Pages

Tuesday, March 12, 2013

၁၀ သိန်းပေးပြီး နေရာရွှေ့ပြောင်းခြင်းကြောင့် ချာခန်းဒေသခံများ စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရ

 
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ နဘုလယ်ဒေသရှိ ရေနက်ဆိပ်ကမ်းဆောက်လုပ်မည့်နေရာတွင် ပါဝင်သော ချာခန်းကျေးရွာဒေသခံများ နေရာရွေ့ပြောင်းရသောကြောင့်
သက်မွေးဝမ်းကြောင်းအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဒေသခံများမှာ တံငါသည်၊ ဆားချက်လုပ်ငန်းနှင့် ရာသီပေါ် သဘာဝအသီးအနှံများစိုက်ပြီးပြီ
 မှီခိုအားထား လုပ်ကိုင်စားသောက်နေကြသည်။
၂၀၁၃ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း ရေနက်ဆိပ်ကမ်းတာဝန်ရှိသူများမှ
မိသားစု တစ်ခုလျှင် ၁၀ သိန်းပေးပြီး ထိုနေရာမှ ဖယ်ရှားခိုင်းခဲ့သည်။
 ထိုကြောင့် အရင်က သက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေသော တံငါအလုပ်၊
ဆားချက်အလုပ်များ မလုပ်ရသောကြောင့် စားဝတ်နေရေးခက်ခဲများရှိနေကြောင်း ဒေသခံများမှတဆင့် သိရှိရသည်။
ချာခန်းပင်လယ်ကမ်းခြေတွင် အိမ်ခြေ ၃၀ နီးပါးရှိပြီး ၁၅ အိမ်ကို ပြောင်းရွှေ့ထားရပြီး ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ-