Pages

Saturday, December 22, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်(ဓာတ်ပုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(၂၂.၁၂.၁၂)တွင် မြိတ်မြို့ ဦးစောဂျက်ခန်းမ၀န်းအတွင်း ပြည်သူလူထုနှင့် တွေ့ဆုံပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။













Eleven Media Group

လက်ပန်းတောင်းတောင်နဲ့ပတ်သက်ပြီး ကော်မတီနှစ်ရပ် ပူးတွဲကြေညာချက်ထုတ်ပြန်



လက်ပန်းတောင်းတောင်ဒေသ ပြည်သူ့ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းရေး အထွေထွေ သပိတ်ကော်မတီနှစ်ရပ်တို့ ပူးပေါင်းပြီး အချက် ၆ ချက်ပါဝင်တဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ခဲ့တဲ့အချက် ၆ ချက်နဲ့ ပတ်သတ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများ ကွန်ရက်က တာဝန်ခံ ကိုသောင်းထိုက်က အခုလိုပြောပါတယ်။

"လုပ်ရတဲ့ရည်ရွယ်ချက်ကတော့

(၁)လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းပေးရန်
(၂)၂၉ရက်နေ့က အကြမ်းဖက်ခဲ့တဲ့သူတွေကို ထိရောက်စွာ အရေးယူပေးရန်
(၃)လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနှံ့မှာ
ဖမ်းဆီးထားတဲ့ ကျောင်းသားများနဲ့အရပ်ဖက်လူ့အဖွဲ့အစည်းများကို အာမခံနဲ့မဟုတ်ပဲ ချွင်းချက်မရှိ လွှတ်ပေးရန်၊
(၄)ပြည်သူလူထုကရွေးချယ်တဲ့ ပြည်သူ့အစိုးရအဖွဲ့ ပြည်သူ့ဘက်က ကာကွယ်ရပ်တည်ရန်၊
(၅)မြန်မာနိုင်ငံတွင် အစိုးရဌာနများ၊ ကုမ္ပဏီများက မတရားသိမ်းယူထားတဲ့ လယ်ယာမြေများကို သက်ဆိုင်ရာ တောင်သူများထံ ပြန်လည်ပေးအပ်ရန်၊
(၆)နိုင်ငံတော်ရဲတပ်ဖွဲ့သည် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ပြည်သူလူထုတစ်ရပ်လုံးဘက်က ရပ်တည်ပြီး တစ်သီးပုဂ္ဂလကုမ္ပဏီများကို အကာအကွယ်မပေးရန်"
ဒီအတောအတွင်း စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလည်ပတ်ဖို့အတွက် ကုမ္ပဏီဖက်က လုပ်ငန်းဆောင်ရွက်နေတာကို ရပ်တံ့ဖို့အတွက် ဒေသခံတွေက သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတာနဲ့ ပတ်သက်လို့လဲ ကိုသောင်းထိုက်က အခုလို ဆက်ပြောပါတယ်။

"စုံစမ်းစစ်ဆေးရေးကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်တာကို ထောက်ခံပါတယ်၊ ကြိုဆိုပါတယ်၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကာလမှာ လုပ်ငန်းတွေမရပ်ဆိုင်းဘဲ ဆက်လုပ်နေတဲ့အတွက် ကျနော်တို့က ဒီလိုသပိတ်မှောက်နေရခြင်းဖြစ်ပါတယ်၊ ဦးတည်ချက်ကတော့ စီမံကိန်းလုံးဝဖျက်သိမ်းပေးဖို့ပါပဲ၊ ဒါပေမယ့် စုံစမ်းစစ်ဆေးရေးကော်မတီ ဝင်တဲ့ကာလမှာ မြန်မာဝမ်ပေါင်နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီဖက်က လုပ်ငန်းတွေကို ရပ်ထားသင့်တယ်လို့ထင်ပါတယ်"

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြသူတွေအနေနဲ့ အခုလ ၁၂ ရက်နေ့ကစပြီး လက်ပန်းတောင်းတောင်ခြေ အနီးအနားက ညောင်ပင်ကြီး-ဆားလင်းကြီးသွား ကားလမ်းမဘေး တုံရွာမှာ အခြေစိုက်ပြီး သပိတ်စခန်းဖွင့်နေတာဟာ ဒီကနေ့ဆိုရင် ၁၁ ရက်ရှိပြီလို့ သိရပါတယ်။ သံဃာ ၇ပါးနဲ့ ၊ ဒေသခံအင်အား ၁၅ဝနီးပါးဟာ နေ့ဆိုင်း၊ ညဆိုင်းခွဲပြီး အလှည့်ကျ သပိတ်စခန်းဝင်နေကြတယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများအကဲဖြတ်ရန်နှင့် မြေယာသိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆက်လက်လေ့လာစုံစမ်းမှု ပြုလုပ်သွားမည်

နိုင်ငံတော်သမ္မရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၁၂ ဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၁၆ ဦး ဖွဲ့စည်းပါဝင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် စီမံကိန်းအတွက် မြေယာ သိမ်းဆည်းမှုများတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ ဆက်လက်လေ့လာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာယန်စီကော့ပါး ကုမ္ပဏီတို့မှ လုပ်ဆောင်နေသော စံပါယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းလုပ်ငန်းများကိုလည်း ကွင်းဆင်းစစ်ဆးခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ် အက်စစ်စက်ရုံကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စုံစစ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် အဖွဲ့များခွဲကာ ကျေးရွာများသို့ သွားရောက်၍ ဒေသခံလူထုနှင့် တွေ့ဆုံကာ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်၊ လူထုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ လိုလားချက်များအား မေးမြန်းစုံစမ်းပြီး အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာသော သမားတော်ကြီးများနှင့် သြစတြေးလျနိုင်ငံမှ ရောက်ရှိလာသော ဆရာဝန်များမှ အက်ဆစ်အခိုးအငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုဟု ရပ်ရွာမှ သံသယရှိသော ကလေးငယ် လေးဦးအား ပဏာမ စမ်းသပ်စစ်ဆေးခဲ့ရာ အက်စစ်ကြောင့် မဟုတ်ဟု မှတ်ချက်ပြုကြသော်လည်း ကလေးများ ကျန်းမာရေး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန် ရန်ကုန်မြို့သို့ ခေါ်ယူုကာ ဆေးကုသပေးခြင်း ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့နောက် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ်အက်စစ် စက်ရုံသို့ သွားရောက်ကာ စက်ရုံမှ စွန့်ထုတ်သော အငွေ့တွင် ဆာလဖာဒိုင်အောင်ဆိုဒ် နှင့်ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မှု အခြေအနေ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲစုပုံသည့် ကန်များ၊ စွန့်ပစ်သည့် နေရာများအား သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်းထုတ် ပြန်ခဲ့သည်။

ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ပထမအဆင့်ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာယန်စီကော့ပါး လီမိတက်တို့မှ လုပ်ကိုင်နေသော လုပ်ငန်းရုံးနှင့် အဆိုပါလုပ်ငန်းများနှင့် ပတ်သက်၍ ISO လက်မှတ် ရရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာဝမ်ပေါင် copper လီမိတက်ရုံးသို့ သွားရောက်၍ ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအ ကဲဖြတ်မှု EIA ၊ လူမှုဘ၀ လေ့လာအကဲဖြတ်မှု SIA တို့ကို လည်းကောင်း၊ ဒေသခံလူထုအတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတ်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့က ပြုလုပ်နေသော လူမှုရေး ကျန်းမာရေးစသော အချက်များကိုလည်း မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေများကို သိရှိနိုင်ရန် ဆာလဖျူ ရစ်စက်ရုံမှ စွန့်ပစ်အရည်များ၊ စံပယ် တောင်ခြေမှ စွန့်ပစ်အရည်စသည် တို့ကို ဓာတ်ခွဲစစ်ဆေးရန် နမူနာ များရယူခဲ့ကြောင်း၊ စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမ စုံစစ်ဆေးမှုများသာဖြစ်ပြီး ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူနေမှုဘ၀ အကျိုးသက်ရောက်မှုအတွက် အကဲဖြတ်မှုများကို ပညာရှင်ပေါင်းစုံ ပါဝင်သည့် ကျွမ်းကျင်သူအဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စုံစမ်း စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကြေးနီစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများ၊ ဒေသခံကျေးရွာများ၏ ကျန်းမာရေး၊ လူမှုရေးအခြေအနေများနှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် ဆက်လက်လေ့လာစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ အင်အားသုံး နှိမ်နှင်းရာတွင် သံဃာတော်အများစုနှင့်လူအင်အား ၁၀၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိ သည့် သံဃာတစ်ပါးထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသနေပြီး သံဃာ နောက်ထပ်တစ်ပါးမှာလည်း ဒဏ်ရာ ပိုးဝင်ခြင်းကြောင့် ထပ်မံသွားရောက် ဆေးကုသရန် စီစဉ်နေကြောင်းလည်း သိရသည်။

ဖမ်းထားတဲ့ ကျောင်းသားခေါင်းဆောင်တွေ အရေး ဗကသအဖွဲ့ချုပ် သတင်းစာရှင်းလင်း လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းအရေး သံဃာတော်တွေ ဆန္ဒပြကြရာမှာ ပါဝင်အားဖြည့်ခဲ့ကြတဲ့ ဗကသကျောင်းသားခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က မနေ့က နေ့လည်က ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ Home မီဒီယာခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ဗကသများအဖွဲ့ချုပ်ကနေ အချက်(၃)ချက်ပါ သဘောထားကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကြေညာချက်ထဲမှာ ကြေးနီစီမံကိန်းကို အစိုးရအနေနဲ့ ပြည်သူလူထုဆန္ဒနဲ့အညီ ဆောင်ရွက်ပေးဖို့၊ အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး သာမာန်ဖြေရှင်းမှုမျိုးနဲ့ မလုံလောက်ဘဲ ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးဖို့၊ မတရားဖမ်းဆီးမှု၊ ဖမ်းဝရမ်းထုတ်မှုတွေကို ရပ်တန့်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ထားတာတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။သတင်းစာရှင်းလင်းပွဲမှာ ဗကသကျောင်းသားများအဖွဲ့ချုပ်က ကိုကျော်ကိုကို၊ ကိုနန္ဒစစ်အောင်၊ ကိုမိုးထက် တို့က ဗကသအဖွဲ့ချုပ်ရဲ့ လက်ရှိလှုပ်ရှားဆောင်ရွက်နေတာတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) သည် နိုင်ငံသား အခွင့်အရေးများကို များစွာ ချိုးဖောက်နေကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ထုတ်ပြန် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးများကို ပြန်လည်ချိုးဖောက်နေသည်ဟု ယုံကြည်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်မှ ဒီဇင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့သည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် ဆန္ဒထုတ်ဖော်ပွဲများတွင် ပါဝင်ခဲ့မှုကြောင့် ဗကသများအဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းနိုင်လွင် (ခ) ကိုကျော်ကြီး နှင့် ကိုသန်းထိုက်တို့အား ပုဒ်မ (၁၈) ဖြင့် မန္တလေးထောင်တွင် ဖမ်းဆီးထားပြီး ကိုသီဟ၀င်းတင်နှင့် ကိုထွန်းထွန်းကျော်တို့အား ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ (၁၈) တို့ဖြင့် အသီးသီး ဖမ်းဝရမ်း ထုတ်ပြန်ထားကြောင့် ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။ ''ပုဒ်မ ၁၈ ဟာ ပြည်သူလူထုရဲ့အခွင့်အရေးတွေကို ဆန္ဒထုတ်ဖော်တဲ့ အခါမှာ အသုံးချရမယ့် အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့ ပုဒ်မ တစ်ခုဖြစ်ပြီး မတရားတဲ့ ဥပဒေ တစ်ခုလို့ လူထုကို အသိပေးချင်လို့ ကျွန်တော်တို့လူတွေက အကျဉ်းထောင်ထဲကို ၀င်သွားခဲ့တာပါ'' ဟု ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောသည်။

 လက်ပံတောင်းတောင် အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍လည်း ဒီမိုကရေစီရေး ချိုးဖျက်ခံရခြင်းနှင့် ဆုံးရှုံးသွားသည်ဟု ယူဆသောကြောင့် တာဝန်ရှိသူများကို အရေးယူပေးမှသာ ကျေနပ်နိုင်မည် ဖြစ်ကြောင်းနှင့် မတရားဖမ်းဆီးထားမှုများကို ပယ်ဖျက်ပေးရန် တောင်းဆိုကြောင်း၊ ပြည်သူလူထု၏ အရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကိုကျော်ကိုကိုက ဆက်လက်ပြောကြားခဲ့သည်။

 ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ပတ်သက်၍လည်း တလေးတစားနှင့် စောင့်ကြည့်သွားမည်ဖြစ်ပြီး ကော်မရှင်တွင် လိုအပ်သည်များကို အကြံပေးခြင်းနှင့် အားကောင်းလာစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပါသည်။

 စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တွေ့ရှိချက်များကို တတ်နိုင်သမျ ဆန်းစစ်လေ့လာသွားမည်ဖြစ်ပြီး သေသေချာချာ စိစစ်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင်မူ မှားသည်မှန်သည်ဟု မပြောလိုသေးကြောင်း၊ တွေ့ရှိချက်များသည် ပြည်သူလူထု၏ ဆန္ဒ၊ ပြောကြားချက်များနှင့် ညီမညီကို သိရှိအောင် အရင်ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ ဗကသအနေဖြင့် ပြည်သူလူထုဘက်ကသာ ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း မေးခွန်းများကို ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ NLABR Web-site: www.nlabr.com

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် မြေယာသိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆက်လက်လေ့လာစုံစမ်းမှု ပြုလုပ်သွားမည်

