Pages

Saturday, December 15, 2012

ကျောက်ဖြူ မဒေးကျွန်း CNPC စီမံကိန်းရုံးရှေ့ ဒေသခံ ၃၀၀ ခန့် ဆန္ဒပြမည်

သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းများ ဆောင်ရွက်နေသော ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ China National Petroleum Corporation CNPC Project ရုံးရှေ့တွင် ဒေသခံ ပြည်သူ ၃၀၀ ခန့်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေကြောင်း သတင်း ရရှိသည်။



၎င်းဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်သွားမည်ဟု ဆန္ဒ ဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ဦးဆောင်သူ ဦးထွန်းကြည်က ပြောသည်။

” ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ခွင့်ပြုမိန့် သွားတင်ပါတယ်။ လူ ၃၀၀ တင်တာ။ ဘယ်လောက်ခွင့်ပြုမယ်လို့တော့ မပြောတတ်ဘူး”ဟု သူက ပြောသည်။

ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရခြင်းမှာ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် ဒေသခံများ အနေဖြင့် ဆုံးရှုံး နစ်နာမှုများ ရှိနေသဖြင့် ရသင့် ရထိုက်သော ရပိုင်ခွင့်များ အတွက် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ မြန်မာ – တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီ အဖွဲ့ဝင် Kyaukphyu Social Network Group ကျောက်ဖြူ လူမူ ကွန်ယက်မှ ဦးထွန်းနိုင်က နိရဉ္စရာသို့ ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ရာတွင် မဒေးကျွန်းအနီး ပိန်းကျွန်းရွာ ဘောလုံးကွင်းမှ CNPC စီမံကိန်းရုံးရှေ့ အထိ တစ်မိုင်ခွဲခန့် လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်ဟု ဦးထွန်းကြည်က ဆိုသည်။

ရခိုင်ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းတွင် ရခိုင်တွင် တာဝန်ကျခဲ့သော ဗိုလ်ချုပ်၊ ဗိုလ်မှူးများနှင့် ၎င်းတို့နှင့် နီးစပ်သူများက ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို မြေစာရင်း ဦးစီးဌာနနှင့် ပူးပေါင်းကာ သိမ်းယူသွားသဖြင့် ဒေသခံများမှာ အထူးနစ်နာခဲ့သည်ဟု သိရသည်။

ဧရာဝတီက ဒီဇင်္ဘာလက ၁၃ ရက် ဖေါ်ပြသော သတင်း တစ်ပုဒ်တွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စ် စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ၍ ရရှိခဲ့ကြကြောင်း ဖေါ်ပြသည်။

ကျောက်ဖြူ အခြေစိုက် ထောက်လှမ်းရေးတပ်တခုက သိမ်းထားသည့် စေတီယျကျေးရွာအနီးရှိ မြေကွက်နှင့် အုန်းခြံတချို့၏ ပိုင်ရှင်နာမည်တွင် ရခိုင်ပြည်နယ်၏ စစ်တိုင်းမှူး တာဝန် ထမ်းဆောင်ခဲ့သည့် ယခင် နအဖအစိုးရ အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ၀င်းမြင့်၏ သမီး နန်းရတနာဝင်း နာမည်ဖြင့် အမည်ပေါက်နေသည်ကို တွေ့ရှိရသည်ဟု ဖေါ်ပြသည်။

ရခိုင်ဒေသခံများမှာ ယခုကဲ့သို့ မတရားသဖြင့် လယ်မြေများ အသိမ်းခံရသဖြင့် အထူး နစ်နာမူ ရှိနေကြောင်းသိရသည်။ သို့သော်လည်း ဆန္ဒ ဖေါ်ထုတ်ပွဲတွင် အောက်ပါ အချက်များကို တောင်းဆိုသွားမည်ဟု ဆိုသည်။

(၁) သိမ်းဆည်းလယ်ယာ/ဥယျာဉ်မြေများအား နိုင်ငံတကာစံနှုန်းအတိုင်း လျော်ကြေးပေးရန်၊

(၂) အလုပ်သမားကတ်ရရှိပြီးသူ ဒေသခံများ အလုပ်ရရှိရေး ဆောင်ရွက်ပေးရန်၊

(၃) မဒေးကျွန်းအနီး (ကတိပေးထားသော) ရွာမ၊ ကျောက်တန်း၊ ပိန်းကျေး ရွာချင်းဆက် လမ်း ဖောက်လုပ်ပေးရန်၊

(၄) လုပ်အားခကို နိုင်ငံတကာစံနှုန်းအတိုင်းပေးရန်၊

(၅) မဒေးကျွန်းတွင် လူနေအိမ်၊ အဆာက်အအုံများ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊

(၆) ဒေသခံများ လုံခြုံမှုရှိစေရေးအတွက် သူစိမ်း အလုပ်သမားများအား သေချာစိစစ်ရန်၊

(၇) ကျွန်းပတ်လည်တွင် လွတ်လပ်စွာ ရေလုပ်ငန်းဆောင်ရွက်ခွင့်ပြုပေးရန် တို့ကို တောင်းဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တောင်းဆိုမည့် အချက်များမှာ ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့ထံ တင်ထားသော ခွင့်ပြုမိန့် တောင်းခံလွှာတွင် ဖေါ်ပြပါရှိသည်ဟု သိရသည်။

သန်းမင်းထိုက် (စစ်တွေ) နိရဉ္စရာ

ပတ်စ်ပို့စ်နှင့် ငွေကြေးအခက်အခဲများကြောင့် ပြည်ပသို့ သွားရောက်ကုသရန် စီစဉ်ထားသည့် ဒဏ်ရာပြင်းထန်သော သံဃာတော်ငါးပါးအနက် တစ်ပါးသာ သွားရောက်ကုသနိုင်သေး

ပတ်စ်ပို့စ် အခက်အခဲနှင့် ငွေကြေးအခက်အခဲများကြောင့် ပြည်ပသို့ ဆေးကုသမှု သွားရောက်ခံယူရန် စီစဉ်ထားသည့် သံဃာတော် ငါးပါးအနက် ဆရာတော်ဥူးတိက္ခဥာဏ တစ်ပါးသာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံသို့ သွားရောက်ကုသနိုင်သေးကြောင်း လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာ တော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော်များ၏ ပြောကြားချက်အရ သိရသည်။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့ ဆရာတော် ဥုးတိက္ခဥာဏသည် ရောဂါအခြေအနေ ဆိုးရွားခြင်းမရှိဘဲ ၄င်း၏ဆန္ဒအရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးဝါးကုသမှု ခံယူရန်အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆင်းသွားသော်လည်း ၎င်းတွင် ငွေကြေးအခက်အခဲရှိသည့်အတွက် နိုင်ငံတော်က ဘန်ကောက်ဆေးရုံကြီးသို့ ဘတ်ငွေတစ်သန်း ကြိုတင်ပေးပို့ထားကြောင်းနှင့် ဆရာတော်၏ ညီဝမ်းကွဲတော်စပ်သူ မန္တလေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးဝင်း လိုက်ပါသွားခဲ့ကြောင်း ဒီဇင်ဘာလ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်များအရ သိရသည်။

အခက်အခဲများကြောင့် ထိုင်းနိုင်ငံသို့ သွားရောက်မကုသနိုင်သေးသော သံဃာတော်လေးပါးအား သီတဂူဆရာတော်ကြီး၏ အကူအညီဖြင့် ရန်ကုန်မြို့၊ အာရှတော်ဝင် ဆေးရုံသို့ ပြောင်းရွေ့ရန် စီစဉ်နေကြောင်း လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဥုးသုက မိန့်ကြားခဲ့သည်။

“ဒဏ်ရာပြင်းထန်တဲ့ သံဃာတော်ငါးပါးကို ထိုင်းနိုင်ငံကို ပို့ဆောင်ကုသဖို့ စီစဉ်ထားတယ်။ လောလောဆယ်တော့ တစ်ပါးပဲ တတ်နိုင်သေးတယ်။ ဦးဇင်းတို့က ကျန်ရှိနေသေးတဲ့ သံဃာလေးပါးကိုလည်း နိုင်ငံခြား မတတ်နိုင်သေးရင်တောင်၊ ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုခုမှာ ဒီထက်ပိုမိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရှိစေချင်တယ်။ သံဃာတော်တွေရဲ့ ကျန်းမာရေး အခြေအနေက အခုအချိန်မှာလည်း ဆိုးဝါးနေသေးတယ်လို့ ဆိုရမယ်” ဟု ဆရာတော်ဥုးသုက ဆက်လက်မိန့်ကြားခဲ့သည်။

“ဦးဇင်းတို့ အနေနဲ့ ပြည်ပထွက်ကုဖို့ အစီအစဉ်မှာ ကျန်ရှိနေသေးတဲ့ ဒဏ်ရာပြင်းထန်တဲ့ သံဃာတော်လေးပါးအတွက် ပတ်စ်ပို့စ်ကိစ္စက အခုအထိ အဆင်မပြေသေးသလို၊ ဆေးကုသခ ကုန်ကျစားရိတ်အတွက်လည်း အခုအချိန်အထိ မလုံလောက်သေးဘူး။ ဆေးကုသခ အာမခံငွေက တစ်ပါးကိုဘတ် ၁ သန်းနီးပါး ပေးရမယ်ပြောတယ်။ ကျန်တဲ့သံဃာတော် လေးပါးအတွက်ဆို ဘတ်လေးသန်းလောက်အထိ ရှိမယ်ဆိုရင် မြန်မာငွေနဲ့ဆို သိန်း ၁၂၀၀ လောက်အထိ ရှိနေတော့ ဘုန်းကြီးတို့အနေနဲ့က မတတ်နိုင်ပါဘူး” ဟု လက်ပံတောင်းတောင် ဒဏ်ရာရသံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့မှ ဆရာတော် ဦးတေဇ၀န္တက မိန့်ကြားခဲ့ပါသည်။

ဒဏ်ရာရ သံဃာတော်များ၏ ဆေးကုသမှု စားရိတ်အတွက် ပြည်တွင်းရှိ လူမှုအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များမှ ထောက်ပံ့မှုများ ပြုလုပ်နေသော်လည်း ကုသစားရိတ်အတွက် လုံလောက်မှု မရှိသေးကြောင်း သိရသည်။

ပြည်ပသို့ သွားရောက်ကုသမှု ခံယူရန် စီစဉ်ထားသည့် သံဃာတော်ငါးပါးတွင် ဦးခေါင်းတစ်ခြမ်း မီးလောင်ဒဏ်ရာ၊ ခြေနှစ်ဖက် မီးလောင်ဒဏ်ရာ၊ ကိုယ်တစ်ပိုင်း မီးလောင်ဒဏ်ရာ၊ မျက်လုံးတစ်လုံး ပျက်စီးခါနီး ဒဏ်ရာများပါဝင်ကြောင်း ဆရာတော်များ၏ ပြောကြားချက်အရ သိရသည်။

“ကျန်ခဲ့တဲ့ သံဃာလေးပါးမှာ မျက်လုံးတစ်ဖက် ဆုံးခါနီး သံဃာတစ်ပါးရှိတယ်။ ကိုယ်တစ်ပိုင်း မီးလောင်ဒဏ်ရာ ရထားတဲ့ သံဃာရှိတယ်။ သံဃာတစ်ပါးဆိုရင် သူ့ကိုယ်ပေါ်မှာရှိတဲ့ ဒဏ်ရာတွေအပေါ်ကို ပုရွက်ဆိတ်တွေ တက်တက်လာတာကို မုံရွာဆေးရုံမှာကတည်းက ခံစားလာခဲ့ရတာကို ဦးဇင်းတို့အနေနဲ့ ဘာကြောင့်လည်းဆိုတာတော့ မသိပေမယ့် အရမ်းစိတ်မကောင်းဖြစ်ရတယ်” ဟု ဆရာတော် ဦးတေဇ၀န္တက မိန့်ကြားခဲ့ပါသည်။

“ဆရာတော်တွေကို ဖြစ်နိုင်ရင်တော့ အရေပြားနည်းပညာနဲ့ ကုသတဲ့ ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှု ခံစေချင်တယ်။ အရေးကြီးတာကတော့ ပျောက်ဖို့လိုတယ်။ ဆရာတော်တွေရဲ့ဒဏ်ရာအခြေအနေက အတော်လေး ဆိုးဝါးနေတာ တွေ့ရတယ်။ သံဃာတော်တချို့ဆိုရင် အီဂျစ်မံမီရုပ်တွေလို တစ်ကိုယ်လုံး ပတ်တီးစီးထားရတာတွေ ရှိတယ်။ ဒီလိုအခက်အခဲတွေဆိုတာ သံဃာတော်တွေအနေနဲ့ မလိုအပ်ပဲ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပါ။ နောင်တစ်ချိန်မှာလည်း ဒီလိုအဖြစ်ဆိုးမျိုးကို ထပ်အဖြစ်ခံလို့ မရပါဘူး။ ဒီဖြစ်ရပ်ဟာ အပြောင်းအလဲကို လုပ်ဆောင်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန် အစိုးရအပေါ်မှာ ယုံကြည်မှု လျော့နည်းစေတဲ့ ဖြစ်ရပ်တစ်ခုပဲလို့ ထပ်ပြောချင်ပါတယ်” ဟု ဆရာတော် ဥူးတိက္ခဥာဏအား လေဆိပ်သို့ သွားရောက်ပို့ဆောင်ပေးခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဗသက်အောင်က ပြောကြားခဲ့သည်။
Eleven Media Group

ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် အသေးစားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်းခရီးစဉ် ဖျက်သိမ်းမည်မဟုတ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကော့သောင်း-မြိတ်-ကျွန်းစု-ကံမော် ခရီးစဉ်မတိုင်မီ ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် စင်မြင့်အနီးတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ်ကို ဖျက်သိမ်းမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ စုံစမ်းသိရှိရသည်။
“ခရီးစဉ် မပျက်ပါဘူး။ နဂိုစီစဉ်ထားတဲ့ အတိုင်းပါပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအုန်းကြိုင်က ပြောပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ ကော့သောင်း-မြိတ်-ကျွန်းစုမြို့နယ်-ကံမော်ကျေးရွာခရီးစဉ်ကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်မည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းဖြင့် ကော့သောင်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မြိတ်မြို့သို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျွန်းစုမြို့သို့ ရှပ်ပြေးဖြင့်သွားရောက်မည်ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကံမော်ကျေးရွာမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာရန် စီစဉ်ထားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါခရီးစဉ်အတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ မိန့်ခွန်းပြောကြားမည်လည်း ဖြစ်သည်။
အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဋ္ဌအနေဖြင့် နိုဝင်ဘာလ ၂၉ မှ ၃၀ ရက်နေ့အထိ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်စီမံကိန်းအပါအ၀င် ကျေးရွာများသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော နတ်မောက်မြို့နယ်အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်ခဲ့ပြီး ဖြစ်သည်။

 မွေးမြူရေးလုပ်ငန်းရှင်များမှ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ ပေးရန်အကြွေးပမဏ များပြားရခြင်းမှာ ငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အဆိုပါအကြွေး ပြန်လည်ပေးဆပ်သွားမည်

