Pages

Wednesday, January 23, 2013

မြန်မာတွင် ဒေါ်လာ သန်း ၇၅၀ အထိ ရင်းနှီးမြှပ်နှံမည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံ မလေးရှား ကုမ္ပဏီကြီး တစ်ခုတည်ဆောက်မည်

ကွာလာလမ်ပူ၊ ဇန်န၀ါရီ ၂၂ ။

မလေးရှား၏ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မူဒါဂျာယာ ဂရု(ပ်)သည် လာမည့် ၂၀၁၄မှစ၍ မြန်မာ နိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၇၅၀ အထိ ရင်းနှီးမြှပ်နှံမှုတန်ဖိုးရှိ ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံတစ်ရုံကို စတင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံကို မန္တလေးဒေသအတွင်း တည်ဆောက်သွား မည်ဖြစ်ကာ မူဒါဂျာယာနှင့် IJM ကော်ပိုရေးရှင်းတို့က ပူးတွဲ တည်ဆောက်သွား မည်ဟု သိရသည်။ စက်ရုံတည်ဆောက်မှု ပထမအဆင့်ပြီးစီးသွားပါက မန္တလေးဒေသကို ဓါတ်အား၅၀၀ မီဂါဝပ် ပေးအပ်သွားနိုင်မည်ဟု သတင်းက ဆိုသည်။

ယင်းကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက “မြန်မာဟာ တံခါးဖွင့်ဈေး ကွက် ပေါ်လစီ ကျင့်သုံးနေပြီး အစိုးရကလည်း စက်ရုံတည် ဆောက်ရေးမှာ ကျွန်တော်တို့ ဘယ်လောက် ကြီးကြီးမားမား ငွေသုံးနိုင်မယ်ဆိုတာနဲ့ ပတ်သက်လို့  ကန့်သတ်ချက်ထားတာ မရှိပါဘူး။ လောင်စာ ဖြည့်တင်းမှုနဲ့ အသုံးပြုနိုင်မှုပေါ် မူတည်ပြီး စက်ရုံဟာ ပိုကြီးသွားနိုင်ပါတယ်” ဟု ပြောကြားသည်။

မူဒါဂျာယာ၏ ကုမ္ပဏီခွဲ SPV တွင် IJM ကော်ပိုရေးရှင်းတည် ထောင်သူ ဒါတွတ်ခွန်း၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါဝင်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကို SPV ကပိုင်ဆိုင်သည်။

ဓါတ်အားပေးစက်ရုံပထမအဆင့် တည်ဆောက်မှုတွင် ကျောက် မီးသွေးသုံး စက်ရုံပါဝင်ပြီး ဒုတိယအဆင့်တွင် နေစွမ်းအင်သုံး စက်ရုံ ပါဝင်မည် ဖြစ်သည်။ SPV နှင့် IJM တို့သည် ယမန် နှစ်ကစ၍ မန္တလေးနှင့်အနီး သင့်တော်သော ဒေသများတွင် သီးခြား ဓါတ်အားပေးစက်ရုံနှစ်ခု တည် ဆောက်ပေးသွားရန် တိုင်းဒေသကြီးအစိုးရနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့သည်။

မဒူဂျာယာကုမ္ပဏီသည် မလေးရှား၏ အကြီးစား ဆောက်လုပ် ရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိတွင် မလေး၌ ရင်းဂစ် ငွေ ၅ ဘီလီယံ တန်ဖိုးရှိ ဆောက်လုပ်ရေး ပရောဂျတ်များ လုပ်ကိုင်နေသည်။

REF: Business Time(btimes.com/my)/ မြန်မာ့ခေတ် မှ