နိုင်ငံတော်သမ္မရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၁၂ ဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၁၆ ဦး ဖွဲ့စည်းပါဝင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် စီမံကိန်းအတွက် မြေယာ သိမ်းဆည်းမှုများတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ ဆက်လက်လေ့လာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာယန်စီကော့ပါး ကုမ္ပဏီတို့မှ လုပ်ဆောင်နေသော စံပါယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းလုပ်ငန်းများကိုလည်း ကွင်းဆင်းစစ်ဆးခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ် အက်စစ်စက်ရုံကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စုံစစ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် အဖွဲ့များခွဲကာ ကျေးရွာများသို့ သွားရောက်၍ ဒေသခံလူထုနှင့် တွေ့ဆုံကာ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်၊ လူထုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ လိုလားချက်များအား မေးမြန်းစုံစမ်းပြီး အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာသော သမားတော်ကြီးများနှင့် သြစတြေးလျနိုင်ငံမှ ရောက်ရှိလာသော ဆရာဝန်များမှ အက်ဆစ်အခိုးအငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုဟု ရပ်ရွာမှ သံသယရှိသော ကလေးငယ် လေးဦးအား ပဏာမ စမ်းသပ်စစ်ဆေးခဲ့ရာ အက်စစ်ကြောင့် မဟုတ်ဟု မှတ်ချက်ပြုကြသော်လည်း ကလေးများ ကျန်းမာရေး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန် ရန်ကုန်မြို့သို့ ခေါ်ယူုကာ ဆေးကုသပေးခြင်း ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့နောက် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ်အက်စစ် စက်ရုံသို့ သွားရောက်ကာ စက်ရုံမှ စွန့်ထုတ်သော အငွေ့တွင် ဆာလဖာဒိုင်အောင်ဆိုဒ် နှင့်ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မှု အခြေအနေ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲစုပုံသည့် ကန်များ၊ စွန့်ပစ်သည့် နေရာများအား သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်းထုတ် ပြန်ခဲ့သည်။
ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ပထမအဆင့်ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာယန်စီကော့ပါး လီမိတက်တို့မှ လုပ်ကိုင်နေသော လုပ်ငန်းရုံးနှင့် အဆိုပါလုပ်ငန်းများနှင့် ပတ်သက်၍ ISO လက်မှတ် ရရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာဝမ်ပေါင် copper လီမိတက်ရုံးသို့ သွားရောက်၍ ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအ ကဲဖြတ်မှု EIA ၊ လူမှုဘ၀ လေ့လာအကဲဖြတ်မှု SIA တို့ကို လည်းကောင်း၊ ဒေသခံလူထုအတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတ်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့က ပြုလုပ်နေသော လူမှုရေး ကျန်းမာရေးစသော အချက်များကိုလည်း မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေများကို သိရှိနိုင်ရန် ဆာလဖျူ ရစ်စက်ရုံမှ စွန့်ပစ်အရည်များ၊ စံပယ် တောင်ခြေမှ စွန့်ပစ်အရည်စသည် တို့ကို ဓာတ်ခွဲစစ်ဆေးရန် နမူနာ များရယူခဲ့ကြောင်း၊ စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမ စုံစစ်ဆေးမှုများသာဖြစ်ပြီး ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူနေမှုဘ၀ အကျိုးသက်ရောက်မှုအတွက် အကဲဖြတ်မှုများကို  ပညာရှင်ပေါင်းစုံ ပါဝင်သည့် ကျွမ်းကျင်သူအဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စုံစမ်း စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကြေးနီစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများ၊ ဒေသခံကျေးရွာများ၏ ကျန်းမာရေး၊ လူမှုရေးအခြေအနေများနှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် ဆက်လက်လေ့လာစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ အင်အားသုံး နှိမ်နှင်းရာတွင် သံဃာတော်အများစုနှင့်လူအင်အား ၁၀၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိ သည့် သံဃာတစ်ပါးထိုင်းနိုင်ငံသို့  သွားရောက်ဆေးကုသနေပြီး သံဃာ နောက်ထပ်တစ်ပါးမှာလည်း ဒဏ်ရာ ပိုးဝင်ခြင်းကြောင့် ထပ်မံသွားရောက် ဆေးကုသရန် စီစဉ်နေကြောင်းလည်း သိရသည်။
Eleven Media Group

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် မြေယာသိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဆက်လက်လေ့လာစုံစမ်းမှု ပြုလုပ်သွားမည်

နိုင်ငံတော်သမ္မရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၉၅/၂၀၁၂ ဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၁၆ ဦး ဖွဲ့စည်းပါဝင်သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီသတင်းတွင် ထုတ်ပြန်ခဲ့ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ထိခိုက်မှု၊ လူနေမှုဘ၀ အကျိုးသက်ရောက်မှုများ အကဲဖြတ်ရန်နှင့် စီမံကိန်းအတွက် မြေယာ သိမ်းဆည်းမှုများတွင် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ ဆက်လက်လေ့လာ စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များသည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာယန်စီကော့ပါး ကုမ္ပဏီတို့မှ လုပ်ဆောင်နေသော စံပါယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်းလုပ်ငန်းများကိုလည်း ကွင်းဆင်းစစ်ဆးခဲ့ကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ် အက်စစ်စက်ရုံကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။
စုံစစ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် အဖွဲ့များခွဲကာ ကျေးရွာများသို့ သွားရောက်၍ ဒေသခံလူထုနှင့် တွေ့ဆုံကာ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ၎င်းတို့၏ ရပ်တည်ချက်၊ လူထုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ပတ်သက်၍ လိုလားချက်များအား မေးမြန်းစုံစမ်းပြီး အပြန်အလှန် ဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာသော သမားတော်ကြီးများနှင့် သြစတြေးလျနိုင်ငံမှ ရောက်ရှိလာသော ဆရာဝန်များမှ အက်ဆစ်အခိုးအငွေ့ကြောင့် ကျန်းမာရေးထိခိုက်မှုဟု ရပ်ရွာမှ သံသယရှိသော ကလေးငယ် လေးဦးအား ပဏာမ စမ်းသပ်စစ်ဆေးခဲ့ရာ အက်စစ်ကြောင့် မဟုတ်ဟု မှတ်ချက်ပြုကြသော်လည်း ကလေးများ ကျန်းမာရေး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန် ရန်ကုန်မြို့သို့ ခေါ်ယူုကာ ဆေးကုသပေးခြင်း ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့နောက် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ ဆာလဖျူရစ်အက်စစ် စက်ရုံသို့ သွားရောက်ကာ စက်ရုံမှ စွန့်ထုတ်သော အငွေ့တွင် ဆာလဖာဒိုင်အောင်ဆိုဒ် နှင့်ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မှု အခြေအနေ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲစုပုံသည့် ကန်များ၊ စွန့်ပစ်သည့် နေရာများအား သွားရောက်စစ်ဆေးခဲ့သည်ဟု သတင်းထုတ် ပြန်ခဲ့သည်။
ထို့ပြင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ပထမအဆင့်ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင်တို့တွင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာယန်စီကော့ပါး လီမိတက်တို့မှ လုပ်ကိုင်နေသော လုပ်ငန်းရုံးနှင့် အဆိုပါလုပ်ငန်းများနှင့် ပတ်သက်၍ ISO လက်မှတ် ရရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာဝမ်ပေါင် copper လီမိတက်ရုံးသို့ သွားရောက်၍ ကြေးနီတောင်စီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအ ကဲဖြတ်မှု EIA ၊ လူမှုဘ၀ လေ့လာအကဲဖြတ်မှု SIA တို့ကို လည်းကောင်း၊ ဒေသခံလူထုအတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတ်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့က ပြုလုပ်နေသော လူမှုရေး ကျန်းမာရေးစသော အချက်များကိုလည်း မေးမြန်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေများကို သိရှိနိုင်ရန် ဆာလဖျူ ရစ်စက်ရုံမှ စွန့်ပစ်အရည်များ၊ စံပယ် တောင်ခြေမှ စွန့်ပစ်အရည်စသည် တို့ကို ဓာတ်ခွဲစစ်ဆေးရန် နမူနာ များရယူခဲ့ကြောင်း၊ စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမ စုံစစ်ဆေးမှုများသာဖြစ်ပြီး ယင်းစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူနေမှုဘ၀ အကျိုးသက်ရောက်မှုအတွက် အကဲဖြတ်မှုများကို  ပညာရှင်ပေါင်းစုံ ပါဝင်သည့် ကျွမ်းကျင်သူအဖွဲ့ ဖွဲ့စည်းကာ ဆက်လက်စုံစမ်း စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ကြေးနီစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းမှုတွင် ပေးအပ်ခဲ့သော လျော်ကြေးများ၊ ဒေသခံကျေးရွာများ၏ ကျန်းမာရေး၊ လူမှုရေးအခြေအနေများနှင့် ပတ်သက်၍ ကော်မရှင်အနေဖြင့် ဆက်လက်လေ့လာစုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲ တပ်ဖွဲ့မှ အင်အားသုံး နှိမ်နှင်းရာတွင် သံဃာတော်အများစုနှင့်လူအင်အား ၁၀၀ ကျော် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိ သည့် သံဃာတစ်ပါးထိုင်းနိုင်ငံသို့  သွားရောက်ဆေးကုသနေပြီး သံဃာ နောက်ထပ်တစ်ပါးမှာလည်း ဒဏ်ရာ ပိုးဝင်ခြင်းကြောင့် ထပ်မံသွားရောက် ဆေးကုသရန် စီစဉ်နေကြောင်းလည်း သိရသည်။
Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်-ကံမော်ကျွန်းစု ခရီးစဉ်စတင်

222
မြိတ်-ကံမော်ခရီးစဉ် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်-Photo-Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်မတိုင်မီ ဒီဇင်ဘာလ ၁၄ ရက်နေ့က ကံမော်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည့် စင်မြင့်အနီးတွင်  အသေးစား ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သော်လည်း ခရီးစဉ် ကို ဖျက်သိမ်းခြင်းမရှိဘဲ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့ အထိ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် စီမံကိန်းအပါအ၀င် အကျဉ်းထောင်များသို့လည်းကောင်း၊ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်များတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်ဇာတိဖြစ်သော မကွေးတိုင်း၊ နတ်မောက်မြို့နယ် အပါအ၀င် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ ဒေသခံပြည်သူလူထုများနှင့် တွေ့ဆုံခြင်း၊ မိန့်ခွန်းပြောကြားခြင်းများကို ပြုလုပ်ခဲ့သည်။
Eleven Media Group

Thursday, December 20, 2012

ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့

 
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ www.facebook.com/lachid.kachin နှင့် www.facebook.com/jinghpaw. kasa များမှ တစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က KIA  ဌာနချုပ်နှင့် ခုနစ်မိုင်အကွာတွင်ရှိသော လဂျားယန် (Laja Yang) ၌ ဖြစ်ပွားခဲ့သောKIA ၊ ABSDF  (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား(သုံ့ပန်း)အချို့ကို စစ်ချက်ယူခြင်း၊ မေးမြန်းခြင်း ရုပ်သံဖိုင်နှင့် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံဖိုင်များကို ၀ါဒဖြန့်ချိရေးအနေဖြင့် အင်တာနက်ပေါ်တွင် လွှင့်တင်ပျံ့နှံ့နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
KIA ၊ ABSDF  (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် လဂျားယန် (Laja Yang) တိုက်ပွဲတွင် ဒဏ်ရာရ တပ်မတော်သားအချို့ကို အရှင်ဖမ်းမိခဲ့ ကြောင်းလည်း သိရသည်။ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား(သုံ့ပန်း)တစ်ဦးကို စစ်ချက်ယူခြင်း ရုပ်သံဖိုင်တွင်  အမည်၊ ရာထူး၊ တပ်ရင်းအပြင် မည်ကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မေးမြန်းမှုနှင့် ဖြေကြားမှုများ ပါဝင်ကြောင်း သိရသည်။
ABSDF (မြောက်ပိုင်း)သည် ကချင်ပြည်နယ် KIA နယ်မြေအတွင်း အခြေစိုက်ဖွဲ့စည်းထားသော အဖွဲ့ဖြစ် ပြီး KIA နှင့် စစ်ရေးပူးပေါင်းမှုများ လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။
''၁၉၄၉ ခုနှစ် ဂျနီဗာကွန်ဗန်း ရှင်း စစ်သုံ့ပန်းဆိုင်ရာ သဘောတူညီချက်မှာ စစ်သုံ့ပန်းတွေနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားရမယ်ဆိုတဲ့ အချက်ပါတယ်။ ဂျနီဗာကွန်ဗန်းရှင်းအရ ဖမ်းဆီးခံရသူ(စစ်သုံ့ပန်း) တွေကို အမည်၊ ရာထူး၊ တပ်ရင်း၊ ကိုယ် ပိုင်အမှတ်ဆိုတာတွေ မေးလို့ရတယ် ဆိုပေမယ့် ဒီရုပ်သံမှာပါတာတွေက ဘယ်လို အဖမ်းခံရတယ်ဆိုတာတွေ မေးကြ၊ ဖြေကြသလို ဆေးကုပေးမယ် ဆိုတာတွေ၊ ဆေးကုသနေတဲ့ ရုပ်သံပုံတွေနဲ့ ၀ါဒဖြန့်ချိဖို့ ရည်ရွယ်တဲ့ အနေအ ထားမျိုး တွေ့ရတယ်''ဟု ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါရုပ်သံဖိုင်များ Facebook မှ တစ်ဆင့် အင်တာနက်တွင် ပျံ့နှံ့နေချိန်၌ ABSDF ဗဟိုမှ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်တွင်းသို့ ပထမဦးဆုံးအကြိမ် လေ့လာရေးခရီးအဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဒီမိုကရေစီအင်အားစုများ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အပါအ၀င် တိုင်းရင်းသားအင်အားစုများ၊ ကျောင်းသားလူငယ် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဟု သိရသည်။

ရန်ကုန်မြို့သို့ ရောက်ရှိနေသော ABSDF အဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံ

PHOTO-88 Generation Students

ရန်ကုန်မြို့တွင် ရောက်ရှိနေသော ရဲဘော်သံခဲဦးဆောင်သည့် အဖွဲ့ဝင်ကိုး ဦးပါ ABSDF အဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက  ၈၈ မျိုးဆက် ကျောင်းသားများ၏ ရုံးခန်းသို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုတွင် ၈၈ မျိုးဆက် ကျောင်းသားများဘက်မှ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ ပါဝင်ခဲ့သည်။
ABSDF (ဗဟို)ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်က ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို့ မြ၀တီလမ်းကြောင်းမှ ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ရဲဘော်ဆန်နီ(အထွေထွေ အတွင်းရေးမှူး)၊ ရဲဘော်ဆလိုင်းယောအောင်၊ ရဲဘော်မောင်ဦး၊ ရဲဘော်ကျော်ကို၊ ရဲဘော်ကျော်သူရ၊ ရဲဘော် ကျော်ကျော်လင်း၊ ရဲဘော် မဆူးပွင့်နှင့် ရဲဘော်ဝင်းတင်ဟန်(ရုံးအုပ်ကြီး)တို့ လိုက်ပါခဲ့ကြောင်း သိရသည်။
88 Generation Students

ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို ကေအိုင်အို အကြောင်းပြန်မှု မရှိသေး

၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
အစိုးရမှ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလအတွင်း တွေ့ဆုံဆွေးနွေးနိုင်ရန် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကေအိုင်အိုအဖွဲ့ထံ ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ အကြောင်းပြန်ကြားခြင်းမရှိသေးဟု ဦးလမိုင်ဂွမ်းဂျာက ပြောကြားခဲ့ သည်။
''အစိုးရဘက်က အကြောင်းကြားတာက ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်လိုပေမယ့် ဒီဇင်ဘာလအတွင်းမှာ ကေအိုင်အို ဗဟိုမှာ ခရစ်စမတ်ပွဲတွေရှိတာကြောင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း တွေ့ဆုံဖို့ ကမ်းလှမ်းကြောင်း အကြောင်းကြားလာပါတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကေအိုင်အိုဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး''ဟု ဦးလမိုင်ဂွမ်ဂျာက ပြောကြားခဲ့သည်။
Eleven Media Group

အခြေခံ ဥပဒေကို ပြင်ဆင်ပေးရမည်

ရွှေည၀ါ ဆရာတော် ~

နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေလုပ်တာပါ။ မတည့်တဲ့လူနဲ့ပေါင်းပြီး အကောင်းဆုံး ကို ဖြစ်အောင် သွားကြရတာပါ။ အခု ဒေါ်အောင်ဆန်းစုကြည် လျှောက်နေတဲ့ လမ်းက ဒီလမ်းဘဲလေ။