မွေးမြူရေးလုပ်ငန်းရှင်များမှ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနသို့ ပေးရန်အကြွေးပမာဏ များပြားရခြင်းမှာ ငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် လုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် အဆိုပါအကြွေးများအား ပြန်လည်ပေးဆပ်သွားမည်ဖြစ်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသန်းလွင်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးအဆောက်အဦတွင် ကျင်းပပြုလုပ်ခဲ့သည့် အပတ်စဉ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးသန်းလွင်က '' ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ရေထွက်ကုန်ပစ္စည်းတွေကို ပြည်ပကိုတင်ပို့တဲ့ အရေအတွက်ရော ဈေးနှုန်းပါ ပုံမှန်အတိုင်း ရှိနေပါတယ်။ ပြည်တွင်းစားသုံးမှုကလည်း ပုံမှန်ရှိနေပါတယ်။ ဒါပေမယ့် နိုင်ငံခြားငွေလဲလှယ်နှုန်း အရမ်းကွားသွားတဲ့အပြင် အဲဒီတုန်းက ပြည်ပပို့ဖို့ကုန်ပစ္စည်းတွေ တင်ပို့တိုင်းလုပ်ငန်းရှင်တွေက ပို့ကုန်ရဲ့ ၁၀ ရာခိုင်နှုန်းကို နိုင်ငံတော်ကို ပေးရတဲ့အခါ ကျွန်တော်တို့အနေနဲ့ ငါးတစ်ပိဿာထုတ်လုပ်တိုင်း မြန်မာကျပ်ငွေ ငါးရာဝန်းကျင် ရှုံးပါတယ်။ ဒါကြောင့် အရှုံးဟာအရမ်းများပြီး ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေဟာ အလွန်ပဲ နစ်နာဆုံးရှုံးခဲ့ရပါတယ်'' ဟု ပြောပြခဲ့ပါသည်။
ငါးမွေးမြူရေးလုပ်ငန်းရှင် ၁၅၄ ဦးထံမှ နိုင်ငံတော်က အကြွေးရရန် ကျပ်သန်းပေါင်း သုံးသောင်းငါးထောင်ကျော် ကျန်ရှိနေကြောင်းနှင့် ၂၀၁၃ ခုနှစ် မတ်လကုန် နောက်ဆုံးထားတောင်းယူရန် ပြည်ထောင်စုအစိုးရအား လွှတ်တော်မှညွှန်ကြားထားကြောင်း သိရသည်။
''ဒါဟာအကြမ်းအားဖြင့် ရှုံးတယ်ဆိုတာပဲဖြစ်တယ်။ ဒါကိုလူကြီးတွေသိအောင် တင်ပြရမှာ ဖြစ်ပါတယ်။ ပြန်မဆပ်ဘူးဆိုတာတော့ မရှိဘူး။ ကလိန်ကျတယ်ဆိုပြီး အတင်းတောင်းရင်လည်း မပေးနိုင်ဘူး။ ကျွန်တော်တို့မှာ ငါးကန်တွေရှိတယ်။ ဒါတွေကို ရောင်းချဖို့ပေါင်ဖို့ဆိုတာ ခက်တယ်။ ပေါင်ပေးလို့ရရင် ပေါင်ပေးမယ်။ ရောင်းချလို့ရရင် ရောင်းချပေးမယ်။ အရင်းလည်းမရှိတော့ ဒီလုပ်ငန်းတွေကို မကူညီမထောက်ပံ့နိုင်ရင် မတိုးတက်နိုင်တော့ဘူး။ ကျွန်တော်တို့မှာ ကန်ရှိတယ်။ လုပ်တတ်တယ်။ အတွေ့အကြုံရှိတယ်။ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းရှင်တွေ စုပေါင်းဆွေးနွေးပြီး ၀န်ကြီးဌာနကိုလည်း တင်ပြသွားမှာပါ'' ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားခဲ့သည်။
ငါးမွေးမြူရေး လုပ်ငန်းရှင်များအနေဖြင့် မွေးမြူရေးအစား အစာနဲ့နို့ထွက်ပစ္စည်းလုပ်ငန်းမှသာမက မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဘဏ်နှင့်အခြားပုဂ္ဂလိကဘဏ်များမှ ချေးယူခြင်း ကိုယ်ပိုင်ရင်းနှီးငွေများ စိုက်ထုတ်ခြင်းများလည်းရှိရာ ငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ပိုင်ဆိုင်မှု၏ သုံးပုံတစ်ပုံခန့်မှာ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။                                 ''ငါးမွေးမြူရေးလုပ်ငန်းတွေ အများဆုံးချေးတာ ပုဂ္ဂလိကဆီကပါ။ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုတွေလည်း ပါပါတယ်။ ငါးမွေးတဲ့သူတွေဟာ ဒေါ်လာဈေး ၁၂၀၀ လောက်တုန်းက ရတဲ့ငွေနဲ့ ရင်းနှီးမြှုပ်နှံမှုစရိတ် ထုတ်လုပ်မှုစရိတ်နဲ့ အခုဒေါ်လာဈေး ၈၀၀ ကျော်လောက်ဖြစ်သွားပြီး ရတဲ့ငွေနဲ့ ထုတ်လုပ်မှုစရိတ်နဲ့က ငွေပိုင်ဆိုင်မှုရဲ့ သုံးပုံတစ်ပုံလောက် ပျောက်ဆုံးသွားတယ်။ ဒီပျောက်ဆုံးမှုက အချိန်ကြာလာတဲ့အခါမှာ အခုလိုမျိုးချေးယူထားတဲ့ ငွေတွေမဆပ်နိုင်တာ၊ အကြွေးယူထားတာတွေ မဆပ်နိုင်တဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်လာရတာပါ'' မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားခဲ့သည်။
"လုပ်ငန်းရှင်တွေဆီကို ပုဂ္ဂလိကဘဏ်တွေက ဘယ်လောက်ရရန် ကျန်လည်းဆိုတာ ကျွန်တော်တို့မသိဘူး။ ပုဂ္ဂလိကက သူငွေပြန်မရရင် ကန်ကိုသိမ်းလိုက်တာတို့ ကန်ကိုရောင်းပြီး အကြွေးကိုတောင်းတာတို့ တနည်းနည်းနဲ့ ဖြေရှင်းတာတွေ့ရတယ်။ ပုဂ္ဂလိက ဘယ်လောက်ချေးထားလို့ ဘယ်လောက်ဆုံးသွားတယ်။ ဘာတွေသိမ်းလိုက်တယ်ဆိုတာလည်း ကျွန်တော်တို့ မသိဘူး။ ဒီငွေလဲနှုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်သွားတဲ့ပြဿနာဟာ တိုင်းပြည်မှာသေးတဲ့ပြဿနာ မဟုတ်ဘူးဆိုတာ တိတိကျကျပြောရမှာ ဖြစ်ပါတယ်'' ဟု ဦးဝင်းကြိုင်က ဆက်လက်ပြောကြားခဲ့သည်။
Eleven Media Group

 တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း

တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်းကို နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ်၊ ၉၉/၂၀၁၂ ဒီဇင်ဘာလ ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ကြေငြာချက်တွင် ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး သမ္မတရုံးဝန်ကြီးဌာန (၃) မှဥက္ကဌအဖြစ် ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် ဦးဝင်းရှိန် ပြည်ထောင်စုဝန်ကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းထွန်း ပြည်ထောင်စုဝန်ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဦးသန်းဌေး ပြည်ထောင်စုဝန်ကြီး စွမ်းအင်ဝန်ကြီးဌာနနှင့် ဒေါက်တာမြင့်အောင် ပြည်ထောင်စုဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာနတို့ ပါဝင်ကြသည်။
အဆိုပါကော်မတီကို ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု အခြေခံမှုဘောင်များအရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ စီမံကွပ်ကဲမှု ပိုမိုကောင်းမွန်လာစေရန် အတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု ၀န်းကျင်အားကောင်းစေရန်အတွက် လည်းကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ပြည်သူလူထုအကြား ပွင့်လင်းမြင်သာမှုရှိ၍ အပြန်အလှန်ဆွေးနွေးရှင်းလင်းမှု ရှိလာစေရန်အတွက် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍ လူထုအခြေပြု အဖွဲ့ အစည်းများနှင့်အတူ လက်တွဲအကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူလူထုအား အသိပေးရန်အတွက် လည်းကောင်း၊ တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများနှင့် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းကိစ္စရပ်ကို နိုင်ငံတော်ကိုယ်စား ဦးစီးဆောင်ရွက်နိုင်ရန်အတွက် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်းရခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းတာဝန်များမှာ (က) တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးနှင့် စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းကိစ္စအရပ်ရပ်ကို နိုင်ငံတော်နှင့် လက်တွဲဆောင်ရွက်သွားမည့် ပုဂ္ဂလိကကဏ္ဍနှင့် လူထုအခြေပြု အဖွဲ့အစည်းများအကြား EITI ဆိုင်ရာလုပ်ငန်းများကို တာဝန်ခံဆောင်ရွက်မည့် လုပ်ငန်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန်၊ (ခ) တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်မူကြမ်းတစ်ရပ် ပြင်ဆင်ရေးဆွဲရန်၊ (ဂ) နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ဖြစ်သော Extractive Industry Transparency Initiative တွင် မြန်မာနိုင်ငံအား အဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် အပြီးသတ်လျှောက်ထား၍ အဖွဲ့ဝင်လောင်း (Candidate Member) အဆင့်အထိ အောင်မြင်စွာပါဝင်နိုင်ရန် လိုအပ်သည့်လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ (ဃ) မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု အရင်းအမြစ်အဖွဲ့အစည်း(Myanmar Development Resource Institute) ၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (Centre for Economic and Social Development) အား ညှိနှိုင်းရေးတာဝန်ခံ (Coordinator) အဖြစ် တာဝန်ပေးအပ်ရန်နှင့်၊ (င) တွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ရေးလုပ်ငန်းများကို နိုင်ငံဖွံ့ဖြိုးမှုနှင့် စီးပွားရေးတိုးတက်မှုများအတွက် လက်တွေ့အကျိုးရှိပြီး နောင်လာနောက်သား ပြည်သူများအတွက် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ဖြစ်ပြီး အဆိုပါလုပ်ငန်းတာဝန်များကို (၃၁-၁၂-၂၀၁၃) ရက်နေ့ နောက်ဆုံးထား၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်းတို့ ပါဝင်သည်။
Eleven Media Group

ဒုတိုင်းမှူး၏ ၀င်ရောက်စွက်ဖက်မူကြောင့် အကြမ်းဖက်သူများကို ဖမ်းဆီးတရားစွဲဆိုရန် အခက်ကြုံ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူ အတွင်း ဖမ်းဆီး ခံထားရ သူများကို အနောက်ပိုင်းတိုင်း ဒုတိုင်းမှူးက အပြစ်မရှိဟု ဆိုကာ ထောက်ခံချက်များ ပေးပြီး လွှတ်ပေးရန် ဖိအားပေးနေသဖြင့် ရဲတပ်ဖွဲ့ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲ ဖြစ်ပေါ် နေသည်ဟု သိရသည်။

အမည်မဖေါ်လိုသူ မောင်တောမြို့မှ ရဲအရာရှိ တစ်ဦးက ယခုကဲ့သို့ ဒုတိုင်းမှူးက စာရေး ထောက်ခံချက်ပေးပြီး တရားခံများကို လွှတ်ခိုင်းနေသဖြင့် မောင်းတောမြို့နယ်တွင် ဖမ်းဆီးခံထားသူများ အားလုံးကို လွှတ်ပေးရမည့် အခြေအနေ ဖြစ်နေသည်ဟု ပြောသည်။

“ ကျွန်တော်တို့က အခု စိုးရိမ်လာတယ်။ နောက်ဆိုရင် ပြဿနာဟာ ရဲအရာရှိတွေရဲ့ ခေါင်းတွေပေါ် ပုံကျလာနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ကို ဖိအားပေးလာတာတွေများလာတယ်။ ဒါကြောင့် အမူတွေကို မစစ်ဆေးဘဲ အားလုံးကို လွှတ်ပေးရမလို ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

မောင်တောမြို့နယ် အတွင်း ဇွန်လ အတွင်းက ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ပါဝင်သူဟု သင်္ကာမကင်းသူ ဘင်္ဂလီ လူမျိုး ၆၀၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း သူက ပြောသည်။

အနောက်ပိုင်း တိုင်းမှူး၏ ထောက်ခံချက်ထဲတွင် မည်သူသည် အပြစ်မရှိကြောင်း၊ မည်သူက အရေးအခင်းတွင် ဘာမှ ပတ်သက်မူ မရှိကြောင်း ပြောဆိုပြီး ထောက်ခံချက်ပေးကာ လွှတ်ပေးရန် ရဲအဖွဲ့အား ဖိအားပေး တောင်းဆိုနေသည်ဟု ဆိုသည်။

“ ဖမ်းဆီးခံထားရတဲ့ မိသားစု ဆွေမျိုးတွေက စစ်တပ်ကို ချဉ်းကပ်တော့ သူတို့က အခုလို ထောက်ခံချက် ပေးပြီး လွှတ်ခိုင်းနေတာ။ နောက်ကွယ်က ဘယ်အကြောင်းအရာတွေ ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဆိုသည်။

ယခုကဲ့သို့ အနောက်ပိုင်းတိုင်း ဒုတိုင်းမှူး အပေါ် စွပ်စွဲ ပြောကြားချက်နှင့် ပတ်သက်ပြီး နိရဉ္စရာက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။

သို့သော်လည်း ချမ်းသာသော မွတ်ဆလင် မိသားစု တချို့သည် သူတို့၏ ဆွေမျိုးတော်စပ်သူများ ဖမ်းဆီးခံနေရရာမှ လွှတ်မြောက်ရန် အတွက် စစ်တပ် အရာရှိများကို နည်းမျိုးစုံဖြင့် ချဉ်းကပ် ကြိုးစား နေကြောင်း ခိုင်လုံသော သတင်းရပ်ကွက်အရ သိရသည်။

ထိုသို့ လွှတ်မြောက်ရာတွင် ကျပ်ငွေ သိန်း ရာဂဏန်းထိ ပေးကမ်း အသုံးပြုနေသူများလည်း ရှိသည်ဟု အဆိုပါ သတင်း ရပ်ကွက်က ပြောသည်။
နိရဉ္စရာ

အစိုးရ၏တောင်းပန်မှုကို သံဃာအများစုက ကျေနပ်လက်ခံ

 နိုင်ငံတော် အစိုးရက ယနေ့မွန်းလွဲ ၂ နာရီတွင် မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည့် ၀န်ချ တောင်းပန်သော အခမ်းအနားမှာ ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့ပြီး အစိုးရ၏ တောင်းပန်မှုကို သံဃာအများစုက ကျေနပ် လက်ခံခဲ့ကြသည်။

Friday, December 14, 2012

 ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး ဦးပိုင်လီမိတက်၏ နာမည်ပေါက် ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရ

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လယ်ယာမြေများကို အများဆုံး သိမ်းယူခဲ့ပြီး အချို့ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ အမည်ပေါက်ပြောင်းလဲထားခြင်း၊ ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများထံ လွှဲပြောင်းထားခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်သည် ဒီဇင်ဘာလအတွင်းမှ စတင်ကာ ရခိုင်ပြည်နယ် ဒေသများဖြစ်သည့် ကျောက်ဖြူ၊ သံတွဲနှင့် ဂွအစရှိသည့် မြို့နယ်များသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
''ကျွန်တော်တို့အဖွဲ့ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာမှာ စစ်တပ်က မြေတွေသိမ်းလို့ နစ်နာတဲ့အတွက် လယ်သမားတွေက နစ်နာလို့ တိုင်ကြားတဲ့ အမှုတွေ အများဆုံးဖြစ်ပါတယ်။ သိမ်းယူပြီးနောက်ပိုင်းမှာလည်း စစ်တပ်အတွက် အမှန်တစ်ကယ် အသုံးချခြင်း မရှိတာကို တွေ့ရပါတယ်။ သိမ်းတဲ့အခါမှာလည်း ထိုက်တန်တဲ့ လျော်ကြေးပေးတာမျိုး မရှိဘူးလို့ နစ်နာသူတွေက ပြောပါတယ်။ သိမ်းယူပြီးနောက် တစ်ချို့နေရာတွေမှာ ဦးပိုင်နာမည်ပေါက် လုပ်ထားတာ၊ စစ်ဗိုလ်ချုပ်တွေရဲ့ သားသမီး အမည်ပေါက်တွေ ပြန်လုပ်ထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်။ ဒီတွေ့ရှိချက်တွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသွားမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော်က အဆုံးအဖြတ်ပေးတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဘရှိန်က ပြောကြားခဲ့သည်။
ကျောက်ဖြူမြို့နယ်ရှိ လယ်ယာမြေနှင့် အခြားမြေများကို ဓည၀တီ ရေတပ်ဌာနချုပ်မှ သိမ်းယူခဲ့သည့် အမှု ၁ မှု၊ ခြေမြန်တပ်ရင်း ၅၄၂ မှ သိမ်းယူခဲ့သည့် အမှု ၁ မှုနှင့် ထောက်လှမ်းရေးတပ်မှ သိမ်းယူခဲ့သည် အမှု ၂ မှုရှိကြောင်း၊ ထို့ပြင် ပုဂ္ဂလိကဖြစ်သည့် ရွှေစီးပွားရေးကုမ္ပဏီမှ သိမ်းယူမှု ၁ ခုနှင့် ဒေါ်စိုးစိုးဝင်း အပေါင်း ငါးဦး ကုမ္ပဏီမှ သိမ်းယူမှု ၁ မှုနှင့် နတီးကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့နတီးကုန်းကျေးရွာ ရဲစခန်း စခန်းမှူးပေါင်းပြီး သိမ်းယူမှု ၂ မှုရှိကြောင်း သိရှိရသည်။
''ကျောက်ဖြူမှာ လယ်ယာမြေ အမှု ၈ မှုရှိပါတယ်။ အဲဒီ ၈ မှုမှာ တပ်ကသိမ်းတာ ၄ မှု၊ အုပ်ချုပ်ရေးပိုင်းက သိမ်းတာ ၂မှု၊ ကုမ္ပဏီက သိမ်းတာ ၂ မှုဖြစ်ပါတယ်။ ထောက်လှမ်းရေးတပ်က သိမ်းရာမှာ တပ်အတွက် အသုံးမချဘဲ ဗိုလ်ချုပ်ကြီးဝင်းမြင့် (ယခင်အစိုးရအဖွဲ့ အတွင်းရေးမှူး ၃) ရဲ့ သမီး ဒေါ်နန်းရတနာဝင်း မင်္ဂလာဆောင်အတွက် လက်ဖွဲ့ပေးလိုက်တဲ့ ဖြစ်စဉ်တစ်ခု ရှိတယ်။ နိုင်ငံတော်အတွက်၊ စစ်တပ်အတွက် မဟုတ်ဘူး။ နိုင်ငံတော် ခေါင်းဆောင်ဆောင်ကြီးတွေ ဖြစ်တဲ့အတွက် နိုင်ငံတော်ခေါင်းဆောင်ကြီးတွေရဲ့ သမီးဖြစ်သူတွေအတွက် ပြည်သူတွေရဲ့ မြေကို သိမ်းပြီး လက်ဖွဲ့လိုက်တယ်'' ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂွမြို့နယ်တွင် စစ်တပ်မှ အုန်းခြံများ သိမ်းယူမှုအတွက် တိုင်ကြားမှု ၂ ခုရှိခဲ့ကြောင်း၊ စစ်တပ်မှ နာမည်ခံ သိမ်းယူကာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ရယူထားသည်များရှိကြောင်း သိရှိရသည်။
သံတွဲမြို့နယ်တွင် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားထားသော အမှုပေါင်း ၄ မှုရှိကြောင်း၊ ရေတပ်နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ခလရ ၅၅ နှင့်သက်ဆိုင်သော အမှု ၁ မှု၊ ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏ သမီးနှင့် ဆိုင်သောအမှု ၁ မှုနှင့် သံတွဲခရိုင် အုပ်ချုပ်ရေးမှူး သမီးနှင့် သက်ဆိုင်သော အမှု ၁ မှု တို့ ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီးဟောင်းများ၏ သားသမီးများနှင့် သက်ဆိုင်သော အမှုများတွင် အငြင်းပွားရာ မြေနေရာများသည် ၎င်းတို့၏ နာမည်ပေါက်များ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။
ရခိုင်ဒေသတွင် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ကြသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ၀င်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ်သူရမောင်နီ၊ ပို့ဆောင်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ ရခဲ့ကြောင်းလည်း ဧရာဝတီဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။
ပြည်ထောင်စုလွှတ်တော်တွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်ကို ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မရှင်မှ အဖွဲ့ဝင်များသည် လယ်ယာမြေနှင့် အခြားသိမ်းဆည်းခံရသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ရာတွင် လယ်ယာမြေများ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားသူ အများစုမှာ အထောက်အထားများ မှန်ကန်မှုရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လယ်ယာမြေများ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိရပြီး ဧရာဝတီတိုင်းဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှုကြောင့် တိုင်ကြားခဲ့သည့် အမှုပေါင်း ၁၇၆ မှု ရှိကြောင်း သိရသည်။
Eleven Media Group

မြန်မာ့မြေ လန်ပိကျွန်း ကျူးကျော်ခံနေရပြီလော . . .

 သတင်းထောက် အေးချမ်းမိုး ရေးသည်။


သတင်းသစ်ဂျာနယ် အတွဲ1၊ အမှတ် 38၊ 14-12-2012 သောကြာနေ့ထုတ်ဂျာနယ်တွင်ပါ၇ှိသော လန်ပိကျွန်း အကြောင်းက စိတ်ဝင်စားစရာဖြင့် ပြည့်နှက်နေသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း၇န်၊ ကိုယ့်ရေမြေ တောတောင်တို့အား ကာကွယ်ထိန်းသိမ်းရန်၊ ၀ိသမာလောဘသားများ၏ အနိုင်ကျင့်စိုးမိုးမှု ပပျောက်စေရန်၊ အကျင့်ပျက်သူတို့ပပျောက်စေရန်၊ မြန်မာတိုပ၏ သယံဇာတများအား နည်းအမျိုးမျိုးနှင့် ဂုတ်သွေးစုပ်နေမှုများအား ၀ိုင်းဝန်းထိမ်းသိမ်းကြစေလိုရန် ရည်ရွယ်ရ်ျ မူရင်စာသားများအား အနှစ်ချုပ်ပြီးဖော်ပြပေးပါမည်။

- မြန်မာနိုင်ငံ၏ လူမျိုးများထဲတွင် မြန်မာသာမက ကမ္ဘာကပါသိသော ပင်လယ်ပျော် မော်ကင်းလူမျိုးတို့မှာ ကျန်မာရေး၊ ပညာရေးချို့တဲ့သည့်အပြင် မှတ်ပုံတင်ပင်မရှိသည့်အတွက် လူမျိုးပါပျောက်မည့် အရေးနှင့်ရင်ဆိုင်နေရခြင်း။

- ဆလုံခေါ်မော်ကင်းတို့၏မြေသည် 1966 မှစပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဏ၀ါအမျိုးသားဥယျာသ်အဖြစ်သတ်မှတ်ခြင်းခံရသော လန်ပိကျွန်းဖြစ်သည်။ လန်ပိကျွန်းဟာ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းဒေသမှ မိုင် 40၊ မြိတ်မြို့မှ မိုင် 90၊ ကောသောင်းမှ မိုင် 60 ရေလမ်းဖြင့် သွားရောက်ရသော အဖိုးမဖြတ်နိုင်သည့် မြန်မာတိုပ၏ ဒေသဖြစ်ခြင်း။

- လန်ပိကျွန်းသည် အမြဲစိမ်းသစ်တော 22 ရာခိုင်နှုန်း၊ ဒီရေတော 2 ရာခိုင်နှုန်း၊ သဲသောင်သစ်တော 1 ရာခိုင်နှုန်း၊ ရေသယံဇာတ 75 ရာခိုင်နှုန်း ဖြစ်ပြီး အကျယ်အ၀န်းအားဖြင့် 79 ဒသမ 9 မိုင်၊ ပေ 1500 အထက်တောင်များဖြင့်စုဖွဲထားပြီး ဆလုံလူမျိုးတို့ နေထိုင်ကျက်စားရာဒေသဖြစ်ခြင်း။

- လန်ပိကွန်းတွင် သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ ဒီရေတော၊ ရေချိုရေငန်၊ ရွှံ့နွ့တောများသာမက အပင်အမျိုးအစား 195 မျိုး (ကညင်နီ၊ ကညင်ဖြူ၊ ကညင်ရွက်သေး၊ သေခံ၊ ဦးပယ်၊ သင်္ကန်း၊ တောင်ဖြူ၊ ဟင်းချိုကြီးစသောအပင်ကြီးမျိုးများ)၊ ဒီရေတောအမျိုးအစာ 69 မျိုး၊ နို့တိုက် သတ္တ၀ါ 19 မျိုး၊ ဖွတ် 228 မျိုး၊ တွားသွားသတ္တ၀ါ 19 မျိုး၊ ကုန်ရေနေသတ္တ၀ါ 10 မျိုး၊ ခရု၊ ဂုံး၊ ကမာ၊ ယောက်သွားအမျိုး 50၊ ပင်လယ်ရေညှိ 73 မျိုး၊ ပင်လယ်ငှက် 11 မျိုး၇ှသည်။ ပသျှူးသင်းခွေချပ်၊ ရေ၀က်၊ ကဏန်းစားမျောက်၊ ခြေသည်ငယ်ဖျံ စသည့်ရှားပါးသတ္တ၀ါများမှာ လန်ပိကျွန်းတွင်ရှိပြီး မျိုးတုန်းပျောက်ကွယ်မည့်၇န်နှင့်ရင်ဆိုင်နေရခြင်း။

- လန်ပိကျွန်းရှိ ပင်လယ်ပျော် ဆလုံ(ခ)မော်ကင်းလူမျိုးတို့သည် အင်အားကြီးလူမျိုးစုများတစ်တစ်စ၀င်ရောက်လာမှု၊ အခြားလူမျိုးများနှင့်အိမ်ထောင်ကျမှု၊ ရေကြည်ရာမြက်နုရာေ၇ွှ့ပြောင်နေထိုင်မှုတို့ကြောင့် လွန်ခဲ့သော 7 နှစ်ခန့်က နေထိုင်သော ဆလု့လူမျိုးတို့ဟာ နည်းပါးလာပြီး မြန်မာ ကရင်အိမ်ထောင်စုများ 2 ဆကျော်များပြားလာခြင်း။

- အသိပညာရှာဖွေမှုအခွင့်အရေးအားနည်းသော စိတ်ရင်းဖြူသော ဆလုံတိုင်း ရင်းသားများ၇ှိရာသို့ စီးပွားေ၇းသမားများရောက်ရှိလာပြီး ကဘန်းခေါ်ေ၇ှးဆလုံအိမ်လှေကြီးများကိုဝယ်ပြီး ဆလု့လူမျိုးများကို ကင်းမွန်မျှားရန် အငှားပြန်ချကြပြီး ကင်းမွန်မျှားရာတွင် မျှားမည့်နေရာရောက်မှသာ အစားအစာထုတ်ပေးခြင်းခ့နေရပြီး မူးယစ်ဆေးဝါးဝါးမျိုခြင်းခံရသော ဆလုံအမျိုးသားရှားပါးလာဖြင်းကြောင့် အမျိုးသမီးနှင့် ကလေးငယ်များသာ ထိုအလုပ်ကိုလုက်ကိုင်နေ၇ပြီး လုပ်ငန်းရှင်များထံသို့ ထက်ဝက်ဈေးဖြင့်မဖြစ်မနေေ၇ာင်းချနေရခြင်းအပြင် အမိမြေလန်ပိကျွန်းသို့ အိမ်နီးချင်း ထိုင်နိုင်ငံမှ တရားမ၀င် စီးပွားရှာမှုကြောင့် ဂေဟစနစ်မှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာယိုယွင်းလာခြင်း။

- တစ်ခြားနိုင်ငံမှ တ၇ားမ၀င်သစ်ခိုထုတ်ခြင်း၊ ရေသယံဇာတများဖမ်းစီးခြင်း၊ မိုင်းခွဲငါးဖမ်းခြင်းများကြောင့် သန္တာကျောက်တန်းများပင် ပျက်စီးနေခြင်း။

- အမိမြေ လန်ပိကျွန်း ဂေဟစနစ်ပျက်ယွင်းလာမှုကို ထိုကျွန်းသို့ကိုယ်တိုင် သွားလာ လေ့လာသူ သဘာဝပတ်ဝန်းကျင် ပညာရှင် ဒေါက်တာစောမွန်သိမ့်က ပြောကြားရာတွင် - - - - မြန်မာနိုင်ငံရဲ့ အဏ၀ါအမျိုးသားဥယျာဉ်ဟာ marine Resources ပေါကြွယ်ဝလို့ ကျွန်မတို့အမြဲဂုဏ်ယူခဲ့ရတဲ့နေရာပါ။ ဒါပေမယ့် အခုတော့ marine resources တွေဟာ တကယ့်ကို မျိုးတုန်းပျက်စီးတော့မယ့် အခြေမနေအဖြစ် ခြိမ်းခြောက်ခံနေရပါပြီ၊ ကမ္ဘာမှာ ဒိုင်နိုစောတွေပျောက်ကွယ်သလို ပျောက်ကွယ်တော့မယ့် အပ်ငမျိုးစိတ်တွေ နေစဉ်ခုတ်လှဲခံနေရပါတယ်။ ကျွန်မတို့ သတိမပြုမိဘဲ မထိမ်းသိမ်းရင်မဖြစ်တော့တဲ့ အခြေမနေကိုရောက်နေပါပြီ တဲ့၊

- အဏ၀ါဥယျာဉ်ကို ကာကွယ်စောင့်ရှောက်ဖို့ 22 ဦးရှိတယ်လို့ ဌာနမှထုတ်ပြန်ချက်တွေမှာတွေ့ရပေမယ့် တကယ့်လက်တွေ့ရောက်သွားတော့ မ၇ှိဘူး။ အခုလိုဘာကြောင့်တစ်ဖက်နိုင်င့ကလူတွေလာပြီးလုပ်နေကြသလဲ၊ တရားဥပဒေစိုးမိုးမှုထုတ်ပြန်ထားတဲ့ သပဒေတွေမစိုးမိုးလို့ပါ။ တရားမ၀င် လုပ်ကိုင်နေသူတွေကိုယ်တိုင်က အဲ့ဒီနေရာရဲ့ အုပ်ချုပ်ရေးမှူးတွေဖြစ်နေတာ တွေ့ရတယ် လို့ ဒေါက်တာစောမွန်သိမ့်ကပြောပြပါတယ်။

- ထိုပြင် စာရေးသာ အေးချမ်းမိုးကလည်း -- မော်ကငုးတို့၏ အမိမြေသည်လည်း တရားမ၀င်သစိခိုးထုတ်မှုများ၊ တရားမ၀င်ငါးဖမ်းမှုများ၊ တရားမ၀င်ရေသယံဇာတများကပုန်ကူးမှုတို့ကြောင့် မျိုးစိတ်များကွယ်ပျောက် ရာမှကျွန်းတစ်ခုလုံးပါကွယ်ပျောက်မည့်အန္တရာယ်ကို ရင်ဆိုင်နေရပြီဖြစ်သည်။ထို့ကြောင့် သဘာဝဓလေ့၊ လူမျိုး၊ သဘာဝဥယျာဉ် စသည်တို့ မပျောက်ကွယ်စေရန် တာဝန်ရှိသူများမှသည် စာဖတ်သူများပါ ထိန်းသိမ်းကာကွယ်စေရန် ရည်ရွယ်ပြီးေ၇းသားလိုက်ရပါသည် လို့တွေ့ရပါသည်။

-ထို့ကြောင့် ကျွန်တော်တို့နိုင်ငံသည် မြေပေါ်မြေအောက်၊ ရေ သယံဇာတများလန်စွာပေါကြွယ်ဝသောကြောင့် ထိုကဲ့သိုသော အထင်ကရ၊ ၇ှားပါးနေရာများတွင် ၀ိသမာလောဘ၊ ကိုယ်ကျိုးကြည့်သူတွေကြောင့် မည်မျှပင်ပျောက်ကွယ်နေမည်လဲဆိုသည်မှာ တွေးပင်မတွေးတက်အောင် ၇ှိခြင်းကြောင့် တိင်ပြည်နှင့်လူမျိုးအတွက် တစစိတ်တစ်ဒေသက ကူညီနုင်မည့်သူများ သိရှိပြီး ကာကွယ်ပေနိုင်ရန် စေတနာဖြင့်တင်ပြလိုက်ပါတယ်။

သတင်းသစ်ဂျာနယ် မှ သတင်းထောက် အေးချမ်းမိုး ရေးသည်။ 
ဒေါင်းမာန်ဟုန် ...မှ တဆင့် ဖော်ပြသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်

ပုဒ်မ(၁၈)ဖြင့် အမှုဖွင့် အရေး ယူခြင်းခံထားရသူ အောင်မှိုင်းဆန်း
"
ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများ အနက် မန္တလေး၊ မြင်းခြံမြို့နှင့် မုံရွာမြို့များရှိ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါ အမှုဖွင့် အရေးယူခံထားရသူများမှာ မန္တလေးရှိ ဗကသများ အဖွဲ့ချုပ်မှ ၃ ဦးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားသူတစ်ဦး၊ မြင်းခြံမှ ၅ ဦးနှင့် မုံရွာမှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုဖွင့် အရေးယူခံရသူများကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းက ခေါ်ယူစစ်ဆေးခဲ့ ခြင်းဖြစ်ပြီုး မြင်းခြံမှ ၅ ဦးမှာ အာမခံရရှိခဲ့ပြီး မန္တလေးရှိ ၄ ဦးမှာ ခံဝန်စာရွက်တွင် တရားရုံး၏ ဆုံးဖြတ်ချက် မကျသေးဘဲ တရားခံဟု သုံးနှုန်းထားသည့်အတွက် အာမခံမယူဘဲ နေခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်မှ အထက်ဗမာပြည် ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်အောင်၏ ပြောပြချက်အရ သိရှိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများရှိ သံဃာတော်များအား အကြမ်းဖက် အင်အားသုံးနှိမ်နှင်းမှုအပေါ် သံဃာတော်များနှင့်အတူ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူများမှာ မန္တလေးမြို့တွင် ဗကသများအဖွဲ့ချုပ်မှ (ဗဟိုလုပ်ငန်း ကော်မတီ) အဖွဲ့ဝင်များဖြစ်သည့် ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုမင်းနိုင်လွင်နှင့် ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားသူတစ်ဦးဖြစ်သည့် ကိုသိန်းအောင်မြင့်တို့ဖြစ်ပြီး မြင်းခြံမြို့မှ ကိုသန့်စင်၊ ကိုအောင်မြင့်ဆန်း၊ ကိုဥာဏ်မြင့်သန်း၊ ကိုဇော်လင်းအောင်၊ ကိုမိုးစက်၊ မုံရွာမြို့မှ ဗကသများ အဖွဲ့ဝင် ကိုရဲရင့်အောင်နှင့် ဒေါ်နုတို့ဖြစ်ကြောင်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပက်သက်၍ မုံရွာမြို့နယ်မှူး ရဲစခန်းနှင့် မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကျွန်တော်တို့ဆီတော့ ရောက်မလာသေးလို့ မသိပါဘူးဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည့် နေရာတွင် အသေးစား ပေါက်ကွဲမူ တစ်ခုဖြစ်ပွား၊ အဖွဲ့ ချုပ် အမျိုးသမီးအဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ

ဒေါ်အောင်ဆန်းစုကြည်အား မြိတ်မြို့ စည်းရုံးရေး ခရီး သွားရောက်ခဲ့စဉ်က တွေ့ မြင်ရစဉ်
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားမည့် နေရာတွင် အသေးစား ပေါက်ကွဲမူ တစ်ခုဖြစ်ပွား၊ အဖွဲ့ ချုပ် အမျိုးသမီးအဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ မြိတ်ခရိုင် ကျွန်းစုမြို့ နယ် ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်အား သန့် ရှင်းရေး ပြုလုပ်နေစဉ် ပေါက်ကွဲမူအ သေးစားတစ်ခု ယနေ့ သုံးနာရီအ ချိန်တွင် ဖြစ်ပွားခဲ့သည်။
သန့် ရှင်းရေး ပြုလုပ် နေသူများမှ ကန်မော်ကျေး၇ွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် အဖွဲ့ ဝင် သုံးဦး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သစ်ထူးလွင်MM


KIO ဋ္ဌာနချုပ် လိုင်ဇာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေ

 KIO ဋ္ဌာနချုပ် တည်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့နှင့် ၄ မိုင်ခန့် အကွာရှိ လဂျားယန်ရွာအနီးတွင် KIA , ABSDF ပူးပေါင်းတပ်များနှင့် အစိုးရစစ်တပ်တို့ အကြား နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာ  ဖြစ်ပွားနေကြောင်း သိရသည်။


ယနေ့နံနက် ၆ နာရီခန့်မှ မွန်းလွဲပိုင်း ၂ နာရီကျော်အထိ ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ အစိုးရတပ်ဘက်မှ လေကြောင်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ရှေ့တန်းရောက် ကျောင်းသားတပ်မှူး တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ရင်ဆိုင်တိုက်ပွဲတွေ မနားတန်းဖြစ်နေတုန်း အတော်ပြင်းထန်နေတယ်၊ သူတို့ဘက်က လွယ်မောက် အမြောက် စခန်းနဲ့ ခမ်းကိုင် အမြောက်စခန်းကနေ အမြောက်တွေနဲ့ပစ်နေတယ်၊ လေကြောင်းပစ်ကူက နှစ်ကြိမ် ၊ မနက် ၁၁ နာရီလောက်က ရဟတ်ယာဉ် နှစ်စီးနဲ့ လဂျားယန်ရွာကို ပစ်တယ်၊ မွန်းလွဲ နှစ်နာရီလောက်မှာ ရဟတ်ယာဉ် ၄ စီးနဲ့ ဘွမ်ဆွမ်စခန်းကို ၀င် ပစ် တယ် ” ဟု သူက ပြောသည်။

အစိုးရတပ်ဘက်မှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းနေပြီး အခြားနေရာ ၃ ခုတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ “သူတို့ဘက်က စစ်ကြောင်းတွေ ဖြန့်တက်နေတယ် အင်အားတွေလည်း ထပ်ဖြည့်နေတယ် တချို့တပ်တွေက လဂျားယန် ရွာထဲဝင်နေပြီ အခုဖြစ်နေတာက မြစ်ကြီးနား - လိုင်ဇာလမ်း ခလားဘက်ရယ် နန်ဆန်ယန်ဘက်ရယ် ဆင်ဘိုခွင်က ဧရာဝ တီ မြစ်တစ်ကျောတွေမှာလည်း ဖြစ်နေတယ်” ဟု ဆိုသည်။ တိုက်ပွဲအတွင်း နှစ်ဘက်အကျအဆုံးများရှိပြီး လဂျားယန်တိုက်ပွဲတွင် KIA ဘက်မှ တစ်ဦးသေဆုံး၍ နှစ်ဦး ဒဏ်ရာ ရ ကြောင်း အစိုးရတပ်မှ အကျအဆုံး အတိအကျ မသိရသော်လည်း စစ်လက်နက် အသုံးအဆောင်များနှင့် ရုပ်အလောင်းများ သိမ်းဆည်းရမိကြောင်း သူက ဆက်ပြောသည်။
သျှမ်းသံတော်ဆင့်

