းသူလေးများက ‘ဒေါ်အောင်ဆန်းစုကြည်’ မြန်မာသီချင်းကို ဂီတာတလက်ဖြင့် သီဆို၍ ၎င်းတို့၏ ဂုဏ်ထူးဆောင် ကျောင်းသူဟောင်းကြီး ဝင်ရောက် အလာကို ကြိုဆို လိုက်ကြသည်။

ထို့နောက် ကဗျာ့ကဝိကြီး ရာဗိဒြာနသ်တဂိုး၏ စာသားတချို့ဖြင့် ဖွဲ့သီထားသည့် ‘ထီးတည်းလျှောက်’ အမည်ရ သီချင်းကိုလည်း သီဆိုဂုဏ်ပြုခဲ့ကြပြန်သေးသည်။

“ကျမအနေနဲ့ ထီးတည်းလျှောက်ခြင်းထက် အတူလျှောက်ခြင်းကို ပိုလိုလားပါတယ်” လို့လည်း
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ပညာရေးဝန်ကြီး Dr Shashi Tharoo ကိုယ်တိုင် တက်ရောက်ဂုဏ်ပြုစကားပြောပြီး ကျောင်းအုပ်ကြီး Dr Meenakshi Gopinath ကိုယ်တိုင် အခမ်းအနားမှူးလုပ်ကာ ကြိုဆိုကြသည်မှာ ဖိတ်ကြားထားသည့် ဧည့်သည်ပေါင်း တထောင်ကျော် တက်ရောက်ခဲ့ကြ၍ ကျောင်းခန်းမကြီး ပြည့်လျှံနေသည်။

ကျောင်းသူမလေးများက ဒေါ်အောင်ဆန်းစုကြည် မတ်တပ်ရပ်လိုက်တိုင်း ထကာထကာ လက်ခုပ်တီး
အော်ဟစ် ပျော်ရွှင်ကြသည်။

“အင်မတန်မှ စိတ်လှုပ်ရှားစရာပဲ။ အမေလည်း အရင်တုန်းက ကလေးလိုပဲ” ဟု မဇ္ဈိမ၏ မေးမြန်းချက်ကို
ဒေါ်စု ပြန်ဖြေသွားသည်။

မိန်းကလေး အတော်များများမှာ “ချောတဲ့” ဒေါ်စု၏ ခရမ်းနုရောင် ဝတ်စုံကိုလည်း အလွန်နှစ်သက်ကြသည်။

“သူ့ လူမှုအတွေးအခေါ်တွေ၊ သူ့ ပြည်သူတွေအတွက် လုပ်ဆောင်ချက်တွေအပြင် ကျမကတော့ သူ ချောတာကိုပါ အားကျလိုက်တာ။ ကျမသာ အသက် ၆ဝ အရွယ်ရောက်ရင် အဲလိုလေးပဲ ဖြစ်ချင်လိုက်တာ” ဟု နိုင်ငံရေးသိပ္ပံ
ကျောင်းသူ တဦးက စိတ်လှုပ်ရှားစွာပြောသည်။

“ဂုဏ်ယူချက်ကတော့ စကားလုံးနဲ့တောင် မဖော်ပြတတ်တော့ဘူး။ တကယ်။ သူလာလည်တာလေ၊ သူလာနေ
စေချင်တာ။ ဒါပေမယ့် ရှင်တို့တိုင်းပြည်က သူ့ကို ပိုလိုအပ်နေတယ်မဟုတ်လား။ ကျမတို့ နားလည်ပါတယ်” ဟုလည်း ကုန်သွယ်စီးပွား ကျောင်းသူတဦးက မဇ္ဈိမကို ပြောသည်။

၁၉၆၄ ခုနှစ်က ကျောင်းမဂ္ဂဇင်းတစောင်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် “တောထဲက ငှက်ငယ်လေး” ဝတ္တုတိုအား အရိပ်ပြ သရုပ်ဖော်ဖြင့် နောက်ခံဖတ်ကြားကာ တင်ဆက်မှုတခု လုပ်ခဲ့သေးသည်။

သေသွားသည့် ငှက်ကလေးကို တောထဲ သွားမြှုပ်မည့် အဖိုးကို မြေးက မေးတော့ “ငှက်ဆိုတာ တောထဲမှာ
ပျော်တာ။ သေတော့လည်း တောထဲမှာ သေရမှ သေပျော်မှာပေါ့ကွဲ့” ဟူသော စာသားများ ပါဝင်သည်။

ကျောင်းတော်ဟောင်းကို ပြန်ရောက်ရသည်မှာ “အတိတ်ကို ပြန်သတိရတာမျိုးထက် အနာဂတ်ကိုလည်း
မျှော်လင့်ချက်တွေ ရှိနေတယ်” ဟု မိန့်ခွန်းပြောသည့် နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံရေးအမြင်ကိုလည်း ထည့်သွင်း ပြောကြားသွားသေးသည်။

“နိုင်ငံရေးအလုပ်ဆိုတာ တကယ်မလွယ်တဲ့အလုပ်ပါ။ မူကို မဆုပ်ကိုင်နိုင်ဘူးဆိုရင် နိုင်ငံရေးဘဝကို စွန့်လွှတ် လိုက်ပါတော့။ …စေ့စပ်ညှိနှိုင်းတယ်ဆိုတာ အခြေခံမူတွေကို လိုချင်လို့ပဲဖြစ်တယ်။ … အလုပ်လုပ်ဖို့က မရှိမဖြစ် လိုအပ်တယ်။… ဒီမှာ ရနေတဲ့ အခွင့်အရေးမျိုးတွေအတွက် ကျမတို့ဆီမှာက တိုက်နေရတုန်းပါ” ဟု ဆိုသည်။

ကျောင်းပရဝုဏ်အတွင်း အမှတ်တရ “တရုတ်စကားပန်းပင်” စိုက်ပျိုးပေးခဲ့ပြီး မြန်မာဒုက္ခသည်များနှင့်တွေ့ဆုံရန် Oxford Senior Secondary School နှင့် Prospect Burma အလွတ်ပညာသင်ကျောင်းသို့ ထွက်ခွာသွားသည် အထိ သတင်းထောက်များ၊ ကင်မရာသမားများ တမြုံတမကြီးနှင့် ရှိတော့သည်။

နယူးဒေလီ (မဇ္ဈိမ)

ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိနေသည့် ၀င်ငွေများအား နိုင်ငံတော်မှ မှန်မှန်ကန်ကန် သုံးစွဲမှု ရှိ မရှိ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံနှုန်း EITI နှင့် ပူးပေါင်း၍ စိစစ်သွားမည်

ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရရှိနေသည့် ၀င်ငွေများအား နိုင်ငံတော်မှ မှန်မှန်ကန်ကန် သုံးစွဲမှု ရှိ မရှိနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေမည့် အခြေခံ အဆောက်အအုံများတွင် သုံးစွဲမှု ရှိမရှိ သိရှိနိုင်ရန် ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမြင်သာမှု စံနှုန်း (EITI) နှင့် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး စင်တာတို့ ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်၊ ဒေါက်တာဦးမြင့်က နိုဝင်ဘာလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။
“အစိုးရရဲ့ဘတ်ဂျက်မှာ သဘာဝဓါတ်ငွေ့က ရတဲ့ငွေကို ဘယ်လောက်လဲ၊ ဘယ်နေရာမှာ ဒီငွေကို ပြန်ပြီးအသုံးချနေလဲ။ တကယ်သွားသင့်တဲ့နေရာ သွားလား စတာတွေကို စစ်ဆေးသွားဖို့ ရှိပါတယ်။ ဒါကို EITI (Extrative Industries Transparency Initiative)နဲ့ ပူးပေါင်းပြီး သူတို့ရဲ့အကြံဥာဏ်တွေအတိုင်း Gas ကရတဲ့ငွေတွေ ဘယ်သွားပြီး ဘယ်လာနေလဲ စိစစ်မယ်။ နောက်ပြီး National Investment Committee တို့လို အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက် သွားမှာပါ” ဟုလည်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်၊ စီးပွားရေး ပညာရှင် ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။
သဘာဝဓာတ်ငွေ့မှ ရရှိသည့် ၀င်ငွေမှာ နှစ်စဉ် အများဆုံးဖြစ်နေပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလကုန်အထိ တင်ပို့မှုစာရင်းအရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံ နီးပါး ရရှိထားသည်။ မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုမှ ၀င်ငွေအများဆုံး ရသည့်နှစ်မှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆ ဘီလျံကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် သဘာဝဓာတ်ာငွေ့မှ ရငွေအား မှန်ကန်မှုရှိစွာ အသုံးပြုစေလိုကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားသည်။
ပါမောက္ခ Dr.Joseph Stiglitz ကလည်း မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတ ကျိန်စာသင့်မှုကြောင့် ငွေပုံပေါ်ထိုင်ပြီး သုံးစွဲရင်းက တဖြည်းဖြည်း ဆင်းရဲနွမ်းပါးလျက် ရှိကြောင်း၊ အဆိုပါ ကျိန်စာကြောင့် ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ နိုင်ငံခြားငွေလဲနှုန်းများ တန်ဖိုးတက်ခြင်း၊ သယံဇတမှ ရရှိငွေများကို လွဲမှားစွာ အသုံးချခြင်းဆိုသော ပြဿနာများကို ဖြစ်ပေါ်စေပြီး ၀င်ငွေခွဲဝေမှု မမျှတခြင်းကဲ့သို့ အဆိုးဆုံး အခြေအနေကို ရောက်ရှိနေသော်လည်း စီမံခန့်ခွဲမှု စွမ်းဆောင်ရည် ကောင်းမွန်ပါက ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သော စီးပွားရေး ပညာရပ်ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်းသုံးသပ်ထားပါသည်။
“သဘာဝဓာတ်ငွေ့ ရငွေက တိုင်းပြည်အတွက် အရေးကြီးတဲ့အတွက် သူ့ဆီက ရငွေကို မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။သဘာဝဓာတ်ငွေ့ဆိုတာက အချိန်တန်ရင် ကုန်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ မကုန်ခင်မှာ ရေရှည်အကျိုးအတွက် အခြေခံ အဆောက်အအုံတွေ ဆောက်တာ၊ စက်ရုံအသစ်တွေ ဆောက်တာမျိုးတွေလုပ်ပြီး ကုန်ခမ်းနိုင်တဲ့ သဘာဝဓာတ်ငွေ့က ရငွေကို လက်ရှိမျိုးဆက်အတွက်တင် မဟုတ်ဘဲ နောက်မျိုးဆက်တွေအထိပါ ခံစားနိုင်အောင် မူဝါဒ ချမှတ်လုပ်ဆောင်ရပါမယ်” ဟု ဦးမြင့်က ပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံမှာက တန်ဖိုးရှိတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ရတနာ၊ ကျောက်စိမ်းလို တန်ဖိုးရှိတဲ့ တွင်းထွက်တွေ ရှိတာပဲ။ ဒီတွင်းထွက်တွေကို ရောင်းရင် ရတဲ့ငွေက နိုင်ငံတော်ဆီသွားတယ်။ နိုင်ငံတော်ကနေ ရလာတဲ့ငွေကို ကောင်းမွန်စွာ စီမံနိုင်ရင် သဘာဝ သယံဇာတ ကျိန်စာသင့်တယ်ဆိုတာ မရှိနိုင်ပါဘူး” ဟုလည်း ဦးမော်သန်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံတစ်နိုင်ငံတွင် သယံဇာတ ပေါကြွယ်ဝသည်မှာ အားသာချက်တစ်ခု ဖြစ်ကြောင်း၊သို့သော်လည်း အခြားတစ်ဖက်တွင် recourse curse သယံဇာတကျိန်စာ ကျရောက်တတ်ကြောင်း ယခုနှစ် UN မှ ထုတ်ပြန်သော စာတမ်းတွင်လည်း သယံဇာတကျိန်စာနှင့် ပတ်သက်၍ ထည့်သွင်းရေးသား ဖော်ပြထားကြောင်း၊ အကန့်အသတ်နှင့်သာ ထွက်ရှိသည့် သယံဇာတအား အကျိုးရှိရှိ အသုံးချရန် လိုအပ်ပြီး ဖြုန်းသည့်သဘော မဖြစ်သင့်ကြောင်း ပါမောက္ခ စတစ်ဂလစ်က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
“၂၀၁၀၊ ၂၀၁၁ ခုနှစ်မှာ သဘာဝဓာတ်ငွေ့ကနေ ကန်ဒေါ်လာ ၂.၅ ဘီလျံ ရခဲ့တယ်။ ဒီပမာဏဟာ ပို့ကုန်ဝင်ငွေ အားလုံးရဲ့ ၃၂.၆ ရာခိုင်နှုန်း ရှိပါတယ်။ ဒီလိုငွေတွေကို မှန်မှန်ကန်ကန် ဖြစ်စေချင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ စစ်တမ်းတွေမှာလည်း ကမ်းလွန်လုပ်ကွက်ကရတဲ့ အခွန်ငွေတွေက ပျောက်နေတယ်။ သဘာဝဓာတ်ငွေ့ကရတဲ့ ငွေတွေက လူချမ်းသာတွေရဲ့ အိတ်ထဲ ရောက်သွားတယ်။ လာဘ်ပေး လ်ာယူမှုတွေ ဖြစ်ကုန်တယ်။ ဒီလိုမျိုးတွေ မဖြစ်ဖို့ စနစ်တကျ ကြပ်မတ်ရပါမယ်” ဟုလည်း ဦးမြင့်က ဆက်လက်ပြောကြားခဲ့ပါသည်။