 ရွှေည၀ါ ဆရာတော် ဦးပညာသီဟ၊  ဓာတ်ပုံ- လင်းသန့်/ဧရာဝတီ

နိုင်ငံရေးမှာ အတက်အဆုတ်ရှိတယ်။ အလျှော့ အတင်းရှိတယ်၊ အတက်အဆုတ် အလျှော့အတင်းကို တင်းခံပြီးတော့ မလျှော့နိုင်ဘူး၊ မဆုတ်နိုင်ဘူးဆိုရင် အဲဒီလိုမျိုး အတိုက်အခံက အစွန်းရောက် အတိုက် အခံ တွေပေါ့။ အစွန်းရောက် အတိုက်အခံမျိုးနဲ့ နိုင်ငံရေး လုပ်မယ်ဆိုရင် ကိုယ် လည်းမတိုးတက်ဘူး၊ တိုင်းပြည်လဲ မတိုးတက်ဘူး။ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ ရှေးပညာရှိ သူတော်ကောင်းတွေက တိုတိုနဲ့လိုရင်းကို ထိထိမိမိပြောတတ်တယ်။ တို့တတွေက မျက်စေ့နားကြီးကြီးနဲ့ ကိုယ့်ဘ၀မှာသင်္ခန်းစာ ယူရမယ်။ တို့က ဘယ်အထိ ယူရမလဲဆိုတော့ တို့က ဗုဒ္ဓဘာသာတွေလေ၊ ဗုဒ္ဓဘာသာတွေ ဆိုတော့ ဘုရားရှင်ရဲ့ မျက်မောက်ဘ၀ထက် ဟိုး လေးသင်္ချေနဲ့ ကမ္ဘာတသိန်းက အလောင်းတော် ဘ၀ကတည်းက လုပ်ခဲ့တဲ့ အမျိုးသားရေးအကျိုးစီးပွားတွေကို အသက်ပေးပြီးတော့ ဆောင်ရွက်ခဲ့တဲ့ အရာတွေကို တို့က အတုယူရ မယ်။ ဘုန်းကြီးက အတုယူတာ များသွားလို့၊ အတုကူးတာများသွားလို့၊ တကယ်တမ်း ကျတော့ တော်ယုံတန်ရုံ မိတ္တူ လေးနဲ့ဆိုရင် လုံလောက်တယ်။ ကိုယ်က များသွားတော့ မင်းပြစ်မင်းဒဏ် သင့်တာပေါ့။ ဒါပေမယ့် ကျေနပ်ပါတယ်။ 

ဘာလို့လည်းဆိုတော့ တို့ထက် ပေးဆပ်ခဲ့တဲ့ အသက်သွေးချွေးတွေ၊ ဘ၀တွေ၊ အချိန်တွေ သူတို့နဲ့ စာရင် ဘုန်းကြီးရဲ့ ထင်ပေါ် ကျော်ကြားမှု နိုင်ငံရေး စင်မြင့်ပေါ် ရောက်တဲ့နှုန်းဟာ မတန်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေး ဆိုတာ ကိုယ့်ကိုယ်ကို လောဘ မကြီးဖို့ အရေးကြီးတယ်။ ကိုယ်ရလာတဲ့ နိုင်ငံရေး ရလာဒ်အပေါ်မှာ အလွဲသုံးစား မလုပ်ဖို့နဲ့ ကိုယ့် အတိုင်းအရှည်ကို ကိုယ်နားလည်ဖို့ဘဲ။ ကိုယ့်အတိုင်း အရှည် ကို ကိုယ်နားမလည်ရင်တော့ အဲဒီနိုင်ငံရေးက ရေ ရှည် မခံဘူး။ ကောက်ရိုးမီးလိုဘဲ ခဏပဲနေ ပြီးသေသွားမယ်။

နိုင်ငံရေးဆိုတဲ့ စကားလုံးကို ပြောသာပြောနေပေမယ့် တရားပွဲတွေမှာ အမျိုးသားရေးကိုဘဲ ပြောပါတယ်။ တို့ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အမျိုးသားရေး အကျိုးစီးပွား ကို လိုလားတဲ့ စိတ်နဲ့ အလောင်းတော် ဘ၀ကတည်းက ထုတ်နုတ်ပြစရာတွေ အများကြီး ရှိတယ်။ အဲဒါကြောင့် တောင် မြို့ မဟာ ဂန္ဓာရုံ ဆရာတော်ဘုရားကြီးက သူဟာ ဘုရားရှင်ကို ဘုရားဖြစ်မှ ကြည်ညိုတာ မဟုတ်ဘူးတဲ့။ ဘုရား မဖြစ် ခင် အလောင်းတော် ဘ၀တုန်းကတည်းက ကြည်ညိုခဲ့တာ။ ကိုယ့်ဘုရားရဲ့ အဆုံးအမတွေက သုံးလို့ မကုန်အောင် များ ပြားလှတယ်။ အဲဒီလို ထဲက တို့က နာခံယူခဲ့ကြတာ။ နောက်တောင်မြို့ဆရာတော်က တရားတွေဟော၊ စာတွေရေး၊ စာတွေပို့ချ ဒါတွေလုပ်နေတာ သူဟာ သာသနာရေး တခုတည်းအတွက် လုပ်နေတာ မဟုတ်ပါဘူးတဲ့။ နိုင်ငံရေး အရ လည်းသူက ဆောင်ရွက်နေတာ ဖြစ်တယ်တဲ့ ။ တောင်မြို့ မဟာဂန္ဓရုံ ဆရာတော်ဟာ စာပေကျမ်းဂန်နဲ့ပတ်သက်လာ ရင် စတုတ္တ ဗုဒ္ဓဃောသ လို့ တောင် ပြောလို့ ရတယ်။ 

ဘာကြောင့်လဲဆိုတော့ တိုင်းပြည်နဲ့လူမျိုး နိုင်ငံတော်ကြီး ကြီးပွား ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ဒါကြောင့် သူက စာတွေရေး၊ တရားတွေဟောတယ်။ ဒါက တိုင်းပြည် လူမျိုး တိုးတက်ဖို့၊ ဒါမှ ဘာသာ သာသနာ တိုးတက်မှာ။ တိုင်းပြည်လူမျိုး မဖွံ့ဖြိုးရင် ဘာသာ၊ သာသနာလည်း ငြှိုးမှိန်တယ်။ ငြှိုးမှိန်တာကို အတွင်း စည်းထဲမှာနေတုန်းက မသိသာဘူး။ ကိုယ့် ၀ါးလုံးခေါင်းထဲကို လသာနေတယ် ထင်နေခဲ့တာ။ ဆိုတော့ ဖားတ ကောင်က ကိုယ့်တွင်းထဲကိုယ်အော်နေတော့ ပဲ့တင်သံနဲ့ သူ့ကမ္ဘာကြီးကျယ်တယ် ထင်နေတာ။ ကိုယ့်စည်းဝိုင်းထဲက အပြင်ကိုထွက်ကြည့်တဲ့ အခါတော့ ငါတို့ တတွေဟာ ပြည်တွင်းထဲမှာ ဘယ်လောက်ပဲ ရဟန်း၊ ရှင်လူတွေရဲ့ လေးစားမှု ခံရတဲ့ နာမည်ရှိပါစေကာမူ သူတပါးတိုင်းပြည်ရဲ့ လ၀က မှာ ချိုးနှိမ်တဲ့ အကြည့်နဲ့ အကြည့်ခံ ရတယ်။ အထင်သေး တဲ့ အကြည့်နဲ့ အကြည့်ခံရတယ်။ 

အဲဒါတွေအတွက် ရင်ထဲ မကောင်းဘူး။ ဒါတွေရဲ့အခြေအမြစ်ဟာ ဘာကြောင့်တုန်း။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို ကြည့်ပြီး အဲဒီနိုင်ငံက နိုင်ငံသားတွေအပေါ် အထင်သေးမှု၊ အထင်ကြီးမှုကို လောလော ဆယ် အဲပေတံနဲ့ တိုင်းကြတယ်။ အရည်အသွေးပိုင်းကို အတိုင်းခံရတာနောက်မှ။ သစ်ပင်တပင်မှာ အမြစ် ရယ်၊ ပင်စည်ရယ် အကိုင်းအခက်ရယ် ဆိုတာရှိတယ်။ သာမန်လူတွေမြင်တာက အကိုင်းအခက် ဘဲ၊ တော် 
တော် ထိုးထိုးထွင်းထွင်းမြင်တဲ့လူက ပင်စည်အထိ ကြည့်တတ်တယ်။ တကယ်တမ်းကျတော့ သစ်ပင် တပင်ရဲ့ လောကကို အလှဆင်နိုင်ဖို့အတွက် အဓိက အကျဆုံးက ရေသောက်မြစ်ဘဲ။ ရေသောက်မြစ် ကိုကျတော့ ဘယ်သူမှ ရှိတယ်လို့ မထင်ကြဘူး။ 

လူဆိုတာလည်း ဒီအတိုင်းပဲ။ နံပတ်တစ် ရေသောက်မြစ်နဲ့ တူတာ ကိုယ်ကျင့် တရား၊ အသိဥာဏ်၊ ဗဟုသုတနဲ့ တူတာက ပင်စည်ပိုင်းနဲ့ တူတယ်။ နံပတ် ၃ က ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ် ဥစ္စာ၊ အာဏာ ဒါတွေက အကိုင်းအခက်တွေနဲ့ တူတယ်။ အညံ့စားလူတွေက အကိုင်အခက် အရွက်အလက်တွေကိုဘဲ ကြည့်ပြီးတော့ အထင်ကြီးကြတယ်။ အဲဒီထက်တော်လာတဲ့ လူတွေက ပင်စည်ဟာ အရေးကြီးတယ်ဆိုတဲ့ အတတ်ပ ညာ အသိပညာပိုင်းကို ကြည့်တယ်။ 

ဒါပေမယ့် ပညာရှိသူတော်ကောင်းတွေကတော့ ရေသောက်မြစ်နဲ့ တူတဲ့ ကိုယ် ကျင့် သီလကို ကြည့်တယ်။ အဲဒီတော့ တို့ဘုရားရဲ့ အဆုံးအမအရ ပြောရမယ်ဆိုရင် အခြေခံ ဥပဒေတွေ ဘာတွေနဲ့ ခေတ်နဲ့လျော်ညီစွာ ကိလေသာ ဘရပွနဲ့ ရေးဆွဲထားတာတွေက တကယ်တမ်းကျတော့ ငါးပါး သီလလောက်မကောင်း ပါဘူး။ တို့ဘုရား ဟောကြားထားတဲ့ ငါးပါးသီလလောက် ပြည့်စုံရင် နိုင်ငံသားတွေမှာ ဘာအခြေခံ ဥပဒေမှ မလိုဘူး။ 

ဒါပေမယ့် ဒီကနေ့ခေတ်က ဒုစရိုက်ထွန်းကားပြီးတော့ သုစရိုက် ခေါင်းပါးနေချိန်၊ အသိပညာ လွန်သွား တဲ့ ခေတ်၊ ကိုယ် ကျင့်သိက္ခာနောက်မှာ ကျန်နေတဲ့ခေတ်၊ အဲဒီလိုခေတ်မျိုးမှာ ငါတို့ရဲ့ ဗုဒ္ဓ အဆုံးအမ 
တွေကို ခေတ်ရေစီးကြောင်းနဲ့ လျော်ကန်တဲ့အသိအမြင်မျိုး ရောက်အောင် တို့က ဆွဲတင်တဲ့အခါမှာ ဘုန်းကြီးလည်း လက်လွန်သွားတယ်။ ဘုန်းကြီး က ကိုယ့်ဟာကိုယ်လည်း သိတယ်။ သိပ်လောဘ ကြီး သွားတယ်။ ငါသည် မှန်တယ်၊ ငါသည် ဟုတ်တယ်၊ ငါသည် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဖို့ပင် ၀န်မလေးတဲ့ သူတယောက်ဖြစ်တယ်ဆိုတဲ့ အသိကို ဘုန်းကြီးက အချိန် နဲ့ တပြေးညီထက် အချိန်ထက် ဟိုဘက်ကို လွန်သွားတယ်။ 



ဘုန်းကြီးတို့ရဲ့ တိုင်းပြည်လူမျိုး၊ နိုင်ငံသားတို့ရဲ့ အခွင့်အရေးတံခါးကြီးကို အမျိုးသားရေး စိတ်ဓာတ်နဲ့ ဗုဒ္ဓရဲ့ အလိုတော်ကျ သူ့ရဲ့ဘောင်အတွင်းကနေ နိုင်ငံတော်ရဲ့ သက်ဆိုင်ရာ လောက ဥပဒေကိုလည်း မချိုး 
ဖောက်ရအောင် ဘုရားရှင်ရဲ့ ပြဌာန်းထားတဲ့ ၀ိနည်း စည်းကမ်း ဥပဒေ မကျိုးပေါက်ရအောင်၊ ဒီကြားထဲ ကနေ ရဟန်းတပါးအနေနဲ့ သင့်လျော်လျောက်ပတ်တဲ့ စကား၊ တရားနဲ့ ဖြတ်သန်းမှုကို ချိန်ဆလုပ်ရတာ။ တချို့နေရာတွေမှာ အမျိုးသားရေး မာန်ကြောင့် နည်းနည်း မာနေမလားဘဲ။ တကယ်တမ်းက အမျိုးသား 
ရေး ဆိုတာ သတင်းစာတွေထဲ ကြော်ငြာနေဖို့ထက် တဦးချင်းမှာ အမျိုးသားရေး စရိုက်လက္ခဏာ 
တွေ ကောင်းသည်ထက် ကောင်းသွားအောင် လုပ်နေရမှာ။ ငါတို့ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ဆင်းရဲ အတိဒုက္ခရောက်နေတဲ့အခါမှာ ပြန်စဉ်းစားတယ်။ 

ဟိုတုန်းက တော့ ဝေသာလီပြည်ကပ်ဘေးဆိုက်တယ်။ မြတ်စွာ ဘုရားကတော့ သဗ္ဗ္ဗညုတ ဥာဏ်တော်နဲ့ ဘယ်လိုလုပ်လိုက်ရင် ဆိုတာ သိတယ်။ သိတော့ သိတဲ့နည်းအတိုင်း သူက ဖြေရှင်းလိုက် 
တော့ ဝေသာလီပြည်ကြီး ကပ်ဘေးက လွတ်သွား ရော။ ဒါပေမယ့် သာဝတ္တိပြည် စေတ၀န်ကျောင်း ကနေ မေတ္တာလှမ်းပို့နေတာမဟုတ်ဘူး။ ကိုယ်တိုင်ကြွသွားတာ။ ကာယကံ မေတ္တာနဲ့ ဖြေရှင်းပေးခဲ့တာ။ ဘုရားကတော့ အဲဒီ လိုလုပ်ရုံနဲ့ ပြီးတယ်။ 

ငါတို့နိုင်ငံသူ နိုင်ငံသားတွေအတွက် ငါတို့တတွေက ဘာတန်ခိုးမှလည်း မရှိတဲ့ သမုတိ ပုထုဇဉ် သံဃာတွေ ဆိုတော့ ဆန္ဒလောက်တော့ ထွက်ပြလို့ ရ လောက်တယ်လို့ ထင်တယ်လေ။ ဒကာ ဒကာမတွေအတွက် တို့ဘာလုပ်ပေးနိုင်မလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဆိုတာ မြတ်စွာ ဘုရားရဲ့ ညွှန်ကြားချက်ရှိတယ်။ လိစ္စ၀ီမင်း 
တွေ သာသနာကိုစော်ကားလာတဲ့ အခါမှာ ပတ္တ နိက္ကုစ္စန ကံပြု ပြီးတော့ မနှစ်သက်ရင် မနှစ်သက်တဲ့ အကြောင်းကို ညီညီညွတ်ညွတ်နဲ့ ဆန္ဒပြရမယ်။ ခေတ်နဲ့ လျော်ညီတဲ့ ဗုဒ္ဓရဲ့ အဆုံးအမကို ခေတ်နဲ့လျော် ညီတဲ့အသိဘက်ကို ဆွဲယူလိုက်တာ။ 

