Headlines News :
Home » » တိုင်းရင်းသားပြဿနာ ၀င်ရောက်ညှိနှိုင်းလို ဟု ဒေါ်စုပြောပြီ

တိုင်းရင်းသားပြဿနာ ၀င်ရောက်ညှိနှိုင်းလို ဟု ဒေါ်စုပြောပြီ

Written By လွင့်မောင်မောင် on Tuesday, February 12, 2013 | 11:09 PM

 
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လူမျိုးစုတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒီကနေ့ ကမ်းလှမ်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အဖွဲ့ဝင်တွေ အတွက် ဒီကနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ပေးပို့လိုက်တဲ့ ဗွီဒီယို မိန့်ခွန်းထဲမှာ အဲ့ဒီလို ကမ်းလှမ်းချက်ကို ထည့်သွင်းပြောကြား သွားတာပါ။

“ကျမ ပါဝင်ချင်ပါတယ်။ အချိန်မရွေး လိုလားလို့ရှိရင် ကျမမှာ ပါဝင်ဖို့ အဆင်သင့်ရှိပါတယ်ဆိုတာကို ကျမ တရားဝင် ထုတ်ဖော်ပြောခဲ့တာ ကြာပါပြီ။ ပြီးတော့ ဘာဖြစ်လို့မပါသလဲဆိုတော့ တကယ်တော့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အောင်အောင်မြင်မြင် ပါနိုင်ဖို့ဆိုတာက ကာယကံရှင်တွေက လိုလားမှ ဖြစ်နိုင်မှာပါ။ ကာယကံရှင်တွေရဲ့ လိုလားမှု၊ တောင်းဆိုမှု မရှိဘဲနဲ့ ၀င်ပြီးတော့ လုပ်လို့ ငြိမ်းချမ်းရေး ရမယ်ဆိုတာ ဒါ ကိုယ့်ကိုယ်ကို အထင်ကြီးရာလည်း ရောက်ပါမယ်။ အဲ့ဒါကြောင့် ကျမကို လိုလားတယ်၊ ကျမကို လုပ်ပေးစေချင်တယ် ဆိုရင်တော့ အချိန်မရွေး လုပ်ပေးပါမယ်ဆိုတာ တရားဝင် ဒီကနေ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာ ကျမ ပြောပါရစေ။”

ဒီကနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်ကနေ လွတ်မြောက်ရေး တောင်းဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်တွေကြား ၁၉၄၇ ခုနှစ်က ပင်လုံသဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့ နေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင် လက်နက်ကိုင်အဖွဲ့တို့အကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ပွားနေတာကို ရပ်တန့်စေရေး နည်းလမ်းရှာဖို့အတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အစိုးရဘက်က ကချင်ကို တိုက်ခိုက်နေမှု ရပ်ပေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းမှု မပြုလုပ်ခဲ့ဘူးဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

 ဗွီအိုအေ(မြန်မာဌာန)
Share this article :

တစ်ပတ်အတွင်းသတင်းဒိုင်ယာရီ

email တွင်ဖတ်ရန် သင့် Mail ကိုရိုက်ထည့်ပါ

Zawgyi Unicode Font

Download

Total Pageviews

ထားဝယ်မြို့ဆန်းချီ အ-မ-က မြတ်ဆရာပူဇော်ပွဲ

Mandalay FM Live Radio


Mandalay FM Live Radio


လွင့်မောင်မောင်၏ ဒိုင်ယာရီ စာမျက်နှာများ

Followers

 
Support : Creating Website | Johny Template | Mas Template
Proudly powered by Blogger
Copyright © 2011. Lwintmgmg Daily News - All Rights Reserved
Template Design by Creating Website Published by Mas Template