Thursday, December 13, 2012

ဆီးရီးယား အတိုက်အခံကို နိုင်ငံပေါင်း ၁၀၀ ကျော်အသိအမှတ်ပြု



12.12.2012

ဆီးရီးယားသမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေက မကြာခင်က အသစ်ဖွဲ့စည်းလိုက်တဲ့ ဆီးရီးယားအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ကသာ ဆီးရီးယားလူမျိုးတွေကို တရားဝင်ကိုယ်စားပြုတဲ့အဖွဲ့အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်ကြပါတယ်။

ဒီအတောအတွင်း ဆီးရီးယားအစိုးရက Scud ဒုံးကျည်တွေနဲ့ သူပုန်တပ်ဖွဲ့တွေကို မကြာခင်က ပစ်ခတ်ခဲ့တယ်လို့ အဆင့်မြင့် အမေရိကန်အရာရှိ တဦးက ပြောပါတယ်။ အဲဒီ ဒုံးကျည်ဟာ ဓာတုလက်နက်တွေ တပ်ဆင်ထားတဲ့ ဒုံးကျည် ဟုတ်မဟုတ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

Scud ဒုံးကျည်တွေကို အသုံးပြုလာတာဟာ ၂ နှစ်နီးပါးလောက်ကြာလာပြီဖြစ်တဲ့ ဆီးရီးယားပဋိပက္ခဟာ ပိုပြီး အရှိန်မြင့်လာနေတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

မော်ရိုကိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ဆီးရီးယားမိတ်ဆွေနိုင်ငံများအဖွဲ့ကလည်း ဆီးရီးယားအမျိုးသားညွန့်ပေါင်းအဖွဲ့ကို တရားဝင်အဖွဲ့အဖြစ် အစောပိုင်းမှာ အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မူစယ်မြို့ သျှမ်းနှစ်သစ်ကူးပွဲတွင် သျှမ်းဧရာဇ်ဆေခန်ဖှ ဆု ချီးမြှင့်မည်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ လွိုင်တိန်းခမ်းတောင်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၄ ရက်တာ ကျင်းပမည့် သျှမ်းနှစ်သစ်ကူးပွဲတော် အခါသမယ၌ သျှမ်းစာပေနှင့် လူမှုရေးအကျိုး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ သူများအား ပေးအပ်လေ့ရှိသည့် “စဝ်ဆေခန်ဖှဆု” ချီးမြှင့်မည့် အစီအစဉ် ပါဝင်ကြောင်း သိရသည်။

Sai-Fa-coupleသျှမ်းစာပေပျံ့နှံ့ရေးစွမ်းစွမ်းတမံဆောင်ရွက်နေသော သျှမ်းစာပေသင်တန်းမှူး စိုင်းဖှ

ယခုနှစ်တွင် သျှမ်းလူမျိုးများ နေထိုင်ရာ ဒေသအနှံ့ စာပေ လိုက်လံသင်ကြားပို့ချပေးနေသည့် သျှမ်းစာပေသင်တန်းမှူး စိုင်းဖှအား အဆိုပါ ဆုချီးမြှင့်မည် ဖြစ်ကြောင်း မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ အတွင်းရေးမှူး စိုင်းကျောက်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ဆေခန်ဖှဆု ဆိုတာ လူမှုရေးနဲ့ စာပေအကျိုး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတွေကို ပေးတဲ့ဆုပေါ့နော်။ ဒီနှစ် ဆုချီးမြှင့်ခံရတဲ့ စိုင်းဖှကျတော့ စာပေပိုင်းမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်ပေါ့။ နယ်လှည့်ပြီး သျှမ်းစာပေတွေကို သင်ကြားပေးတယ်။ တစ်နှစ်လုံးနေလို့ အိမ်မှာ တစ်လတောင် မနေရဘူးပေါ့နော် ဒါကြောင့်သူ့ကို ဆုချီးမြှင့်တာပါ ” ဟု သူက ပြောသည် ။

အဆိုပါဆုကို မူစယ်မြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစီးချီးမြှင့်ခြင်းဖြစ်ပြီး စိုင်းဖှမှာ ပဉ္စမမြောက်ဆုလက်ခံရရှိသူ ဖြစ် ကြောင်း သိရသည် ။
သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှ

“ဒီဆုက နှစ်စဉ် တစ်နှစ်တစ်ကြိမ်ပေးတာတော့ မဟုတ်ဘူး။ ဒီရှေ့မှာ လူမှုရေး ဆောင်ရွက်သူ  ၄ ဦးကို ပေးပြီးပြီ။ ဒါက ၅  ကြိမ်မြောက်ပေါ့။ စိုင်းဖှက နမ္မတူမြို့နယ် ဇာတိ ၊ လက်ရှိ ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်မှာ နေထိုင်တယ် ” ဟု သူက ဆက် ပြောသည် ။

လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် သျှမ်းမျိုးနွယ်စုဝင်များ၏ ၂၁၀၇ ခုနှစ်ပြည့် နှစ်သစ်ကူးပွဲတော်ကို မူစယ်မြို့ လွယ်တိန်ခမ်းတောင်ပေါ် ဘုန်းတော်ကြီးကျောင်းတွင် သျှမ်းမျိုးနွယ်ဝင်များ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့က သံဃာထုဆန္ဒပြပွဲ

2012-12-12
ရန်ကုန်မြို့က စာသင်သံဃာတော် အပါး ၃၀၀ ဝန်းကျင်ပါဝင်တဲ့ "ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့" ဟာ လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွဲမှုနဲ့ ပတ်သတ်ပြီး တောင်းဆိုထားတဲ့အချက်တွေကို အစိုးရဖက်က အကောင်အထည်မဖော်ပေးတဲ့အတွက် ဒီကနေ့ မွန်းလွဲပိုင်းက ရွှေတိဂုံဘုရား ၊ အရှေ့ဘက်မုခ် ၊ ကြေးသွန်းဘုရားကြီးကနေ ရန်ကုန်မြို့လယ် ဆူးလေဘုရားအထိ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Photo:RFA/Kyaw Zawe Win
ဒီဇင်ဘာ ၁၂ ရက်နေ့က လက်ပန်းတောင်း အရေးနှင့် ပက်သက်ပြီး ရန်ကုန်မြို့တွင် သံဃာထုက ဆန္ဒထုတ်ဖော်စဉ်။
သံဃာတော်တွေဟာ "၁၂ ၊ ၁၂ ၊ ၁၂ သံဃာတော်များ အကြမ်းဖက်ခြင်းကို ရပ်တန့်ပေးပါ"၊ ဆိုတဲ့ စာသားပါ လက်ကိုင်ပိုစတာတွေနဲ့ သာသနာ့အလံတော်တွေကို ကိုင်ဆောင်ရင်း အလံပြဘုရားလမ်းတလျှောက် မေတ္တာပို့ရွတ်ဆိုပြီး ဆူးလေစေတီတော်ကို စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
သံဃာတော်တွေဟာ မွန်းလွဲ ၂ နာရီအချိန်မှာ ရေတာရှည်လမ်းဟောင်းကိုဖြတ်ပြီး  ဦးထောင်ဗိုလ်လမ်းကနေ တစ်ဆင့် အလံပြဘုရားလမ်းအတိုင်း စီတန်းလှည့်လည်ဆန္ဒပြတဲ့အခါ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူလူထု ရာပေါင်းများစွာကလည်း သံဃာတော်တွေနဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်း စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
ဒီကနေ့ဆန္ဒပြပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကလည်း သံဃာတော်တွေရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတော်တွေဟာ မွန်းလွဲ ၃ နာရီမှာ ဆူးလေစေတီတော်ကို ရောက်ရှိပြီးနောက် စေတီတော်ကို လက်ယာရစ်လှည့်ပြီး မြို့တော်ခန်းမရှေ့မှာ စုဝေးကာ သံဃာတော်တွေရဲ့ အစိုးရကို တောင်းဆိုထားတဲ့ တောင်းဆိုချက် (၅)ရပ်ကို ဖတ်ကြားခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ရာနဲ့ချီတဲ့ သံဃာတော်တွေ ဆန္ဒထုတ်ဖော်ခဲ့တဲ့ တစ်ချိန်တည်းမှာပဲ မန္တလေး ၊ မုံရွာ ၊ ကလေး ၊ စစ်တွေ ၊ ပခုက္ကူ ၊ ချောက် ၊ ပြည်၊  ဝါးခယ်မ ၊ ပုသိမ် ၊ စတဲ့ မြို့ကြီးတွေမှာလည်း သံဃာတော်တွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
RFA

စစ်တွေက သံဃာထုရဲ့ ဆန္ဒဖေါ်ထုတ်ပွဲ

2012-12-12
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေ ဖြိုခွင်းရာမှာ ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေအတွက် ဆုတောင်းပွဲတစ်ရပ်ကို ရခိုင်ပြည်နယ် စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တော်မှာ ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နေ့လည် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။
Photo:RFA/Min Thein Aung
စစ်တွေမြို့က သံဃာတော်များ စစ်တွေမြို့၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်တော်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဆန္ဒထုတ်ဖော်နေစဉ်။
ဆန္ဒပြသံဃာတော်တွေက အချက် (၅)ချက်ပါတဲ့ သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ကိုယ်ကျိုးမဖက် အများအတွက် အနစ်နာခံပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို အကြမ်းဖက်ဖြိုခွင်းတာဟာ ဒီမိုကရေ
စီလမ်းကြောင်းပေါ်က သွေဖယ်ပြီး ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်ရပ်မျိုးမဟုတ်တဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း၊  ဒါ့အပြင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတဲ့အတွက် ဖမ်းဆီးချုပ်နှောင်ခံထားသူတွေကို အကြွင်းမဲ့ ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီအစိုးရပီသစွာနဲ့ အများပြည်သူတွေရဲ့ဆန္ဒမပါဘဲ ပြုလုပ်တဲ့စီမံကိန်းတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ရပ်တန့်ပေးဖို့၊ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို လိုအပ်တာထက်ပိုပြီး အင်အားသုံးအကြမ်းဖက်ဖြိုခွင်းနှိမ်နင်းခဲ့တဲ့သူတွေကို တရားဥပဒေနဲ့အညီ စီစစ်ဆောင်ရွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
RFA

Tuesday, December 11, 2012

အာဆီယံ-အိန္ဒိယချစ်ကြည်ရေးယာဉ်တန်း မြန်မာပြည်ကိုဖြတ်သန်း

ဒီကားမောင်းပြိုင်ပွဲမှာ  ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်၊ မေသဉ္စာဦး၊ ဆုပန်ထွာနဲ့ ဒါရိုက်တာ ကိုပေါက်တို့က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ကား ၂ စီးနဲ့ ၀င်ရောက် ယှဉ်ပြိုင်နေတာပါ။ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်က “မောင်းတာက အင်ဒိုနီးရှားမှာ မောင်းတယ်။ နောက် အင်ဒိုနီးရှားကနေ လေယာဉ်နဲ့ စင်ကာပူကိုလာပြီး စင်ကာပူကနေ ဒီကိုမောင်းလာခဲ့တာ။

ကျပ် ငါးထောင်တန် ငွေစက္ကူအတုများ ဟင်္သာတမြို့တွင် စစ်ဆေးတွေ့ရှိမှုများ ရှိနေ


 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် ကျပ် ငါးထောင်တန် ငွေစက္ကူ အတု များမကြာခဏ စစ်ဆေး တွေ့ရှိမှုများ ဖြစ်ပေါ်လျှက်ရှိပြီး ဒီဇင်ဘာလ(၁၁)ရက် နေ့တွင်လည်း ကမ္ဘောဇဘဏ်ခွဲ (ဟင်္သာတ) ၌ ငွေလွှဲသူများ ထံ ကတွေ့ရှိမှုများ ရှိခဲ့ကြောင်း သိရသည်။

သာဓု အကြိမ်ကြိမ်ခေါ်ပါတယ် မခိုင်


ထွန်းအိန္ဒြာဗို၏ Charity live show မှရရှိသောငွေများအနက်မှ ၄၁၅သိန်းကျပ် ကို ဒီဇင်ဘာလ ၁၀ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရုံးသို့ လာရောက်လှူဒါန်းခဲ့သည်။
ရခိုင်ဒုက္ခသည်များအတွက် သိန်း၁၀၀ ကျပ်၊ အဖွဲ့ချုပ်၏ပညာရေးကွန်ယက် အား သိန်း ၁၀၀ကျပ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ HIV ,AIDS section သို့ သိန်း ၁၀၀ကျပ်၊ ရန်ကုန်ပြည်သူ့ဆေးရုံးကြီးအတွက်သိန်း၁၀၀နှင့်
ပုဂ္ဂလိကစာနယ်ဇင်းများသို့ ကျပ် ၁၅ သိန်းလှူဒါန်းခဲ့သည်။
သာဓု အကြိမ်ကြိမ်ခေါ်ပါတယ် မခိုင်ရေ...

ခွန်ဒီးယမ်(FacebooK)

ကြေးနီစီမံကိန်း သပိတ်စခန်းများ အင်အားသုံးဖြိုခွင်းမှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မျိုးဆက်သစ် လူငယ်များအဖွဲ့မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အင်အားသုံးဖြို့ခွင်းခဲ့မှုအား ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့မှ လူငယ် ၁၀၀ ၀န်းကျင်တို့က ယနေ (ဒီဇင်ဘာလ ၁၀) ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ တရားဝင် ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဟာဗန္ဓုလပန်းခြံနှင့် ဆူးလေစေတီတော်တို့အား တန်းစီလှည့်လည်ခဲ့ကာ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် မျိုးဆက်သစ်လူငယ်များအဖွဲ့၏ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခြင်း၏ သဘောထားကြေညာချက်ကို ဖတ်ကြားခဲ့ပြီး ဆန္ဒထုတ်ဖော်မှုကို နံနက် ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် ငြိမ်းချမ်းစွာ ရပ်နားလူစုခွဲခဲ့ကြသည်။

ဆန္ဒထုတ်ဖော်သူများ၏ သဘောထားကြေငြာချက်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းရှိ ဆန္ဒပြနေသူ ရဟန်းရှင်လူ မိဘပြည်သူများအား အင်အားသုံး အကြမ်းဖက်၍ ဖြိုခွဲဖြေရှင်းခြင်းသည် ဒီမိုကရေစီ အလေ့အကျင့်များနှင့် ဆန့်ကျင်ကာ အကြွင်းမဲ့ အာဏာရှင်ဆန်သော လုပ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် မှတ်ယူကြောင်း၊ အကြွင်းမဲ့ အာဏာရှင်ဆန်ဆန် လူ့အခွင့်အရေး ချိုးဖောက်မှုအား ဆန့်ကျင်ကန့် ကွက်သည့် ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။
ထို့ပြင် ဆန္ဒထုတ်ဖော်သူများသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွင် အကြမ်းဖက်ဖြိုခွင်းမှုအား တရားမျတစွာ ဖြေရှင်းရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးနှင့် ပတ်သက်ပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သူများအား ဖမ်းဆီးထားခြင်းမှ အမြန်ဆုံး ပြန်လွှတ်ပေးရန် စသည်တို့ကို တောင်းဆိုခဲ့ကြသည်။
''မျိုးဆက်သစ် လူငယ်လေးတွေရဲ့ကောင်းမွန်တဲ့ လုပ်ဆောင်မှုကို အမတို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က လာပြီးတော့ ၀န်းရံပေးတာပါ။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်ပါတယ်။ လက်ပံတောင်းတောင် သပိတ်စခန်းတွေကို အင်အားသုံးပြီး ဖြိုခွင်းခဲ့တာကို ကန့်ကွက်ကြောင်း အမတို့အနေနဲ့ သဘောထားထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်တဲ့ လုပ်ရပ်မျိုးကို အမတို့အနေနဲ့ လုံးဝလက်မခံပါဘူး။ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲ။ အခုလို လူငယ်တွေ ကောင်းမွန်တဲ့ လုပ်ရပ်တွေမှာ တက်ကြွစွာ လုပ်ဆောင်နေတာကို အမတို့အနေနဲ့ ဂုဏ်ယူပါတယ်'' ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ မသက်သက်အောင်က ပြောပြခဲ့ပါသည်။
 Eleven Media Group

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသူများအား သက်ဆိုင်ရာတရားရုံးမှ အာမခံဖြင့် ပြန်လွှတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသူများအား  ယနေ့ (ဒီဇင်ဘာလ ၁၁ရက်နေ့) မွန်းလွဲ ၁ နာရီဝန်းကျင်က ကိုယ်ပိုင် ခံဝန် အာမခံဖြင့် သက်ဆိုင်ရာ တရားရုံးမှ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာသည့် အလုပ်သမား၊ လယ်သမားအရေးများ ဆောင်ရွက်နေသူ ကိုဝေဠု၏ ပြောကြားချက်အရသိရသည်။

“လက်ရှိဖြစ်ပျက်နေတဲ့ လယ်သမားအရေး၊ အလုပ်သမားအရေးတွေကို ပြန်လည်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ပြန်လာပါပြီ။ အခုလို အသွင်ကူးပြောင်းနေတဲ့ ကာလမှာ ဒီလိုမျိုး အဖမ်းဆီးခံရတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါပေမယ့် ပုဒ်မ ၁၈ နဲ့အမှုဖွင့်အရေးယူတာမျိုး မဟုတ်ဘဲ ၅၀၅ (ခ) နိုင်ငံတော် အသရေဖျက်မှုဆိုတဲ့ဟာနဲ့ ကျွန်တော်တို့ကို အရေးယူတာမျိုးကတော့ မဖြစ်သင့်ပါဘူး” ဟု ကိုဝေဠုက ပြောကြားခဲ့သည်။

ကိုယ်ပိုင်ခံဝန်အာမခံဖြင့် ပြန်လည်လွတ်မြောက်လာသူများမှာ နိုဝင်ဘာလ ၂၆ ရက်နေ့က တရားစွဲဆိုခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကိုဝေဠု၊ ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ကိုရဲလင်း၊ ကိုမျိုးချစ်၊ ကိုညီညီ တို့ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများ အင်အားသုံးဖြိုခွင်မှုအား ကန့်ကွက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့ကိုလည်း ယနေ့ (ဒီဇင်ဘာလ ၁၁ ရက်နေ့) မွန်းလွဲ ၂ နာရီ ၄၀ အချိန်ဝန်းကျင်တွင် ဗဟန်းတရားရုံးက ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသော ဦးဂမ္ဘီရ (ခေါ်) ကိုညီညီလွင်ကိုလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ညပိုင်းတွင် သန်လျင်မြို့နယ် တရားရုံးမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
Eleven Media Group

Monday, December 10, 2012

 အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲဝင် မြန်မာအမျိုးသမီးအသင်း ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းကို အနိုင်ရရှိ

 ha-10-12-1
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် အာရှယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပြီးခဲ့သည့်ဒီဇင်ဘာလ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး ယင်းခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲနောက်ဆုံးအဆင့်၌ ထိုင်းအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် (၇) ကြိမ်မြောက် ပြိုင်ပွဲကို တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီဖြစ်သည်။ ယင်းနောက်ဆုံးအဆင့် ပြိုင်ပွဲတွင် မြန်မာယူ-၁၉ အမျိုးသမီးအသင်းသည် လက်ရှိချန်ပီယံ ဂျပန်၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျအသင်းတို့နှင့် အုပ်စုပတ်လည်ပုံစံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့် ခြေစစ်ပွဲ၌ အုပ်စု (ခ) တွင် ဗီယက်နမ်၊ တရုတ် (တိုင်ပေ)၊ အိန္ဒိယအသင်းတို့နှင့် အတူကျရောက်ခဲ့ပြီး ဗီယက်နမ်နှင့် အိန္ဒိယကို အနိုင်ရရှိခဲ့ကာ တရုတ် (တိုင်ပေ) နှင့်သရေကျပြီး အုပ်စုပထမနေရာ ရရှိခဲ့သည်။ ထို့ကြောင့် တစ်ဖက်အုပ်စုဗိုလ်ဖြစ်သော ထိုင်းအသင်းနှင့် ခြေစစ်ပွဲနောက်ဆုံးအဆင့်အဖြစ် ရှုံးထွက်ကစားခဲ့ရခြင်း ဖြစ်သည်။ ယင်းခြေစစ်ပွဲ နောက်ဆုံးအဆင့်ရှုံးထွက်ပွဲကို ဒီဇင်ဘာလ ၉ ရက်က ဟိုချီမင်းမြို့ရှိ Thonh Nhat ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအတွက် အနိုင်ဂိုးကို နောက်တန်းလူ လင်းဥမ္မာထွန်းက ၆၇ မိနစ်တွင် သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။
အုပ်စု(ခ)  ပွဲ  နိုင်  သရေ  ရှုံး  ရဂိုး  ပေးဂိုး  ရမှတ်
မြန်မာ  ၃  ၂    ၁  ၀  ၁၁    ၂    ၇
ဗီယက်နမ်  ၃  ၂    ၀  ၁  ၁၄    ၃    ၆
တိုင်ပေ  ၃  ၁    ၁  ၁  ၉    ၄    ၎
အိန္ဒိယ  ၃  ၀    ၀  ၃  ၀   ၂၅    ဝ
             နောက်ဆုံးအဆင့် Play-Off
                  မြန်မာ ၁-၀ ထိုင်း

 နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သူများအား ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

101
မြန်မာနိုင်ငံ၏ ကျွန်းသစ်အပါအ၀င် မြေပေါ်မြေအောက် သယံဇာတ ပစ္စည်းများ အချည်းနှီးဖြစ်ခဲ့မှုအပေါ် တာဝန်မဲ့ပြုလုပ်ခဲ့သော အာဏာရှိသူ နေရာရှိသူများအား ၄င်းတို့မိဘများမှ မည်သို့သွန်သင် ဆုံးမခဲ့မလဲဟု စဉ်းစားမိကြောင်း ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် (၈) နာရီအချိန် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး ပွဲတော်ကွင်းအတွင်း ပြုလုပ်ခဲ့သော ပြည်သူလူထု တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ဆင်းရဲနေခြင်းမဟုတ်ဘဲ မြန်မာ ပြည်သူလူထုသည်သာ ဆင်းရဲနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''နိုင်ငံက ဆင်းရဲတာမဟုတ်ပါဘူး။ ပြည်သူက ဆင်းရဲတာပါ၊ နိုင်ငံက ဒီလောက်ဆင်းရဲတာ မဟုတ်ပါဘူး။ နောက်ပြီး ကျွန်မအမြဲတမ်း ဒီဟာကို ခွဲခြားပြီးပြောပါတယ်။ ပြည်သူဆင်းရဲတာနဲ့၊ နိုင်ငံဆင်းရဲတာနဲ့၊ ကျွန်မတို့ နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် သဘာဝသယံဇာတပစ္စည်း အများကြီးကြွယ်ဝတဲ့ နိုင်ငံပါ။ ဒါပေမယ့် တကယ့်နိုင်ငံရဲ့ ရတနာကတော့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ နိုင်ငံသူ နိုင်ငံသားတွေ အရည်အချင်းမရှိရင် မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊ မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊ ဘယ်လောက်များများ အချည်းနှီးပဲ။ ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။ အင်မတန်မှ ကမ္ဘာက တန်ဖိုးထားတဲ့ ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။ ပျောက်ကွယ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ တကယ့်ရတနာတွေဖြစ်တဲ့ ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ မစောင့်ရှောက်နိုင်ခဲ့လို့။ တချို့က ပြောတာပေါ့။ ကျွန်တော်တို့ ကျွန်မတို့ ဆိုင်တာမှ မဟုတ်ဘဲ။ အစိုးရက သူတို့လုပ်ချင်တိုင်း လုပ်သွားတာပဲလို့ မှန်တော့ မှန်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူပြည်သားတွေမှာလည်း တာဝန်ရှိတာပဲ။ အစိုးရဆိုတာလည်း ပြည်သူတွေထဲကပဲ ပေါက်ဖွားလာတာပဲ။ ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။ ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊ နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ ကြီးပြင်းလာသလဲလို့။ သူတို့ရဲ့မိဘတွေက ဘယ်လိုများ သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ ငယ်ရွယ်တဲ့သားသမီးတွေရှိတဲ့ ပြည်သူတွေကို စဉ်းစားစေချင်တယ်။ ငါတို့သားသမီးတွေသာ နိုင်ငံမှာ အင်မတန် သြဇာရှိတဲ့ ရာထူးတွေရခဲ့ရင် ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။ စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ'' ဟု ပြောကြားခဲ့သည်။
ထို့အပြင် စနစ်မကောင်း၍ နိမ့်ကျသွားခဲ့ရသော မြန်မာနိုင်ငံ၏ ပညာရေးအား လွှတ်တော်မှတစ်ဆင့် ဥပဒေများပြု၍ ပြုပြင်ရန် ကြိုးပမ်းနေကြောင်း၊ အခြေခံဥပဒေ ပြုပြင်ရေးဆိုသည်မှာလည်း နိုင်ငံအတွက် လိုအပ်သည့် အရာများကို သူမမှပြောင်းချင်တာဖြစ်ကြောင်း နိုင်ငံအတွက် လိုအပ်မှုအရ ပြောင်းသင့်သည်ကို ပြောင်းရသလို ပျော့ပျောင်းသင့်သည့်နေရာတွင်လည်း ပျော့ပျောင်းရန်လိုကြောင်း၊ အပြောင်းအလဲတွေကို ပျော့ပျော့ပျောင်းပျောင်းနဲ့ အများအတွက်ကောင်းတဲ့ နည်းတွေ အမျိုးသားရင်ကြားစေ့ရေးလို ဖြစ်စေမည့်နည်းတွေနှင့် ပြောင်းလဲမှုများကို ရှာဖွေမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါ သည်။   
Eleven Media Group

Sunday, December 9, 2012

KNPP ဖွံ့ဖြိုးရေးကော်မတီရုံး ဖွင့်ပွဲကျင်းပ )


Friday, 07 December 
 ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဖွံ့ဖြိုးရေးကော်မတီရုံးကို ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့တွင် ဒီနေ့မနက် ၉ နာရီ၌ ရုံးဖွင့်ပွဲအခန်းအနားကို ကျင်းပပြုလုပ်သွားပါတယ်။

အခန်းအနားမှာ KNPP အဖွဲ့ကိုယ်စားလှယ်များ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဒေသခံလူထုတို့က တက်ရောက်ခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ အချက်တွေထဲက ဖွံဖြိုးရေး လုပ်ငန်းကို အစိုးရနှင့် KNPP အတူတကွ ဆောင်ရွက်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်အပေါ် လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ နှစ်ဖက် ခေါင်းဆောင်တွေက လူထုထဲကို ထဲထဲဝင်ဝင်ဆောင်ရွက်နိုင်ဖို့ အဓိကကျတဲ့ နေရာအဖြစ်နဲ့ ၎င်းနေရာကို ရွေးခြယ်ခဲ့ခြင်းဖြစ်တယ်လို့ KNPP အတွင်းရေးမှူး(၁) ခူးဦးရယ်က အခန်းအနားဖွင့်ပွဲမှာ ပြောသွားပါတယ်။

ကေအဲန်ပီပီ ဖွံ့ဖြိုးရေးရုံးဖွင့်ပွဲ (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)) အတွင်းရေးမှူး (၁)ခူးဦးရယ်က " ဘက်စုံပြည်နယ်အစိုးရ လွတ်တော်တွေသာမကပဲနဲ့ တကယ့်အခြေခံ လူထု အစုအဖွဲ့တွေနဲ့ နေ့တဓူဝ ကျနော်တို့ဆက်စပ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ပထမခြေလှမ်းအနေနဲ့ ဒီမှာပဲ အလယ်ဗဟိုကျမယ်လို့ ပိုပြီးတော့ ထဲထဲဝင်ဝင်လုပ်တဲ့အခါမျိုးမှာ ပိုပြီးတော့ လွယ်ကူမယ်လို့ ယုံကြည်ရတဲ့အပေါ်မှာ ဒီးမော့ဆိုမှာ ကျနော်တို့ ဒီဖွံ့ဖြိုးရေးရုံးကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။" လို့ ပြောသွားပါတယ်။

အခန်းအနားကို တက်ရောက်လာတဲ့ ဒေသခံမှ လူမှုအဖွဲ့အစည်းတဖွဲ့ဖြစ်တဲ့ ကန္ဒရဝတီလူငယ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ကိုတုတူက ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ လူထုတွေ အသိအမြင်ဖွံ့ဖြိုးဖို့ အရေးကြီးနေတယ်လို့ ပြောပါတယ်။

၎င်းက " လိုအပ်ဆုံးဆိုတော့ လူငယ်အပိုင်းအနေနဲ့ အဓိက ဖွံ့ဖြိုးရေးရဲ့ အမြင်ပေါ့နော် သဘောတရားကို တကယ်သိသိ ထဲထဲဝင်ဝင် နားလည်ဖို့ လိုအပ်ဆုံးလို့ကျနော်ထင်တယ်။ အခုလောလောဆယ် ဖွံ့ဖြိုးရေးလုပ်နေကြတဲ့ အဖွဲ့အစည်းတွေက အများကြီးပေါ့နော် ဒါပေမဲ့ ကျနော်တို့ဒေသခံတွေကဖွံ့ဖြိုးရေးဆိုတာ တကယ့်အနစ်သာရကို သိရှိဖို့က အားနည်းတယ်။ ဖွံ့ဖြိုးရေးဆိုတာ သူများရဲ့ပေးကမ်းမှု လှူဒါန်းမှုကိုပဲ မြင်တာပေါ့ တကယ့်ကိုယ့်စီက ဘာတွေလုပ်ရမလဲ ကျနော်တို့ရဲ့ တာဝန်ဘယ်လိုအရေးကြီးလဲဆိုတာ သိဖို့က ပိုပြီးတော့အရေးကြီးတယ်လို့မြင်ပါတယ်။ အရေးကြီးဆုံး ကျနော်တို့ရဲ့ စိတ်ဓာတ်ရေးဆိုင်ရာကို ဖွံ့ပိုပြီးလုပ်ဆောင်သင့်တယ်လို့ ကျနော်မြင်ပါတယ်" လို့ ပြောပါတယ်။

KNPP ဖွံ့ဖြိုးရေးကော်မတီရုံးမှ ပြည်ထဲရေးဒုဝန်ကြီး ဦးခဲလေက " ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတော့ နိုင်ငံတဝန်းလုံးမှာ အထူးသဖြင့် ကျနော်တို့ပြည်နယ်မှာက တအားလိုအပ်တယ်။ ဖွံ့ဖြိုးရေးလုပ်ငန်းကို ကျနော်တို့အကွက်ကျကျ လုပ်ဆောင်သွားနိုင်ဖို့ ကျနော်တို့က တခြား CBO တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။ လုပ်ငန်းကိုအကောင်အထည်ဖော်တဲ့နေရာမှာကလည်း ပြည်သူတွေရဲ့လိုအပ်ချက်တွေကို တတ်နိုင်သလောက် ညှိနှိုင်းဆွေးနွေးပြီးတော့မှ ဆုံးဖြတ်ချက်ချ ပြီးတော့မှ အကောင်အထည်ဖော်သွားမယ်။" လို့ ပြောပါတယ်။

KNPP နှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲပြီးနောက် KNPP ၏ကော်မတီအဖြစ် ပြည်တွင်းတွင် ဆက်ဆံရေးရုံးအပါအဝင် စီးပွားရေးနှင့် ဖွံ့ဖြိုးရေးဆိုပြီး ၎င်းကော်မတီနှစ်ခုဖြင့် ရုံးခန်းများဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ktimes.org

 အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေး



မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် မေးမြန်းသော မေးခွန်းအရ သိရှိရသည်။
“ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA ၏ လေ့လာဖော်ထုတ်ခြင်းများကို အလေးထား၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ဆေးဝါးနှင့်စားသောက်ကုန်များ၊ ပစ္စည်းများနှင့် ပတ်သက်၍ အများပြည်သူ၏ ကျန်းမာရေးနှင့် အစားအသောက် လုံခြုံမှုကို မည်ကဲ့သို့ ဖော်ဆောင်သွားရန် အစီအစဉ်ရှိမရှိ သိလိုပါတယ်” ဟု ဦးထွန်းလွင်က မေးမြန်းခဲ့သည်။
ယင်းမေးမြန်းချက်အပေါ်တွင် ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ အမျိုးသားဆေးဝါး ဥပဒေ၊ အမျိုးသား အစားအသောက် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ် ကင်းရှင်းသည့် အကျိုးသက်ရောက်မှု မရှိသော အစားအသောက်နှင့် ဆေးဝါးများကို အများပြည်သူ စားသုံးနိုင်ရန် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ဆေးဝါးမှတ်ပုံတင်ခြင်း၊ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို စနစ်တကျ ကွပ်ကဲကြပ်မတ်လျက်ရှိကြောင်း၊ ဗဟို၊ တိုင်းဒေသကြီး၊ ပြည် နယ်မြို့နယ် အဆင့်ဆင့်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီ အဆင့်ဆင့်ဖွဲ့စည်း၍ ဆေးဝါးအစားအသောက်များ၏ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းများကို ကြီးကြပ်ကွပ်ကဲနေပြီး အရေးယူခြင်းများကို  ဗဟိုအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီက ပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြန်လည်ဖြေကြားခဲ့သည်။
“အများပြည်သူ အန္တရာယ်ကင်း အဆင့်မြင့်စားသုံး ဆီရရှိနိုင်ရေး ရည်ရွယ်၍ ပြည်ပမှ တင်သွင်းသော စားသုံးဆီများ၏ အရည်အသွေးကို မြှင့်တင်သတ်မှတ်၍ တင်သွင်းခွင့်ပြုခဲ့ပြီး ပြည်တွင်းမြေပဲဆီ၊ နှမ်းဆီ ထုတ်လုပ်သော လုပ်ငန်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်ခြင်း၊ တစ်ဖက်နိုင်ငံမှ အကောက်ခွန်မဲ့ ၀င်ရောက်လာသော စားသုံးဆီများကို စစ်ဆေးခြင်းများကိုလည်း နှီးနွယ်ဌာနများနှင့် ပူးပေါင်းလုပ်နေပါတယ်” ဟု ဒေါက်တာမြင့်သိန်းက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလက မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကြီးကြပ်မှုကော်မတီ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများမှ ဈေးကွက်နမူနာ ကောက်ယူပေးပို့သော ပြည်ပမှဝင်ရောက်သော ဆီနမူနာပေါင်း ၁၄၉ ခု၊ တရုတ်နိုင်ငံမှ ၀င်ရောက်သော မုန့် ၁၉၁ ခု၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့် ၁၈၂ ခုတို့အား အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ ဓာတ်ခွဲစစ်ဆေးခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အတွင်း တင်သွင်းရောင်းချသည့် ဆေးဝါးနမူနာ ၂၆၁ မျိုး၊ ၂၀၁၂ ခုနှစ်အတွင်း တင်သွင်းရောင်းချသည့် ဆေးဝါးနမူနာ ၁၄၃ မျိုးတို့ကို ဓာတ်ခွဲစစ်ဆေး၍ စံသတ်မှတ်ချက်နှင့် မကိုက်ညီသည့် ဆေးဝါး ၃၇ မျိုးအား အရေးယူခဲ့သည်ဟု သိရသည်။
ပြည်ပမှ တရားမ၀င် ၀င်ရောက်လာသော အစားအသောက်နှင့် ဆေးဝါးအတုများသည် အထူးသဖြင့် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားရှေ့နိုင်ငံမှ ၀င်ရောက်နေခြင်းဖြစ်ပြီး အဆိုပါ ပစ္စည်းများမှ ထုတ်လုပ်သည့်နိုင်ငံများမှ ဘာသာစကားများဖြင့် ၀င်ရောက်လာခြင်းကြောင့် သုံးစွဲသူများ နားမလည်သည့် အနေအထားဖြစ်နေကြောင်း၊ ထို့ကြောင့် စားသုံးသူများအား အရည်အသွေးကောင်းမွန် အာနိသင်ရှိသော ဆေးဝါးနှင့် အစားအသောက်များကိုသာ သုံးစွဲစေလိုကြောင်း၊ ၎င်းတို့အား စစ်ဆေးသည်မှာ ဗဟိုအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ (FDA) မှဖြစ်သောကြောင့် တိတိကျကျ လုပ်ပေးစေလိုကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောလှထွန်းက ဆွေးနွေးပြောကြားခဲ့သည်။
Eleven Media Group

မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခကို Volume ဖြင့် ကောက်ခံမည့်ကိစ္စအတွက် နှုန်းထားသစ်အား သုံးစွဲသူများထံ အသိပေးပြီး အများစုလက်ခံမှ အတည်ပြုမည်

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို ယခင် Time Based Charging စနစ်မှ Volume Based Charging စနစ်သို့ ပြောင်းလဲကောက်ခံရာတွင် ပြန်လည်ပြင်ဆင်မည့်နှုန်းထားသစ်ကို အများပြည်သူသို့ ကြိုတင်အသိပေးအကြောင်းကြားပြီး အများစု လက်ခံသဘောတူမှသာ အတည်ပြုသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သတင်းရရှိသည်။
''ဒီဇင်ဘာလလယ်လောက်မှာ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားသစ်ကို တင်ပြသွားဖို့အစီအ စဉ်ရှိပါတယ်။ အဲဒီနှုန်းထားက အရင်သတ်မှတ်ခဲ့တဲ့ 100 Kb ကို နှစ်ကျပ်ဆိုတဲ့နှုန်းထားထက် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ လောလောဆယ် အကြမ်းဖျင်း သတ်မှတ်ထားတာက 1Mb ကို ငါးကျပ်၊ ခြောက်ကျပ်နှုန်းလောက် ဖြစ်ဖို့ရှိပါတယ်။ အဲဒီ ပြင်ဆင်သတ်မှတ်မယ့် နှုန်းထားကို ပြည်သူတွေလက်ခံနိုင်ခြင်း ရှိ၊ မရှိ ကြည့်ပြီးတော့မှ ဆုံးဖြတ်ပြီး သတ်မှတ်သွားမှာပါ။ အဲဒါကြောင့် ဒီနှုန်းထားသစ်က လာမယ့်နှစ် ဇန်န၀ါရီလောက်မှပဲ စတင်ဖို့ ရှိနေပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးမှ  အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သည်။
Volumle Based ဖြင့် ပြောင်းလဲကောက်ခံရာတွင် မူလသတ်မှတ်ခဲ့သော နှုန်းထားမှာ 100 Kb လျင် နှစ်ကျပ်ဖြစ်သောကြောင့် 1Mb လျင် ကျပ်၂၀ နှုန်းခန့် ကျသင့်မည်ဖြစ် သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက မိမိတို့၏ ဆောင်ရွက်ချက်များအား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြည်သူနှင့် သတင်းမီဒီယာများကို ကြိုတင်အသိပေးထားရန် လိုကြောင်း ဒီဇင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။

Master ကတ် စတင်သုံးသည့် သုံးပတ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ကျပ်ငွေသိန်းပေါင်း ၉၆၀ ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ခန့် ဘဏ်မှ လက်ခံရရှိ

 
Sunday, 09 December 2012
Master ကတ်အား မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင် အသုံးပြုသည့် သုံးပတ်ကျော်အတွင်း ကမ္ဘာလှည့်ခရီးသွားများ Master ကတ်ကို အသုံးပြု၍ မြန်မာကျပ်ငွေ သိန်းပေါင်း ၉၆၀ ခန့် ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ခန့်ဘဏ်မှ လက် ခံရရှိထားကြောင်း သမ၀ါယမလိမိတက် ဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရပါသည်။

''စသုံးတဲ့ နိုဝင်ဘာလ ၁၅ ရက် နေ့ကစပြီး ရက် ၂၀ ကျော်အတွင်း နိုင်ငံခြားသား ကမ္ဘာလည့်ခရီးသွားတွေက မြန်မာငွေထုတ်သုံးနေတာ ကျပ်သိန်းပေါင်း ၉၆၀ ၀န်းကျင် ထုတ်သွားပြီ သူတို့ဆီက ဒေါ်လာ ၁၂၀၀၀၀ ၀န်းကျင် ပြန်ရပြီ''ဟု သမ၀ါယမဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။

''ကျွန်တော် ဒီကိုလာတုန်းက လေယာဉ်ပေါ်မှာ နိုင်ငံခြားသားတွေ အများကြီးတွေ့ခဲ့ရတယ်။ အဲဒါကြောင့် နိုင်ငံခြားငွေတွေကို ဒီမှာ ထုတ်ယူသုံးစွဲနိုင်ဖို့ကိစ္စတွေ ပိုလိုအပ်လာမယ်။ သူတို့က ပိုက်ဆံကိုင်ပြီး သုံးစွဲတာထက် ကတ်တွေကိုင်ပြီး သုံးစွဲကြတာပိုများတယ်''ဟု Mr. Matthew Driver, President, South East Asia, Master Card Worldwide က ပြောကြားပါသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ ငွေပေးချေနည်းတစ်မျိုးဖြစ်သည့် Master ကတ်သည် MPU Network သို့ အချိန်အတိုင်းအတာတစ်ခုတွင် ပါဝင်လာဖွယ်ရှိကြောင်းကို ''လောလောဆယ် MPU Network မှာ ဂျပန် JCB ကတ်၊ တရုတ် CPU ကတ်တို့က ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ Master ကတ်လည်း နောင်လာမယ့်အချိန်မှာ MPU Network မှာ ပါဝင်လာမှာပါ''ဟု သမ၀ါယမ လိမိတက်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။

သမ၀ါယမလိမိတက်ဘဏ်အား နိုင်ငံတကာ ငွေပေးချေရေး ကတ်တစ်ခုဖြစ်သော Master ကတ် ထုတ်ဝေခွင့်နှင့် အေတီအမ် စက်များ၊Point Of Sale စက်များတွင် ထုတ်ယူသုံးစွဲခွင့် လိုင်စင်ကို Master Card Worldwide မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း၊ Master ကတ်သည် ကမ္ဘာတစ်ဝှမ်းတွင် ငွေပေးချေနိုင်သည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် ဆက် သွယ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှ Master ကတ် သုံးစွဲသူပေါင်း ၁ ဒသမ ၇ ဘီလျံ ခန့်ရှိပြီး Master ကတ်ဖြင့် ငွေလက်ခံသော ကုန်သည်ပေါင်း ၃၂ သန်းခန့်ရှိကြောင်း သိရသည်။

Eleven Media Group

ထားဝယ်ရေနက်ဆိပ်ကမ်း လျှော်ကြေးငွေ (၂၁)ဦးအတွက်ပေးအပ်

ထားဝယ်ရေနက်ဆိပ်ကမ်း လျှော်ကြေးငွေ (၂၁)ဦးအတွက် 238 Million Kyat ပေးပါတယ် (8.12.2012)





ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မိန့် ခွန်းပြောကြား

 
  (9-12-2012)
အပြောင်းအလဲ လုပ်တဲ့နေရာမှာ ကျမတို့ဘက်က တင်းတင်းမာမာနဲ့ မလုပ်သင့်ဘူး။ ပျော့ပျော့ပျောင်းပျောင်းနည်းနဲ့အများပြည်သူတွေအတွက် အကျိုးရှိမယ့်ဟာကို ရှာကြည့်ပီးတော့ လုပ်သွားရမယ်။ အခုကျမတို့ သွားနေတဲ့လမ်းက လွယ်တဲ့လမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့လမ်းတခုဖြစ်ပါတယ်။ ဒီခက်ခဲတဲ့လမ်းခရီးကို အဆင်သင့်ဖြစ်နေအောင် ကျမတို့ ပြည်သူအနေနဲ့ အတူတကွ ခရီး ထွက်ကြမယ်။ ကြိုတင်ပြင်ဆင်မှုတွေ လူထုအနေနဲ့ အများကြီး လုပ်ထားဖို့လိုတယ်။ ဒါမှ ကောင်းမွန်သော နိုင်ငံသစ်တရပ်ဖြစ်လာမယ်။

နိုင်ငံက မဆင်းရဲပါဘူး။ ပြည်သူတွေက ဆင်းရဲနေတာ။

နိုင်ငံတော်ရဲ့ မြေအောက် သံယံဇာတ ပြီးတော့ ကျွန်းသစ်အပါအ၀င် လက်ရှိရောင်းစားနေတဲ့ဟာတွေကို သဘာဝ ပတ်ဝန်းကျင် ကာကွယ်တဲ့အနေနဲ့ ပြည်သူမှာ တာဝန်ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် (9-12-2012)
ခွန်ဒီးယမ်(Facebook)မှ
---------------------------------------------------------------------------------------------------------
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မကွေးလူထုကို မကွေးမြသလွန် ဘုရားဝင်း အတွင်း ယနေ့ နံနက် မနက် ၇နာရီ ၄၅မိနစ်တွင် မိန့်ခွန်း စတင် ပြောကြား ခဲ့ပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးလူထုကို မိန့်ခွန်းပြောကြားအပြီး မကွေးမြသလွန် စေတီတော်ကို တက်ရောက် ဖူးမြော်လျက်ရှိသည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ရေနံချောင်းမြို့နှင့် ကျောက်ပန်းတောင်းမြို့များသို့သွားရောက်ကာ ဒေသခံများကို မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေ ၅နာရီကျော်အချိန်တွင် ညောင်ဦး လေဆိပ်မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ဒီဗွီဘီ


မကွေးလူထုကို မိန့်ခွန်းပြောကြားစဉ်။ (၉-၁၂-၂၀၁၂)
ဓာတ်ပုံ - ကျော်ဇေယျာဝင်း


လူထုဆန္ဒရွေးကောက်ခွင့် ပြည်သူသာရမယ်ဆိုလျှင်....

ရေးသားသူ - နတ်မှုး

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၃ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတ၏ အရည်အချင်းများ အပိုဒ်(ဃ)တွင် သမ္မတ လုပ်မည့်သူသည် စစ်ရေးအမြင် ရှိရမည်ဟု ပါလာသည်။ လူတစ်ယောက် စစ်ရေး အမြင်ရှိမရှိ ဘယ်လိုပေတံနှင့် တိုင်းမှာလဲ၊ စစ်မှုထမ်း ဖူးသူများသာ စစ်ရေး အမြင်ရှိသည် ဟု ယူဆလျှင် အရပ်သားများ သမ္မတဖြစ်နိုင်ခွင့် မရှိတော့။ မိန်းမများ သမ္မတဖြစ်ဖို့ ဝေးလှစွာ၏။

ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့  စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။

ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထားသလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း မိုက်ကယ်အဲရစ်(စ်)နှင့် သားနှစ်ယောက်မှာ နိုင်ငံခြား သားများ ဖြစ်၍ ဖြစ်သည်။

ဤဥပဒေအရဆိုလျှင် ဒေါ်ဆောင်ဆန်းစုကြည်သမ္မတဖြစ်ဖို့လမ်းမမြင်၊ အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ အပိုဒ် (င) လို ဥပဒေမျိုးမပါသည့်အတွက် လက်ရှိသမ္မတ အိုဘားမားအား ကံကောင်းလှ၏။

အကြောင်းမှာ ဘားရက်အိုဘားမား၏ အဖေ Barack Hussein Obama မှာ ကင်ညာနိုင်ငံသား တစ်ယောက်ဖြစ်သည်။ တစ်ဖန် အိုဘားမား၏ မိခင် Ann Dunham မှာ အိုဘားမား၏ အဖေ ကွဲသောအခါ အင်ဒိုနီးရှားနိုင်ငံသား Lo Lo Soetoro နှင့် နောက်အိမ်ထောင်ထူ လိုက်သေးသည်။

၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ အခြေခံဥပဒေအရဆိုလျှင် အိုဘားမား တစ်သက်လုံး သမ္မတဖြစ်ခွင့် မရှိတော့။

သို့သော် အမေရိကန်၊ အာဖရိကန် လူမည်း အိုဘားမား သည် အမေရိကန်နိုင်ငံကြီး၏ သမ္မတ ဖြစ်လာခဲ့သည်။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ သူတို့ နိုင်ငံသား တိုင်းကို သမ္မတဖြစ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံ အခြေခံဥပဒေကဲ့သို့ နိုင်ငံခြားသားနှင့် အကြောင်းပါမှုကို ဘိုးစဉ် ဘောင်ဆက်၊ သားစဉ်မြေးဆက် ကန့်သတ် ချုပ်ချယ်မှုတွေ မလုပ်။

နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် လူ့အခွင့်အရေး ကို လေးစားသင့်ကြောင်း ၊ သမ္မတလုပ်မည့်သူ နိုင်ငံသား ဖြစ်လျှင် လုံလောက်ပြီ။

သူ့အဖေ နိုင်ငံခြားသားဖြစ်ခြင်း၊ သူ့အမေ နိုင်ငံခြားသားကို ယူခြင်း၊ ယောက်ျား နိုင်ငံခြား သားဖြစ်ခြင်း၊ သားသမီးတွေနိုင်ငံခြားသားဖြစ်ခြင်း တို့သည် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စဟု အမေရိကန်ပြည်သူအားလုံးက သဘောထားသည်။

လူတစ်ယောက်နှင့် တစ်ယောက်ညားခြင်းကိစ္စသည် ဖူးစာဖြစ်သည်။ မြန်မာဘုရင် များပင် မြောက်ကျွန်းသူကိုယူခဲ့သည်ဟု ကြားဖူးရာ ယခုခေတ်နိုင်ငံခြားသားကို ဖူးစာဆုံခြင်းကိစ္စမှာ မဆန်းချေ။

အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက သမ္မတလောင်း၏ ကိုယ်ရေးကိုယ်တာကိစ္စ များကို ပူပင်မနေ၊ လူတစ်ယောက် သမ္မတဖြစ်မှု၊ မဖြစ်မှုကို ပြည်သူလူထု၏ ပခုံးပေါ်သို့ တင်ပေးလိုက်သည်။

မသူတော် တစ်ယောက် နိုင်ငံခေါင်းဆောင်ဖြစ်မည့်ကိစ္စ စိုးရိမ်သောကများ စရာရှိလျှင် ပြည်သူထက် ဘယ်သူမှ မပို၊ အကြောင်းမှာ မသူတော်တွေ နိုင်ငံခေါင်းဆောင် ဖြစ်လျှင် ကျောကော့အောင် ခံရသူများမှာ အမျိုးသား ညီလာခံ ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မဟုတ်ဘဲ ဆင်းရဲသား ကျောမွဲပြည်သူ များဖြစ်၍ဖြစ်သည်။

အမေရိကန်ပြည်သူလူထုက အိုဘားမားကို မဲပေးပြီး သူတို့သမ္မတအဖြစ် တစ်ခဲနက် ရွေးချယ်လိုက် ကြသည်။ အိုဘားမား၏ အဖေ ကင်ညာနိုင်ငံသားဖြစ်တာ၊ အိုဘားမား၏ အမေ အင်ဒိုနီးရှားလူမျိုးကို ယူတာ သူတို့ စိတ်မ၀င်စား။

သူတို့စိတ်ဝင်စားသည်မှာ အိုဘားမားသာဖြစ်သည်။ အိုဘားမားက အမေရိကန်ပြည်သူတွေ ဘ၀ တိုးတက်မှုရှိအောင်၊ လုံခြုံစိတ်ချစွာနေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည် ကြသည်။

ထိုသို့ ယုံကြည်သည့်အလျောက် သူတို့၏ဆန္ဒမဲဖြင့် အိုဘားမားကို သမ္မတအာဏာ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ သမ္မတ ၄ နှစ်သက်တမ်းအတွင်း လူထုယုံကြည်သည့်အတိုင်း လုပ်ချင်လုပ်၊ မလုပ်လျှင်နောက်တစ် ကျော့သမ္မတရွေးကောက်ပွဲမှာ အိုဘားမားကို မဲမထည့် ဘဲနေကြလိမ့်မည်။

အကယ်၍ လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင် ဗေဒင်မေးစရာမလို ဒေါ်အောင်ဆန်းစု ကြည် မြေကြီးလက်ခတ်မလွဲ သမ္မတ ဖြစ်ပေလိမ့်မည်။
ရေးသားသူ - နတ်မှုး (ဥာဏ်နီ ဥာဏ်နက်ဆောင်းပါးမှ)
ဒီမိုဖက်တီးဖေ့ဘုတ်မှ ဖော်ပြအပ်ပါတယ်။

ရန်ကုန် မန္တလေး သံဃာ့ဆန္ဒပြမှု ဆက်ဖြစ်ပွား

ဒဏ်ရာရ သံဃာတော်တွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ မန္တလေးမြို့မှာ သံဃာတော်များ ဆန္ဒပြနေကြစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။


08.12.2012 လက်ပံတောင်းတောင် သပိတ်စခန်းကို ဖြိုခွဲစဉ်မှာ မီးလောင်ဒဏ်ရာ ရရှိခဲ့တဲ့ သံဃာတွေကို အစိုးရကိုယ်တိုင် တရားဝင် တောင်းပန်ဖို့ အပါအ၀င် အချက် ၃ ချက်ကို မန္တလေး မြို့က သံဃာတော်အင်အား ၅၀၀ ခန့်က ဆန္ဒပြချီတက်ပြီး တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ပံတောင်းတောင် ဒေသခံအင်အား ၂၀၀ လောက်ကလည်း တုံရွာကနေ စတင် ချီတက်ပြီး ကြေးနီစီမံကိန်း ရပ်တန့်ရေး အပါအ၀င် တောင်းဆိုချက် ၃ ချက်ကို တောင်းဆို ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းကနေ ချီတက်လာတဲ့ သံဃာအပါး ၅၀၀ ခန့်ဟာ တောင်းဆိုချက် ၃ ချက်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ဆောင်ပေးဖို့ ၂ နာရီခန့် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုမှာ ဦးဆောင်သံဃာတပါး ဖြစ်တဲ့ မြတောင်ကျောင်းတိုက်က ဦးအာစရက အခုလို မိန့်ပါတယ်။