ရခိုင်အရေးတွင် ဘက်မလိုက် ရပ်တည်ခဲ့မှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း နယ်စပ်မှ ခိုးဝင်မှုများကို မရပ်တန့်နိုင်လျင် ပြဿနာအဆုံးသတ်မည် မဟုတ်သလို ဘင်္ဂလားဒေ့ရှ်နှင့်ပါ ဆိုင်သည့် ကိစ္စဖြစ်သည်ဟု သုံးသပ်

 16mt
အိန္ဒိယနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NDTV သတင်းဌာနနှင့် အင်တာဗျူးတွင် ရခိုင်အရေး၌ ဘက်မလိုက် ရပ်တည်ခဲ့မှုနှင့် ပတ်သက်ပြီး ရှင်းလင်းဖြေကြားသွားခဲ့သည်။
ရိုဟင်ဂျာများဘက်မှ ရပ်တည်မပေးခဲ့ဟု ဝေဖန်ခဲ့မှုများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်ပြီး ''အကြမ်းဖက်မှုတွေဟာ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တယ်ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ကျွန်မအနေနဲ့ ဘယ်ဘက်ကမှ မရပ်တာကို လိုလားပါတယ်။ ပြန်လည် ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်လိုတာကြောင့်လည်း ပါပါတယ်'' ဟု ဖြေကြားခဲ့သည်။
''နယ်စပ်ကနေ တရားမ၀င် ခိုးဝင်မှုတွေကလည်း အခုထိ အမြောက်အများ ရှိနေတယ်မဟုတ်လား။ ဒါကိုကျွန်မတို့ ရပ်တန့်ရပါမယ်၊ ဒါမှမဟုတ်ရင် ဒီပြဿနာ ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း ပြောမယ်။ ဒီလူတွေက မြန်မာပြည်က လာတာ။ မြန်မာပြည်ကလူတွေကလည်း ပြောမယ် ဒီလူတွေက ဘင်္ဂလားဒေ့ရှ်ကလာတာလို့လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် မြန်မာနိုင်ငံ တစ်ခုတည်းနှင့်သာ သက်ဆိုင်သည့် နယ်ခြားပြဿနာဟု အများစုက ထင်မြင်နေကြသော်လည်း တစ်ကယ်တမ်းတွင် ဘင်္ဂလားဒေ့ရှ်နှင့်ပါ ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က သုံးသပ်ခဲ့သည်။
''ဒါဟာ ကြီးကျယ်တဲ့ နိုင်ငံတကာနဲ့ ဆိုင်တဲ့အဖြစ်ဆိုးပါ။ ဒါကြောင့် ကျွန်မက အစိုးရမှာ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ မူဝါဒ ရှိရမယ်လို့ ပြောတာပေါ့။ ကျွန်မတို့မှာ နိုင်ငံသားဥပဒေ ရှိပါတယ်။ အဲဒါအရ အကျုံးဝင်တဲ့သူအားလုံးဟာ နိုင်ငံသားဖြစ်ခွင့်ရမှာပါ။ ကျွန်မတို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း ပြောပြီးပါပြီ'' ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
''အခုက အဲဒီဥပေဒအရ ဘယ်လိုလူတွေက နိုင်ငံသားဖြစ်ပြီး ဘယ်လိုလူတွေက ဘင်္ဂလားဒေ့ရှ်က ရွှေ့ပြောင်းလာတဲ့ လူတွေဖြစ်မလဲဆိုတာ အငြင်းပွားနေကြတာပါ။ အရမ်းစိတ်ဝင်စားစရာ ကောင်းသလို စိတ်ရှုပ်စရာလဲကောင်းတဲ့ ပြဿနာတစ်ရပ်လုံးနဲ့ ပတ်သက်တဲ့အချက်က အများစုက ဒီနယ်ခြားပြဿနာမှာ နိုင်ငံတစ်နိုင်ငံတည်း ပါဝင်ပတ်သက်နေတာလို့ ထင်နေတဲ့ ကိစ္စပါ။ ဒါပေမဲ့ နှစ်နိုင်ငံ ရှိပါတယ်။ တစ်ဖက်မှာ ဘင်္ဂလားဒေ့ရှ်၊ တစ်ဖက်မှာ မြန်မာရှိပါတယ်။ လုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် နှစ်နိုင်ငံလုံးမှာ တာဝန်ရှိပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''အခုအခိုက်အတန့်မှာ လူတိုင်းကထင်နေကြတာက ဒီနယ်ခြားဟာ မြန်မာက လုံးဝတာဝန်ယူရမဲ့ကိစ္စ လို့ပါ။ အားလုံးထဲမှာ ပထမဆုံးလုပ်ရမှာက တရားဥပဒေစိုးမိုးမှု အတည်တကျ ဖြစ်အောင်ပါ။ အကြမ်းဖက်မှုတွေ နောက်ထပ် ထပ်မဖြစ်အောင် လုပ်ရမယ်။ ဒါက လိုအပ်တဲ့ လုံခြုံရေး ထားရှိရမယ်ဆိုတဲ့ သဘောပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့သည် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ နိုဝင်ဘာလ ၁၆ ရက်က ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦး ရန်ကုန်မြို့၌ မည်သည့်နေ့ရက်နှင့် မည်သည့်နေရာတွင် တွေ့ဆုံသွားမည်ဆိုသည်ကို ၎င်းက ဖြေကြားခြင်း မရှိခဲ့သော်လည်း အဆိုပါ ခေါင်းဆောင်နှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံတွင် နိုဝင်ဘာလ ၁၉ ရက်၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စု သမ္မတ မစ္စတာဘာရက်အိုဘားမားသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီး လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန် သမ္မတ အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ခရီးဆက်မည် ဖြစ်သည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ ရက်တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်၌ လူထုအား မိန့်ခွန်းပြောကြားရန် ရှိသည်။
အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ ရက်တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ ရက်တွင် တာဝန်ရှိသူ ၉ ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ ရက်တွင် အမေရိကန်လေတပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ ၁၃ ရက်တွင် C17 လေယာဉ် ၃ စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ နိုဝင်ဘာလ ၁၇ ရက် (မနက်ဖြန်)တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကမ္ဘောဒီးယား နိုင်ငံသို့ ရောက်ရှိပြီး အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ကာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပြီး အမေရိကန် သမ္မတ ဘားရတ် အိုဘားမားနှင့် တွေ့ဆုံမည် ဖြစ်ကြောင်းနှင့် ထိုသို့ တွေ့ဆုံပြီးသည်နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ပြန်သွားကာ (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်မည်ဟု အာဆီယံရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်ရှိ Sofitel ဟိုတယ်၌ Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
(၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင် ခရီးသွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံး မိန့်ခွန်းပြောခဲ့သော မြန်မာခေါင်းဆောင် တစ်ဦး ဖြစ်လာခဲ့သည်။
အလားတူ ဒေါ်အောင်ဆန်းစုကြည် သည်လည်း စက်တင်ဘာလ တွင် အမေရိကန်သို့သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်သမ္မတ အိုဘားမားနှင့်လည်း တွေ့ဆုံခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ အမေရိကန်နိုင်ငံ ခရီးစဉ်ပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အရေးကြီးသော မှတ်တိုင်သစ်ကို ဖြတ်သန်းခဲ့ ပြီးဖြစ်သည်ဟု အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဘန်းစ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သမ္မတ ဦးသိန်းစိန်အစိုးရ ၂၀၁၁ ပြည့်နှစ် မတ်လကစတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျှော့ဆိုင်းငံ့မှုများ ပြုလုပ် နေကြသည်။
အမေရိကန်သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံဆွေးနွေး သွားမည့်လမ်းစဉ်ကို ကျင့်သုံးလာခဲ့ သည်။ အမေရိကန်-မြန်မာသံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

ရခိုင် အရေး သမ္မတ၏ ရှင်းလင်းချက်အပြည့်အစုံ







သမ္မတ ဦးသိန်းစိန် ဟာ နေပြည်တော်မှာ ယနေ့ နေ့လယ် ၂  နာရီလောက်က ဗုဒ္ဓဘာသာ ဆရာတော်ကြီး များ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်များကို ဖိတ်ကြားပြီး
ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ရှင်း လင်း လျှောက်ထား ပြောကြားခဲ့ပါတယ်။ 

သမ္မတ ဦးသိန်းစိန်ရဲ့ လျှောက်ထား ရှင်းလင်းချက် အပြည့်အစုံကို သမ္မတရုံး အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားတာကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။


ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ ရှင်းလင်း ပြောကြား  

နေပြည်တော် နိုဝင်ဘာ ၁၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ယနေ့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုသော ဆရာတော် ကြီးများ၊ အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ညှိနှိုင်းဆွေးနွေးကြ သည်။ 



ယင်းသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ဖြစ်စဉ် အခြေအနေဆိုင်ရာများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ၏ ရှင်းလင်းပြောကြားချက်မှာ အောက်ပါအတိုင်းဖြစ်သည်- အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြ ကုန်သော ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင် ဆရာတော်ဘုရားများနှင့်တကွ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသော အစ္စလာမ် ဘာသာဝင် အကြီးအကဲများအား ယခုကဲ့သို့ ပင့်ဖိတ်ရခြင်းသည် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ် သင်ခန်းစာများ ရယူပြီး နောင်တွင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန် နိုင်ငံတော် အစိုးရမှ ဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများနှင့် ကြွရောက် လာကြသော ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များထံမှလည်း အကြံဥာဏ်ကောင်းများ ရယူရန် ယခုကဲ့သို့ ဖိတ်ကြား တွေ့ဆုံ ရခြင်း ဖြစ်ပါတယ်။ 


၂၀၁၂ ခုနှစ် အတွင်း ရခိုင်ပြည်နယ်တွင် အတူတကွ နေထိုင်ကြသည့် သူများ အချင်းချင်း အကြမ်းဖက် တိုက်ခိုက်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများနှင့် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ် (၂) ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုပြည်နယ်အတွင်း စုစုပေါင်း သေဆုံးသူ ယောင်္ကျား မိန်းမ (၁၆၇ ) ဦး၊ ဒဏ်ရာရ သူ ယောင်္ကျား မိန်းမ (၂၂၃)ဦး ရှိခဲ့ပြီး မီးရှို့ ဖျက်ဆီးခံရသည့် အိုးအိမ်နှင့် အခြား အဆောက်အဦ ပေါင်း (၁၀၁၀၀) လုံး ရှိခဲ့ပါတယ်။ ထိုသို့အိုးအိမ်များ မီးရှို့ဖျက်ဆီး ခံရမှုကြောင့် အိမ်ထောင်စုပေါင်း (၁၆၉၈၀)၊ လူဦးရေ (၁၁၁၀၀၀) တို့သည် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ပြီး အတိဒုက္ခများစွာ ရောက်ခဲ့ကြရသဖြင့် နိုင်ငံတော် အစိုးရနှင့်အတူ စေတနာရှင် ပြည်သူများ ကမ္ဘာ့ကုလသဂ္ဂဌာနေ အဖွဲ့အစည်းများ၊ နိုင်ငံအချို့နှင့် အသင်း အဖွဲ့ အချို့တို့မှ အကူအညီများ ရယူပြီး လတ်တလော အဆင်ပြေစေရန်အတွက် ကျွေးမွေး စောင့်ရှောက် ထားရပါတယ်။ 

