Pages

Thursday, March 28, 2013

မတူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများနှင့် အကြမ်းဖက်သတ်ဖြတ်မှုများ လုံးဝလက်မခံဟု ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ထုတ်ပြန်


ရန်ကုန် ။ မတ် ၂၈

လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ၊ တရားဥပဒေမဲ့ လုပ်ရပ်များနှင့်ပတ်သက်၍ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ) က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ကာ သဘောထားတစ်ရပ်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ယင်းထုတ်ပြန်ချက်တွင် မတူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား ၄င်းတို့အနေဖြင့် လုံးဝလက်မခံကြောင်း၊ နိုင်ငံသားတိုင်း၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးသည် နိုင်ငံတော်တွင်လုံးဝ
တာဝန်ရှိကြောင်းသဘောထားကိုဖော်ပြထားပြီး လတ်တလောဖြစ်ပေါ်နေသော အဓိကရုဏ်းများ ၊
တရားဥပဒေမဲ့လုပ်ရပ်များ အမြန်ဆုံးရပ်တန့်၍ သေဆုံးထိခိုက်ဒဏ်ရာရသူများအား ကူညီစောင့်ရှောက်ရန် ဘာသာရေးခေါင်းဆောင်များ၊
နိုင်ငံတော်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းကြောင်းဖော်ပြထားသည်။

““ အပြစ်မဲ့ပြည်သူတွေအနေနဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ လုံခြုံစွာနေထိုင်ခွင့်ရှိပါတယ်။ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေ
ကို မှန်မှန်ကန်ကန်တာဝန်ယူပေးဖို့လိုအပ်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကောလာဟလပေါ်လာတိုင်း မထိတ်လန့်ဖို့လိုအပ်ပါတယ်”” ဟု ၈၈ မျိုးဆက်
( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့ဝင် ကိုမင်းကိုနိုင်ကပြောသည်။
NLA