Pages
▼
Monday, January 28, 2013
ယနေ့ (ဇန်န၀ါရီလ ၂၈ ရက်နေ့) တွင် ပြုလုပ်မည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင်ဆွေးနွေးကြမည့်အကြောင်းအရာများ
ယနေ့ (ဇန်န၀ါရီလ ၂၈ ရက်နေ့) တွင် ပြုလုပ်မည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင်
၁) မိုဘိုင်း ဖုန်းများကို ဈေးလျော့ ချရန် အစီအစဉ် ရှိသည့် အတွက် ကျေးလက်နေ ပြည်သူ များအား အရစ်ကျ ရောင်းချမည့် အစီအစဉ်ကို ဈေးလျော့ ပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။
၂) နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ၀န်ကြီးဌာန၏ စေလွှတ်ချက်အရ ပြည်ပသို့ အစည်းအဝေး ဆွေးနွေးပွဲများ သွားရောက်ရာတွင် အကြီးတန်း အရာထမ်း ညွှန်ကြားရေးမှူးချုပ် အဆင့်မှအပ ကျန် ၀န်ထမ်းများအား သက်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ယူ စိစစ် ခွင့်ပြုချက်ဖြင့် လုပ်ထုံး လုပ်နည်း များကို ဖြေလျော့ ပြုပြင် ပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း။
၃) လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးက ဆွေးနွေးခြင်း။
၎) အခြေခံ ပညာ ဆရာ၊ ဆရာမ များ၏ စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်း ဆွေးနွေးပွဲများ ဖြည့်ဆည်း ကူညီ ပံ့ပိုးပေးရန် အဆိုအား လွှတ်တော် ကိုယ်စားလှယ် လေးဦးက ဆွေးနွေးခြင်း၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ဖြေရှင်း ဆွေးနွေးခြင်း၊ အမျိုးသား လွှတ်တော်၏ အဆုံး အဖြတ် ရယူခြင်း။
အစရှိသည်တို့ကို ဆွေးနွေး ကြမည် ဖြစ်ပါသည်။