ဤကဲ့သို့ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရာဇဝတ်မှု ကျူးလွန်ဖြစ်ပွားခဲ့သည့် ဖြစ်ပွားမှု တစ်ခုအပေါ် မကျေမနပ်ဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုကို လက်ခံ လိုက်နာရမည့် အစား ဒေါသ အလျောက် အုပ်စုတစ်ခုနှင့်တစ်ခု သတ်ဖြတ်မှုများ ဖြစ်ပွား ကျူးလွန်ရာမှ ကြီးမားကျယ်ပြန့်သည့် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းရောက်ရှိကာ ယခုကဲ့သို့ သေဆုံးမှု၊ ပျက်စီးမှုနှင့် အတိဒုက္ခရောက်မှု များ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါတယ်။ 


ဤ ဆုံးရှုံးမှုအားလုံးသည် နိုင်ငံတော်၏ ဆုံးရှုံးမှုများပင် ဖြစ်ပါတယ်။ ဤကဲ့သို့ ဒေသအတွင်း အကြမ်းဖက် သတ်ဖြတ်မီးရှို့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာစေရန် လူမျိုးစွဲ၊ ဘာသာစွဲ ပြင်းထန်သူ အချို့မှ လည်း နောက်ကွယ်မှ မမှန်ကန်သော နည်းလမ်းများဖြင့် မြှောက်ပင့် သွေးထိုး လှုံ့ဆော်ပေးမှုများ ရှိခဲ့သည့်အပြင် ပြည်ပအဖွဲ့ အစည်း အချို့နှင့် နိုင်ငံအချို့တို့မှလည်း မမှန်မကန် လုပ်ကြံသတင်းများ ထုတ်လွှင့်၍ ပြဿနာပိုမို ကြီးထွားလာအောင် လုပ်ဆောင်မှုများလည်း ရှိခဲ့ပါတယ်။ 

မည်သို့ပင်ဖြစ်စေ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်၊ သတ်ဖြတ်၊ မီးရှို့၊ ဖျက်ဆီးမှုများသည် မိမိတို့ အစိုးရသစ်လက်ထက် အဖက်ဖက်မှ ပြောင်းလဲတိုးတက်နေသည့် အရှိန်အဟုန် ကို များစွာ ထိခိုက်စေပြီး ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်။ 

မြန်မာနိုင်ငံအပေါ် စွပ်စွဲ ပြစ်တင်မှုများလည်း ဖြစ်ပေါ် ခဲ့ပြီး ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့နှင့် လည်း ပြဿနာများကို မိမိတို့ အစိုးရမှ ယနေ့တိုင် ရင်ဆိုင် ဖြေရှင်း နေရဆဲ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်တွင် အစ္စလာမ် ဘာသာ ကိုးကွယ်သည့် ဘင်္ဂါလီလူမျိုးများသည် ဗြိတိသျှတို့ အုပ်စိုးစဉ်ကပင် ရှိခဲ့ပြီး ၁၈၇၂ ခုနှစ်၊ ဗြိတိသျှတို့ ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မဟာမေဒင် (၅၈,၂၅၅) ဦးရှိခဲ့ပါတယ်။ 

၎င်းတို့သည် လယ်ယာလုပ်ငန်းခွင်တွင် လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး မူလက လယ်ယာလုပ်ငန်းခွင် ပြီးသည်နှင့် တစ်ဖက်နိုင်ငံသို့ ပြန်သွားကြသော်လည်း နောက်ပိုင်းတွင် မပြန်ကြတော့ဘဲ အတည်တကျ နေ ထိုင်လာခဲ့ ကြပါတယ်။ 

အတည်တကျ နေထိုင်သူများမှ ပေါက်ဖွားလာကြသူများ၊ တစ်ချို့ တရားမဝင် ဝင်ရောက်လာကြသူများ ရှိခဲ့သဖြင့် ယခင်အစိုးရအဆက်ဆက် လက်ထက်တွင် ဤကိစ္စကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် စနစ်တကျ စီမံဆောင်ရွက် တားဆီးခဲ့သည်များ ရှိခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လနှင့် အောက်တိုဘာလ ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၏ မြို့နယ် (၁၇) မြို့နယ် အနက် (၁၁) မြို့နယ်၌ ပဋိပက္ခကြောင့် ပြည်သူများ ဒုက္ခခံစားခဲ့ကြရပါတယ်။ ဒုက္ခခံစားရသည့် ပြည်သူများ တွင် အမျိုးသမီး (၅၃.၈%)၊ အမျိုးသား (၄၆.၂ %) နှင့် (၁၂) နှစ်အောက် ကလေး (၄၂.၉ %) ပါ ဝင်ကြောင်း တွေ့ရှိရသဖြင့် အဓိက ထိခိုက် ခံစားရသူ များမှာ အမျိုးသမီးများနှင့် ကလေးများသာ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ 

ဒုက္ခသည်များ အသက်ရှင် ရပ်တည်နိုင်ရေးအတွက် လတ်တလော လိုအပ်သည့် လူသားချင်း စာနာမှု အထောက်အပံ့များ ပေးအပ်ရန် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ တစ်နှစ်စာ အမေရိကန် ဒေါ်လာ (၆၆.၅) သန်းခန့် လိုအပ်မည်ဟု ခန့်မှန်း တွက်ချက်ပါတယ်။ 

၂၀၁၂ ခုနှစ်၊ ဇွန်လပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခရောက်ခဲ့ရသည့် ဒုက္ခသည် (၇၅,၀၀၀) အတွက် စားနပ်ရိက္ခာဖိုး သက်သက်ပင်လျှင် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁) သန်းကုန်ကျခဲ့ပါတယ်။

ယင်းလူမှုပဋိပက္ခ ဖြစ်စဉ်များကြောင့် ဒုက္ခသည် (၁၁၁၀၀၀) ခန့်မှာ အတိဒုက္ခနှင့် ရင်ဆိုင်နေရသည် သာမက ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူ (၃၂) သိန်း မှာလည်း စိတ်ချလုံခြုံမှုမရှိဘဲ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကူးသန်း ရောင်းဝယ်မှု လုပ်ငန်းများအားလုံး ရပ်ဆိုင်းလျက်ရှိသည့် အခြေအနေနှင့် ရင်ဆိုင် နေရပါတယ်။ 

ပဋိပက္ခဖြစ်စဉ် မရှိခဲ့သော ရခိုင်ကျေးရွာများနှင့် ဘင်္ဂါလီကျေးရွာ အချို့တွင်လည်း ကူးသန်းရောင်းဝယ်မှု ရပ်ဆိုင်းခြင်းကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပါတယ်။ ဗုဒ္ဓဘာသာအခြေခံနှင့် လူမျိုးရေး စိတ်ဓါတ် ပြင်းထန်သော ရခိုင်တိုင်းရင်းသား လူငယ်အချို့နှင့် အစ္စလာမ်ဘာသာရေး အခြေခံ ဘင်္ဂါလီ လူမျိုးအချို့တို့၏ အပြန်အလှန် အနှောက်အယှက် ပြုမှုများသည် ကုလသမဂ္ဂ ဝန်ထမ်းများနှင့် ပရဟိတ ဝန်ထမ်းများ၏ စားနပ်ရိက္ခာ ပြတ်လပ်သည့် ဒေသများသို့ ရိက္ခာဖြန့်ဝေမှုများကို နေ့စဉ်နှင့်အမျှ အနှောက် အယှက်ပြု ဟန့်တားလျက်ရှိသဖြင့် ပြည်သူများ၏ စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းသော အခြေအနေသို့ ဆိုက်ရောက်လျက် ရှိပါသည်။ 


ယင်းသို့သော အခက်အခဲကြားမှပင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ အောက်တိုဘာလအထိ (၄) လ ကာလ အတွင်း ဆန်အိတ် (၁၀၈၀၀၀) ခန့်ကို လက်ဝယ်ရောက်ရှိအောင် ဖြန့်ဝေခဲ့ရပါတယ်။ ရခိုင်ပြည်နယ်၏ လက်ရှိအနေအထားကို သုံးသပ်ပါက လက်ရှိဖြစ်ပွားနေသည့် လူမှုပဋိပက္ခ များ၏ အကျိုးဆက် အတိဒုက္ခများ အပြင် မူလကပင် ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း ( ၄၃.၅ %) ရှိပြီး ဒုတိယအများဆုံး ပြည်နယ် ဖြစ်နေခြင်း ၊ ၂၀၁၀ ခုနှစ်အတွင်း ဘူးသီးတောင်မြို့နယ်၌ ရေကြီးမှုနှင့် ဂီရိမုန်တိုင်း တိုက်ခတ်မှုခံစားရသော မြို့နယ် များမှ ဒုက္ခသည်စုစုပေါင်း (၂၈၉,၀၀၀) ခန့် ရှိနေခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အာဟာရချို့တဲ့သူ ( ၂၀၀, ၀၀၀) ခန့် ရှိနေခြင်းတို့သည် ပကတိစိန်ခေါ်မှုအဖြစ် တည်ရှိနေပါတယ်။ 

ခြုံငုံသုံးသပ်ပါက ရခိုင်ပြည်နယ်ရှိ ပြည်သူ (၃၂)သိန်းခန့် အနက် ပြည်သူ ( ၆ )သိန်း (၁၉%)ခန့်မှာ ဒုက္ခသည်များအဖြစ် ရောက်ရှိနေသည့် အခြေအနေ ဖြစ်ပါတယ်။ ယင်းဒုက္ခသည်များ အတွက် အစိုးရနှင့် ပြည်သူများ ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားလုံးမှ စုပေါင်း၍ ညီညီညာညာ ဝိုင်းဝန်း ဆောင်ရွက်ပေးနိုင်မှသာ ဒုက္ခသည် ( ၆ )သိန်းခန့်၏ အသက်ရှင် ရပ်တည်ရေးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ အမှန်တစ်ရပ်ကို သုံးသပ်တွေ့ရှိရမည် ဖြစ်ပါတယ်။ 


၁၉၄၂ခုနှစ်ခန့် မှစတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် လူမှု ပဋိပက္ခ ဖြစ်စဉ်များမှာ စုစုပေါင်း ( ၇ )ကြိမ် ခန့် ရှိပြီ ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဖြစ်စဉ်များမှာ ယခင်ဖြစ်စဉ်များထက် ပိုမို ပြင်းထန်လာပြီး သာမန်လူမှုရေးဖြစ်စဉ်များမှ နိုင်ငံရေးဖြစ်စဉ် များသို့ ကူးပြောင်းအောင် ကြိုးပမ်း လှုံ့ဆော်မှုများ ပါဝင်လာသည်ကို တွေ့ရှိရပါတယ်။ 

လူမျိုးစုနှစ်စု အကြားရှိ မူလကပင်တည်ရှိနေသော လူမျိုး၊ ကိုးကွယ်မှု၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ ကွဲပြားခြားနားမှုကို အခြေခံလျက် လူမှုရေးတံတိုင်း ခြားနားအောင် ပိုမို လုပ်ဆောင်ခဲ့ ခြင်းကြောင့် ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ 

ယင်းကဲ့သို့ လူမျိုးစုနှစ်ခု၏ ကွဲပြားခြားနားမှုကို အခြေခံလျက် ပိုမို ကွဲပြားခြားနားအောင် တစ်ဖက်နှင့် တစ်ဖက် အသာစီးရအောင် ကြိုတင်စီမံ လုပ်ဆောင်နေကြသဖြင့် ပဋိပက္ခဖြစ်စဉ်များဆီိသို့ ဦးတည်စေ လျက် ရှိနေကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ 

စင်စစ်အားဖြင့် ယနေ့ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကွဲပြားခြားနားသည့် လူမျိုး၊ ဘာသာစကား၊ ကိုးကွယ်မှု နှင့် ဓလေ့ထုံးစံများကိုပင် နိုင်ငံ၏ ကြွယ်ဝသော စွမ်းအားအဖြစ် ပြောင်းလဲကာ အသုံးချနေသည့် သာဓက များကို သင်ခန်းစာ ရယူရမည်ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းရှိ သာမန်ပြည်သူများ အနေဖြင့်မူ နိစ္စဓူဝ စားဝတ်နေရေး အဆင်ပြေရေး၊ အလုပ်အ ကိုင် ရရှိရေး၊ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်လို သည့် သဘောဆန္ဒများသာ ရှိနေပြီး ပဋိပက္ခကြောင့် အတိဒုက္ခ ရောက်နေရသည့် အခြေအနေမှ လွတ်မြောက်အောင် အစိုးရမှ ဆောင်ရွက်ပေးစေလိုသည့် ဆန္ဒများရှိနေကြောင်း တွေ့ရှိရပါတယ်။ 

လူမှုပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်းတရားများကို သုံးသပ်ရာတွင် သမိုင်းဖြစ်စဉ်နှင့် လူမျိုးရေး ခံစားမှု၊ နိုင်ငံရေး အခြေအနေများ သာမက ပကတိမြေပြင် အခြေအနေနှင့် လူမှုစီးပွားရေးဘဝ အခြေအနေများသည်လည်း အရင်းခံအကြောင်းတရား ဖြစ်တည်မှုများအနေဖြင့် တွေ့ရှိရပါတယ်။ 

ပဋိပက္ခဖြစ်စဉ်များ၏ အရင်းခံ အကြောင်း တရားတွင် အောက်ပါ လူမှုစီးပွားရေး အချက်အလက်များက ပြဿနာ၏ အဓိက ရေသောက်မြစ်များ အဖြစ် တည်ရှိနေပါတယ်- 

(က) လမ်းပန်းဆက်သွယ်မှု ခက်ခဲ၍ အထီးကျန် သီးခြား တည်ရှိနေခြင်း။ 

(ခ) ဆင်းရဲနွမ်းပါးမှု မြင့်မား၍ ပညာရေးနိမ့်ကျခြင်း။ 

(ဂ) စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း။ 


စင်စစ်အားဖြင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါးဝ ဖြစ်ပါတယ်။ အနောက်နိုင်ငံများ နှင့် လည်းကောင်း၊ အရှေ့အလယ်ပိုင်း ဒေသနှင့် လည်းကောင်း၊ အာဆီယံနိုင်ငံများနှင့် လည်းကောင်း၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ နှင့် လည်းကောင်း ကူးသန်းရောင်းဝယ်မှု အခွင့်အလမ်းကောင်းများ ရှိနေပါတယ်။ 

မြန်မာနိုင်ငံသာမက တရုတ်နိုင်ငံနှင့် အိန္ဒိယအရှေ့မြောက် ကုန်းတွင်းပိတ် ပြည်နယ်များ ကပါ ရခိုင်ပြည် နယ် ဆိပ်ကမ်းထွက်ပေါက်များကိုအသုံးပြုရန် စိတ်ဝင်စားမှုအပေါ် မိမိတို့က ကူးသန်းရောင်းဝယ် မှု ဗဟိုချက် ဖြစ်လာအောင် ဆောင်ရွက်ရမည် ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်တွင် စစ်တွေဆိပ်ကမ်းနှင့် ကျောက်ဖြူရေနက် ဆိပ်ကမ်းတို့သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ ဆိပ်ကမ်းများအဖြစ် စတင် အသက်ဝင်လာတော့မည် ဖြစ်ပါတယ်။ အလားတူ သံတွဲလေ ဆိပ်၊ ကျောက်ဖြူ လေဆိပ်နှင့် စစ်တွေ လေဆိပ်များကိုလည်း နိုင်ငံတကာလေဆိပ်များ ဖြစ်လာအောင် အစီအမံများချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။ 

တရုတ်နိုင်ငံ ကူမင်းမြို့မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ မြန်မာနိုင်ငံကို ဖြတ်သန်းလျက် ဓါတ်ငွေ့ ပိုက်လိုင်း၊ ရေနံပိုက်လိုင်းများ သွယ်တန်းထားပြီး ၎င်းတို့နှင့် အပြိုင် ကားလမ်း၊ ရထားလမ်းများ ဆောက် လုပ်ပြီးစီးပါက ရခိုင်ပြည်နယ်၏ လမ်းပန်း ဆက်သွယ်မှုမှာ ပြည်မနှင့် သာမက အရှေ့အနောက် ကမ္ဘာ့ နိုင်ငံများ၏ စင်္ကြံလမ်းကြောင်း အဖြစ် ကူးသန်းရောင်းဝယ်မှု ဗဟိုချက် ဖြစ်လာမည် ဖြစ်ပါတယ်။

 ကူးသန်းရောင်းဝယ်မှု ဗဟိုချက်ဖြစ်လာသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းလာပြီး ရခိုင်ပြည်နယ်၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ဖွံ့ဖြိုးလာမည့် အခြေအနေကောင်းကို ပိုင်ဆိုင်လျက် ရှိပါတယ်။ စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ ပညာရေး၊ လူမှုရေးအဆင့်အတန်း တိုးတက်မြင့် မားအောင် ဆောင် ရွက်ပြီး စည်ပင် သာယာဝပြောသော ပြည်နယ်တစ်ခု ဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါတယ်။ 

သို့ရာတွင် ယင်းမျှော်မှန်းချက်များ၏ အဓိကသော့ချက်မှာ တည်ငြိမ်ရေး၊ အေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ယင်းသည်လည်း လူမှုပဋိပက္ခများ ချုပ်ငြိမ်းမှသာ ဖြစ်ထွန်းနိုင်မည် ဖြစ်ပါတယ်။ 

ယနေ့ ကမ္ဘာသည် Globalization ဖြစ်စဉ်ကြောင့် ကမ္ဘာတစ်ခုလုံးသည် ရွာကြီးတစ်ရွာ သဖွယ် ဖြစ်တည် လျက် ရှိနေပါတယ်။ ကမ္ဘာ့တစ်နေရာတွင် ဖြစ်ပွားသည့် ဖြစ်စဉ် မှန်သမျှကို မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း၌ တစ်ကမ္ဘာလုံးသို့ အလျင်အမြန် ပြန့်နှံ့ စေလျက် ရှိပါတယ်။ မည်သည့် ဖြစ်စဉ်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့သည်ကို သတိပြုဖွယ်ရာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ကုလသမဂ္ဂဝင် နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ နိုင်ငံအားလုံးနှင့် ထိတွေ့ ဆက်ဆံနေရ သည့် အားလျော်စွာ လူသားများနှင့် သက်ဆိုင်သောကိစ္စ အရပ်ရပ်တွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီ ဖြေရှင်း လိုက်နာဆောင်ရွက်ရန် တာဝန် ရှိနေပါတယ်။ 

နိုင်ငံအများအပြားက လက်ခံကျင့်သုံးလျက်ရှိသော လူ့အခွင့်အရေးစံချိန် စံညွှန်းများ၊ လူသားချင်း စာနာမှု ဆိုင်ရာ လုပ်ငန်းများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် ပါက ကမ္ဘာ့အလယ်တွင် မျက်နှာပျက်ဖွယ်ရာ အခြေအနေများနှင့် ရင်ဆိုင်ရမည် ဖြစ်ပါတယ်။ 

ရခိုင်ဒေသတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုးစု၏ အကျိုးစီးပွား ကို ရှေးရှုရမည် ဖြစ်သော်လည်း မိမိအကျိုးစီးပွား တစ်ခုတည်းကိုသာကွက်၍ ရှုမြင်ခြင်းမပြုဘဲ ပိုမို ကျယ်ပြန့်သော အမြင်တရားဖြင့် ရှုမြင်ပြီး မြန်မာနိုင်ငံနှင့် တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ကမ္ဘာ့ မိသားစုဝင် နိုင်ငံများအပါအဝင် လူသားအားလုံး၏ အကျိုးစီးပွားကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင် ဆောင် ရွက်ရန် လိုအပ်မည် ဖြစ်ပါတယ်။ 

သို့ဖြစ်ပါ၍ လူမျိုးစုနှစ်ခုအကြားကွဲပြားခြားနားမှုအပေါ် အပြန်အလှန် နားလည်ရေး၊ သီးခြားတည်ရှိသော ရပိုင်ခွင့်များကိုလေးစားမှု၊ ပဋိပက္ခ အသွင်မဆောင်ရေးနှင့် သဟဇာတ ဖြစ်သော လူမှုအသိုက်အဝန်း ဖြစ်ထွန်းရေးတို့အတွက် အစိုးရနှင့်အတူ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက လူမျိုးဘာသာမခွဲခြားဘဲ တန်းတူရည်တူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန်နှင့် ရခိုင်ပြည်နယ်နှင့် ပြည်နယ်သူ ပြည်နယ်သား များရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများ ပေးကြပါရန် လေးစား စွာ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

 အမေရိကန်သမ္မတ အိုဘားမား မိန့်ခွန်းပြောမည့်ဖြစ်၍ ရန်ကုန်တက္ကသိုလ်နယ်မြေအား အကြီးစားပြင်ဆင်မှု ပြုလုပ်

16mt2
နိုဝင်ဘာလ ၁၉ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား မိန့်ခွန်းပြောကြားမည်ဖြစ်၍ ရန်ကုန်တက္ကသိုလ် နယ်မြေအတွင်းရှိ အဆောက်အဦများ၊ လမ်းများနှင့် ခြံစည်းရိုး စသည်တို့ကို အကြီးစားပြင်ဆင်မှု အရှိန်အဟုန်ဖြင့် ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ရန်ကုန်တက္ကသိုလ်နယ်မြေအား နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ၂၀၁၂ ခုနှစ် ဇွန်လ၀န်းကျင်မှစ၍ ရန်ကုန်တက္ကသိုလ်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္ပဏီများပူးပေါင်း၍ ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခဒေါက်တာ ခင်စောနွယ်က ပြောကြားခဲ့သည်။
''အစကတည်းက ရန်ကုန်တက္ကသိုလ်ကို အကြီးစားပြင်ဆင်မှုတွေ လုပ်နေတာပါ။ အခုလို အခြေအနေတွေကြောင့် လူတွေက ပိုမိုပြင်ဆင်တယ်လို့ လူတွေက ထင်ကြတယ်။ ဒီကို လာမယ်ဆိုတာ သေချာလား မသေချာလားဆိုတာ အခုအချိန်ထိ မသေချာသေးဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဒီကိုလာကြည့်ကြတယ်။ အခုနောက်ပိုင်းကျတော့ အခြားတာဝန်ရှိသူတွေ လာပြီး အရှိန်တိုးမြှင့် လုပ်တာတွေတော့ ရှိပါတယ်။ ပထမကတော့ ဆေးသုတ်တာတွေကအစ စည်ပင်ကလုပ်တာပါ။ တကယ်လို့ ဧည့်သည်လာမယ်ဆိုရင် အိမ်ရှင်အနေနဲ့ သူအပေါ်မှာ တန်ဖိုးထားတဲ့အနေနဲ့ ၀ိုင်းလုပ်တာ။ ဒီမှာရှိတဲ့သူတွေကတော့ လာမယ်သေချာတယ်။ ဒီနေရာလေးကတော့ ကောင်းတယ်ဆိုပြီး ၀ိုင်းပြီးပြုပြင်ကြတာပါ။ ကျွန်မတို့ပြီးခဲ့တဲဇွန်၊ ဇူလိုင်လကတည်းက အစည်းအဝေးတွေ ခေါ်ယူပြီး ပြင်ဆင်မှုတွေလုပ်တယ်။ အခု ဒီနေရာလေးကို ရွေးလိုက်တယ်။ ဖြစ်သလို ဧည့်မခံဘူးဆိုတဲ့ သဘောနဲ့ ၀ိုင်းလုပ်ကြတာပါ'' ဟု ပြောပြခဲ့ပါသည်။

16mt3
ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို နိုဝင်ဘာလ ၁၆ရက်နေ့ ညနေပိုင်းကတွေ့ရစဉ်

