Pages

Thursday, February 7, 2013

 ထိုင်ဝမ်တရုတ်ပိုင်တရားမဝင်ငါးဖမ်းသင်္ဘောပေါ်တွင် မတရားအခိုင်းခံခဲ့ရသော မြန်မာသင်္ဘေသားနှစ်ဦး ပြန်လည်ရောက်ရှိ တာဝန်ခံကာစေလွတ်ခဲ့သော ကိုယ်စားလှယ်နှစ်ဦးအား တရားစွဲဆိုသွားမည်

တောင်အာဖရိကနိုင်ငံရှိ ထိုင်ဝမ်တရုတ်ပိုင်တရားမဝင် ငါးဖမ်းသင်္ဘောပေါ်တွင် မတရားခိုင်းစေခံခဲ့ရသော မြန်မာသင်္ဘောသားနှစ်ဦး ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းတို့အား တာဝန်ခံကာစေလွတ်ခဲ့သော ဒေသခံ ကိုယ်စားလှယ်နှစ်ဦးအား တရားစွဲ ဆွဲဆိုသွားမည်ဖြစ်ကြောင်း တမရားခိုင်းစေခံခဲ့ရသော မြန်မာသင်္ဘော သားတစ်ဦးဖြစ်သူ မောင်လင်းထိုက်အောင်၏ မိခင်ဖြစ်သူ ဒေါ်နွယ်နီတင်က ပြောသည်။
အထက်ပါအကြောင်းအရာများကို ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲအတွင်း  ငါးဖမ်းသင်္ဘောပေါ်တွင် ဒုက္ခများနှင့်ကြုံတွေ့ခဲ့ရပုံကို ရှင်းလင်းပြောကြားခဲ့သည်။

''အဒေါ်ရဲ့သားနှင့်သူငယ်ချင်းဟာ ရန်ကုန်ကနေ့ တောင်အာဖရိကနိုင်ငံ Cape Town ကို ၂ဝ၁၂ ခုနှစ် ၇လပိုင်း ၂၆ရက်နေ့မှာ ရန်ကုန်ကနေထွက်ခွာသွားပါတယ်။ လေးလခန့်အကြာမှာ သားကအဒေါ် ဆီကို ဖုန်းဆက်ပါတယ်။သူနဲ့မြန်မာသူငယ်ချင်း ၅ယောက်ဟာ ရေ လယ်ခေါင်မှာရှိတဲ့ GI သင်္ဘောပေါ် မှာသူတို့ကို မတရားရိုက်နှက်ခိုင်းစေကြောင်း၊အသက်အန္တရာယ်စိုးရိမ်ရကြောင်းပြောပါတယ်။အဲဒါနဲ့အဒေါ် က စေလွတ်တဲ့ကိုယ်စားလှယ်တွေကို သွားတွေ့တယ်။သူတို့တွေက သေချာဖြေရှင်းမပေးဘူး။သူတို့တွေက လိမ်လည် ပိုက်ဆံယူပြီးစေ လွတ်ခဲ့တာဖြစ်တယ်။သူတို့ကို နောက်အပတ်ထည်မှာ တရားစွဲဆို သွားမယ်''ဟု ဒေါ်နွယ်နီတင်ကပြော ပြသည်။  
တောင်အာဖရိကနိုင်ငံ Cape Town သို့ရောက်ရှိပြီး မတရားအခိုင်း ခံခဲ့ရသော မြန်မာသင်္ဘောသားနှစ်ဦး အား စေလွတ်ခဲ့သောကိုယ်စားလှယ် နှစ်ဦးက ငါးဖမ်းသင်္ဘောပေါ်တွင်အလုပ်ကြမ်းမလုပ်ရဘဲ၊စက်ပိုင်းဆိုင် ရာများသာလုပ်ရမည်ဖြစ်ကြောင်း၊ လုပ်အားငွေကိုလည်း တစ်လလျှင် လည်း အမေရိကန်ဒေါ်လာ ၃ဝဝ ရရှိမည်ဟု တာဝန်ခံစေလွတ်ခဲ့သော်လည်း လက်တွေ့လုပ်ကိုင်ရသော အခါတွင် ငါးဖမ်းအလုပ်ကြမ်းကို သာ ခိုင်းစေခဲ့ကြောင်း၊သင်္ဘောပေါ် ရှိ ကိုးရီးယားနှင့်တရုတ်လူမျိုးများ ကလည်း မတရားရိုက်နှက်ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောသား ကိုခန့်လင်းမောင်ကပြောပြသည်။
''ကျွန်တော်တို့ကို ဟိုမှာငါးဖမ်း တဲ့အလုပ်ကိုခိုင်းတယ်။ဘာသာစကားကလည်းမတူ၊ငါးဖမ်းအလုပ်ကျလည်း ကိုယ်ကမကျွှမ်းကျင်တော့ ရိုက်နှက်ပြီးခိုင်းတယ်။ဝါးလုံးတွေ့ရင် ဝါးလုံးနဲ့ရိုက်တယ်။ပြောရရင်တွေ့တာ နဲ့ရိုက်တယ်''ဟုကိုခန့်လင်းမောင်က ထပ်မံပြောပြသည်။

အထက်ပါတရားမဝင်ခိုင်းစေခံခဲ့ရသော မြန်မာသင်္ဘောသားများ နှင့်ပတ်သက်၍ မြန်မာနိုင်ငံပင်လယ်ကူး
သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်မှ တောင်အာဖရိကရှိ မြန်မာ သံရုံးနှင့်ဆက်သွယ်ကာဆောင်ရွက်ခဲ့ကြောင်း၊သံရုံးမှတာဝန်ရှိသူများက ယင်းကိစ္စကို အကုန်လုံးဆောင်ရွက် ခဲ့ကြောင်း၊သင်္ဘောသားနှစ်ဦးသည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁ရက်နေ့ မှာပြန်လည်ရောက်ရှိခဲ့ကြောင်း ယင်း အဖွဲ့ချုပ်မှ သင်္ဘောသားရေးရာဥက္ကဌ ဦးစံသိန်းကပြောသည်။
ထိုင်ဝမ်ငါးဖမ်းသင်္ဘောပေါ် တွင် မတရားအခိုင်းခံခဲ့ရသော မြန် မာသင်္ဘောသားနှစ်ဦးသည် မတရား ရိုက်နှက်ခိုင်းစေခြင်းခံခဲ့ရသော်လည်း   လုပ်ခလစာမှာ အပြည့်အဝမရရှိကြောင်းပြောပြသည်။ ''သင်္ဘောတက်တော့မယ်ဆို ရင် စာရွက်စာတမ်းတွေသေသေချာချာ ဖတ်စေချင်တယ်။လိမ်လည်သူတွေ များတော့ သွားမယ်ဆိုရင် ဂရုတစိုက်လုပ်ကိုင်ပြီး သွားသင့်တယ်''ဟု သင်္ဘောတစ်ဦးကပြောပြသည်။
Eleven Media Group