ကထိန်တရားနှင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး တရားတော်ဆိုတာ အမေရိကားက ပြန်လာပြီး ဟောခဲ့တဲ့ တရားတော် ဘဲ။ ပြန်လာပြီး တရားဟောရတာကလည်းကိုယ့်ကို တရားဟောခွင့် ပွင့်ပြီလို့ ဆိုတဲ့ တဦး အတွက်စိတ်မ၀င်စားခဲ့ဘူး။ ဘုန်းကြီးကို အစိုးရဘက်က ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ၂ ကြိမ် 
တောင် ၀န်ခံလက်မှတ်ထိုးပြီးပြီ။ အရှင်ဘုရား နိုင်ငံတော် အကြီးအကဲတွေနဲ့ နိုင်ငံတော် အစိုးရအပေါ်မှာ ဂုဏ်သိက္ခာ ပြောင်ပြောင်တင်းတင်း ထိပါး ပုတ်ခတ်တဲ့ စကားတွေ တရားထဲမှာ မဟောပါနဲ့။ ထေရ၀ါဒ ဗုဒ္ဓဘာသာနဲ့ မညီညွှတ်ပါဘူးပေါ့။ ဟုတ်ပြီ။ ပြန်ပြောခွင့် ရှိလား၊ ဆိုတော့ မရှိဘူး၊ ဒီတော့ မရှိရင် မပြော ဘူး။ ပြန်ပြီး ဆရာတော်ကြီးတွေဆီကို လျှောက်ထားခွင့် မရှိဘဲ တရားခံ တယောက်လို ကမ္ဘာအေးမှာ သွားထိုင်ခဲ့ရတယ်။ အာဏာပိုင်တွေနဲ့ ထိပ်က ဆရာတော်ကြီးတွေကို တပည့်တော် လျှောက် ထားခွင့် ရှိမယ်၊ အာဏာရဲ့ လောင်းရိပ်မရှိဘူးဆိုရင် တပည့်တော် ဂါရ၀ တရားနဲ့ ရိုရိုသေသေ လျှောက်ထား ချင်တယ်။ တပည့်တော် ဟောခဲ့တဲ့ တရားတွေမှာ ဘယ်နေရာက မှားသလဲ၊ မှားတဲ့နေရာကိုထောက်ပြ၊ တပည့်တော် ကိုယ်တိုင် ဟောခဲ့တာမို့ တပည့်တော်ကိုယ်တိုင် တာဝန်ယူမယ်လို့ ပြောတော့ တော်တော့ ဆိုတာနဲ့ လက်မှတ်ထိုး ပေးရမယ်။ မထိုးရင် အာဏာဖီဆန်တယ်ဆိုတော့ အဓိပ္ပါယ်မဲ့ကြီးတော့ နံရံလေး ဘက်ကြား သွားမနေနိုင် လို့ လက်မှတ်ထိုးပေးခဲ့လိုက်တယ်။ 

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်တဲ့အခါမှာ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ ဦးတည်ချက်နဲ့တရားဝင်လွှတ်တော်ထဲကို ကြားဖြတ်ရွေးကောက်ပွဲ မစို့မပို့လေးကနေ သူ ၀င်ခဲ့တယ်။ အမေရိကန်မှာတောင်မှ လိုအပ်လာရင် ခေတ်ကာလက တောင်းဆိုရင် အခြေခံ ဥပဒေကို ပြင်ဆင်ပေးတာ ရှိခဲ့တယ်။ 

ဘယ်နိုင်ငံမှာမဆို ခေတ်ကာလက တောင်းဆိုလာရင် ဘယ်လောက်ခိုင်ခံ့ပါတယ်ဆိုတဲ့ အခြေခံ ဥပဒေကို ဘယ်လို အကြောင်းပေါ်ပေါက်လာလာပြင်ဆင်တာတွေရှိခဲ့တယ်။ ဒါတွေကို မပြောချင်ဘူး။ ငါတို့က ငါတို့ အဖေ အ ကြောင်းဘဲ ငါတို့ပြောတယ်။ ငါတို့အဖေက ၂၂၇ သွယ်သော သိက္ခာပုဒ်ဆိုတဲ့ ၀ိနယ ပိဋကတ်ကို သဗ္ဗညုတ ဥာဏ် တော်နဲ့ ကျကျနန ကမ္ဘာမှာ အကောင်းဆုံး စည်းကမ်းဖြစ်တဲ့ ဒီကနေ့ခေတ်နဲ့ ပြောရရင် သာသနာတော်ရဲ့ အခြေ ခံ ဥပဒေကို သတ်မှတ်ပြဌာန်းပေးခဲ့တယ်။ 

ဒါကို သဗ္ဗညု ဥာဏ်တော်ရှင်တို့အဖေက တို့သာသနာအတွက် တပည့် သာဝက တွေအတွက် ဆွဲပေးခဲ့ တယ်။ ဒါပေမယ့် လိုအပ်လာရင်ခေတ်ကာလတောင်းဆိုလာရင်ပြင်ဆင်ပေးတယ်။ အဲဒီ ပြင်ဆင်ပေး လိုက်တာကို တို့ မြန်မာတွေ၊ ဗုဒ္ဓဘာသာဝင်တွေက မေ့နေတာ။ ဘုန်းကြီးတွေကအစ မေ့နေတာ။ 

အဲဒီ ပြင်ဆင်ပေးတာ ခင်ဗျားတို့ အခု ကပ်နေတဲ့ ကထိန် သင်္ကန်းဘဲလို့။ မူလ ပညတ်သည် မူလ ဥပဒေ၊ နောက်မှ ထပ် ပြင်ပေးတာသည် အနုပညတ်နဲ့ နောက်ထပ် ပြင်ဆင်တဲ့ ဥပဒေဆိုပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ကထိန်တရားတော် လို့ ဟောခဲ့ တယ်။ ဒီကထိန်နဲ့ပတ်သက်လို့က စည်းမျည်း စည်းကမ်း သတ်မှတ်ချက် ၅ မျိုးကို လျှော့ပေးလိုက်တာ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးတောင်မှ ဒီလိုသူ့ရဲ့ ဥပဒေ စည်းကမ်းတွေကို သဗ္ဗညုတဥာဏ်တော်နဲ့ ရေးဆွဲခဲ့တာ တောင် ကာလဒေသ၊ ခေတ် က တောင်းဆိုမှု ပြုလာရင် ပြင်ပေးတယ်။ ကိလေသာ ဗလပွနဲ့ငါတို့ တိုင်းပြည်မှာ စု ပေါင်းပြီး ရေးဆွဲထား တဲ့ အခြေခံ ဥပဒေကို ခေတ်ကာလက တောင်းဆိုလာပြီဆိုရင် ဘာကြောင့် မပြင်ပေးရမှာလဲ၊ ပြင် ကို ပြင်ပေးရမယ်။ 

စကားချပ်။  ။လက်ပံတောင်း သပိတ်စခန်း အကြမ်းဖက် ဖြိုခွဲမှုကြောင့် မီးလောင် ဒဏ်ရာရ သံဃာများ အတွက် တရားဟောရန်  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်းမြန်မာ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်သော  ရွှေည၀ါဆရာတော် ဦးပညာ သီဟနှင့် မေးမြန်း မိန့်ကြားထားသည်များကို ပြန်လည် တည်းဖြတ်ကာ တင်ပြလိုက်ခြင်းဖြစ်သည်။  
ရွှေည၀ါ ဆရာတော် ~ဧရာဝတီblog 

နေပြည်တော်ခေတ် ကာချင်းသစ်

ဆရာ မောင်စွမ်းရည်

တရုတ်လာသည် - ယိုင်ယိုင်လော - ယိုင်ယိုင် ယိုင်ယိုင်။

မြားမိုးရွာသည် - ဖြိုင်ဖြိုင်လော - ဖြိုင်ဖြိုင် ဖြိုင်ဖြိုင်။

ဟုတ်တည်း - သည်ရင်း၊ သည်ရင်း။

ဟုတ်တည်း - ရှင်ချင်း၊ ရှင်ချင်း။
(မြင်စိုင်းခေတ်၊ ကာချင်းမှ)

သီချင်းအစ ကာချင်းက
ကာချင်းအစ မြင်စိုင်းက
မြင်စိုင်းအစ တိုက်ပွဲက
ကျုးကျော်အစ တရုတ်က။

ပန်းချီအစ နံရံက
နံရံအစ ပုဂံက
ကျုးကျော်အစ မွန်ဂိုက
မွန်ဂိုစစ်သည် ကျုးကျော်ပြီ
ပုဂံပန်းချီ သက်သေတည်
နက်ဝါညိုနီ ဆေးပန်းချီ။

မွန်ဂိုလာသည့် တရုတ်ပြည်
ဒိသာပါမောက် ရောက်ဖူးသည်။

လေးမြား မြှောက်ချီ တပ်ကြီညီ
ကျုးကျော်လာသည် ဒို့မြန်ပြည်။

တရုတ်ပြေးမင်း ပုဂံမင်း
တရုတ်လိုက်လို့ ပြေးတဲ့မင်း
ပုဂံပျောက်ဆုံး ရှုံးတဲ့မင်း
မင်းသက်ဖြတ်တာ တရုတ်မင်း။

တရုတ်လာသည် - ယိုင်ယိုင်လော။

ဗမာပြေးသည် - ဝေေ၀းလော။

ရွှေကိုယူသည် - အပြိုင်အဆိုင်။

ငွေကို ယူသည် - အပိုင်အနိုင်။

စိန်ကိုယူသည် - "အကြိုင်" "အပိုင်"
ကျွန်းကို ယူသည် အခိုင်အမြိုင်။

လုံမကို ယူသည် အချိုင် အပြိုင်။

ဧရာမြစ်မင်း - ကွင်းလော့ ရှင်းလော့
လက်ပံတောင်းတောင် - ရှောင်လော့ ရှားလော့
'မောင်ပိုင်' စီးတာ - မစီးစေရ
'မယ်ပိုင်' လှီးတာ - မလှီးစေရ
လည်မျိုနင်းကာ - မနင်းစေရ
ဧရာမြစ်ရေ - မနောက်စေရ၊ ကာကွယ်ကြ။

သံလွင်မြစ်ရေ - မတန့်စေရ၊ ကာကွယ်ကြ။

ကျွန်းပျို ကျွန်းငုတ် မနှုတ်စေရ၊ ကာကွယ်ကြ။

တရုတ်ပြေးမင်း နှစ်မင်း မဖြစ်အောင်
နောင်လာ နောက်သား၊ ဗမာသားတွေ
"လား" နှင့် ပြေးခုန်၊ ဒဂုန်ကို ဆုတ်
ရေသမုဒ်မှာ -
တရုတ်ပြေးမင်း၊ နောက်တမင်း ဟု
ပြေးမင်းတမျိုး၊ မော်ကွန်းထိုးလို့
သောက်ကျိုး မနည်းကြစေသတည်း။

မောင်စွမ်းရည်၊ ၁၂၊ ၁၂၊ ၁၂၊ နယူးယောက်

Credit: Moemaka

၂၀၁၂ အထူးခြားဆုံးပုဂ္ဂိုလ် သမ္မတအိုဘားမား

 
အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကို ၂၀၁၂ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ သမ္မတအိုဘားမားရဲ့ သမိုင်းဝင် ရွေးကောက် ပွဲအောင်မြင်မှုဟာ အမေရိကန်နိုင်ငံရဲ့ အပြောင်းအလဲ ကို ဖော်ဆောင်တဲ့ ပြယုဂ်တခုဖြစ်ပြီး သူဟာ အမေရိကန်နိုင်ငံသစ်ရဲ့ ဗိသုကာတဦးအဖြစ်လည်း Time မဂ္ဂဇင်းက မှတ်ချက်ချ ထားပါတယ်။

ဒါဟာ ဒုတိယအကြိမ် ချီးကျူးအသိအမှတ်ပြုခံရတာဖြစ်ပြီး ဒီမိုကရက်ပါတီဝင် ပထမဦးဆုံး အာဖရိကနွယ်ဖွား အမေရိကန်သမ္မတတဦးအဖြစ် ၂၀၀၈ ခုနှစ်မှာ ပထမအကြိမ် အရွေးခံခဲ့ ရတုန်းကလည်း အလားတူ ဂုဏ်ပြုခံခဲ့ရပါတယ်။

ဒုတိယထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းရဲ့ ရွေးချယ်မှုကို ခံရသူတဦးကတော့ တာလီဘန်တွေရဲ့ ပစ်ခတ်မှုကြောင့် သေလုမျောပါး ဖြစ်ခဲ့ရတဲ့ မိန်းကလေးများ ပညာရေးအတွက် လှုပ်ရှားသူ ပါကစ္စတန်နိုင်ငံသူလေး မာလာလာ ယူစွတ်ဇိုင်ရီ ဖြစ်ပါတယ်။

တခြား ဆန်ခါတင်ရွေးချယ်ခံရသူတွေထဲမှာတော့ Apple ရဲ့ CEO တင်မ်ကွတ်ခ် (Tim Cook) ၊ အီဂျစ်သမ္မတ မိုဟာမက်မော်စီနဲ့ အီတလီသိပ္ပံပညာရှင် ဖာဘီယိုလာ ဂျီရန်နာတီး တို့ပဲ ဖြစ်ကြ ပါတယ်။
VOA မှ

တောင်ကိုရီးယားက ပထမဦးဆုံး အမျိုးသမီးသမ္မတ


ဒီမိုကရေစီ စနစ် ရဲ့ ချစ်စရာအကောင်းဆုံးအချက်က ဘယ်လိုလူမဆို ပြည်သူ့ထောက်ခံမှုနဲ့ တိုင်းပြည်ရဲ့ အကြီးအကဲ ဖြစ်နိုင်တာပါပဲ။
တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အာဏာရှင် သမ္မတဖြစ်တဲ့ (ပတ်ချုံဟီး Park Chung Hee 1963 to 1979) ရဲ့ သမီးဖြစ်သူ (ပတ်ခ်ဂွမ်းဟေး)ကို ကိုရီးယားပြည်သူတွေက သမ္မတအဖြစ် မနေ့က မဲပေးရွေးချယ်လိုက်ပါတယ်။

ထူးခြားတာက အသက်(၆၀)ရှိပြီဖြစ်တဲ့ (ပတ်ဂွမ်းဟေး)ဟာ အိမ်ထောင် မရှိတဲ့ အပျိုကြီးတဦး ဖြစ်ပါတယ်။

(ပတ်ဂွမ်းဟေး)ဟာ Saenuri ပါတီဥက္ကဌဖြစ်ပြီး သူ့ရဲ့ Saenuri Party ကို ၂၀၁၁ခုနှစ် မတိုင်ခင်က Grand National Party (GNP)ပါတီလို့ အမည်ပေး ခဲ့ပါတယ်။ ရှေးရိုးစွဲပါတီလို့ လူသိများတယ်။

တောင်ကိုရီးယား လက်ဝဲနိုင်ငံရေးသမားတွေက ပတ်ခ်-ကို "Notebook Princess" (수첩공주)လို့ ခေါ်ကြတယ်။ သဘောက သူဟာ ရွှေလင်ပန်း နဲ့ မွေးလာသူ ၊ သမ္မတသမီးအဖြစ် ရာဇ၀င်မှာ မှတ်တမ်းတင်ခံရသူ နိုင်ငံရေး အရ အခွင့်ထူးခံလူသားလို့ ပြောနေတာပါ။ မြောက်ကိုရီးယား နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ သူ့ကို Ice Princess (얼음공주)လို့ ခေါ်ကြ ပါတယ်။ ဒါက သူ့ရဲ့အသက်မပါတဲ့ အေးစက်စက် လှုပ်ရှားတုန့်ပြန်မှုတွေပေါ် အခြေခံပြီး ဝေဖန်ကြတာပါ။