လက်ရှိအချိန်တွင် ဘွဲ့နှင်းသဘင် ခန်းမအတွင်းနှင့် အပြင်တို့၌ အခမ်းအနား ကျင်းပနိုင်မည့် အကြီးစားပြင်ဆင်မှုမျိုးအား အမေရိကန်သံရုံးမှ တာဝန်ရှိသူများ ဦးဆောင်၍ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘွဲနှင်းသဘင် အဆောက်အဦအား ပြင်ဆင်နေမှုနှင့် ပတ်သက်၍ အမေရိကန်သံရုံးမှ တာဝန်ရှိသူနှင့် အလုပ်သမားများအား မေးမြန်းမှုများ ပြုလုပ်ခဲ့ရာ သတင်းမေးမြန်းမှုများအား ဖြေဆိုခွင့် တရားဝင် တားမြစ်ထားကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ စာကြည့်တိုက်အပါအ၀င် အဆောက်အဦးများနှင့် ခြံစည်းရိုးများ၊ ပလက်ဖောင်းများအား ဆေးသုတ်လုပ်ငန်းများ လုပ်ဆောင်ခြင်းနှင့် အဓိပတိလမ်းမကြီးအား နိုင်လွန် ကတ္တရာခင်းခြင်းအား ယခုရက်ပိုင်းအတွင်းက အရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့ပြီးဖြစ်သည်ကို တွေ့ရသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာ ဘာရက်အိုဘားမားသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ မကြာမီကာလအတွင်း အလုပ်သဘောခရီး လာရောက်လည်ပတ်မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်မှ ဖော်ပြသတင်းထုတ်ပြန်ခဲ့သည်။

လေဖိအားနည်းဆဲလ် INVEST 98B ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းသို့ ရောက်ရှိလာ

By mmweather.ygn, on November 16th, 2012 နိုဝင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် NRL data များအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် INVEST 98B သည် နံနက် ဝဝ၃ဝ နာရီအထိ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တောင်ဘက်သို့ ပြန်လည်ချိုးကွေ့ကာ တစ်နာရီ ၄ မိုင်နှုန်း ကျော်ကျော်ဖြင့် ရွေ့လျားခဲ့ကြောင်း တွေ့ရပါသည်။
INVEST 98B သည် ဧရာဝတီတိုင်း၊ လပွတ္တာမြို့၏ အရှေ့-အရှေ့တောင်ဘက် ၂၃၅ မိုင်ခန့်၊ ကိုကိုးကျွန်း အနောက်မြောက်ဘက် ၁၆၇ မိုင်ခန့်တွင် တည်ရှိနေပြီး ရွေ့လျားမှု အခြေအနေနှင့် အင်အားမိုမိုကောင်းလာခြင်း ရှိ/မရှိ သတင်းများကို ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။ လက်ရှိအချိန်တွင် 98B ၏ ဗဟို၌ ဖိအား 1010 hPa နှင့် လေတိုက်နှုန်း ၁၅ နော်တီကယ်မိုင်ခန့်သာ ရှိကြောင်း NRL data များတွင် ဖေါ်ပြထားပါသည်။
98B
16 Nov 2012 0000Z
Location: 15.5 91.3
Winds: 15 knots
Central Pressure: 1010 hPa
 
98B ရွေ့လျားရာ လမ်းကြောင်းပြပုံ (အပေါ်) 98B ဖြစ်ပေါ်လျှက်ရှိသည့် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှ တိမ်တိုက်အခြေအနေကို နိုဝင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန်နံနက် ဝ၈၃ဝ နာရီတွင် တွေ့မြင်ရပုံ(အောက်)
 

သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်

ပြည်ထောင်စု အစိုးရအဖွဲ့

အမိန့်ကြော်ငြာစာ

အမှတ်၊ ၈၁ /၂၀၁၂

၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်း လဆန်း ၂ ရက်

(၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)

သတင်း ထုတ်ပြန်ရေး အဖွဲ့ ဖွဲ့ စည်းခြင်း

၁။နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေး အန္တရာယ် အရေး ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်း ပွဲများပြုလုပ်ခြင်း၊ သတင်း ထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) အရ" သတင်းထုတ်ပြန်ရေး အဖွဲ့"ကို အောက်ပါ အတိုင်း ဖွဲ့စည်း လိုက်သည်-


(က)ဦးအောင်သိမ်း
ဒုတိယဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန
အဖွဲ့ခေါင်းဆောင်

(ခ)ဦးရဲမင်း
ဒုတိယညွှန်ကြားရေးမှူးချုပ်
သမ္မတဦးစီးရုံး
အဖွဲ့ဝင်

(ဂ) ဦးရဲနိုင်
အထွေထွေမန်နေဂျာ
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ပြန်ကြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်

(ဃ) ဦးမိုးကျော်အောင်
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး
အဖွဲ့ဝင်

(င) ဦးအောင်စိုးသိန်း
ညွှန်ကြားရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး
အဖွဲ့ဝင်

(စ)ဦးဉာဏ်ထွန်း
ညွှန်ကြားရေးမှူး
နိုင်ငံတော်သမ္မတရုံး
အတွင်းရေးမှူး

၂။ သတင်းထုတ်ပြန်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က)နိုင်ငံတော် ၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်၊

(ခ)အခါအားလျော်စွာ လိုအပ်ချက်ရှိပါက သတင်းစာရှင်းလင်းပွဲများ တာဝန်ယူ ပြုလုပ်ပေးရန်၊

(ဂ)သတင်းထုတ်ပြန်ချက် (Press Statement) များ ထုတ်ပြန်ပေးရန်၊

(ဃ)ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် စပ်လျဉ်း၍ တင်ကူးမီဒီယာ (Preactive Media) လုပ်ငန်းနှင့် တုံ့ပြန် မီဒီယာ (Reactive Media) လုပ်ငန်းများ ဆောင်ရွက်ရန်၊

(င)ပြည်တွင်းပြည်ပရှိ သတင်းဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ သတင်းဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ချိရန်၊

(စ)ဝန်ကြီးဌာနအသီးသီးမှ ဖွဲ့စည်းထားသော သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် ချိတ်ဆက်၍ အထောက်အကူ ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ရန်။

(ပုံ) ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်

ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ဖျက်သိမ်း

 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊၈၆/၂၀၁၂
၁၃၇၄ ခုနှစ် ၊တန်ဆောင်မုန်း လဆန်း ၁ ရက်
(၂၀၁၂ ခုနှစ် ၊နိုဝင်ဘာလ ၁၄ ရက်)
ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့ဖျက်သိမ်းခြင်း

နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၁ခုနှစ်၊ ဩဂုတ်လ ၁၀ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၇၅/၂၀၁၁)ဖြင့် ဖွဲ့စည်း ခဲ့သော ''ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့'' ကိုယနေ့မှစ၍ ဖျက်သိမ်းလိုက်ပါသည်။

                                                                                                            (ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဆိုဒ်

တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ဒေါ်စုဖိတ်ခေါ်

နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ သတင်းတပတ်ကြာ အိန္ဒိယနိုင်ငံ ခရီးစဉ် အတွင်း စွမ်းအင်နဲ့ ရင်းမြစ်ဆိုင်ရာ နည်းပညာသိပ္ပံ TERI ကိုရောက်ရှိစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် လိုအပ်နေသေး တဲ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကိုလည်း  ဒေါ်အောင်ဆန်းစုကြည်က
ပြောကြား သွားပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာရဲ့ စွမ်းအင်၊ ရင်းမြစ်၊ ကြွယ်ဝမှု ဆိုတဲ့ ထောင်ချောက်မှာ မလှုပ်သာ မယှက်သာ မိနေကြတဲ့  သယံဇာတ မက်မောကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ တိုင်းရင်းသားတွေရဲ့ သဘောထားတွေကိုလည်း အထူး အလေးဂရုပြုဖို့လည်း လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမြို့တော် Gurgaon မြို့က စွမ်းအင်နဲ့ ရင်းမြစ်ဆိုင်ရာ နည်းပညာသိပ္ပံ TERI ကို ရောက်ရှိစဉ်မှာ သူမက အခုလို ပြောကြားလိုက်တာပါ။

“ဗမာပြည်ဟာ စွမ်းအင် အရင်းအမြစ်တွေ သိပ်ကို ကြွယ်ဝပါတယ်။ ဒီကြွယ်ဝမှုကြောင့်လည်း နိုင်ငံဟာ သိပ်ကို အန္တရာယ်ရှိနေပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ဒီ သယံဇာတ အရင်းအမြစ်တွေကို လိုချင်ကြသူတွေ နောက် နိုင်ငံတွင်းကို လာရောက်ချင်သူတွေ နဲ့ သူတို့ကိုယ်ကျိုးအတွက် သုံးစွဲချင်သူတွေ ထုနဲ့ဒေးနဲ့ ရှိနေတာကြောင့်ပါ။ ကျမတို့ နိုင်ငံ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်ဆိုတာကို နားလည်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ကျမတို့ ကြိုဆိုပါတယ်။ ကျမတို့ အနေနဲ့ နိုင်ငံရဲ့ အနာဂတ် ကောင်းစေဖို့ အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းမယ့် တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေတော့ ဖြစ်စေချင်ပါတယ်။”

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး ထွက်ကုန်တွေ၊ ချည်မျှင်နဲ့ အထည်၊ သစ်တောထွက် ပစ္စည်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေ၊ ကျောက်မျက်ရတနာ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှုတွေလည်း ပိုင်ဆိုင်ထားပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ဖြစ်စေဖို့ ၀ါး အခြေပြု ကုန်ထုတ်လုပ်ငန်း ကို ဒေသခံတွေ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းတွေနဲ့ ပေါင်းစပ်ပြီး ဖွံ့ဖြိုးစေချင်တယ်လို့လည်း သူမက ပြောပါတယ်။ တိုင်းရင်းသား လူမျိုးစုတွေ အခြေချ နေထိုင်နေတဲ့ ဒေသတွေမှာ သဘာဝ သယံဇာတတွေ ရှာဖွေရေး လုပ်ငန်းတွေမှာ အထူးအလေးထားသင့်တဲ့ ကိစ္စတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားပါတယ်။

“တိုင်းရင်းသား လူမျိုးစု ဒေသတွေက စွမ်းအင် အရင်းအမြစ်တွေကို လက်တွေ့ကျပြီး ထိရောက်တဲ့ စီမံခန့်ခွဲမှု လိုအပ်နေပါတယ်။ ဒေသရဲ့ စီးပွားရေး တွက်ချေကိုက်ဖို့၊ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး ဖြစ်ဖို့ အတွက်တင် မကပါဘူး။ ဒေသခံတွေ လက်ခံနိုင်တဲ့ မူဝါဒတွေ ချမှတ်ကျင့်သုံးဖို့ လည်း လိုပါတယ်။ ဒေသခံတွေ အနေနဲ့  သူတို့ရဲ့ အမွေအနှစ်တွေနဲ့ သဘာဝ အရင်းအမြစ်တွေ ကုန်ဆုံးသွားပြီလို့ ခံစားကောင်း ခံစားနေကြမှာလည်းဖြစ်ပါတယ်။”

ပြည်သူတွေ စွမ်းဆောင်ရည်နဲ့ ၀င်ငွေ တိုးလာရင် နိုင်ငံဟာလည်း ပိုပြီး အားကောင်းလာစေ ပါလိမ့်မယ်လို့လည်း သူမက ဆိုပါတယ်။ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ လွတ်မြောက်လာတယ်ဆိုပေမယ့် ဒီမိုကရေစီ ဆီကို ဦးတည်သွားရာ မှာတော့ နှေးကွေးနေပါသေးတယ်။  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က နိုင်ငံမှာ အာဏာခွဲဝေကျင့်သုံးဖို့ လိုအပ်ပြီး ဒေသန္တရ အုပ်ချုပ်ရေးပိုင်းကို အာဏာ ခွဲဝေကျင့်သုံးဖို့ လိုအပ်တယ်လို့လည်း အလေးထား ပြောကြားသွားပါတယ်။

“ဒေသန္တရ  အုပ်ချုပ်ရေး စနစ် အားကောင်းအောင် တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီကို ရှေ့ရှု သွားနေပြီဆိုရင် ကျမတို့ အနေနဲ့ ဒါကို တည်ဆောက်ဖို့ လိုပါတယ်။ လောလောဆယ်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖြစ်စဉ်ဆီကို ဦးတည်နေပြီ ဆိုပေမယ့်လည်း ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ သိပ်ကို အသားကျနေပါတယ်။  အာဏာရှင် စနစ်နဲ့ နှစ်ပေါင်း ၅၀ - ၆၀ လောက် နေခဲ့ရတဲ့နောက်မှာ အားလုံးဟာ ပြောင်းလဲ သွားမယ်လို့ ယူဆလို့ မရနိုင်ပါဘူး။

အာဏာ ခွဲဝေကျင့်သုံးဖို့ အတွက်က သိပ်ကို ခက်ခဲနေပြီး  ဗဟိုက  ဒါကို မလုပ်ချင်ပါဘူး။ ဒီလို လုပ်လိုက်မယ်ဆိုရင် အားလုံး ပြိုလဲသွားလိမ့်မယ်လို့ သူတို့က ယူဆနေကြပါတယ်။ ဒေသန္တရ အဆင့်ကလည်း ဗဟိုနဲ့ ပြသနာ ဖြစ်မှာ စိုးတော့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချဖို့ မ၀ံ့မရဲ ဖြစ်နေကြ တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ နိုင်ငံကို သတင်းတပတ်ကြာ ခရီးရောက်ရှိနေတဲ့ အတောအတွင်း  အိန္ဒိယ ၀န်ကြီးချုပ် မန်မို ဟန်ဆင်း၊ အာဏာရ ကွန်ဂရက်စ် ပါတီရဲ့ အကြီးအကဲ ဆိုနီယာဂန္ဒီနဲ့လည်း တွေ့ဆုံပြီး ဖြစ်ပါတယ်။ ဗုဒ္ဒဟူးနေ့တုန်းက ဂျဝါဟာလာ နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂလော ပြည်နယ်က အိန္ဒိယ သိပ္ပံ ဌာနနဲ့ အိုင်တီ နည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ Infosys Campus ကိုလည်း သွားဖို့ ရှိပါတယ်။
သိင်္ဂီထိုက် VOA

ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုသည်မှာ.....

