Pages

Wednesday, January 30, 2013

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌအား ပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်အပ်ခြင်းကို ကန့်ကွက်ကြသည်ဆိုခြင်း


1
ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့်အား  နိုင်ငံတော် သမ္မတက ၂၂.၁.၂၀၁၃ ရက်စွဲ ဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ရန် သဘောဆန္ဒ တောင်းခံကြောင်း သ၀ဏ်လွှာ ပေးပို့သည်ဟု အင်တာနက် သတင်းများအရ သိရသည်။
ထို့အပြင် သရေစည်သူ ဦးဆန်းဆင့်အား သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးအပ်ခြင်းကို ရာထောင်ချီသော ဧရာဝတီတိုင်း သားများက လက်မှတ်ရေးထိုး လျက် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့ထံ ကန့်ကွက်စာများ ပေးပို့ထားကြောင်းဖြင့် အင်တာ နက်သတင်းများတွင် ပျံ့နှံ့လျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက် ၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ Hot News  ဂျာနယ်မှ တယ်လီဖုန်းဖြင့် ဆက် သွယ်မေးမြန်းရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူ ဦးဆန်းဆင့်က အောက်ပါအတိုင်း ပြောကြားခဲ့ပါသည်။ ““ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့်အတွက် ပြည်သူဖြစ်စေ ချင်သည့် သဘောဆန္ဒအတိုင်း ပြည်သူထားသည့်နေရာ၊ ပြည်သူ ပေးအပ်သည့်တာဝန်ကို နေရာ မရွေး ထမ်းဆောင်မယ်၊ ပြည်သူ ဆန္ဒရှိသည့်နေရာတွင် မည်သည့် တာဝန်မဆို ထမ်းဆောင်မယ်လို့ ဆုံးဖြတ်ထားပါတယ်””ဟု Hot News  သို့ ထုတ်ဖော်ပြောကြားခဲ့ သည်။
ထို့နောက် ကျောင်းကုန်း၊ ဓနုဖြူ၊ ကျုံပျော်၊ ပန်းတနော် (၄) မြို့နယ်မှ လူထုအင်အား (၁၀၀) ကျော်ခန့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏  ရုံးခန်း အတွင်းသို့ လာရောက်၍ ပြည်သူ များ၏ သဘောထားကို ကိုယ် တိုင်ကိုယ်ကျလာရောက်ပြီး လူဦး ရေ(၁၀၀)ကျော် လက်မှတ်ရေး ထိုးထားပြီးသောစာများကို လာ ရောက်ပေးအပ်ခဲ့သည်ဟု သိရ သည်။
 အယ်ဒီတာတစ်ဦး(Hot News Weekly)