“ဒီနေ့ ဦးပဉ္စင်းတို့ လုပ်ရတဲ့အကြောင်းရင်းကတော့ လက်ပံတောင်းတောင်မှာ အကြမ်းဖက်ခံထားရတဲ့ သံဃာတော်တွေ၊ ဆေးရုံးမှာ ရောက်နေတဲ့သံဃာတော်တွေကို နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးတော့ ပြည်ထဲရေးဝန်ကြီးဌာန ကနေပြီးတော့ ဦးပဉ္စင်းတို့ ဆေးရုံးပေါ်မှာ တက်နေတဲ့ သံဃာတော်တွေကို ပြန်ပြီး တောင်းပန်ဖို့၊ အကြမ်းဖက်မှုမှာ ပါဝင်တဲ့သူတွေကို အရေးယူပေးဖို့၊ ဒီအခင်းနဲ့ ပတ်သက်လို့ ဖြစ်ပြီးတော့ သံဃာတွေကိုရော တချို့ လူပုဂ္ဂိုလ်တွေကိုရော ဖမ်းဆီးတာတွေ ရှိတယ်။ အဲဒီ ရဟန်းပုဂ္ဂိုလ်တွေ၊ လူပုဂ္ဂိုလ်တွေကို ပြန်လွှတ်ပေးဖို့ ပေါ့နော်။ အဲဒီသုံးချက်ကို တောင်းဆိုတာ။ ၁၂ ရက် ၁၂ လ ၂၀၁၂ မှာ ဦးပဉ္စင်းတို့ တကြိမ် ထပ်လုပ်ဖို့ ရှိပါတယ်။ အဲဒါကို ဦးပဉ္စင်းတို့ ၁၁ ရက်နေ့ကို နောက်ဆုံးထားပြီးတော့ တောင်းပန်ပေးဖို့၊ တကယ်လို့ ၁၁ ရက်နေ့ ပြည့်လို့မှ ဦးပဉ္စင်းတို့ တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို မလိုက်လျောဘူးဆိုရင် ဦးပဉ္စင်းတို့ အနေနဲ့ ၁၂ ရက် ၁၂ လ ၂၀၁၂ မှာ ဦးပဉ္စင်းတို့ ဆန္ဒထုတ်ဖော်တဲ့ဟာကို အရှိန်မြင့်သွားဖို့ ဦးပဉ္စင်းတို့ အစီအစဉ် ရှိပါတယ်။”

အာဏာပိုင်တွေအနေနဲ့ စစ်ကိုင်တိုင်း မုံရွာမှာလည်း ၀န်ချ တောင်းပန်းတဲ့ပွဲတွေ၊ သာသနာရေးဝန်ကြီးက တောင်းပန်တဲ့ပွဲတွေ လုပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာတွေမှာ ပါရှိပါတယ်။ ဒီတောင်းပန်ပွဲတွေ လုပ်ခဲ့တာတွေကိုလည်း သံဃာတွေအနေနဲ့ လက်မခံနိုင်သေးတဲ့အကြောင်း ဦးအာစရက ဆက်မိန့်ပါတယ်။

“ဒီလို တောင်းပန်တာ ဟုတ်တယ်။ အဲဒါတွေက ဦးပဉ္စင်းတို့နဲ့ မဆိုင်ဘူးဗျ၊ သူတို့ အဲဒီမှာ လုပ်တာတွေက။ ဦးပဉ္စင်းတို့ သိရသလောက်ဆိုရင် မုံရွာမှာ ဆိုလို့ရှိရင် မုံရွာရဲတွေက မုံရွာမှာရှိတဲ့ ဘုန်းကြီးတွေပေါ့နော်၊ ဘွဲ့ကြီးဝါကြီးတွေကို တောင်းပန်တယ်လို့ ဦးပဉ္စင်းတို့ သတင်းတွေထဲမှာလည်း တွေ့တယ်၊ သိထားတယ်။ နောက်ပြီးတော့ မနေ့က သာသနာရေး ဦးစီးဌာနကနေပြီးတော့လည်း လာပြီးတော့ လျှောက်တာ ရှိတယ်။ ဒါပေမဲ့ ဦးပဉ္စင်းတို့ လိုချင်တာက နိုင်ငံတော် အစိုးရအဖွဲ့အစည်းကနေပြီးတော့၊ အစိုးရကနေပြီးတော့ မန္တလေး ဆေးရုံကြီးမှာ တက်နေတဲ့ သံဃာတော်တွေကို ကိုယ်တိုင်လာပြီးတော့ တောင်းပန်ရမှာ။”

လက်ပံတောင်း တောင် တုံရွာမှာလည်း ကြေးနီစီမံကိန်း အပြီးတိုင်ရပ်ဖို့ အပါအ၀င် ဆန္ဒပြမူတွေကို ဒေသခံရွာသား ၂၀၀ ခန့်က ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဆန္ဒပြနေတဲ့ ဒေသခံ ရွာသူတဦး ပြောပြတာက -

“အဓိက ဆန္ဒပြရတာကတော့ လက်ပံတောင်းတောင်ကြီး လုံးဝ ဖျက်သိမ်းပေးရေး အတွက်ကို ဦးတည်ပြီးတော့ ဒေသခံတွေက ဆန္ဒပြနေကြပါတယ်။ နောက်ထပ် ဒုတိယအချက်ကတော့ ဒီ သံဃာတော်များကို မီးလောင်ဗုံးတွေနဲ့ ဒဏ်ရာရအောင် လုပ်ထားတဲ့အပေါ်မှာ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူ ဆောင်ရွက်ပေးဖို့ရာရယ်၊ နေရာအနှံ့အပြားမှာ လက်ပံတောင်းတောင် အတွက်ကို ဖမ်းဆီးထားတဲ့ အားလုံး ကူညီနေတဲ့သူအပေါင်းကို ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အရေးကို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။”

အလားတူပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းက သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ပတ်သက်ပြီး သာသနာရေး ဦးစီးဌာနက တာဝန်ယူ ဖြေရှင်းပေးဖို့နဲ့ ဆန္ဒထုတ်ဖော် ခဲ့ကြသူများကို ဖမ်းဆီးထားရာမှ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက် ဖြိုခွဲခဲ့သူတွေကို ဖော်ထုတ်အရေးယူ ပေးဖို့ အပါအ၀င် တောင်းဆိုချက်တွေကို ရန်ကုန်တိုင်းအတွင်းက သံဃာတွေကလည်း ဒီကနေ့မှာပဲ ရန်ကုန်မြို့တော် ခန်းမ ရှေ့မှာ အင်အားရာနဲ့ချီ ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။
မအေးအေးမာ(VOA)

(၉၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ကျင်းပ

အမျိုးသားအောင်ပွဲနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို လာရောက် နားထောင်နေကြတဲ့ နတ်မောက်မြို့ဒေသခံများ။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံ လွတ်မြောက်ရေးသမိုင်းမှာ ခေတ်အဆက်ဆက် ကျောင်းသားတွေ အာဏာရှင်လက်အောက် ဖိနှိပ်မှုတွေက လွတ်မြောက်အောင် လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့သလို ဒီကနေ့ ကျောင်းသားတွေကလည်း တိုင်းပြည်အတွက် လိုအပ်လာတဲ့အချိန်မှာ အချိန်မရွေး ပြည်သူနဲ့အတူ လက်တွဲပြီး တောင်းဆိုတိုက်ပွဲဝင်ဖို့ အသင့်ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွေကို ကျောင်းသားအဖွဲ့တွေ၊ အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးပါတီတွေက ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့၊ မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့မှာ ကျရောက်တဲ့ (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဟာ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ အထင်ကရ သမိုင်းဝင် နေ့တနေ့ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ကို ခေတ်အဆက်ဆက် က ကျောင်းသားတွေ ဆန့်ကျင်တော်လှန်ခဲ့ပြီးတော့ ပြည်သူတွေ အခြေခံလူ့အခွင့်အရေးရရှိရေး ဒီမိုကရေစီ ခေတ်ပြောင်း တော်လှန်ရေးအထိ ရဟန်းရှင်လူ ပြည်သူတွေနဲ့အတူ ကျောင်းသားတွေ က တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ က ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၉၂) နှစ်က ဒီတန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ အချိန်မှာပဲ ရန်ကုန် တက္ကသိုလ် ကျောင်းသားကြီးတွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတရပ်လုံး နိုင်ငံရေးအသိ နိုးကြား လာအောင် နိုးဆော်ပြီး မြန်မာနိုင်ငံကို နယ်ချဲ့ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်အောင် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်တဲ့အတွက် နေ့ထူးနေ့မြတ်တခု အနေနဲ့ ကျောင်းသားမျိုးဆက်တွေက အလေးအနက် တန်ဖိုးထားခဲ့ကြတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ဒီအမျိုးသားနေ့ ဆိုတာကတော့ နေ့ထူးနေ့မြတ်တွေ များစွာ ရှိတဲ့အထဲကမှ ကျနော်တို့ အလေးထားရဆုံး နေ့တနေ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ အမျိုးသားနေ့ ဖြစ်ပေါ် လာတာကိုက ကျောင်းသားသမိုင်းပေါ့။ ကျောင်းသားလှုပ်ရှားမှု ကနေ ကျနော်တို့ လွတ်လပ်ရေး ကြိုးပမ်းမှု၊ နောက်ဆုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေအထိ အကျိုးသက်ရောက်မှု ဖြစ်စေတယ်ပေါ့။ အထူးသဖြင့် ကျနော်တို့က အမျိုးသားနေ့ကို ခွန်အားရှိတဲ့ နေ့တနေ့အဖြစ် သတ်မှတ်ပါတယ်။ ဒီအမျိုးသားနေ့ဆိုတဲ့ ရည်ရွယ်ချက်ကိုက လွတ်မြောက်ရေး အတွက် နေ့တနေ့ ဆိုတာကို သတ်မှတ်ပြီးဖြစ်ပါတယ်။”

၁၉၂၀ ပြည့်နှစ်မှသည် ခေတ်အဆက်ဆက်က ကျောင်းသားတွေ လွတ်မြောက်ရေး၊ တရားမျှတရေးအတွက် တောင်းဆိုတိုက်ပွဲ ဝင်ခဲ့သလို ရှစ်လေးလုံးအရေးတော်ပုံ ကနေလည်း ဒီကနေ့ ကျောင်းသားတွေကလည်း ဖိနှိမ်မှုတွေ အတွက် ဒီမိုကရေစီ ရရှိရေး အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ရေး လူပ်ရှားရေးသမိုင်းတွေမှာ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို ဒီမိုကရေစီခေတ်ပြောင်း၊ စနစ်ပြောင်း၊ အသွင်ကူးပြောင်းတဲ့ ကာလမှာလည်း တိုင်းပြည်နဲ့ ပြည်သူအတွက် လိုအပ်လာတဲ့အချိန်မှာ အချိန်မရွေး လူ့အခွင့်အရေးနဲ့ တရားမျှတရေးအတွက် အမျိုးသားရေး စိတ်ဓာတ်အပြည့်နဲ့ တောင်းဆိုတိုက်ပွဲဝင်ဖို့ အသင့်ရှိတယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။

“ကျောင်းသား ဆိုတဲ့ လူငယ်တွေဟာ မတရားမှု၊ ဖိနှိပ်မှု၊ အဲဒါတွေ ရှိနေသမျှ ကာလပတ်လုံး သူတို့ရဲ့ အခန်းကဏ္ဍက ရှိနေဦးမှာပဲ။ ပြီးတော့ ဒါတွေက ရုန်းကန်လှုပ်ရှားမှု အတွက် ဆိုလို့ရှိရင် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ ရှေ့ဆုံးက အမြဲပါဝင်ဖို့ ရှိတယ်။ ကျောင်းသား ဆိုတဲ့ သဘောသဘာဝ ကိုက တခြား သဘောသဘာဝ တွေနဲ့ မတူဘူး။ သူတို့မှာ အတွေးအခေါ်ကလည်း လွတ်လပ်တယ်။ ခွန်အားလည်း ရှိတယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းလည်း ရှိတယ်။ ရှိတဲ့အတွက် ခေတ်တိုင်း စနစ်တိုင်းမှာ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ၊ ကန့်သတ်မှုတွေ ရှိတဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေ လိုအပ်နေသမျှ ကာလပတ်လုံး ဒီကျောင်းသား လှုပ်ရှားမှုတွေကလည်း ရှိနေဦးမှာ သေချာပါတယ်။”

ဒီကနေ့ ကျရောက်တဲ့ (၉၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို လည်း မြန်မာ့စာပေလောကက အထင်ကရ အမျိုးသားလှုပ်ရှားသူ စာရေးဆရာတွေဖြစ်တဲ့ ကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ ဦးမိုးသူ၊ ဖျာပုံနီလုံဦးတို့က ဦးစီးဟောပြောတဲ့ စာပေဟောပြောပွဲတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနမှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားအဖြစ် ကျင်းပခဲ့ကြပါတယ်။ ထူးခြားတဲ့ အစီအစဉ်တရပ် အနေနဲ့လည်း အညတရ သူရဲကောင်းဆုပေးပွဲ အခမ်းအနားကိုလည်း ကျင်းပခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဒီနေ့ကတော့ အမျိုးသားနေ့ အခမ်းအနားလေးကို NLD ရုံးချုပ်မှာ ကျင်းပဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လုပ်ဆောင်ခဲ့တဲ့ အတိုင်းပဲပေါ့နော်၊ စာပေဟောပြောပွဲကတော့ ဦးမိုးသူရယ်၊ ဖျာပုံနီလုံဦးရယ်၊ ကိုလေး (အင်းဝဂုဏ်ရည်) ရယ်။ စာပေဟောပြောပွဲလေး လုပ်ဖြစ်တယ်။ နောက် ထူးထူးခြားခြားတော့ ဒီနှစ်မှာက ဂျပန်နိုင်ငံရောက် မြန်မာအမျိုးသားတွေကနေ စုပေါင်းပြီးတော့ အညတရ သူရဲကောင်းဆု ဆိုပြီး ငါးဦးကို ပေးတဲ့ပွဲလေးလည်း ထည့်ပြီးတော့  ကျင်းပဖြစ်ပါတယ်။”

ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ တနိုင်ငံလုံး အမျိုးသားရေး စိတ်ဓာတ်တွေ နိုးကြား တက်ကြွလာအောင် လှုံ့ဆော်ပြီးတော့ အမျိုးသားအောင်ပွဲ စိတ်ဓာတ်နဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးကို အရယူနိုင်ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်တဲ့အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မြန်မာ့ဒီမိုကရေစီရေး လိုလားသူ၊ မြန်မာ့နိုင်ငံရေး လူပ်ရှားသူတွေက အလေးအနက်ထားပြီး နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြတယ်လို့ လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“ကျောင်းသားတွေ အပါအ၀င် ပြည်သူပြည်သားတွေ လည်း ပါပါတယ်။ နောက်ပြီးတော့ YMCA တို့ စသည်ဖြင့် စုပေါင်းပြီး စတင်ပြီးတော့ ဖြစ်ခဲ့တဲ့ ဒီ အမျိုးသားနေ့ ကို သတ်မှတ်ထားတယ်။ ဒီနေ့နဲ့ပတ်သက်ပြီးတော့ ကျမတို့ NLD ကနေပြီးတော့ နှစ်စဉ်နှစ်တိုင်း မပျက်မကွက် အမျိုးသားနေ့ အခမ်းအနားကို ကျင်းပပါတယ်။ အဖွဲ့အစည်းတွေကလည်း အမျိုးသားနေ့ အခမ်းအနားတွေ ကျင်းပတာ သုံးလေးခုလောက် ရှိတယ်လို့ ကြားရတယ်လေ။”

ဒီကနေ့ ကျရောက်တဲ့ (၉၂) နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့မှသည် အခုမြန်မာနိုင်ငံမှာ ဒီမိုကရေစီခေတ်ပြောင်းကာလမှာ အသွင်ကူးပြောင်းရေး အခက်အခဲတွေကို ကြိုးပမ်းရာမှာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ နစ်နာချက်တွေ၊ လူ့အခွင့်အရေး တန်းတူရရှိရေးနဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူညီမျှရေးတွေကို တောင်းဆိုနိုင်ဖို့ ပြည်သူတွေနဲ့အတူ တိုက်တွန်းအားပေးပြီး ဝိုင်းဝန်းညှိနှိုင်း အဖြေရှာတဲ့နည်းလမ်းတွေကို အမျိုးသားရေးစိတ်ဓာတ်အပြည့်နဲ့ ပူးပေါင်း အဖြေရှာဖို့ကိုလည်း ၈၈ မျိုးဆက်ကျောင်းသားတွေက အမျိုးသားအောင်ပွဲနေ့မှာ တိုက်တွန်းထားပါတယ်။
မဆုမွန်(VOA)

တိုင်းပြည်ထူထောင်ရေး အမျိုးသားနေ့မှာ ဒေါ်စုတိုက်တွန်း


08.12.2012
 မြန်မာနိုင်ငံမှာ ပညာရေးစနစ်ဟာ အားနည်းလွန်းပြီး လူငယ်တွေ ပညာတတ်ဖြစ်အောင် အလုပ်အကိုင်ရအောင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့ တန်ဆောင်မုန်းလဆန်း ၁၀ ရက် စနေနေ့မှာ ကျရောက်ခဲ့တဲ့ (၉၂) ကြိမ်မြောက် အမျိုးသားနေ့မှာ နတ်မောက်ပြည်သူတွေကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ၂ ရက်ကြာသွားရောက်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်း ခရီးစဉ်အတွင်း ဒီဇင်ဘာလ ၈ ရက်နေ့ကတော့ ဖခင်ဖြစ်သူ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြေဖြစ်တဲ့ နတ်မောက်မြို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂ နှစ်သမီး အရွယ်ပဲ ရှိသေးတာဖြစ်ပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် နတ်မောက်မြို့ကို လာရောက်မယ်ဆိုတဲ့ အတွက်ကြောင့် နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် ဘောလုံးကွင်းမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ သူ့ကို ကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့ကြတာပါ။ ကြိုဆိုနေကြတဲ့ နတ်မောက်လူထုကို နှုတ်ဆက်ရင်း ဒေါ်အောင်ဆန်းစုကြည်က စံပြဖြစ်အောင် နေသွားပြဖို့ လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