 
ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုသည်မှာ.....
 ဒီ ဘင်္ဂါလီ ရိုဟင်ဂျာ အရေးကို လူအများစုက ဘာမှန်း သေခြာမသိကြဘူး…. လူတစ်ချို့က လူသားခြင်း စာနာမှုနဲ့ ရောချကြတယ်၊ လူတစ်ချို့က လူ့အခွင့်အရေး၊ လူတစ်ချို့က သူ့ဟာသူနေတာပဲ ထားလိုက်ပါလို့ ပြောကြတယ်…… ကဲ ဒါဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဆိုတာ ဘာလဲ၊ ဘယ်လောက်အထိ ဘာတွေ ဖြစ်သွားနိုင်လဲ၊ လူသားခြင်း စာနာထောက်ထားရမယ့် အရာလား၊ လူ့အခွင့်အရေးနဲ့ ဆိုင်သလား စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ပါ မယ်…..

ထူးခြားသည့် သမိုင်း၊ မြင့်မားသည့် ယဉ်ကျေးမှုနှင့် နေထိုင်လာသည့့်် ရခိုင်လူမျိုးများ ပြယုဂ်

ကျွန်တော် ပထမ ရေးထားတဲ့ စာကို ဖတ်ပီးသူတိုင်း ဘင်္ဂါလီ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ ရှေးယခင်ကပင် တည်ရှိနေတဲ့ တိုင်းရင်းသား မဟုတ်ဘူး ဆိုတာ နားလည် သဘောပေါက် လက်ခံမှာပါ….. ဒီလောက် ကမ္ဘာမှာ စည်းနဲ့ စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်တွေရဲ့ မှတ်တမ်း မှတ်ရာတွေမှာ ရိုဟင်ဂျာဆိုတာ တစ်လုံး တစ်ပါဒမျှ မတွေ့ရပဲ လွတ်လပ်ရေးနှောင်းပိုင်းမှ မူဂျာဟစ်တွေ တောင်းဆိုမှုနဲ့ ရိုဟင်ဂျာတွေ ထောင်းလမောင်းထလာတာကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်မှန်း သိကြမှာ ဖြစ်ပါတယ်….

ဒီနေရာမှာ ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ Origin မူဂျာဟစ်တွေကို လေ့လာကြည့်ပါ....... အင်္ဂလိပ်တွေ စစ်ပြေးတော့ သူတို့ အိန္ဒိယက (အဲ့ဒိတုန်းက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် မကွဲပြားသေးပါဘူး... တစ်ပေါင်း တစ်စည်းတည်းကို အိန္ဒိယလို့ ခေါ်ပါတယ်...) ခေါ်လာတဲ့ စစ်ဗာရီတွေကို လက်နက် တပ်ဆင်ပေးခဲ့တော့ နဂိုကတည်းက မြန်မာပြည်ကနေ ခွဲထွက်ချင်တဲ့ မူဂျာဟစ် ခေါ်တောတွေဟာ ရခိုင်ရွာတွေ၊ မြို့တွေကို ဓါးပြတိုက်၊ ရွာလုံးကျွတ် မီးရှို့၊ လူမျိုးတုန်း အစုလိုက် အပြုံလိုက် သတ်ဖြတ်၊ ရခိုင် အမျိုးသမီးတွေကို မုဒိမ်းကျင့်ပီး သတ်ဖြတ်ခြင်း အစရှိတဲ့ လူမဆန်တဲ့ ရက်စက် ယုတ်မာမှုတွေကို ကျူးလွန်ခဲ့ကြပါတယ်....

၁၉၄၅ အင်္ဂလိပ်တွေ မြန်မာနိုင်ငံကို ပြန်ဝင်လာတဲ့ အခါကြတော့လည်း အဲ့ဒိ မူဂျာဟစ် ခေါ်တောတွေဟာ ဘူးသီးတောင်၊ မောင်းတော ဒေသတွေကို ကြိုဝင်လာကြတယ်.... အတွင်းအထိလည်း ၀င်နိုင်သမျှ ၀င်လာခဲ့ကြတယ်..... အိန္ဒိယကနေ ပါကစ္စတန် ခွဲထွက်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ ဘူးသီးတောင်၊ မောင်းတောကို ပါကစ္စတန်ထဲ ပေါင်းထည့်ဖို့ ပါကစ္စတန် ခေါင်းဆောင် အလီဂျင်းနားကို တောင်းဆိုခဲ့တာမှာ အလီဂျင်းနားဟာ ဗိုလ်ချုပ်အောင်ဆန်းကို ကြည်ညိုတဲ့အတွက် လက်မခံဘူးဆိုတဲ့ ကတိကြောင့်သာ မြန်မာနဲ့ ပါကစ္စတန် နယ်နိမိတ် အရေး စစ်မခင်းခဲ့ရတာပါ.....

ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်ရယ်လို့ ခွဲထွက်ပီးတဲ့ အခါမှာတော့ ဘူးသီးတောင်၊ မောင်းတောကို အာသာငန်းငန်းနဲ့ လိုချင်ဇော ပြင်းပြလာတဲ့ ဘင်္ဂလားဒေ့ရှ်တွေဟာ မူဂျာဟစ်တွေကို လက်နက်ထောက်ပံ့ပေးပီး တကျော့ပြန် သောင်းကျန်းမှုကို အစပြုစေခဲ့ပါတယ်……. မြန်မာကမ်းရိုးတန်း ဒီလောက် ရှည်လျားတာမယ် ဘူးသီးတောင် မောင်းတောမှာသာ ဒီလူမျိုးရေး ပြဿနာ ဖြစ်နေ တာကို သတိထားမိရင် ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ်ရဲ့ ပါတ်သက်မှုတွေကို အထင်အရှားတွေ့နိုင်မှာ ဖြစ်ပါတယ်……

လူမျိုးတစ်မျိုးမှာ စာပေ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်း ဆိုတာ အတိအကျကို ရှိပါတယ်…. အခုလက်ရှိ ရိုဟင်ဂျာတွေ သုံးနှုန်းသော ဘာသာစကား၊ စာပေ အတိအကျ ခိုင်ခိုင်မာမာ မရှိပါဘူး…. အာရပ်တွေ သင်္ဘောပျက်လို့ ရောက်လာလျင် အာရပ်စကားသာ သုံးနှုန်းရမှာ ဖြစ်ပါတယ်…. သိုရာတွင် ယခု ဘင်္ဂါလီ ရိုဟင်ဂျာတွေ သုံးနှုန်းနေသည်မှာ ဘင်္ဂလားဒေ့ရှ်ရှိ ဘင်္ဂါလီတို့ သုံးနှုန်းတဲ့ ဘာသာစကားသာ ဖြစ်ပါတယ်….. ယဉ်ကျေးမှု အနေနဲ့လည်း မယ်မယ် ရရ ပြစရာ မရှိသလို၊ သမိုင်း ဆိုသည်မှာလည်း လိမ်လည်ရေးသား နေကြသဖြင့် တစ်ယောက် တစ်ပေါက်နှင့် အမြှီးအမေါက် မတည့်တာကို ကြည့်ခြင်း အားဖြင့် ရိုဟင်ဂျာဆိသည့် လူမျိုးသည် ဘင်္ဂလားဒေ့ရှ်မှ လာသော ဘင်္ဂါလီ လူမျိုးများသာ ဖြစ်တယ်ဆိုတာ ငြင်းလို့ မရပါဘူး….

ဒါဆိုရင် ဘင်္ဂါလီ ရိုဟင်ဂျာအရေးဟာ လူသားခြင်း စာနာထောက်ထား သင့်တယ်လို့ပြောလာတယ်…. သူတို့ကော လူမဟုတ်ဘူးလားလို့ ပြောလာကြတယ်….. အခုလည်း လူသားခြင်း စာနာထောက်ထား တဲ့အပြင် ဘူးသီးတောင် မောင်းတော ဒေသဟာ မြန်မာပြည်မှာ INGO တွေ ဒုတိယ အများဆုံး ရုံးစိုက်ရာ ဒေသလို့တောင် သတ်မှတ်လို့ ရလောက်အောင် နိုင်ငံတကာက အကူအညီပေးရေး အဖွဲ့တွေ ရုံးစိုက် လုပ်ကိုင်နေတာ အထင်အရှားပါ….. ဒီနေရာမှာ ဘာလို့ သူတို့ကို ပန်းရောင် မှတ်ပုံတင် ပေးမကိုင်သလဲ….. ရှင်းနေပါတယ်… ဘင်္ဂလားဒေ့ရှ်က ဆင်းသက်လာတဲ့ မူဂျာဟစ်က အသွင်ပြောင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်တဲ့အတွက် သူတို့ကို နိုင်ငံသား မှတ်ပုံတင် မပေးနိုင်ပါဘူး…..

နိုင်ငံသား မှတ်ပုံတင်ဆိုတာ နိုင်ငံတိုင်းမှာ တိုင်းတပါးသား လူမျိုးခြားတွေကို အလွယ်တကူ ထုတ်ပေးရိုးလည်း ထုံးစံ မရှိပါဘူး…. လူ့အခွင့်အရေးကို အင်မတန်လေးစားပါတယ် ဆိုတဲ့ အမေရိကန် နိုင်ငံမှာတောင် Green Card ပေါက်တိုင်း Citizen တန်းဖြစ်တာ မဟုတ်ပါဘူး….. ဒါကို မေ့ထားလို့ မရပါဘူး…. ဒီနေရာမှာ နိုင်ငံသား လျှောက်ထားချိန်မှာ မိမိလျှောက်ထားတဲ့ နိုင်ငံအပေါ်ကို သစ္စာစောင့်သိရမှာ ဖြစ်ပါတယ်….. အဲ့ဒိအတွက် သမိုင်းကြောင်းတွေအရ မြန်မာနိုင်ငံကို လွတ်လပ်ရေး မရခင်ကတည်းက ခွဲပီး ဖဲ့ထုတ်ဖို့ ကြိုးစားခဲ့တဲ့ မူဂျာဟစ်တွေရဲ့ မျိုးဆက်၊ အခုလက်ရှိလည်း တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိခြင်း အလျဉ်းမရှိ၊ ဘင်္ဂလားနဲ့ မြန်မာ ရေပိုင်နက် ကိစ္စမှာ ဘင်္ဂလားကို Gratifying လှမ်းလုပ်တဲ့ လူမျိုးတွေကို ကျွန်တော်တို့နိုင်ငံအနေနဲ့ လွယ်ကူစွာ နိုင်ငံသားဖြစ်ခွင့် ပေးဖို့ရန် မဖြစ်နိုင်ပါဘူး…..