(ပတ်ဂွမ်းဟေး)ကို သမ္မတ(ပတ်ချုံဟီး)ရဲ့ သမီးဦးအဖြစ် ၁၉၅၂ခု ဖေဖေါ်ဝါရီ (၂)ရက်နေ့ ဒေးဂူးဆိုတဲ့ဒေသမှာ မွေးဖွါးခဲ့ပါတယ်။ ညီမတယောက် မောင် တယောက် ရှိပါတယ်။ အဖေသမ္မတ ပတ်ချုံဟီးလဲ အလုပ်ကြံခံ သေဆုံးခဲ့ရ သလို အမေဖြစ်သူ Yuk Young-soo ယုံးဆိုးဟာလဲ မြောက်ကိုရီးယားရဲ့ ခိုင်းစေမှုအရ ဂျပန်နိုင်ငံဖွါး ကိုရီးယားလူသတ်သမား Mun Se-gwang
ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံရသူပါ။ သူ့ဖခင်ကိုတော့ KIA Korean Intelligent Agency ကိုရီးယားထောက်လှမ်းရေး တွေကပဲ ပစ်သတ်ခဲ့တာပါ။

ဆိုးလ်မြို့ Seongsim ကျောင်းကနေ ၁၉၇၀မှာ အထက်တန်းအောင်တယ်။ ၁၉၇၄မှာ ဆိုးဂမ်း Sogang တက္ကသိုလ်ကနေ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ ရခဲ့တယ်။ အဲဒီနောက် Grenoble တက္ကသိုလ်မှာ ပညာဆက်သင်နေတုန်း မိခင်ဖြစ်သူ အလုပ်ကြံခံရလို့ ပြင်သစ်နိုင်ငံကို ထွက်ခွါဖို့ အကြောင်းဖန်လာ တာနဲ့ပဲ သူ့ပညာရေးကို ခေတ္တရပ်နားခဲ့တယ်။ ဒါပေမယ့် သူ့ကို ထိုင်ဝမ်နိုင်ငံ တရုတ်ယဉ်ကျေးမှုတက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ပေးအပ်ခဲ့သလို ၊ တောင်ကိုရီးယားက ဖူချောင်းအမျိုးသားတက္ကသိုလ်၊ KAIST တက္ကသိုလ်နဲ့ Sogang တက္ကသိုလ်တွေကလည်း ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေ ပေးခဲ့တယ်။

(ပတ်ဂွမ်းဟေး)ရဲ့ နိုင်ငံရေးဖြတ်သန်းမှု ပြောပါဆိုရင် GNPပါတီမှာ ဒေသ ဆိုင်ရာ ပါတီခေါင်းဆောင်အဆင့်ကနေ ပါတီရဲ့ဥက္ကဌနေရာအထိ ၁၉၉၈ ကနေ ၂၀၀၆ခုနှစ်ကြား အဆင့်ဆင့် အရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဒါကြောင့်လဲ သူ့ကို ရွေးကောက်ပွဲများရဲ့ ဘုရင်မလို့တောင် ကျီစယ် ခေါ်ဝေါ် လာကြတယ်။

၂၀၀၆ မေလ မဲဆွယ်ပွဲတခုမှာ ကိုရီးယားရာဇ၀တ်ကောင်တဦးက ပတ်ခ်ရဲ့ မျက်နှာကို ဓါးနဲ့ဝင်ခုတ်လို့ ၁၁ စင်တီမီတာရှိတဲ့ ဒဏ်ရာ မျက်နှာမှာရခဲ့ပြီး ခွဲစိတ်ကုသခံရပါတယ်။ ၂၀၀၈ခုနှစ်တုန်းက သမ္မတရွေးကောက်ပွဲ ၀င်ခဲ့ပြီး သမ္မတဖြစ်သွားတဲ့ အီမြောင်ဘတ်ကို ရှုံးခဲ့ရတယ်။ ၂၀၁၁မှာတော့ New Frontier လို့ အဓိပါယ်ရတဲ့ Saenuri ပါတီဥက္ကဌ ဖြစ်လာပါတယ်။

သူရဲ့ ရွေးကောက်ပွဲ မဲဆွယ် ကြွေးကြော်သံကတော့ ဈေးကွက်စိးပွါးရေး ဗဟိုပြုတဲ့ နိုင်ငံရေး ရပ်တည်ချက်ဖြစ်ပြီး ၂၀၀၈ရွေးကောက်ပွဲမှာ သူပြော ခဲ့တဲ့ အခွန်လျှော့ချ ဖြတ်တောက်ရေး၊ အားကောင်းတဲ့ တရားဥပဒေစိုးမိုးရေး ထူထောင်ဖို့ အစိုးရယန္တယားလည်ပတ်မှုတွေမှာ အချိန်တိုတောင်း မြန်ဆန်ဖို့ စတဲ့အချက်တွေနဲ့ အဓိက မဲဆွယ်ခဲ့ပါတယ်။ သမ္မတလောင်း(၁၂)ဦး ထဲမှာ အလားအလာကောင်းခဲ့သူပါ။ တောင်ကိုရီးယားရဲ့ စီးပွါးရေးနှေးကွေးမှုနဲ့ လူမှုပြဿနာတွေကို ကုစားမယ်လို့ သူက ဆိုပါတယ်။ တောင်မြောက်နှစ် နိုင်ငံ ပေါင်းစည်းရေးအတွက် မြောက်ကိုရီးယားနဲ့ လက်တွဲ ဆောင်ရွက် မယ်လို့ သူက ပြောပါတယ်။

မနေ့က ရွေးကောက်ပွဲမှာ (ပတ်ဂွမ်းဟေး)ရဲ့အဓိက ပြိုင်ဖက်ကတော့ လူ့အခွင့်အရေး ရှေ့နေ မွန်းဂျဲးအင်း Moon Jae-in ဖြစ်ပါတယ်။ ပတ်ခ်က မဲအားလုံးရဲ့ ၅၁.၆ %ကျော်ရပြီး မွန်းကတော့ ၄၈%ပဲ ရပါတယ်။

ပထဝီနိုင်ငံရေးအရ အရှေ့အာရှမှာ ခေါင်းအခဲရဆုံးနိုင်ငံဖြစ်တဲ့ မြောက် ကိုရီးယားနိုင်ငံကို (ပတ်ဂွမ်းဟေး)ဘယ်လိုဆက်ဆံမလဲ ဆိုတာ စောင့်ကြည့် ရမှာပါ။ သမ္မတအိုဘားမားကတော့ (ပတ်ဂွမ်းဟေး)အရွေးခံရတာကို ၀မ်းမြောက်ကြောင်း ဂုဏ်ပြုစကားဆိုလိုက်ပြီး အာရှပိစိဖိတ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် လက်တွဲဆောင်ရွက်သွားမယ်လို့ ကမ်းလှမ်း လိုက်ပါတယ်။ a

ကိုးကား - http://en.wikipedia.org/wiki/Park_Geun-hye

Burma-Newselite

Wednesday, December 19, 2012

အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်


အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ဒီဇင်ဘာလ ၂၀ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၉ ရက်က ပြောကြားခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ အိန္ဒိယနိုင်ငံခရီးစဉ်မှာ နှစ်ညအိပ် သုံးရက်ခရီးဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။
အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဒီဇင်ဘာလ ၂၀ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်သည် အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့၏ မိတ်ဖက်ဖြစ်မှု နှစ် (၂၀) ပြည့်မြောက်သောနှစ် ဖြစ်သည်။
အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်မှာ "ASEAN-India Partnership for Peace and Shared Prosperity" ဖြစ်ကြောင်းနှင့် အဆိုပါထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များနှင့် အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းသည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် အာဆီယံ-အိန္ဒိယ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် လုပ်ဆောင်ဖွယ်ရာများကို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန်လည်း သဘောတူညီခဲ့သည်။ အဆိုပါခရီးသည် နှစ်ပေါင်း ၂၅ နှစ်အတွင်း အိန္ဒိယ၀န်ကြီးချုပ်တစ်ဦး၏ ပထမဦးဆုံး မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်း ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည်။

လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှု အနေအထားများကြောင့် မြန်မာနိုင်ငံ အုပ်ချုပ်ရေးသမိုင်းတွင် တပ်မတော်အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ အင်အားအကောင်းဆုံးအဖြစ် ရပ်တည်နိုင်မည်

မြန်မာနိုင်ငံလွတ်လပ် ရေးရယူခဲ့စဉ် ဖြစ်ပေါ်ခဲ့သည့်  ဂြိုလ်နက္ခတ်များအရ မြန်မာနိုင်ငံ၏ နိုင်ငံရေး အာဏာတည်မြဲမှုတွင် တပ်မတော် အာဏာသည် ၂၀၁၈ ခုနှစ်အထိသာ တည်မြဲနိုင်မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်နေ့  နံနက် ၄ နာရီ ၂၀ မိနစ်၊    ဗြိစ္ဆာရာသီတွင် နက္ခတ်ဗေဒများအရ စနေဂြိုဟ်ကို ဘုန်းကံအာဏာ မြင့်မားမည့်နေရာတွင် နေရာချထားပြီး တပ်မတော် ကိုယ်စားပြုသည် အင်္ဂါဂြိုဟ်အား တပ်မတော်အင်အား ခိုင်မာတောင့်တင်းစေရန်နှင့် လွတ်လပ်ရေးအဓွန့်ရှည်စေရန် အင်္ဂါဂြိုလ်အင်အား အကောင်းဆုံးနှင့် အားအရှိဆုံးဖြစ်သည့် သိဟ်ရာသီတွင် ရပ်တည်၍ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“ လွတ်လပ်ရေးရယူစဉ်က ရာဟုနဲ့ကိတ်ဂြိုလ်တို့ရဲ့ ဂြိုလ်ရပ်တည်မှု လွဲမှားခဲ့တာကြောင့် တိုင်းပြည်ငြိမ်းချမ်းရေးရယူရာမှာ လွဲချော်နေတာပါ၊ ဗြိစ္ဆာရာသီမှာမဟုတ်ပဲ မိနစ် ၂၀ နောက်ကျပြီး ဓနုရာသီမှာသာ လွတ်လပ်ရေးယူခဲ့မယ်ဆိုရင် တပ်မတော်အာဏာကတော့ မှေးမိန်မှာမဟုတ်ပဲ တိုင်းပြည်ရဲ့ဖွံဖြိုးမှု အနေအထား ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။ ဓနုရာသီမှာယူရင် အားနည်းချက်က စစချင်းအုပ်ချုပ်မယ့် ၀န်ကြီးချုပ် ဦးနုရဲ့ သြဇာအာဏာဆုံးရှုံးမှု ဆိုးရွားနိုင်တယ်။ ဒီလိုတွေကြောင့် ဗြိစ္ဆာရာသီနဲ့ပဲ လွတ်လပ်ရေးယူခဲ့ခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်” ဟု ဦးဇေယျာကိုက ပြောပါသည်။                                  
လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့် ဂြိုလ်ရပ်တည်မှုများအရ လွတ်လပ်ရေးသက်တမ်းမှာ နှစ်ပေါင်း ၇၀ အဓွန့်ရှည်နိုင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ တပ်မတော်အာဏာသည် မှေးမှိန်ခြင်းရှိမည်မဟုတ်ပဲ ၂၀၁၃ ဇွန်မှ ၂၀၁၄ ဇွန်အတွင်းကာလများသည် အတိုက်အခံများ များပြားနိုင်သည့် ကာလများဖြစ်ကာ  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပြောင်းလဲလွှင့်တင်ခဲ့သည့် အလံသစ်အရ ၂၀၁၃ခုနှစ် စက်တင်ဘာလ နောက်ပိုင်းကာလသည် တပ်မတော်နှင့် ပတ်သက်သည့် ဂြိုဟ်ရပ်တည်မှုများအားကောင်းသည့် အခြေအနေတွင် ရှိနေမည်ဖြစ်ပြီး ၂၀၁၄ မေလနောက်ပိုင်းကာလများတွင်မူ ယခင်နှင့်မတူသည့် တိုင်းပြည်တိုးတက်မှု အခြေအနေ ပြန်လည်ရရှိလာနိုင်ကြောင်း ဦးဇေယျာကို၏ ပြောပြချက်အရ သိရသည်။                  
မြန်မာနိုင်ငံ လွတ်လပ်ရေးရယူစဉ် ဖြစ်ပေါ်ခဲ့သည့်  ဂြိုလ်ရပ်တည်မှုများအရ စနေဂြိုလ်နှင့် အင်္ဂါဂြိုလ် အင်အားယူထားသည့်  ဂြိုလ်ရပ်တည်မှုဖြစ်သောကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ၂၀၁၈ မတိုင်မီအထိ အင်္ဂါနေ့မွေးဖွားသူများသည် နိုင်ငံအုပ်ချုပ်မှုအပိုင်း၌ တပ်မတော်အာဏာအောက် ဒုတိယ နေရာတွင်ပါဝင်ခဲ့ပြီး  နောက်ပိုင်းတွင်လည်း ကြီးလေးသည့်တိုင်းပြည်တာဝန်နှင့် အုပ်ချုပ်သူအပိုင်းတွင် ပါဝင်လာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။
Eleven Media Group

ဖူဆယ်ဂိုးသမား ရဲမြတ်မင်းအား ရာသက်ပန်ပွဲပယ်


ရန်ကုန်၊ဒီဇင်ဘာ-၁၈
ပြိုင်ဘက်ကစားသမားအား ရည်ရွယ်ချက်ဖြင့် နှစ်ချက်ဆင့်ကန်ခဲ့သော Royal Land အသင်းမှ ဂိုးသမားရဲမြတ်မင်းအား ဖူဆယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ရာသက်ပန် ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်သည်။

ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် ၂၀၁၂ ဖူဆယ်လိဂ်အမှတ်ပေးပြိုင်ပွဲ MFF AYA Fustal League နောက်ဆုံးပွဲစဉ်ဖြစ်သည့် ACE အသင်းနှင့် Royal Land ပွဲစဉ်တွင် ပွဲကစားချိန် ၃၃ မိနစ်၌ Royal Land အသင်းဂိုးသမား (ကျောနံပါတ် ၁၆)နှင့် ACE ကစားသမားတို့ ဘောလုံးယှဉ်လုရင်း နှစ်ဦးစလုံး လဲကျသွားခဲ့သည်။

ထိုအချိန်တွင် Royal Land အသင်းမှ ဂိုးသမားက လဲနေရာမှထကာ ပြိုင်ဘက်ကစားသမားအား နှစ်ချက်ဆင့် ကန်ကျောက်ခဲ့သည့်အတွက် ACE အသင်းကစားသမားမှာ ဘယ်ဘက်မျက်ခုံး အနည်းငယ်ကွဲသွားခဲ့သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီးက ၎င်းအား အနီကတ်ပြသကာ ထုတ်ပယ်ခဲ့သည်။

ဖူဆယ်လိဂ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဒီဇင်ဘာ ၁၇ တွင် အစည်းအဝေးပြုလုပ်ကာ ၎င်းပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ပြစ်ဒဏ်ချမှတ်ခံရသော ကစားသမားအနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မည်သည့်ပြိုင်ပွဲတွင်မှ ၀င်ရောက်ကစားခွင့်ရှိမည်မဟုတ်ဘဲ ဖူဆယ်ကစားသမားတစ်ဦးအနေဖြင့် ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ဓာတ်ပုံ- ကြည်စိုး.7DAY NEWS JOURNAL

` မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်´

သတင်းနှင့်ဓါတ်ပုံ-ကိုကိုဇေ(ပခုက္ကူ)

ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာလမ်းပိုင်း အချို့ ပျက်စီးမှုများ

