Pages

Monday, January 21, 2013

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏လုပ်ဆာင်ချက်များကို သိရှိရန် အတွက် နိုင်ငံတော်သမ္မတထံသို့ လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် ကြားဖြတ်အစီရင်ခံစာ တင်ပြရန်သတင်းထုတ်ပြန်

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းများနှင့် ပတ်သက်ပြီး၎င်းတို့ အဖွဲ့၏ ဆောင်ရွက်နေမှုများကို သိရှိရန် အတွက် နိုင်ငံတော်သမ္မတထံသို့ လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် ကြားဖြတ်အစီရင်ခံစာကို ၄၈ နာရီအတွင်း တင်ပြရန် စီစဉ်လျက်ရှိကြောင်းကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် နေ့ တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ သတင်းထုတ်ပြန်ချက် အမှတ် (၂/၂၀၁၃) ဖြင့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ရာတွင် အဖွဲ့များဖွဲ့၍ ဆောင်ရွက်နေမှု၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအဝင် စံပယ် တောင်၊ ကြေးစင်တောင်တွင် သတ္တုတူးဖော် လုပ်ကိုင်နေမှုများအပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးနှင့် ပတ်သက်သော လေ့လာ တွေ့ရှိချက်များ၊ သာသနိက အဆောက်အအုံများနှင့် ပတ်သက်ပြီး ဆရာတော်များ၏ မိန့်ကြားချက်များ၊ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ၏ တင်ပြ ချက်များကို ကြားဖြတ် အစီရင်ခံစာ တွင်ထည့်သွင်းရန်အတွက်ဆွေးနွေးခဲ့ပါသည်။

ဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနှင့် သပိတ်စခန်းဖြိုခွင်းခဲ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများနှင့်လည်း တွေ့ဆုံခဲ့သည့်ဆွေးနွေးချက်များကို အစီရင်ခံစာတွင် တင်ပြသွား မည်ဖြစ်ကြောင်းသိရသည်။

ယခုနိုင်ငံတော်သမ္မတထံသို့ တင်သွင်းမည့် ကြားဖြတ်အစီရင်ခံစာသည် လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ လုပ်ဆာင်နေမှု များနှင့် ပတ်သက်ပြီး တင်ပြခြင်းသာ ဖြစ်၍ထုတ်ပြန်ကြေညာချက်များကိုမူ အပြီးသတ် အစီရင် ခံစာတင်ပြသည့်အချိန်မှသာ အသေးစိတ်ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဒေါင်းမာန်ဟုန်