Pages

Sunday, February 3, 2013

PSB Academy သို့တက်ရောက်လိုသူများ အခမဲ့စာရင်းပေးသွင်းနိုင်


PSB Academy သို့တက်ရောက်ကာ Engineering ဘာသာရပ်အား လေ့လာလိုသည့်  ကျောင်းသူကျောင်းသားများအနေဖြင့် Engineering Foundation တွင် အခမဲ့ စာရင်းပေးသွင်းတက်ရောက်နိုင်ကြောင်း မြန်မာ့ပညာရေးဝန်ဆောင်မှုအသိုင်းအ၀ိုင်းက သိရသည်။
စင်္ကာပူနိုင်ငံ PSB Academy တွင် အင်္ဂလန်၊ သြစတြေးလျနိုင်ငံတို့ မှ ပေးအပ်ချီးမြင့်မည့် Mechanical Engineer/ Electronic Electrical Engineer ဘာသာရပ်များကို တက်ရောက်မည့်သူများအတွက် အခြေခံ သင်္ချာနှင့် ရူပဗေဒဘာသာရပ်များကို အခမဲ့သင်ကြား ပို့ ချပေးသွားမည်ဖြစ်ကြောင်း CROWN Education မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 
အခုလို အင်ဂျင်နီယာ ဘာသာရပ်တက်ရောက်မယ့် ကျောင်းသူကျောင်းသားတွေအတွက်  Physics  နဲ့  Math ကို အခမဲ့ ပို့ ချပေးရတဲ့ ရည်ရွယ်ချက်က၊ ဒီဘာသာရပ်နှစ်ခုက အင်ဂျင်နီယာ သင်ယူမယ့် ကျောင်းသူ ကျောင်းသားတွေအတွက်  အဓိကကျတဲ့  အခြေခံဘာသာ ရပ်တွေဖြစ်ပြီး၊ အဲဒီ အခြေခံတွေကို မနိုင်ရင် အတန်း ကြီးရင် စာမလိုက်နိုင်ကြတော့ပါဘူး၊၊ မြန်မာနိုင်ငံက ကျောင်းသားတွေ သင်ယူခဲ့တဲ့ ပုံစံနဲ့  လုံးဝကွဲပြားတဲ့ပုံစံနဲ့  သင်ယူရမှာဖြစ်လို့  ဒီအတိုင်း လွှတ်လိုက်တာထက်စာရင် အခြေခံကောင်းတွေရအောင် လေ့ကျင့်ပေးလိုက်တဲ့ သဘောမျိုး ဖြစ်ပါတယ်”ဟု CROWN Education မှ ပညာရေး အတိုင် ပင်ခံဦးအောင်ကျော်ဆန်းက ပြောသည်။
PSB Academy တွင် သင်ယူနိုင်မည့် ဘာသာရပ်များမှာ BE (Electrical and Electronic) နှင့် BE(Mechanical Engineering) တို့ဖြစ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် Manchester Metropolitan University (အင်္ဂလန်) သို့ မဟုတ် University of Newcastle (သြတြေလျ) တက္ကသိုလ်မှပေးအပ်ချီးမြင့်ဘွဲ့ ကို ရွေးချယ် တက်ရောက်နိုင်ကြောင်း သိရသည်။
Manchester Metropolitan University မှပေးအပ်မည့် အင်ဂျင်နီယာ ဘာသာရပ်များကို Institution of Mechanical Engineers နှင့် The Institution of Engineering and Technology (UK) တို့မှ အသိအမှတ် ပြုထားကာ ဘွဲ့ရရှိထားသူများအနေဖြင့် အဆိုပါအဖွဲ့တွင် UK Chartered Engineer အဖြစ်အခွင့် အရေးရရှိ မည် ဖြစ်သည်၊၊
University of Newcastle မှပေးအပ်မည့် အင်ဂျင်နီယာဘွဲ့ မှာ Engineers Australia (EA) မှ အသိအမှတ် ပြုထားပြီး Engineers Australia တွင် မှတ်ပုံတင်ထားပါက သြစတြေလျနိုင်ငံတစ်ခုထဲ၌သာမက ကမ္ဘာတစ်ဝှမ်း အင်ဂျင်နီယာအတစ်ယောက်အဖြစ် လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းဖြစ်သည်။
၎င်းအတွက် အလုပ်အတွေ့အကြုံ ရက်သတ္တပတ် (၁၂) ပတ်လုပ်ကိုင်ရမည့် အစီအစဉ်ပါဝင်သဖြင့် ကျောင်းပြီး အလုပ်အကိုင်ရှာဖွေရာတွင် များစွားအထောက်အကူပြုကြောင်းကိုလည်း သိရသည်၊၊
အသေးစိတ်သိရှိလိုသူများအနေဖြင့်  CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ် ၊ ပြည်လမ်း၊ မြေနီကုန်း ၊ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇  နှင့် ၀၉  ၅၀၈၅ ၁၈၅ တို့သို့ဆက်သွယ် စုံစမ်း မေးမြန်းသည်။
မြစ်မခ