ရှိနေ၍ ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး

၁ နှစ် မပြည့်မီ ယခုလ လယ်ပိုင်းတွင် ပျက်ဆီးမှု များ ကြုံတွေ့နေရခြင်း

ဖြစ်ကြောင်းသိရ သည် ။

`` အခု ပျက်ဆီးမှု ဖြစ်နေတာ တံတားပေါ်မှာ ရှိ တဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကို

တံတားတာဝန်ရှိသူတွေ က လုပ်နေကြတယ်၊ တစ်နှစ်မပြည့် ခင်မှာ ပင် ဒီလို ပျက်ဆီးမှု တွေ ဖြစ်နေတယ့်အတွက်

အခြားနေရာ တွေ ကို လည်း ပြန်ပြီး စစ်သင့်တယ်၊ တံတားက အသွား တစ်လမ်း၊ အပြန်တစ်လမ်း မဟုတ်တဲ့အတွက်

တံတားပေါ် မှာ ပြင်ဆင်မှု လုပ်ရင် ရှောင်ရ တိမ်းရတာ ခက်တယ် ၊ ဒီတံတားက မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုလည်း

ဆက်ထားပေးတယ် ၊ အခု ရာသီဆိုရင် ပုဂံညောင်ဦး ဘုရားဖူး ခရီးစဉ်တွေ များ တဲ့ အတွက် ဖြတ်သန်းသွားလာမှု လည်း

အရမ်းများတယ် ။ ဒါကြောင့် ဒီတံတားကို လုံခြုံ စိတ်ချမှု ရှိအောင် ပြန်ပြီး စစ်ဆေး သင့်ပါတယ်´´ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီတံတား ပခုက္ကူသည် မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်ပြီး တံတား တည်ဆောက်ချိန် သည် ၂ နှစ် ခန့် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ-ကိုကိုဇေ(ပခုက္ကူ)
Popular Myanmar News Journal

လူကြီးတွေမှာ တာဝန်ရှိတယ်


 လက်ပံတောင်းတောင်အကြမ်းဖက်မှုနဲ့ပတ်သက်လို့အကြမ်းဖက်မှုမှာပါဝင်သူတွေကို
 ဖော်ထုတ်အရေးယူ နိုင်ခြင်းမရှိဘူးဆိုရင် ခေါင်းဆောင်ကြီးတွေပါဝင်ပတ်သက်နေတယ်လို့ ယူဆမှာဖြစ်ကြောင်း ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့ ၃၆ လမ်း အလယ် ဘလောက်က မြန်မာသတင်းများကွန်ယက်ရုံးခန်းမှာ လက်ပံတောင်းတောင် သပိတ်အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ အခုလိုပြောဆိုသွားတာပါ။တဆက်တည်းမှာလည်း အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ်အရေးယူပေးရေ ၊ လက်ပံတောင်းတောင် အကြမ်းဖက်မှု နဲ့ပတ်သက်ပြီး သံဃာတော်များ ဆန္ဒထုတ်ဖော်ရာမှာ ဝန်းရံပါဝင်ခဲ့သူတွေကို ချွင်းချက်မရှိ အမြန်ဆုံးပြ န်လွှတ်ပေးရေနဲ့ စုံစမ်းစီစစ်ရေး ကော်မတီကို စောင့်ကြည့်သွားမယ်ဆိုတဲ့ အချက် ၃ ချက်ပါ သဘောထား ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်သွားခဲ့ပါတယ်။


BURMA VJ MEDIA

လက်နက်ချဖို့ခိုးကြောင်ခိုးဝှက်အိမ်ပြန်တဲ့ခရီးမဟုတ်ပါဘူး လို့ဆိုတဲ့ABSDF ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် မေးခွန်း(၉)ခု

Photo-ဒေါင်းမာန်ဟုန်

၂၄နှစ်ကြာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ABSDF ကျောင်းသား တပ်မတော် ဥက္ကဌ ကိုသံခဲအပါအ၀င် ထိတ်ပိုင်းခေါင်းဆောင်(၁၀)ဦးမှာ ဒီဇင်ဘာ(၁၈)ရက်နေ့၌ ရန်ကုန်သို့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အဆိုပါ ခရီးစဉ်အခြေ အနေနှင့် ပတ်သက်၍ ABSDFဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို ဆက်သွယ်မေးမြန်းဖြစ်သည် များအား ဖော်ပြအပ်ပါသည်။

မေး- အခုလိုလေ့လာရေးခရီးစဉ်ဟာ ABSDFအတွက်ဖြစ်စေ ၊မြန်မာပြည်သူတွေအတွက် ဖြစ်စေ ဘယ် လောက်အရေးပါသလဲ?

ဖြေ- တိုင်းပြည်အပြောင်းအလဲမှာ ငြိမ်းချမ်းရေးက အဓိကလိုအပ်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုပဲ ရှေ့ရှုပြီး ဒီလေ့လာရေးခရီးကို အစပြုတာပါ။ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီစနစ်ဆီ ဦးတည်နေချိန် ကျွန်တော်တို့အနေနဲ့ လေ့လာကြားနာဖို့လည်း လိုလားပါတယ်။ကျွန်တော်တို့ တဖွဲ့ထဲ အကျိုး စီးပွားကိုမကြည့်ပဲ ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအပေါ် ရပ်တည်ပြီး ဆုံးဖြတ်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ် တယ်။ ဒီခရီးစဉ်ကနေ အစိုးရဘက်ကအသံ၊ အတိုက်အခံအဖွဲ့အစည်းတွေဘက်က အသံတွေကျွန်တော်တို့ နားထောင်မယ်။

အခုပထမဆုံးအကြိမ်ခရီးစဉ်မှာ အစိုးရနဲ့ ဘာမှအပေးအယူလုပ်ညှိနှိုင်းဆွေးနွေးဖို့ မရှိပါဖူး။ ကျွန်တော်တို့ ၂ ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တောင် မရှိသေးပါဖူး။ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေ ရဲ့ ကျွန်တော်တို့ အပေါ်ဖြစ်စေချင်တဲ့ သဘောထားတွေ ကြားနာစုစည်းပြီး၊ နောက်တခါအစိုးရနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် ပြင်ဆင်ထားမှာပါ။

မေး- ဒီခရီးစဉ်အတွင်းမှာပဲ ကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နဲ့ အစိုးရအဖွဲ့တွေ ကြား တိုက်ပွဲ တွေလည်း ဖြစ်နေတယ်။ ဒီခရီးကြောင့် အဲဒီတိုက်ပွဲတွေ တစုံတရာအပြောင်းအလဲ ရှိနိုင်မလား? ပြီးတော့ နှစ်ဖက်တိုက်ခိုက်နေချိန်၊ အပစ်အခတ်ရပ်ဖို့ သဘောမတူပဲ ပြည်တွင်းလေ့လာရေး လာတဲ့ ခရီးစဉ်ဟာ အများဝေဖန်စရာ ဖြစ်မနေဖူးလား?

ဖြေ- မကဒတ(မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး)မှာ ထူးခြားတဲ့ ဖြစ်တည် မှုတွေရှိပါတယ်။ ကျွန်တော်တို့ဟာ မြန်မာပြည်နယ်စပ် တကြော တိုင်းရင်းသားတွေရှိတဲ့ နေရာမှာ ဖြစ် တည်နေတာပါ။ မွန်ဒေသ၊ ကရင်နီ၊ ကရင်ပြည်နယ်၊ ကချင်ဒေသနဲ့အနောက်ဖက်မှာရော ကျွန်တော်တို့ တပ်တွေရှိနေတယ်။ ကချင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲမှာမကဒတလည်း ကျွဲကူးရေပါရှိမှာပဲ။ ကျွန်တော် တို့က ခုခံရေးစစ်ပဲ၊ ကိုယ်ကသွားတိုက်တာ မဟုတ်ဖူး၊ ကိုယ့်ဆီသူတို့က ကျူးကျော်တိုက်ခိုက်နေတာ ဖြစ်တယ်၊ ပြီးတော့ ကချင်မှာဖြစ်နေတဲ့စစ်ပွဲကြောင့်ဆိုပြီး ကျွန်တော်တို့ ရည်မှန်းထားတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မထိခိုက်နိုင်ဘူးလို့ မြင်ပါတယ်။

မေး- ဒါဆို ဒီခရီးစဉ်ကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲအဆင့် ရောက်သွားနိုင်မလား?

ဖြေ- ကျွန်တော်တို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတာမဟုတ်ဖူး။ အပစ်အခတ်ရပ်စဲရေး ကိစ္စဆွေးနွေး ဖို့လည်းမဟုတ်ဖူး။ ကျွန်တော်တို့က ဒီနေ့တိုင်းပြည်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အနေအထားတွေ လေ့လာဖို့နဲ့ ဒီအပေါ်အမြင်သဘောထားတွေ ကြားနာဖို့သက်သက်ပဲဖြစ်တယ်။

မေး- မကဒတဟာ ပြည်တွင်းခရီးစဉ်နဲ့အစိုးရနဲ့ ဆွေးနွေးမှုဖြစ်စဉ်ကိုပြည်သူကို အသိပေးသတင်းထုတ် ပြန် မယ်လို့ တချိန်ကပြောဖူးပါတယ်။ အခုခရီးစဉ်မှာ မီဒီယာတွေကို အသိပေးတာမတွေ့ရပါဖူး၊ ဘာကြောင့် ပါလဲ?

ဖြေ- ကျွန်တော်တို့ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းအဖွဲ့နဲ့ တွေ့တဲ့အခါ ပြော ပါတယ်။ လက်နက်ချပြီး အိမ်ပြန်မဲ့ခရီးစဉ်မဟုတ်ဖူး ဆိုတာပါ။ ဒီနေ့သွားတဲ့ခရီးစဉ်ကလည်း လက်နက် ချဖို့ခိုးကြောင်ခိုးဝှက် အိမ်ပြန်တဲ့ခရီးမဟုတ်ပါဖူး။ ကျနော်တို့နှစ်ဘက် သဘောတူထားတာ တွေရှိနေ လို့လောလောဆယ်မီဒီယာတွေနဲ့ မတွေ့နိုင်ပေမဲ့ခရီးစဉ်ပြီးဆုံးတဲ့အခါ သတင်းစာရှင်းပွဲလုပ်ပြီး သတင်း ထုတ်ပြန်မှာပါ။

မေး-ပြည်ပဒီမိုကရေစီအင်အားစုတော်တော်များများက ဒီနေ့အစိုးရရဲ့ အပြောင်းအလဲနဲ့ နိုင်ငံရေး အရွေ့တွေ အပေါ်သံသယရှိနေပါတယ်။ ယုံကြည်မှုလည်းနည်းတယ်။ မကဒတရဲ့ခရီးစဉ်ဟာ ကိုယ့် အချင်းချင်းကြား ယုံကြည်မှုကို မထိခိုက်စေဖူးလား?

ဖြေ- ကျနော်တို့အားလုံးမှာတိုင်းပြည်ကိုပြောင်းလဲဖို့လိုအပ်ပြီဆိုတဲ့စိတ်ကတူညီနေကြပါတယ်။ငြိမ်းချမ်း ရေးတည်ဆောက်ရာမှာ အပေးအယူဆိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူကသာတယ်၊ ဘယ်သူ ကနာတယ်လို့မဟုတ်ပဲ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားပေါ်ရပ်တည်ကြရမှာပါ။၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ကိုယ်ကနိုင်ငံရေးအရ အောက်စီးရောက်တယ်၊ သူကတော့အပေါ်စီးက ကစားတယ် ဆိုတဲ့ အတွေးတွေနဲ့လုပ်မယ်ဆို ကျွန်တော်တို့ကြားထဲမှာ တစုံတရာအခက်အခဲတွေရှိနေမှာပဲ။ ဒီနေ့ပြုပြင်ပြောင်းလဲ ရေးကိုသွားတဲ့အခါ ၂၀၀၈ဖွဲ့စည်းပုံဟာ အကန့်အသတ်တွေဖြစ်နေမယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ဒီတော့ အဲဒီအကန့်အသတ်တွေကို ဘယ်လိုကျော်လွှားနိုင်မလဲ၊ ဒီအတွက်သွေးထွက်သံယိုမှုနည်းတဲ့ နည်းလမ်းတွေရှာဖွေရမှာပါပဲ။

မေး- အစိုးရဘက်ကနဲ့ အတိုက်အခံဘက်က ဘယ်သူတွေနဲ့တွေ့ဖို့ရှိလဲ?

ဖြေ- ကျွန်တော်တို့အစိုးရ၀န်ကြီးဌာနတွေအပြင်၊ဌာနဆိုင်ရာအကြီးအကဲတွေနဲ့တွေ့ပြီး တိုင်းပြည်ပြုပြင် ပြောင်းလဲရေးအတွက် တာဝန်ယူဆောင်ရွက်နေတာတွေကို လေ့လာမယ်၊နောက်တခါ အတိုက်အခံ ဘက်က ၈၈ကျောင်းသားအုပ်စုတွေ၊ နိုင်ငံရေးပါတီအဖွဲ့တွေ၊ NLDနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တွေ့ခွင့် တောင်းထားပါတယ်။

မေး..အရင်ကရော အစိုးရနဲ့ဆွေးနွေးဖူးတာရှိသလား? ဘယ်လိုရလဒ်တွေရခဲ့လဲ?

ဖြေ- ပြီးခဲ့တဲ့ဇွန်န်လ၂၆ရက်တုန်းက ဒုဥက္ကဌ ကိုမျိုးဝင်းနဲ့ ဆွေးနွေးတော့ လက်နက်ချဖို့ကိစ္စသူတို့ပြော တယ်။ အဲဒီတော့မဖြစ်နိုင်လို့ ရပ်သွားတယ်။ နောက်တခါ ဥက္ကဌအပါအ၀င် ကျွန်တော်တို့ဗဟိုကော်မတီ ၀င်တွေ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ ကျွန်တော်တို့ကတွေ့ဆုံဆွေးနွေးရေး အပေါ်ထားတဲ့ သဘော ထား နိုင်ငံရေးရည်မှန်းချက်(၃)ခုကို ဆွေးနွေးပြတယ်။ ပထမ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ.မကဒတကပါချင်တယ်။ ဒုတိယက အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဖြစ်စေ ချင်တယ်။ တတိယတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကိစ္စပါ။ အဲဒီဆွေးနွေးပွဲကနေ သဘောတူညီချက်(၃)ခု တော့ရခဲ့တယ်။

၁။နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်သွားမယ်။
၂။ပြည်တွင်းလေ့လာရေးသွားဖို့ကိစ္စ။
၃။နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးကိစ္စကျိုးစားဆောင်ရွက်ပေးပါ့မယ်ဆိုတဲ့ သဘောတူညီ ချက်တွေ ဖြစ်တယ်။
(အဲဒီသဘောတူညီချက် နောက်ဆက်တွဲအဖြစ် နိုဝင်ဘာ၁၉ရက်နေ့မှာလွှတ်ပေးတဲ့ အကျဉ်းသား (၆၅)ယောက်မှာ သေဒဏ်ကျခဲ့ဖူးတဲ့ ကျွန်တော်တို့ရဲဘော်(၁၀)ယောက်ပါလာပါတယ်)
အခုလေ့လာရေးခရီးစဉ်ဟာ ဆွေးနွေးပွဲဖြစ်လာစေဖို့တံခါးစဖွင့်တဲ့ခရီးစဉ်ပဲ.. ။ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဟာ အပစ်အခတ်ရပ်စဲရေး မလုပ်သေးပဲ၊ ပြည်တွင်းထဲသွားတယ်ဆိုတာ၊ ကျွန်တော်တို့တစ်ဖွဲ့ထဲ ရှိတာကလည်း ထူးခြားမှုတခုပါ။

မေး-ဘယ်တွေကို သွားလေ့လာကြမှာလဲ?ဘယ်လောက် ကြာမလဲ?