အခုလက်ရှိကို ဘူးသီးတောင် မောင်းတော ဟာ Buffer Zone အနေနဲ့ ဖြစ်နေပီး ဘင်္ဂလားနဲ့ စစ်ဖြစ်ခဲ့သော် အဆိုပါ ဒေသတွင် နေထိုင်တဲ့ ရခိုင်လူမျိုးတွေအတွက် အလွန်ပင် အန္တရာယ် ကြီးပါတယ်…. ဘူးသီးတောင် မောင်းတောဒေသမှာ ရှိတဲ့ ရွာအများစုဟာ ဘင်္ဂါလီ ရွာတွေ ဖြစ်နေတာကိုလည်း တိုင်းပြည် လုံခြုံရေးအတွက် သတိထားသင့်ပါတယ်…… ဒိအတွက် ဘင်္ဂါလီ ရိုဟင်ဂျာအရေးဟာ လူသားခြင်း စာနာထောက်ထားလို့ မရတဲ့၊ အလေးအနက်ကို သတိထားရမယ့် တိုင်းတစ်ပါး ကျူးကျော်မှု ဖြစ်ပါတယ်……..

ဒါဖြင့် တိုင်းတပါးသား ရိုဟင်ဂျာတွေကို လွတ်လပ်စွာ ပြည်တွင်း သွားလာခွင့် ပေးသင့်တယ် ဆိုလာပြန်ပါတယ်….. ဘယ်နိုင်ငံမှ မိမိနိုင်ငံအတွင်းကို တိုင်းတပါးသားများ လွတ်လွတ်လပ်လပ် သွားလာခွင့်ကို မပေးပါဘူး…. အထူးသဖြင့် ဆင်းရဲတွင်း နိမ့်ကျတဲ့ နိုင်ငံမှ နိုင်ငံသားများကို ပိုလို့ပင် တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါတယ်…. ဥပမာ အနေနဲ့ မြန်မာနိုင်ငံသားများ ပြည်ဝင်ခွင့်လျှောက်လျင် အလွယ်တကူ ချပေးသော နိုင်ငံဟာ မရှိသလောက် ရှားပါတယ်…… စင်္ကာပူရှိ သြစတေးလျ သံရုံးဆိုလျင် မြန်မာနိုင်ငံသား ဗီဇာ လျှောက်ထားသူများအား သံရုံးအတွင်း ၀င်ခွင့်ပင် မပေးပါဘူး…. ဒါဆိုရင်ဖြင့် လွတ်လပ်စွာ သွားလာခွင့်ဟာ နိုင်ငံတိုင်းမှာ သူ့အကန့်အသတ်နဲ့ သူ ရှိတယ်ဆိုတာ သဘောပေါက်ကျမှာ ဖြစ်ပါတယ်….

ဒါဖြင့် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဟာ မွတ်စလင်နဲ့ ဘာသာရေး ပဠိပက္ခ ဖြစ်စေချင်လို့ ပြောဆိုလာကြတယ်လို့ စွတ်စွဲလာပြန်ပါတယ်….. အပေါ်မှာ ပြောထားတာ ရှင်းပါတယ်…. ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဟာ တိုင်းတစ်ပါး ကျူးကျော်မှု ဖြစ်ပါတယ်…. မွတ်စလင်ကြောင့်ရယ် မဟုတ်ပါဘူး….. မြန်မာပြည် အရှေ့ဘက်က တရုတ်တွေ၊ ယိုးဒယားတွေ ဗုဒ္ဓဘာသာဝင်ပင် ဖြစ်သော်လည်း ကျူးကျော်ဝင်ရောက် နေထိုင်လာလျင် ကန့်ကွက်နေတာ အထင်အရှား ဖြစ်ပါတယ်….. ကန့်လည်း ကန့်ကွက်နေကြပါတယ်…. သို့ဖြစ်သောကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးဟာ ဘာသာရေး ပဠိပက္ခအတွက် ဇောင်းပေးလာခြင်း မဟုတ်ပါဘူး…..

အများမသိသေးတဲ့ အချက်အနေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ ရှီးယိုက် မွတ်စလင် ဘာသာဝင်တွေ ဖြစ်ပြီး ပြည်တွင်းမှာ ရှေးဘုရင်တွေ လက်ထက်ကပင် အေးအတူ ပူအမျှ နေထိုင်ကြတဲ့ မွတ်စလင်တွေဟာ ဆွန်နီ မွတ်စလင်တွေ ဖြစ်ကြတယ် ဆိုတာပါပဲ….. ဘာသာ တူသော်လည်း ဂိုဏ်းကွဲခြင်း၊ ဂိုဏ်းတူသော်လည်း ပင်ကိုယ် ယုတ်မာသည့် စိတ်ဓါတ် အခံရှိခြင်းတို့ကြောင့် ဘင်္ဂါလီ ရိုဟင်ဂျာတို့ ရောက်သည့် နိုင်ငံတိုင်း တွင် ပြဿနာပေါင်း စုံ ဖြစ်သည်မှာ ပုံမှန်လို ဖြစ်နေပါတယ်…. အထူးသဖြင့် ဘာသာတူ မလေးရှားလို နိုင်ငံမှာပင် မလေးနိုင်ငံသူတွေကို ယူထားပြီး ကလေးနဲ့ တိုးလို့ တွဲလောင်း ပစ်ထားတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေရဲ့ လုပ်ရပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်….

သို့ဖြစ်သည့်အတွက် ဘင်္ဂါလီ ရိုဟင်ဂျာတွေ ပြည်တွင်းမှာ များပြားလာရင် ဘာဖြစ်မလဲ မေးစရာ ရှိပါတယ်…. ပထမဆုံးအနေနဲ့ ပြည်တွင်း မွတ်စလင်တွေ ၀ါးမြိုခံရမှာ ဖြစ်ပါတယ်…. ဘင်္ဂါလီ ရိုဟင်ဂျာတွေ အားကောင်းလာလျင်၊ အာဏာလက်ကိုင်ရှိလာလျင် ပြည်တွင်း ဆွန်နီ မွတ်စလင်တွေကို ဘာသာရေး သစ္စာဖောက်မှုကို အကြောင်းပြုပြီး သုတ်သင်လာနိုင်ပါတယ်…. ဒါဟာ အင်မတန် ကြောက်စရာကောင်းတဲ့ ဘာသာရေး ခုတုံးလုပ်တဲ့ အစုလိုက် အပြုံလိုက် လူသတ်မှုတွေ ဖြစ်လာမယ့် အရေးအခင်းလည်း ဖြစ်ပါတယ်….. ကမ္ဘာ့သမိုင်းမှာလည်း ထိုကဲ့သို့သော ကိစ္စတွေ ဖြစ်ခဲ့သလို၊ မြန်မာနိုင်ငံမှာလည်း အင်မတန် အကြမ်းဖက်မှုနဲ့ သဟဇာတ ဖြစ်နေတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အားကောင်းလာလျင် ဖြစ်လာနိုင်ဖွယ်တွေ ရှိနေပါတယ်…..

လူသားခြင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံးနဲ့ ကာကွယ်လာပြန်ပါတယ်….. ကျွန်တော် ခပ်ရှင်းရှင်းပဲ မေးပါမယ် မြန်မာပြည်မှာ ပင်ကိုယ်နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လူမျိုးကြီးတွေ အပါအ၀င် ကျန်တဲ့ လူမျိုးစုငယ်တွေ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ နိုင်ငံသားတစ်ယောက်၏ ကိုယ်ပိုင်လွတ်လပ်ခွင့် အပြည့်အ၀ ရပီလား မေးကြည့်ချင်ပါတယ်…. နိုင်ငံအသီးသီးဟ ရာဇ၀င်တွင် မိမိနိုင်ငံသား၏ အခွင့်အရေးအား ပစ်ပယ်၍ တိုင်းတစ်ပါး လူမျိုးခြား အစုလိုက်အပြုံလိုက်အား အခွင့်အရေးပေးခြင်းမှာ မည်သည့်နိုင်ငံတွင်မျှ မရှိပေ…. ဆင်းရဲသော မြန်မာနိုင်ငံ၊ ယခုမှ ပြာပုံတွင်းက ရုန်းထရန် ကြိုးစားနေသော မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံသားတို့၏ အကျိုးကျေးဇူးကိုသာ ဦးစားပေးရမည်မှာ မြန်မာနိုင်ငံရေးကို ဖော်ဆောင်သူတိုင်း လက်ခံသည့် တရားပင် ဖြစ်ပါသည်။

ဤနေရာတွင် လူ့အခွင့်အရေးဆိုသည်မှာ မြန်မာနိုင်ငံအားသာ ကွက်ကျားမိုးဖြင့် ဖိအားပေးနေသည်ကို တွေ့နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အာရပ်နိုင်ငံများတွင် အခြေချ နေထိုင်ကြသည့် ဘင်္ဂါလီ ရိုဟင်ဂျာများသည် နှစ်ပေါင်း ၂၀ ကျော်နေထိုင်သော်လည်း၊ အဆိုပါနိုင်ငံတွင် မွေးဖွားစဉ်မှစ၍ နေထိုင်ခဲ့သော်လည်း နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးကို ရရှိရန် နှစ်ပေါင်း ဆယ်စုနှစ် ၂ ခုစာမက စောင့်စားရသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ထိုသို့ စောင့်စားနေစဉ်အတွင်း အဆိုပါ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ ရင်သွေးများအား အစိုးရကျောင်းများတွင် ကျောင်းတက်ခွင့် မပေးခြင်း၊ ကလေး မွေးဖွားနှုန်းအား ထိမ်းချုပ်ခြင်း အစရှိသည်တို့ ပြဌာန်းထားခြင်းများ ရှိသော်လည်း လူ့အခွင့်အရေးဟု ကြွေးကျော်နေသူများမှာ မျက်စိကန်းနေသည့်အလား မတွေ့မမြင်ပဲ နှုတ်ပိတ်နေကြသည်ကို သိနိုင်မည် ဖြစ်ပါသည်။

သို့ဖြစ်သည့်အတွင် ဘင်္ဂါလီ ရိုဟင်ဂျာများသည် ကျူးကျော် ၀င်ရောက်လာသူများ ဖြစ်ခြင်း၊ ခိုးဝင်ရောက်လာသူများ ဖြစ်ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသား အခွင့်အရေး အပြည့်အ၀ မပေးနိုင်သည်မှာ တရားနည်းလမ်း မှန်ကန်သော ပြုကျင့်မှု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုတော့ ဘာသာတူသည့် အာရပ်နိုင်ငံများသည်ပင် ဘင်္ဂါလီ ရိုဟင်ဂျာတို့အား လူသားမဆန်စွာ ပြုမူဆက်ဆံနေသည်ကို အထင်အရှား တွေ့နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်သည့်အတွက် မြေးကားအရင်း၊ သားကာ အဖျားဆိုသကဲ့သို့ ဘင်္ဂါလီ ရိုဟင်ဂျာများအား လူ့အခွင့်အရေး ပေးပြီး ပြည်တွင်းရှိ ဌာနေရင်း မြန်မာနိုင်ငံသားတို့မှာ ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေထိုင်သွားရမည်မှာ မည်သို့မျှ ဖြစ်နိုင်ခြင်း မရှိပါ။

ထို့ကြောင့် မည်သူတွေမှ ဘင်္ဂါလီ ရိုဟင်ဂျာအရေးအား ရှေ့တန်းတင်နေသလဲ၊ ကမ္ဘာသိအောင် အားထုတ်နေလဲ မေးစရာ ရှိလာပါတယ်…… အင်္ဂလန်နိုင်ငံတွင် အခြေစိုက်သည့် Burma Campaign (UK) နှင့် Exile Media များ ဖြစ်ပါတယ်… မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်ကို တစစ ဦးတည်ပြီး လျှောက်လှမ်းလာချိန်မှာ နိုင်ငံတကာ အကူအညီတွေဟာ မြန်မာနိုင်ငံထဲကို တိုက်ရိုက်စီးဝင်တော့မှာကို မြင်နေကြတဲ့အတွက် မိမိတို့ ထမင်းအိုးကွဲမှာကို ကြောက်လာကြတဲ့ ပြည်ပအခြေစိုက် မီဒီယာများနဲ့ မြန်မာနိုင်ငံနဲ့ လုပ်စားနေကြ Burma Campaign (UK) တို့ဟာ ဘင်္ဂါလီ ရိုဟင်ဂျာနဲ့ စားကွက် ထွင်လာပါတယ်…..

