Pages

Thursday, January 31, 2013

ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌ ကို သာသနာရေး ဝန်ကြီး ခန့်ရန် ပြည်ထောင်စု လွှတ်တော် အတည်ပြု

 w1-30-1-3
နေပြည်တော်၊ ဇန်နဝါရီ ၃၁

ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် ယနေ့ ကျင်း ပသော ပြည်ထောင်စု လွှတ်တော် တွင် လွှတ်တော်ကိုယ်စားလှယ် အား လုံးက သဘောတူသဖြင့် အတည် ပြုကြောင်း ပြည်ထောင်စု လွှတ်တော် နာယက
ဦးခင်အောင်မြင့် ကပြောကြားသည်။

ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်ကို သာသနာရေး ဝန်ကြီး ခန့်အပ်ရန် ကာယကံ ရှင်၏ ဆန္ဒ သဘောထားကို အရင်ဆုံးမေးမြန်း ပြီးမှ ဆုံးဖြတ်သင့်ကြောင်း ပန်းတနော်မြို့မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင် ဉာဏ် က လွှတ်တော် သို့ အကြံပြု ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော် နာယက က လွှတ်တော်က ခန့်အပ်ခြင်း မခန့်အပ်ခြင်းမှာ နိုင်ငံတော်သမ္မတ နှင့်ဆိုင်ပြီး မိမိတို့ တာဝန်မှာ သဘောတူ ခြင်း မတူခြင်း ဆုံးဖြတ်ပေးရန်သာ ဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဆန်းဆင့် ကို သာသနာရေး ဝန်ကြီးအဖြစ် ခန့်အပ် ရန်
ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် သို့ သဝဏ်လွာပေးပို့
ခဲ့ခြင်းဖြစ်သည်။