ဖြေ- အဖွဲ့လိုက်အနေနဲ့တော့ ရန်ကုန်နဲ့နေပြည်တော်ပဲ သတ်မှတ်ထားပါတယ်။

ကျန်တာကမိသားစုတွေနဲ့ ကိုယ့်ဖာသာတွေ့ကြဖို့ပါ။ ၂ပတ်လောက်ကြာမယ်။ လာမဲ့နှစ်သစ် ဇန်န၀ါရီ ၃ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမှာပါ။

မေး- ဒီခရီးစဉ်ကနေ ဘယ်လောက်ထိ ရလဒ်ကောင်းတွေ မျှော်လင့်နိုင်မလဲ?ဲ..

ဖြေ- ပွင့်ပွင်းလင်းလင်းပြောရရင်အများကြီ်းမျော်လင့်ထားတာတော့မရှိပါဖူး။ အစိုးရအသွင် ကူးပြောင်းရေး ဆိုတာလည်းမြင်နေတာပဲလေ၊ ဒီကနေ့အပြောင်းအလဲနဲ့ပတ်သက်လို့ သူတို့ထဲမှာလည်း တကယ်ကြီး မားတဲ့ပြဿနာရှိနေတယ်ဆိုတာကို ဦးအောင်မင်းနဲ့ဦးလှမောင်ရွှေတို့ကလည်း ပြောပြတယ်။ တကယ့် အပြောင်းအလဲကိုသမ္မတနဲ့ အတူတူနဲ့ နီးစပ်သူတွေကပဲလုပ်နေတာလေ၊နောက်တခုက ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပြီး အစိုးရဆီမှာခေါင်းစဉ်မရှိတာကို မြင်နေရတယ်။ သူတို့ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးဘယ် လောက်ဆွေးနွေူးဖို့စိတ်ဝင်စားမှု ရှိ/မရှိမသိရဖူး။

ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့မျက်နှာကိုကြည့်ပြီး တတ်နိုင်သလောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့လုပ်ဆောင်သွားမှာပါ။

ကိုညို(မြစ်မခ) Makha Mediagroup

Tuesday, December 18, 2012

အကျန်အကြွင်းတွေရဲ့ နားပန်ကျင်းမခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ- ဟံသာဝတီဦးဝင်းတင်

 https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-prn1/c0.0.480.229.46619217082/p843x403/14707_511114128922475_1720874288_n.jpg
ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။
ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေလှမ်း ပြင်လာကြသလားဗျာ” တဲ့။"
ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”

“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ”

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”

“ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”

“ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”

“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ”

“ဟ.....ဟ ဘာဆော်တာလဲ”

“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”

“အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့....”

“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)

ဒေါင်းမာန်ဟုန်..မှတဆင့်ကူးယူဖော်ပြသည်။

ကာမိုင်းရဲစခန်းကို ၀င်ရောက်တိုက်ခိုက်သည့် KIA များနောက်သို့ လိုက်လံ ရှင်းလင်း

 
ယနေ့နံနက် ၀၄၁၅ အချိန်က ကေအိုင်အေ သောင်းကျန်းသူ (၈၀)ဦးခန့်သည် ဖားကန့်မြို့နယ်၊ ကာမိုင်းရဲစခန်းအား အာပီဂျေ လက်နက်ကြီး များဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြသည်။

လက်နက်ကိုင်တိုက်ခိုက်ခြင်းကိုနောက်ဆုံးရွေး လမ်းမရှိမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ

SYS at KT
RCSS/SSA ခေါင်းဆောင် စဝ်ယွက်စစ်
 မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင်တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အပစ်ရပ်ခြင်းတနှစ်တာကာလအတွင်းမှ  ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ဆိုးကျိုးများမှာ အပစ်ရပ်ထားသော်လည်း အစိုးရက   မပြတ် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲ များဆက်တိုက်ဖြစ် ပေါ်နေခြင်းအပေါ် လူထုကော တပ်ထုပါ နားမလည်ဖြစ်ခဲ့ရ ကြောင်း၊ ယုံကြည်စိတ်ချမှု မရှိသဖြင့် သျှမ်းပြည် တပ်မ တော်ဘက်ကလည်း တိုက်ပွဲ ဆင်နွဲရေးအမြဲ အသင့်ပြင်ဆင် ထားနေရကြောင်းဖော်ပြထားသည်။

အပစ်ရပ်ရေးကောင်းကျိုးမှာမူ လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ် စေလွှတ်ပြီး လူထုနှင့်တိုက်ရိုက် တွေ့ဆုံ နိုင်ကြောင်း၊ မြို့ပေါ်ကိုယ်စားလှယ်ရုံး ဖွင့်နိုင်သည့်အခွင့် အရေးရှိကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရေးအတွက် တွေ့ဆုံဆွေးနွေးမှုပြုနိုင်ကြောင်း စသဖြင့်ဖော်ပြထားသည်။   

အဆိုပါကြေငြာချက်တွင်- တခြားအဖွဲ့အစည်းတွေဝင်ထွက်ပြီးစည်းလုံးမှုတည်ဆောက်မည်၊ သျှမ်းပြည်ကံကြမ္မာကို  သျှမ်းပြည်သားများမှ အဆုံးအဖြတ်ပေးနိုင်ဖို့ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖေါ်ဆောင်မည်၊ လူထုအား ဒီမိုကရေစီ အကြောင်း ကွင်းဆင်းရှင်းပြမည်၊ မူးယစ်ဆေးဝါး တိုက်ဖျက်မည်၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်နှင့် သျှမ်းလူထု အတွက် ငြိမ်းချမ်းရေးဖေါ်ဆောင်မည်  လက်နက်ကိုင်တိုက်ခိုက်သည့်လမ်းစဉ်ကို အဆုံးစွန် ရွေးလမ်းမရှိမှသာ သုံးမည် အစရှိသဖြင့် ပါရှိသော သျှမ်းပြည်တပ်မတော် RCSS/SSA ၏  လုပ်ငန်းစဉ် ၆ ချက်ကို ပါထုတ်ပြန်ကြေငြာထားပါသည်။

၂၀၁၁ ခု သြဂတ်စ်လ ၁၈ ရက်က အပစ်ရပ်တပ်ဖွဲ့များအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် သမတကြီးဦးသိန်းစိန် ဖိတ်ခေါ်မှုကြောင့် သျှမ်းပြည်တပ်မတော် RCSS/SSA ကလည်း  ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးမှုအကောင်အထည်ဖော်နိုင်ခဲ့သည်။
သျှမ်းသံတော်ဆင့်

တောဆင်ရိုင်းတွေ သောင်းကျန်းမှုကြောင့်ယခုနှစ်အတွင်းလူ၃ဦးသေဆုံး

 
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ပတ်ဝန်းကျင်တ၀ိုက်  ကျေးရွာတွေမှာ အခုနှစ်အတွင်း ဆင်ရိုင်းတွေကြောင့် သေဆုံးသူပေါင်း  ၃ ဦး ရှိသွားပြီလို့  ဥက္ကံရဲတပ်ဖွဲ့က ပြောပါတယ်။

သက်မွန်မြင့် ငြင်းဆန်သည့် "‘ကျွန်မကနှင်းဆီပါ မောင်’ ပတ်သက်၍ မူရင်းဝတ္ထု စာရေးဆရာမ ပုညခင် ရှင်းရပြီ


ဒါရိုက်တာဝိုင်း ရိုက်ကူးမယ့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင် မှာ သက်မွန်မြင့် ကနမ်းရမယ့် ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ ငြင်းဆန်လိုက်ကြောင်း သိရပါတယ်။ အဲဒီ ဇာတ်ဝင်ခန်း ကိုငြင်းဆန်မှု နဲ့ ပတ်သက်ပြီး “ကျွန်မက နှင်းဆီပါမောင်” ဝတ္ထုရေးသူ စာရေးဆရာမ ပုညခင် ကို ပရိသတ်တွေက ဝတ္ထုထဲက အကြာင်း ကို မေးမြန်း ခဲ့ကြကြောင်း သိရပါတယ်။

ပရိသတ်တွေရဲ့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားတဲ့ အနေနဲ့ စာရေးဆရာမ ပုညခင်က သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အခုလို “ကျွန်မကနှင်းဆီပါမောင်” နဲ့ ပတ်သက်ပြီး ကျွန်မဘက်က ပြောစရာလေး ရှိလာပါတယ်။ အခုတလော ဂျာနယ်စာမျက်နှာထက်မှာ ဒီဇာတ် ကားရိုက်ဖို့ သက်မွန်မြင့် က ငြင်းဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ ပရိသတ် များက မေးမြန်းလာတဲ့ အတွက် ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ဒီဝတ္ထုက ကျွန်မရဲ့ အုပ်၁ဝဝပြည့် ဝတ္ထုပါ။ ၁၅. ၆.၂ဝ၁၁ နေ့က ရေးသား ပြီးစီးခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။

သက်မွန်မြင့်က ကျွန်မဝတ္ထုကို ဖတ်ပြီးသားပါ။ သူငြင်းတာက ကျွန်မဝတ္ထု ထဲက အခန်းတွေ ကိုမဟုတ်ပါဘူး။ ဒါရိုက် တာဖြည့်စွက် ထားတဲ့ အခန်းတွေ ကို ငြင်းတာပါ။ ဖြည့်စွက်ထားတဲ့ အခန်းတွေကို ကျွန် မသိရချိန်မှာ ဒီအခန်းတွေဟာ မြန်မာ့ ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့ အခန်းတွေ လို့ ယူဆတဲ့ အတွက် ပြန် ဖြုတ်ပေးဖို့ ဒါရိုက်တာကို တောင်းဆို ခဲ့ပေမယ့် ဒါရိုက်တာက လက်မခံခဲ့ ပါဘူး။ အတိအကျ သိချင်လို့ ဒါရိုက်တာ ဆီက ဇာတ်ညွှန်းတောင်းပြီး ဖတ်ပါတယ်။ ဒါရိုက်တာကသူ Sexy ဖြစ်အောင် ရိုက်မှာမဟုတ်ဘူး လို့ ဆိုခဲ့ပေမယ့် ကျွန်မ သေသေချာချာ အထပ်ထပ် ဖတ်ပြီးတဲ့ အချိန်မှာ တချို့ အခန်း တွေဟာ ဘယ်လိုပဲ ရိုက်ရိုက် ဒီအဓိပ္ပာယ် ပဲ သက်ရောက်နိုင်တယ် လို့ မြင်လာပါတယ်။

ကျွန်မဖန်တီးခဲ့တဲ့ ထားသခင်ဟာ ဒီလိုစရိုက်မျိုး မဟုတ်ပါဘူး။ ဒီလိုအခန်းတွေ ထည့် လိုက်တဲ့ အတွက် ထားသခင်ရဲ့ စရိုက်ကို ပြောင်းလဲ သွားစေနိုင်ပါတယ်။ ကျွန်မ ဒါမျိုး ရေးတတ် တဲ့စာရေး ဆရာမ မဟုတ်ဘူး ဆိုတာ ကျွန် မရဲ့ ပရိသတ် တွေ အသိဆုံးပါ။ ကျွန်မ ဝတ္ထုရေးတဲ့ အခါ ကျွန်မ မိဘ၊ မောင်၊ ညီမကိုပေး မဖတ်ရဲတဲ့ ဝတ္ထုမျိုး မဖြစ်စေရဘူး ဆိုတဲ့ ခံယူချက်နဲ့ ရေးပါတယ်။ ဒါရိုက်တာ မှာလည်းသူ့ ပညာနဲ့သူ ရှိ ပါလိမ့်မယ်။ ဒါရိုက်တာရဲ့ အပိုင်းကိုတော့ ကျွန်မ ဘာမှမဝေဖန်လိုပါဘူး ။သူဘယ်လို ရိုက်မယ် ဆိုတာ အတိအကျ ကြိုမသိနိုင်တဲ့ အတွက် ဘာကိုမှ ကြိုပြီး မဝေဖန် ချင်ပါဘူး။

ကျွန်မနဲ့ ပတ်သက်တာကိုပဲ ကျွန်မပြောတာပါ။ ကျွန်မ ဝတ္ထုနဲ့ အကယ်ဒမီ ရခဲ့တဲ့ မင်းသမီးလေး ဒီဇာတ်ကားကို ရိုက်ခွင့် မကြုံတော့တဲ့ အတွက်တော့ ကျွန်မ တကယ် စိတ်မကောင်းပါဘူး။

ဒါပေမဲ့ ဒါရိုက်တာ ဖြုတ်မပေးနိုင်တာလည်း သူ့ခံယူချက် နဲ့သူ ၊မင်းသမီးက ငြင်းတာ လည်း သူ့ခံယူချက်နဲ့သူ။ ကျွန်မ လက်မခံနိုင်တာ ဟာလည်း ကျွန်မခံယူချက် နဲ့ကျွန်မ။ ဘယ်သူမဆို လွတ်လပ်စွာကွဲလွဲနိုင် တာပဲမဟုတ်ပါလား ရှင်” လို့ပြောပါတယ်။ .
Popular Journal မှ

ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ထူးဆောင်ဒီမိုကရေစီဆု


17.12.2012
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu  ဂုဏ်ထူးဆောင် ဒီမိုကရေစီ ဆုချီးမြှင့်လိုက်တယ်လို့ အမေရိကန်အခြေစိုက် Wilson သုတေသနအဖွဲ့က  ကြေညာလိုက်ပါတယ်  ။  လာမယ့်လထဲမှာ ချီးမြှင့်မယ့် ဒီဆုပေးပွဲ အကြောင်း ပြည့်ပြည့်စုံစုံ သိရအောင် ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။

“The Ion Ratiu Democracy Award” ဆိုတဲ့ ဒီမိုကရေစီဂုဏ်ပြုဆုကို ကမ္ဘာတလွှား ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်မှု သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ စိတ်ကူးဥာဏ်ရည်၊ ကြံ့ကြံ့ခိုင်တဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့သူတွေရဲ့ လက်ရုံးရည်၊ နှလုံးရည်တွေကို အသိအမှတ်ပြု ချီးမြှင့်လေ့ ရှိပါတယ်။  Romania နိုင်ငံရေးသမား Ratiu ရဲ့ အမည်ကို ရည်ညွှန်းထားတဲ့ ဒီဆုကိုလာမယ့် လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ချီးမြှင့်ဖို့  အမေရိကန်အခြေစိုက် Wilson မူဝါဒရေးရာ သုတေသန အဖွဲ့ရဲ့ နိုင်ငံတကာအမျိုးသမီး ခေါင်းဆောင်များအဖွဲ့ GWLI က စီစဉ်ဆောင်ရွက်နေပါတယ်။ ခါတိုင်းနဲ့ မတူပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို အခုချီးမြှင့်မယ့်ဆုက သမိုင်းဝင် ဂုဏ်ပြုဆုဖြစ်တယ်လို့ GWLI  ညွှန်ကြားရေးမှူး Rangita de Silva de Alwis က VOA ကို ပြောပါတယ်။

“ဒီဆုဟာ နိုင်ငံနဲ့လူမျိုးအတွက် ဒီမိုကရေစီရေး ကြိုးပမ်းမှုကို နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ၊ ပင်ပမ်းစွာ လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးကို ပထမဆုံးအကြိမ် သူ့နိုင်ငံ၊ သူ့လူထုရှေ့မှာ ချီးမြှင့်ပေးအပ်မှာမို့ Ratiu Democracy ဆုသမိုင်းမှာ အင်မတန်ကို ထူးခြားပါတယ်။ နောက်တချက်က သူအင်မတန် လေးစားမြတ်နိုးတဲ့ အမျိုးသမီးလွတ်လပ်မှု အခွင့်အရေးအတွက်လည်း သူ့နိုင်ငံက အမျိုးသမီးထုရှေ့မှာ ဒီဆုကို ပေးအပ်မှာပါ။”

ဒီမိုကရေစီရေးကြိုးပမ်းမှုခရီးလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အာဏာပိုင်တွေကိုရော ဆုချီးမြှင့်ထိုက်တယ် လို့ မထင်ဘူးလား၊ ဥပမာ အသားရောင် ခွဲခြားရေးပြဿနာ အဆုံးသတ်နိုင်ဖို့အတွက် အရေးပါသူ တဦးဖြစ်တဲ့  တောင်အာဖရိက သမ္မတဟောင်း De Klerk ဟာလဲ  နယ်လ်ဆင်မန်ဒဲလားရဲ့ဒီမိုကရေစီတိုက်ပွဲမှာ အရေးပါသူတဦးအဖြစ် ကမ္ဘာ့သမိုင်းလေ့လာသူတချို့က ယူဆကြတယ်မဟုတ်လားလို့ မေးတဲ့အခါ သူ့အမြင်ကို ပြန်ရှင်းပြပါတယ်။

“ကျမအထင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှ နိုင်းယှဉ်လို့မရအောင် ဒီမိုကရေစီရေးကြိုးပမ်းမှုမှာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သူပါ။”

ဟုတ်ပါပြီ။ ဒါဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေစတင်နေတဲ့ လက်ရှိမြန်မာသမ္မတရဲ့ ဆောင်ရွက်ချက်တွေနဲ့ ဘယ်လိုနှိုင်းယှဉ် သုံးသပ်ပါလဲဆိုတဲ့မေးခွန်းကိုတော့ သူကခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့။ ဒီနေရာမှာ အရေးကြီးတာက သမ္မတက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် စိန်ခေါ်တိုက်ပွဲဝင်ရတဲ့ လုပ်ငန်းမျိုး၊ ဖြည့်စည်းပြီးဆောင်ရွက်ပေးရတဲ့ လုပ်ငန်းမျိုးကို၊ ပိုပြီးဆောင်ရွက်ရတာလို့ ထင်ပါတယ်။ မြန်မာဒီမိုကရေစီရေးအတွက် ဆယ်စုနှစ် ၂ခုကြာ နေအိမ်အကျယ်ချုပ်ချထားတဲ့ ကြားက ဒေါ်အောင်ဆန်းစုကြည်က ရုန်းကန်ကြိုးစားခဲ့တာပါ။”

လတ်တလော မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေအပေါ်သူ့အမြင်ကို မေးတဲ့ အခါမှာတော့ ဒီမိုကရေစီအတွက်ပထမလှမ်းရမဲ့ ခြေလှမ်းကို မြန်မာနိုင်ငံက လှမ်းလိုက်ပါပြီ။ လမ်းကြောင်းမှန်ပေါ်ကိုလဲရောက်နေပါပြီ။ ဒါပေမဲ့ ရှေ့ဆက်လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ မှတ်ချက်ပေးပါတယ်။  ဒါဖြင့် အဲဒီအများကြီးထဲက ဘယ်အချက်ကို အရေးအကြီးဆုံးအနေနဲ့ စလုပ်သင့်တယ်ထင်ပါလဲလို့ဆိုတော့ သူကအခုလိုဖြေပါတယ်။

“ ကျမအမြင်တော့ ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်တဲ့အခါမှာ တရားဥပဒေစိုးမိုးရေးက အရေးကြီးသလို အဲ့ဒီ့အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်တွေက အမျိုးသမီးတွေက အဓိက အခန်းကဏ္ဍပါဝင်ဖို့ လိုပါတယ်။”

နိုင်ငံတကာအမျိုးသမီးခေါင်းဆောင်များအဖွဲ့ GWLI ကွန်ယက်ဟာ ၂၀၁၁ ခုနှစ်ကစလို့ Wilson မူဝါဒသုတေသနလုပ်ငန်းနဲ့ အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဦးဆောင်တဲ့ အမျိုးသမီးပြည်သူ့ဝန်ထမ်းလုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်ကြတဲ့ အခြေခံ လုပ်ငန်းအဖွဲ့ လည်းဖြစ်ပါတယ်။ အခုဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုမယ့် The Ion Ratiu Democracy Award ဆုကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မှာ Wilson မူဝါဒရေးရာ သုတေသနအဖွဲ့ ရဲ့ညွှန်ကြားရေးမှူး Jane Harman က ပေးအပ်မှာ ဖြစ်ပါတယ်။

မမိုးဖြူ (VOA)

စစ်တွေတွင် အိန္ဒိယ၏ ကောင်စစ်ဝန်ရုံး ဖွင့်မည်

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆာလ်မန်း ခူးရှီးဒ် Salman Khurshid နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံ (PHOTO: President's Office)
ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် ကောင်စစ်ဝန် ရုံးသစ်တခု ဖွင့်လှစ် ခြင်းဖြင့် အိန္ဒိယ နိုင်ငံသည် မြန်မာ နိုင်ငံတွင် အစိုးရ ကိုယ်စားလှယ် မစ်ရှင် သုံးခု ထားရှိမည့် ပထမ ဆုံးသော နိုင်ငံ ဖြစ်လာမည် ဖြစ်သည်။

-

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ထားဝယ်တက္ကသိုလ် ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်များ


နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်သည် ထားဝယ်မြို့သို့ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင်ရောက်ရှိခိုက် ထားဝယ် တက္ကသိုလ်မှ ဆရာ၊ဆရာမများ၊၀န်ထမ်းများနှင့် ထားဝယ်တက္ကသိုလ်တွင်တွေ့ဆုံစဉ်လက်ပံတောင်းတောင် အရေးနှင့်ပတ်သက်ရှ်ျ ပြောကြားရာ၌ “ဒါတွေကလည်း တရားဥပဒေကိုလေးစားလိုက်နာကြမယ်ဆိုရင် ဒီပြသနာတွေဟာ ဖြစ်စရာအကြောင်းမရှိပါဘူး။

တရားဥပဒေနဲ့အညီဆောင်ရွက်နေတာ အချိန်ကာလအားဖြင့် တစ်နှစ်လောက်ရှိပါပြီ။သို့သော်လည်း အကြောင်းကြောင်းတွေကြောင့် တရားဥပဒေကို လေးစားလိုက်နာမှု မရှိတာလည်းပါ၊ နောက်တစ်ခါ အောက်မှာညှိတာနှိုင်းတာအဆင်မပြေတာတွေလည်းပါ၊ အဲ..နောက်ဆုံးတော့ ညှိနှိုင်းဖြေရှင်းရင်းနဲ့အဖြေရှာရမယ့်အစား…တရားဥပဒေစိုးမိုးအောင် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြပြုကြတော့ မထိခိုက်သင့်တဲ့ သံဃာတွေ ထိခိုက်သွားတော့ ကျွန်တော်လည်း စိတ်မကောင်းအများကြီးဖြစ်ရပါတယ်…”ဟု ထည့်သွင်းပြောကြားခဲ့သည်။


ရခိုင်ဒေသအရေးနှင့် ပတ်သက်ရ်ျပြောကြားရာ၌ “ဒီအာဃာတတွေ၊ဒီအမုန်းတရားတွေ၊ဒီအငြိုးတရားတွေကို ဒီလူမျိုးစွဲတွေ ဘာသာစွဲ တွေ သိပ်ပြီးတော့ပြင်းထန်တယ်၊ ပြင်းထန်တဲ့အတွက်ကြောင့် အချိန်ကိုယူပြီးတော့မှ ကျွန်တော်ထင်ပါတယ်။ ဆယ်စုနှစ်တစ်ခုလောက်ကိုအချိန်ယူပြီးတော့မှအခြေခံကစပြီး ပြန်တည်ဆောက်ရပါမယ်။အခြေခံကဘာလဲဆို တော့ ပညာရေးပဲ ” ဟု ထည့်သွင်းပြောကြားခဲ့သည်။



သတင်းနှင့်ဓာတ်ပုံ-ဖိုးဇော်(ထားဝယ်)

မြန်မာသမ္မတကြီးနှင့်ထိုင်းဝန်ကြီးချုပ်တို့၏ထားဝယ်ခရီး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးရန် ထိုင်းဝန်ကြီးချုပ်မစ္စယင်လပ်ရှင်နာဝပ်သည်ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ထားဝယ်မြို့သို့ရောက်ရှိလာခဲ့ပါသည်။

ထို့နောက်မြန်မာသမ္မတကြီးအား အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာန ချုပ်ရှိဧည့်ရိပ်သာတွင်သွားရောက်တွေ့ဆုံပြီး ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိရာ ရေဖြူမြို့နယ်၊နဘုလယ်ဒေသသို့ ရဟတ်ယာဉ်များဖြင့်ထွက်ခွာခဲ့ကြသည်။ရေနက်ဆိပ်ကမ်းစီမံကိန်းရှင်းလင်းဆောင်တွင်
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်စက်မှုဇုန်စီမံကိန်းဆိုင်ရာကိစ္စရပ်များ
၊နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။

ထိုခရီးစဉ်၏မှတ်တမ်းဓာတ်ပုံများကို ထိုင်းဝန်ကြီးချုပ်၏ facebook စာမျက်နှာနှင့်နဘုလယ်ခရီးစဉ်တွင်လိုက်ပါသွားသည့် သူငယ်ချင်းဖြစ်သူတစ်ဦး၏မှတ်တမ်းဓာတ်ပုံများဖြင့် မှတ်တမ်းတင် တင်ပြရခြင်းဖြစ်ပါသည်။

ထိုခရိးစဉ်သည်နှစ်ပေါင်းများစွာအတွင်း ပြည်ပ နိုင်ငံအကြီးအကဲတစ်ဦးထားဝယ်ဒေသသို့ရောက်ရှိလာခြင်း
လည်းဖြစ်ပါသည်။

ဓာတ်ပုံ ကျော်ဦး




နဘူလယ်မှထားဝယ်လေဆိပ်သို့ပြန်အရောက်........ photo - Yinluck facebook


r>
ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်း ဇီးရိုးပွိုင့်တွင်.... photo - Yinluck facebook
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းသို့အရောက်

photo - Yinluck facebook



ဖိုးဇော်(ထားဝယ်) စုစည်းတင်ပြသည်။

Monday, December 17, 2012

ဒဏ်ရာရသံဃာ ၄ ပါးအား ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လာရောက် တွေ့ဆုံ

 
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြကြသူများအားဖြိုခွဲရာတွင် မီးလောင်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသော ရဟန်းသံဃာတော်များထဲမှ
ဦးဝိသုဒ္ဓ(အလယ်တိုက်ကြီး ဒက္ခိဏာရာမကျောင်းတိုက် မန္တလေး)၊ ဦးစန္ဒောဘာသ (အလယ်တိုက် ပခုက္ကူ)၊ ဦးသုစိတ္တ (ဇောတိကာရုံကျောင်းတိုက် မုံရွာ)၊ ရှင်သဇ္ဇန(မြို့မရွှေဂူကျောင်းတိုက်မုံရွာ)စသည့်သံဃာတော်(၄)ပါးသည် မန္တလေးမြို့မှရန်ကုန်ဆေးရုံကြီးမျက်နှာနှင့်မေးရိုး(အထူးကြပ်မတ်ဆောင်)သို့
ဒီဇင်ဘာလ၊(၁၆)ရက်နံနက်(၇း၀၀)နာရီကရောက်ရှိခဲ့ကြရာ
ယနေ့ဒီဇင်ဘာ၊(၁၇)ရက် မွန်းလွဲ(၂း၀၀)နာရီက မင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က သဃာတော်များ ဆေးကုသမှုခံယူနေသော ရန်ကုန်ဆေးရုံကြီးမျက်နှာနှင့် မေရိုးအထူးကြပ်မတ်ဆောင်သို့သွားရောက် ဂါရဝပြုတွေ့ဆုံအားပေးခဲ့ကြပြီး အလှူငွေများလှူဒါန်းခဲ့ကြသည်။



88 Generation Students(Facebook)

ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ စင်မြင့် ဖျော်ဖြေပွဲ ဇန်နဝါရီ ၁၂ တွင် ကျင်းပမည်

 
ဒီဇင်ဘာ ၄ ရက်နေ့ က အမိ မြန်မာပြည်သို့ ခေတ္တ ပြန်လည်ရောက် ရှိလာသော ဂန္ထဝင် တေးသံရှင်ကြီး မာမာအေး၏ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာနိုင်ငံ၌ ပထမ ဆုံး ဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့ တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။
“ဇန်နဝါရီ ၁၂ ရက် နေ့မှာ လုပ်မှာပါ။ လုပ်ချင် တာကတော့ သုဝဏ္ဏ မှာ လုပ်ချင်တယ်။ ရ၊ မရ တော့ မသိသေးဘူး။ တင်တော့ တင်ထားတယ်။ တကယ်လို့ မရရင်တော့ ပြည်သူ့ ရင်ပြင်မှာ ပဲလုပ်ဖြစ်မယ်။ အခုပါမယ့် အဆိုတော်တွေ စပြီး ညှိနေပြီ။ သီချင်းတိုက်ဖို့ ရက်လည်း ရွေးပြီးပြီ။ လူကြီးလူငယ် အရွယ်စုံပါမှာပါ” ဟု အဆိုပါ ပွဲကို စီစဉ်သူ ဘိုဘို အင်တာတိန်းမန့်မှ ကိုဘိုစန်းက ပြောသည်။ တေးသံရှင်ကြီး မာမာအေး၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို စီစဉ် ကျင်းပဖြစ်ပုံနဲ့ ပါတ်သက်ပြီး လည်း ကိုဘိုစန်းက..
“ကျွန်တော်တို့  ငယ်ငယ်က တည်းက လေးစားခဲ့၊  ကြိုက်နှစ်သက်တဲ့သူ ဆိုတော့ အရင်ကတည်းက ပွဲလုပ်ချင်တာပါ။ ဘာပဲပြောပြော သူ့ကို ကမ်းလှမ်းတဲ့ သူတွေ အများကြီး ထဲက ကျွန်တော်တို့ကို ရွေးချယ်ခဲ့တဲ့ အတွက် အန်တီမာမာအေးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုလို ကျင်းပ ခွင့်ရတဲ့ အတွက် ကျွန်တော် ဂုဏ်ယူပါ တယ်” ဟု ကိုဘိုစန်းက ပြောပြီး ဒေါ်မာမာအေး ပြန်မည့်ရက်ကိုတော့ အတိအကျ မသိသေးကြောင်းလည်း ပြောသည်။
ရဲရဲ

ညအချိန် အကြမ်းဖက်တိုက်ခိုက်လုယက်မှုများတွင် အမျိုးသမီးများပါဝင်နေ

 
မန္တလေးမြို့ ညအချိန် လူသူပျက်လပ်သော လမ်းမကြီးများတွင် အကြမ်းဖက် တိုက်ခိုက်လုယက်မှုများ ရှိနေကြောင်း ၎င်းလုယက်မှုများတွင် အမျိုးသမီး အချို့ ပါဝင်နေကြောင်း ကြုံတွေခဲ့ရသူ ဒေသခံတစ်ချို့ထံမှ သိရသည်။ ယင်းသို့ အကြမ်းဖက်မှု များတွင် ဆိုင်ကယ်တားပြီး ရိုက်နှက်မှုများ ဆိုင်ကယ် စီးနေသူထံမှ လက်ကိုင်အိပ်၊ ဟန်းဖုန်းစသည့် လုယက်မှုများ----