ဘူးသီးတောင်နှင့် မောင်းတောရှိ ဘင်္ဂါလီ ရိုဟင်ဂျာများအား အကူညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို လက်ညှိုးထိုး ပြစားခြင်းဖြင့်၊ အနောက်နိုင်ငံများထံမှမက အာရပ်နိုင်ငံများထံမှပါ မြက်မြက်စွက်စွက် အသက်ဆက်ရန် ရံပုံငွေ ရရှိသည့်အတွက်လည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် မျောက်ပြ ဆန်တောင်းခံရသည် ဆိုသော် မမှားပါဘူး….. အဆိုပါ အဖွဲ့အစည်းများနှင့် အသံလွှင့်ဌာနများသည် ဘင်္ဂါလီ ရိုဟင်ဂျာများအား လူသားခြင်း စာနာထောက်ထားရန် အတန်တန် အော်ဟစ်နေကြသော်လည်း ၎င်းတို့အနေဖြင့် လက်တွေ့တွင်မူ တစ်ပြားတစ်ချပ်မျှ ဘူးသီးတောင် မောင်းတော ဒေသတွင် နေထိုင်သည့် ဘင်္ဂါလီ ရိုဟင်ဂျာများအား ပံ့ပိုးကူညီခြင်း၊ အလှူငွေ လှူဒါန်းခြင်း မရှိသည်ကို အဆိုပါ ဘူးသိးတောင် မောင်းတော ဒေသတွင် လက်ရှိ လုပ်ကိုင်နေသည့် INGO အဖွဲ့အစည်းများ၏ နှစ်စဉ် စာရင်းရှင်းတန်းများတွင် ကြည့်ရှုလေ့လာလျင် သိနိုင်မှာ ဖြစ်ပါတယ်…..

ထို့အတူပင် အာရပ်နိုင်ငံမှ ဘင်္ဂါလီ ရိုဟင်ဂျာအရေးနှင့် ပါတ်သက်သည့် အလှူရှင်များသည်လည်း အဆိုပါ INGO အဖွဲ့အစည်းများအား ငွေ လှူဒါန်းခြင်း အလျင်းမရှိသည်ကို လေ့လာသိရှိခြင်းအားဖြင့် ၎င်းတို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံအား အစွန်းရောက် အကြမ်းဖက်သမားများ ကြီးစိုးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဲ့သို့ နိုင်ငံမျိုး ဖြစ်စေရန် ဦးတည်နေသည်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်….

အချုပ်အားဖြင့် ဆိုရလျင် ဘင်္ဂါလီ ရိုဟင်ဂျာ အရေးသည် လူမျိုးရေး ပဠိပက္ခ ဖြစ်စေရန်မဟုတ်ပဲ ပြည်ပမှ ပုံစံဖျက်ထားပြီး ၀င်ရောက်လာသည့် ကျူးကျော်မှု၊ တနည်းအားဖြင့် ဘူးသီးတောင် မောင်းတောအား ရခိုင်ပြည်နယ်မှ ခွဲထွက်ရန် ကြိုးပန်းလာသည့် ဘင်္ဂလားဒေ့ရှ်၏ ရန်မှ ကာကွယ်ခြင်းဖြစ်ပြီး အဆိုပါ ပြဿနာအား မကြာခဏ မီးမွှေးနေသည်မှာ မည်သူတွေ ဖြစ်ခြင်းနှင့် မည်သည့်အတွက်ကြောင့် ပြုလုပ်နေခြင်းအား ရှင်းလင်းစွာ သိရှိနိုင်မည် ဖြစ်ပါသည်။
James Mmt
မှ ကူးယူဖော်ပြသည်။

Thursday, November 15, 2012

တကျော့ပြန်လာပြီဖြစ်တဲ့ သမ္မတ နဲ့ လွှတ်တော်ဥက္ကဋ္ဌ အားပြိုင်မှု

 
ဖွဲ့စည်းပုံ အခြေခံ ဥပေဒဆိုင်ရာ ခုံရုံးတဖွဲ့လုံးကို နုတ်ထွက် စေတဲ့အထိ ဖြစ်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ အားပြိုင်ပွဲ တကျော့ ပြန်လာနေပြီ ဖြစ်ပါတယ်။ အားပြိုင်ပွဲကို အစ ပြန်ဖော်ပေး လိုက်တာကတော့ ပြီးခဲ့တဲ့ အပတ် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးဟာ နအဖစစ်အစိုးရက ဦးသိန်းစိန် အစိုးရဆီကို အာဏာလွှဲ မပေးခင် ၂၀၁၀ ခုနှစ်ထဲမှာ ပြဋ္ဌာန်းပေးသွားခဲ့တဲ့ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေနဲ့ အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေတွေကို ပယ်ဖျက် အစားထိုးဖို့ ပြည်သူ့ လွှတ်တော်ဥပဒေ (၂၀၁၂ ခုနှစ်) နဲ့ အမျိုးသား လွှတ်တော်ဥပဒေ ၂၀၁၂ ခုနှစ်တွေကို ရေးဆွဲ အတည်ပြုခဲ့ပါတယ်။ ပြဿနာက အဲဒီမှာ စတာ ဖြစ်ပါတယ်။

ဥပဒေထဲမှာ အရင် သမ္မတ နဲ့ အငြင်းပွားခဲ့တဲ့ “လွှတ်တော်အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်ဖြစ်သည်” ဆိုတဲ့ အချက်နဲ့ အခြား လွှတ်တော်အမတ်တွေကို အခွင့်အရေး လုပ်ပိုင်ခွင့်တွေ ပိုပေးထားတဲ့ အချက် အများကြီး ပါဝင်လာပါတယ်။ ဒီနေရာမှာ လွှတ်တော်အမတ်တွေအတွက် ရုံးခန်းဖွင့်လှစ်ပေးရေး အပါအ၀င် အခြား အချက်အလက်တွေကို မဆွေးနွေးလိုပေမယ့် သမ္မတနဲ့ အဓိက ပြဿနာဖြစ်ရတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီနဲ့ ကော်မရှင်အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့် ဟုတ် မဟုတ်ဆိုတဲ့ အချက်ကိုပဲ ဆွေးနွေးပါ့မယ်။ ဒီ ဥပေဒ ၂ ခုကို ပြည်ထောင်စုလွှတ်တော်က အတည်မပြုခင် အစည်းအဝေးကို သူရဦးရွှေမန်းက သ၀ဏ်လွှာ ၂ စောင် ပေးပို့ပြီး အဲဒါကို လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ အဲဒီအထဲက သ၀ဏ်လွှာတစောင်မှာ အရင် ဖွဲ့စည်းပုံအခြေခံဥပေဒဆိုင်ရာ ခုံရုံးက အဆုံးအဖြတ်ပေးသွားတဲ့ “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်လို့ အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ ကိုက်ညီခြင်း မရှိ” ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နဂိုကတည်းကပင် ပျက်ပြယ်တဲ့ ဆုံးဖြတ်ချက် ဆိုပြီး ပါရှိပါတယ်။

အဓိပ္ပာယ်ကတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သူတို့ကိုယ်တိုင် ရေးဆွဲပြဋ္ဌာန်းပြီး အတင်းအကျပ်နည်းနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒပုဒ်မ ၃၂၄ ပါ “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပေဒဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်” ဆိုတာကို သ၀ဏ်လွှာတစောင်ရေးပြီး ချိုးဖောက်လိုက်တာလို့လည်း အဓိပ္ပာယ်ဖွင့်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥပေဒ ၂၀၁၂၊ အမျိုးသားလွှတ်တော် ဥပေဒ ၂၀၁၂ မှာပါတဲ့ လွှတ်တော်အသီးသီးက ဖွဲ့ထားတဲ့ ကော်မတီတွေ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် အဓိပ္ပာယ် သတ်မှတ်တာ အပါအ၀င် အချက် ၁၀ ချက်ကို သမ္မတက လက်မခံနိုင်ကြောင်း သဘောထားမှတ်ချက်နဲ့တကွ အကြောင်းပြန်ကြားထားပြီးလည်း ဖြစ်ပါတယ်။ သမ္မတက လက်မခံတဲ့ အချက် ၁၀ ချက် အနက် ၁ ချက်ကလွဲပြီး ကျန်တာတွေအားလုံး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့အတိုင်းပဲ ဖြစ်သင့်တယ်လို့ လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက်ပေးဖို့လည်း ဆွေးနွေးထားပြီဖြစ်ပါတယ်။ ဒီတော့ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ။

သမ္မတက ဘယ်လိုပဲ သဘောထားသည်ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်က ဒီ ဥပေဒကြမ်း ၂ ခုကို မဲခွဲဆုံးဖြတ်၊ အများစုမဲနဲ့ အတည်ပြုခဲ့ရင် သမ္မတ အနေနဲ့ ဘာမှ မတတ်နိုင်တော့ပါဘူး။ တကယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ အကြံပြုချက်အတိုင်းသာ အတည်ဖြစ်ခဲ့ရင် ဒီ ဥပေဒ ၂ ခုဟာ အစိုးရနဲ့ လွှတ်တော်အကြား သဘောထား ကွာဟချက် အများဆုံး ဥပဒေတွေ ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆိုရင် လွှတ်တော်က ဖွဲ့စည်းထားတဲ့ ကော်မတီတွေ၊ ကော်မရှင်တွေဟာ စိတ်ချလက်ချ ပြည်ထောင်စု အဆင့် ဖြစ်လာမှာလား။

လောလောဆယ် အခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး တခုလုံး နုတ်ထွက်သွားပြီ ဖြစ်တဲ့အတွက် ခုံရုံးမရှိ လစ်လပ်နေတဲ့ အခြေအနေပါ။ ဒါပေမယ့် မကြာခင် ခုံရုံးကို ပြန်ဖွဲ့ရပါဦးမယ်။ ခုံရုံးအဖွဲ့အတွက် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၃ ယောက်စီ အမည်စာရင်းပေး ဖွဲ့စည်းရမှာဖြစ်ပေမယ့် ဥက္ကဋ္ဌကိုတော့ သမ္မတက ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရပါလိမ့်မယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံး ရှိလာရင် သမ္မတဟာ ဒီကိစ္စ တင်ပြပီး နောက်ထပ် အဆုံးအဖြတ် ရယူနိုင်ပါသေးတယ်။ လက်ရှိ လွှတ်တော်တွေကပဲ ပြဋ္ဌာန်းပြဋ္ဌာန်း၊ အရင် စစ်အစိုးရကပဲ ပြဋ္ဌာန်းပေးခဲ့ ပေးခဲ့ ဥပေဒ တခုဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ မကိုက်ညီဘူးဆိုရင် “မကိုက်ညီကြောင်း” ခုံရုံးက အဆုံးအဖြတ် ပေးနိုင်ခွင့် ရှိနေပါသေးတယ်။

တကယ်တော့ ပြဿနာကို ရှင်းသင့်တဲ့နည်းနဲ့ မရှင်း ရှည်လျားအောင် လုပ်နေသူဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလို့ ကောက်ချက်ချနိုင်ပါတယ်။ တကယ်တော့ ဒီ အချက်ကို ပြင်ချင်တယ်ဆိုရင် အရင်တကြိမ် အငြင်းပွားချိန် သမ္မတ ဦးသိန်းစိန် သ၀ဏ်လွှာ ပေးပို့တင်ပြသလို ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဆင် ဖြည့်စွက်တဲ့နည်းနဲ့ အကောင်အထည် ဖော်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ စစ်အာဏာရှင်ဟောင်းတွေနဲ့ လက်ရှိ စစ်တပ်က သဘောကျဖို့ မရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပေဒကို ပြင်ဖို့ ဆိုတာမျိုး ဘယ်ကိစ္စမှာမှ ထည့်မပြောသလို အကောင်အထည်ဖော်မယ့်ပုံလည်း လုံးဝ မတွေ့ရပါဘူး။ ဒီအတွက် သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အငြင်းပွား အားပြိုင်မှုဟာ ဆက်ပြီး ရှိနေဦးမယ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

by တိုင်းကျော် (ဒီဗွီဘီ)