Pages

Friday, February 1, 2013

မနက်ဖန် ၁-၂-၂၀၁၃ နေ့ မှာသမ္မတ ဦးသိန်းစိန် ရေဒီယို မိန့်ခွန်းပြောမယ်


သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာ နိုင်ငံသားတွေကို ရေဒီယို မိန့်ခွန်း ပြောကြား မှာ ဖြစ်တယ်လို့ သမ္မတရဲ့ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ 


 ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတက မိဘပြည်သူများကို ပြောကြားတဲ့ရေဒီယိုမိန့်ခွန်းအား မြန်မာ့အသံနဲ့ အက်ဖ်အမ်အသံလွှင့်ဌာနများက ထုတ်လွှင့်ပေးပါ့မယ်။ ထုတ်လွှင့်ချိန်များက မနက် ၀၇၀၀ နာရီ၊ ၁၁၀၀ နာရီသတင်းအပြီး၊ ညနေ ၆ နာရီသတင်းအပြီးနဲ့ ၈ နာရီသတင်းအပြီးချိန်များဖြစ်ပါတယ်။ 
ဧရာဝတီ