“ကျမတို့ရဲ့ ဆွေမျိုးတွေဟာ မြင့်မြတ်တဲ့ ဆွေမျိုးတွေ၊ မြင့်မြတ်တဲ့ ပြည်သူတွေ ဖြစ်စေချင်ပါတယ်။ နတ်မောက်ရဲ့ အစဉ်အလာကို ထိန်းသွားတဲ့ ပြည်သူတွေ ဖြစ်စေချင်ပါတယ်။ နတ်မောက် ဆိုတာ တကယ်တော့ မြို့သေးသေးလေးပါ။ ဒါပေမဲ့ ဒီမြို့လေး သေးသေးလေးကို တတိုင်းပြည်လုံးက သိတဲ့ အကြောင်းရင်းကတော့ ဖေဖေ့ရဲ့မွေးရပ်မြေ မိုလို့ ဖြစ်ပါတယ်။ မြို့တမြို့ကနေပြီးတော့ စိတ်ထားမြင့်မြတ်တဲ့ လူ တယောက် ထုတ်နိုင်ရင်တောင်မှ ဘယ်လောက် ကျော်ကြားသွားသလဲ၊ ဘယ်လောက် တန်ဖိုးကြီးသွားသလဲ၊ ကျမတို့ မြို့သူမြို့သားတွေ အားလုံးဟာ အင်မတန်မှ စိတ်ထားမြင့်ပြီးတော့ တိုင်းပြည်ရဲ့ အကျိုး ထမ်းဆောင်တဲ့သူတွေ ဖြစ်မယ်ဆိုရင် နတ်မောက်ဟာ ကမ္ဘာ့အလယ်မှာ လျှမ်းလျှမ်းတောက် ဖြစ်မှာပါ။ ဒါကြောင့် ဒီအချိန်မှာ ကျမတို့ နတ်မောက်မြို့သူ မြို့သားတွေက ဒီနိုင်ငံရဲ့ စံပြ နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့ နေသွားပြစေချင်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာရေးစနစ် မြှင့်တင်ဖို့က အရေးကြီးဆုံးကိစ္စ ဖြစ်သလို၊ လူငယ်တွေကိုလည်း အသက်မွေး ၀မ်းကျောင်းပညာ သင်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ ပညာရေး စနစ်ဟာ မကောင်းပါဘူး။ ဒါကို အားလုံး သိပြီးသားလို့ ကျမ ထင်ပါတယ်။ ဒီလို မကောင်းတဲ့ ပညာရေးစနစ်ကို ကျမတို့ ပြုပြင်ယူရမယ်။ ကျမတို့ ပညာရေးစနစ်က ဘွဲ့သာပေးပြီးတော့ အလုပ်မပေးနိုင်တဲ့ ပညာရေး ဖြစ်နေတယ်။ ကျမ လမ်းတလျှောက်မှာလာတိုင်း အဲဒီလိုပဲ ပိုစတာလေးတွေ ထောင်ပြီးတော့ အလုပ်မဲ့ဘွဲ့ရတွေ ကူညီပါ ဆိုတဲ့ဟာ ခဏခဏ ကျမ တွေ့ရပါတယ်။ အဲဒီတော့ အလုပ်မဲ့ဘွဲ့ရ ဆိုတာ နိုင်ငံရဲ့ ပညာရေးစနစ် မကောင်းတာကိုလည်း ပြတယ်၊ နိုင်ငံရဲ့ စီးပွားရေးစနစ် မကောင်းတာကိုလည်း ပြနေပါတယ်။ ကျမတို့က လူငယ်တွေကို အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားပေးဖို့ အင်မတန်မှ လိုလားပါတယ်။ အဲဒီလို အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးလိုက်မှ ကျမတို့ အလုပ်မဲ့လူငယ်တွေဟာ အလုပ်ရသွားမှာပါ။”

ဒါ့အပြင် ပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီတွေ ပြောသမျှစကားတိုင်းကို ယုံကြည်မနေဘဲ NLD အပါအ၀င် နိုင်ငံရေးပါတီတွေကို အပြုသဘောဆောင် ထောက်ပြဖို့ကိုလည်း နတ်မောက် လူထုကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

“ဒီမိုကရေစီနည်းကျ နိုင်ငံရေးပါတီတခု ထောင်တယ်ဆိုတာဟာ အာဏာရရေးဟာ အဓိက မဟုတ်ပါဘူး။ အာဏာရရေးဟာ အရေးကြီးတယ်၊ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျမတို့ အာဏာရမှ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မှာ။ ဒါကြောင့်မို့ ကျမတို့က အာဏာလိုချင်လား ဆိုရင် လိုချင်တယ်လို့ပဲ ပြောမှာပါ။”

အခု ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့ ဒီခရီးစဉ်ဟာဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၁၀ နိုဝင်ဘာလ မှာ နေအိမ်အကျယ် ထိန်းသိမ်းခံထားရာ ကနေ ပြန်လည် လွတ်မြောက်လာပြီးကတည်းက ပထမဆုံးအကြိမ် နတ်မောက်မြို့ကို လာရောက်ခဲ့တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာမယ့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီး ၂ ရက်အကြာမှာပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု သွားရောက်တဲ့ သူ့ရဲ့ မကွေးတိုင်းခရီးစဉ်အတွင်း အခုလို လူထုနဲ့ တွေ့ဆုံတာအပြင်၊ တောင်တွင်းကြီး မြို့နယ် ပြည်သူ့ဆေးရုံကြီး ကို ငွေလှူဒါန်းတာနဲ့ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်လှစ်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

မနန္ဒာချမ်း

လူ့မစင်နဲ့ လုပ်ထားတဲ့ အသားတု

 
 ကမ္ဘာ့စားနပ်ရိက္ခာ ရှားပါးမှုဟာ အရေး တစ်ကြီး ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာနေပါတယ်။ သို့ပေမယ့်လည်း ပါမောက္ခ အီကီဒါကတော့ သူ့ရဲ့ နောက်ဆုံးပေါ် တီထွင်ကြံ ဆမှုဖြစ်တဲ့ လူ...့မစင်ကနေ ပရိုတိန်းဓါတ်ပါတဲ့ အသားတုတစ်မျိုးကို တီထွင်ထုတ်လုပ်နိုင်ခဲ့ခြင်း ဟာ ဒီအခက်အခဲပြဿနာကြီးကို အရေးပါတဲ့ နေရာကနေ ကူညီဖြေရှင်းပေးနိုင်မယ်လို့ ယူဆ နေခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ မိလ္လာပြဿနာများ မနိုင် မနင်း ဖြစ်နေခဲ့ခြင်းအပေါ် တိုကျိုမိလ္လာဌာနအနေ နဲ့ အဆိုပါအခက်အခဲကို အကျိုးရှိစွာ ဖြေရှင်း နိုင်ရန် နည်းလမ်းရှာဖို့ အိုကာယာမ ဓါတ်ခွဲစမ်း သပ်ခန်းက ဂျပန်နိုင်ငံသား သုတေသနပညာရှင် ကို ပန်ကြားပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
သုတေသနပြုစဉ် ကာလအတွင်း ပညာ ရှင် အီကီဒါဟာ မိလ္လာအညစ်အကြေး အဖတ်များ မှာ ပရိုတိန်းဓါတ်များ အမြောက်အများ ပါဝင်နေ တာကို တွေ့ရှိခဲ့ပြီး ယခုလို တန်ဖိုးရှိတဲ့ ပရိုတိန်း တွေကို စစ်ယူပြီး အသားတုတစ်မျိုးအဖြစ် ပြောင်း လဲထုတ်လုပ်နိုင်ဖို့ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါ တယ်။
လူ့မစင်များ အဓိကပါဝင်တဲ့ မိလ္လာအညစ် အကြေးတွေမှာ ဘက်တီးရီးယားတွေ အပြည့်ရှိနေ တာကြောင့် ပရိုတိန်းဓါတ်တွေ ရာနှုန်းမြင့် ပါဝင် နေတာဖြစ်ပါတယ်။ ဘက်တီးရီးယားတွေဟာ ပြုပြင်ထုတ် လုပ်မှုဖြစ်စဉ်အတွင်း အပူရှိန်ကြောင့် သေဆုံး သွားမှာ ဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့လည်း ဆိုပါတယ်။ ကနဦး စမ်းသပ်လေ့လာချက်တွေအရ အသားတုဟာ ထပ်မံပေါင်းစပ်လိုက်တဲ့ ပဲပိစပ် ပရိုတိန်းကြောင့် အမဲသားကဲ့သို့ အရသာရှိနေပြီး အီကီဒါက ပိုမိုနီးစပ်သွားစေရန် အနီရောင် အစား အစာစပ်ဆေးကို ထပ်မံထည့်သွင်းလိုက်ပါတယ်။
ထိုလူ့မစင် တစ်ဖြစ်လည်း အသားတုမှာ ပါဝင်တဲ့ အဟာရဓါတ်တွေကတော့ ပရိုတိန်းဓါတ် ၆၃%၊ ကာဘိုဟိုက်ဒရိတ် ၂၅ %၊ လီပဒ် ၃% နဲ့ သဘာဝဓါတ် ၉ % တို့ ပါဝင်ပြီး အသားအစားထိုး လူ့မစင်အသားတုဟာ မဆိုးဘူးလို့ ဆိုရမှာဖြစ် ပါတယ်။ သို့သော်လည်း ဒီအသားတုဟာ မိလ္လာ အညစ်အကြေးက သန့်စင်ထုတ်ယူစီမံတာဖြစ်ပြီး လူ့မစင် ပရိုတိန်းဓါတ်များ ပါဝင်တယ်ဆိုတာ သိရင်တော့ စားသုံးသူ အနည်းငယ်သာ ရှိလိမ့် မယ်လို့ ပါမောက္ခ အီကီဒါက ၀န်ခံပြောဆိုခဲ့ပါ တယ်။

 ဒါပေမယ့် အစားအစား ရှားပါးပြတ်လပ်မှု အပြင်းအထန်ဖြစ်ပွားလာခဲ့ရင်တော့ လူတွေဟာ ဒီအသားတုကို အလုအယက် တောင်းဆိုကြမှာ ဖြစ်ပါတယ်။ ယခု လောလောဆယ်မှာတော့ အီကီဒါ ဟာ သူ့ရဲ့တီထွင်မှုကို လူအများတတ်နိုင်တဲ့ ဈေးနှုန်းနဲ့ အမြောက်အများ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
လက်ရှိအနေအထားမှာ "မစင်အသား" ဟာ သာမန်အသားထက် ၁၀ ဆ မျှ ပိုမိုဈေးကြီးနေပြီး သုတေသနပြုလုပ်မှုအတွက် ကုန်ကျစရိတ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်ထဲက ဖယ်နိုင်ပြီဆိုတာနဲ့ တစ်ပြိုင်နက် အသားတု ဈေး နှုန်းဟာ သဘာဝအသားဈေးနှုန်းနဲ့ ဈေးလျော့ နည်းနိုင်လိမ့်မယ်လို့ ဂျပန်သိပ္ပံပညာရှင်က မျှော် လင့်ထားပါတယ်။
http://satekuupuyar.blogspot/.

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်များ

"ကျွန်မအဖေက နတ်မောက်သားဆိုတော့ နတ်မောက်မြို့သူမြို့သားတွေဟာ ကျွန်မတို့နဲ့ တစိတ်တ၀မ်းထဲလို့ပြောလို့ရပါ တယ်။ နတ်မောက်သူ နတ်မောက်သားတွေနဲ့ပတ်သက်လို့ ကျွန်မအများကြီးဂုဏ်ယူပါတယ်။

ဂုဏ်လဲ ယူသင့်ပါတယ်။ ဒီတော့ကာ နတ်မောက်ရဲ့ အစဉ်အလာကိုထိန်းသိမ်းသွားမယ့်ပြည်သူတွေဖြစ်စေချင်ပါတယ်။ ဇာတိမာန်ရှိတယ်ဆိုရာမှာလဲ ဒီမြေမှာမွေးလို့ဆိုတာထက် ဒီမြေနဲ့ထိုက်တန်တဲ့ဇာတိမာန်ရှိဖို့လိုပါတယ်။

... နတ်မောက်သူ နတ်မောက်သားတွေဆိုရင် ရိုးဖြောင့်တယ်လို့ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်။ တိုင်းပြည်အကျိုးရှိစိတ်ရှိတယ်လို့လဲ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်"

"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။ အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့သွားနိုင်မှာဖြစ်ပါတယ်"

"ကျွန်မတို့ အာဏာရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန်ထူထောင်နိုင်မယ်။ ဒါကြောင့် အာဏာလိုချင်သလားဆို လိုချင်တယ်လို့ ပြောမယ်။ အာဏာလိုချင်တယ် ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်လို့ပဲ "

"အစိုးရတစ်ခုဖြစ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ လုပ်ချင်တာအားလုံး လုပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။ အားလုံးလက်တွဲပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်။"

"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့ စနစ်ဖြစ်နေတယ်။"

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းမှ

7 days news journal

အယ်လ်ခိုင်ဒါး ထိပ်တန်းခေါင်းဆောင် ပါကစ္စတန်မှာသေဆုံး


08.12.2012
ပါကစ္စတန်နိုင်ငံမှာ အမေရိကန်က ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့ မောင်းသူမဲ့ ဒုံးလေယာဉ်တစင်းရဲ့ လက်ချက်နဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ရဲ့ဒေသတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ယူဆထားသူ တယောက် သေဆုံးသွားပါတယ်။ အာဖဂန်နဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ပါကစ္စတန်ရဲ့ မြောက်ပိုင်း ၀ါဇီရစ္စတန် ဒေသမှာ ကြာသပတေးနေ့ ဒါမှမဟုတ် သောကြာနေ့က အယ်လ်ခိုင်းဒါး အဖွဲ့ရဲ့ ခေါင်းဆောင် Abu Zaid အဖြစ် ထင်ရှားတဲ့ Khaled Bin Abdel Rahman al-Hussainan သေဆုံးသွားခဲ့ကြောင်း စစ်သွေးကြွ အဖွဲ့တွေရဲ့ ၀ဘ်ဆိုဒ်စာမျက်နှာတွေမှာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြတာပါ။

ဒေသခံ လူမျိုးစုတွေရဲ့ အဆိုအရ သူဟာ မကြာသေးခင် ရက်တွေကမှ ပုန်းအောင်းနေတဲ့ နေရာကို ရွှေ့ပြောင်းခဲ့တာလို့ ဆိုပါတယ်။ ပါကစ္စတန် အစိုးရကတော့ အမေရိကန်ရဲ့ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ထပ်တလဲလဲ ဝေဖန် ထားတာပါ။ ကြာသပတေးနေ့မှာတုန်းက အမေရိကန် သံအမတ်ကြီး Richard Olson နဲ့ တွေ့ဆုံချိန်မှာလည်း တိုက်ခိုက်မှုတွေဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေသာ ဖန်တီးနေတာမို့ အကြမ်းဖက် သမားတွေကို ချေမှုန်းရာမှာ တခြားနည်းလမ်းကို အသုံးပြုသင့်တယ်လို့ ပါကစ္စတန် ၀န်ကြီးချုပ် Raja Pervez Ashraf က ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရကတော့ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ စစ်သွေးကြွတွေကို ချေမှုန်းရာမှာ အရေးပါတယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ 
ဗွီအိုအေ (မြန်မာဌာန)

ဒေါ်အောင်ဆန်းစုကြည်၏မကွေးတိုင်းခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း နားထောင်နေကြသော နတ်မောက်လူထုကို တွေ့ရစဉ် (8-12-2012)

"ကျွန်မတို့ အာဏာရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန်ထူထောင်နိုင်မယ်။ ဒါကြောင့် အာဏာလိုချင်သလားဆို လိုချင်တယ်လို့ ပြောမယ်။ အာဏာလိုချင်တယ် ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်လို့ပဲ "

"အစိုးရတစ်ခုဖြစ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ လုပ်ချင်တာအားလုံး လုပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။ အားလုံးလက်တွဲပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်။"

"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့ စနစ်ဖြစ်နေတယ်။"

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ယခုပြောကြားနေသော မိန့်ခွန်းမှ
သတင်းနှင့် ဓာတ်ပုံ-ခွန်ဒီးယမ်(Facebook)
---------------------------------------------------------------------------------------------------
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဆတ်သွားမြို့နယ် ဒေသခံများကို မိန့်ခွန်း ပြောကြားပြီး ဒေသခံများ၏ မေးမြန်းမှု များကိုလည်း ပြန်လည် ဖြေကြားပေးသည်။

ဒေသခံလူထု ထောင်ကျော်တက်ရောက်နားထောင်ပါသည်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်မောက်မြို့သို့ သွားရောက်သည်။

ဒေါ်အောင်ဆန်း စုကြည် သည် ဆတ်သွားတွင် မိန့်ခွန်း ပြောကြား အပြီး တောင်တွင်းကြီး ဆေးရုံသို့ မနက် ၉နာရီ မိနစ် ၃၀တွင် သွားရောက် နေပြီဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးမြို့သို့ ၈-၁၂-၂၀၁၂ တွင် ရောက်ရှိကာ မကွေးမြို့ နတ်မောက်လမ်းရှိ ထိန်ထိန်သာဟိုတယ်တွင် ခေတ္တတည်းခိုသည်။ယင်းညတွင် တောင်တွင်းကြီးလမ်းရှိ သံဃာရာမ စာသင်တိုက်သို့ သွားရောက်ကာ ဆရာတော်အား ဖူးမျှော်သည်။
နောက်တစ်နေ့မနက် ၈နာရီတွင် နံကပ်ကျေးရွာ အုပ်စု အတွင်းရှိ မကွေးမြသလွန်ဘုရား ၀င်းအတွင်း မကွေးမြို့ခံလူထုကို မိန့်ခွန်းပြောကြား မည်ဖြစ်ကြောင်း မကွေးမြို့သို့ရောက်ရှိနေသော ဒီဗွီဘီ သတင်းထောက်က သတင်းပေးပို့သည်။

------------------------------------------------------------------------------------------------------------