Pages

Sunday, March 3, 2013

အမေစုပြောသော ဖယ်ဒရယ်နှင့်.အများပြောသောအောင်ဆန်းစိတ်ဓါတ်

 
ဖေဖော်ဝါရီလ(၂၆)ရက် ပြည်သူ့ဥယျာဉ်၌ ကျင်းပပြုလုပ်  သော (၆၆)ကြိမ်မြောက် မွန်အမျိုး  သားနေ့အခမ်းအနားသို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်အောင်ဆန်းစုကြည်တက် ရောက်ခဲ့ပြီး ယင်းအခမ်းအနား  တွင် ဖက်ဒရယ်၏သဘောတရား နှင့်အများမှပြောသော အောင်ဆန်း   စိတ်ဓာတ်အရင်းခံအား ရှင်းလင်း  ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က ““ကျွန်မ အနေနဲ့ဖက်ဒရယ်နဲ့ပတ်သက်ပြီး  နဲနဲလောက်ပြောချင်ပါတယ်။နှစ် ပေါင်းများစွာဖက်ဒရယ်ဆိုတာ ခွဲ ထွက်ရေးဆိုပြီးတော့ပြောတဲ့စကား တွေရှိတာကြောင့် ကျွန်မတို့နိုင်ငံ   မှာထင်ယောင်ထင်မှားတွေဖြစ်ခဲ့ပါ တယ်။ ဒါပေမဲ့ ကျွန်မတို့အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ကတစိုက်မတ်မတ် ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးမဟုတ်ဘူး။ဖက်ဒရယ်  ဆိုတာ အုပ်ချုပ်ရေးပုံစံတစ်ခုပဲ ဖြစ်တယ်ဆိုတာ ကိုတက်နိုင်သမျှ    နိုင်ငံရေးအရရှင်းပြခဲ့ပါတယ်။ ကျွန်မ တို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ   များရဲ့မျှော်လင့်ချက်များကို ဖြည့် ဆည်းနိုင်မှတကယ့်ကိုခိုင်ခံ့တဲ့၊ညွီညွတ်တဲ့ပြည်ထောင်စုကြီးကိုတည် ထောင်နိုင်မှာပါ။ဒီလိုတည်ထောင် နိုင်ဖို့ဆိုတာ အားလုံးမှာတာဝန်ရှိ သလို အရင်နှစ်များစွာကတည်းက  စပြီးတော့လုပ်ခဲ့ရမှာပါ။နှစ်ပေါင်း  များစွာကတည်းကစပြီးတော့လုပ် ခဲ့ရမှာပါ။နှစ်ပေါင်းများစွာကတည်း  က ဒါတွေကိုမလုပ်ခဲ့လို့အခုအချိန်   မှာ ကျွန်မတို့လိုချင်တဲ့ဒီမိုကရေစီ    ပြည်ထောင်စုအဆောက်အအုံဟာ    ခိုင်ခိုင်မာမာမရသေးတာဖြစ်တယ်”” ဟု ဖက်ဒရယ်နှင့်ပတ်သက်၍ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက်ခိုင်မာသော ပြည်   ထောင်စုကြီးအား တည်ထောင်   နိုင်ရန်နှင့်ပတ်သက်၍ ကျွန်မအနေ   နဲ့အများပြောနေကြဖြစ်တဲ့    အောင်ဆန်းစိတ်ဓာတ်နဲ့ပတ်သက်    ပြီးပြောချင်တာကတော့ အောင်ဆန်း စိတ်ဓာတ်ဆိုတာအခြေခံအားဖြင့်    ရိုးသားတဲ့စိတ်ဓာတ်ပေါ့။ဖေဖေ့ ကို အများက အင်မတန်တော် တယ်လို့ ချီးမွန်းကြပါတယ်။တကယ် တော်တဲ့အချက်ကတော့ ဖြောင့် မတ်မှုပါပဲ။ကျွန်မတို့ငယ်ငယ်တုန်း က မေမေကဖေဖေ့အကြောင်းသင်   ပေးရင်ဖြောင့်မတ်တယ်ဆိုတာကို    အလေးထားပြီး သင်ပေးပါတယ်။    ဖေဖေဟာဖြောင့်မတ်ခြင်းကိုအခြေခံ    ပြီး  ပြည်ထောင်စုကိုတည်ထောင်  ခဲ့တဲ့အတွက် အောင်ဆန်းစိတ်ဓာတ်      လို့ပြောကြတာပါ။ဒါကြောင့် ဖြောင့်မတ်ခြင်းကိုအခြေခံတဲ့စိတ် ဓာတ်နဲ့ကျွန်မတို့ရဲ့ပြည်ထောင်စုကြီး  ကို ထူထောင်ဖို့လိုပါတယ်””ဟု ဆက်လက်ပြောကြားခဲ့သည်။
 ညီညီအောင်http://www.hotnewsweekly.com