Pages

Tuesday, March 19, 2013

မျှော်ရစ်ကမ်းခြေတွင် ဝေလငါးတစ်ကောင်လာတင်ပြန်

ဓာတ်ပုံ - ကိုဖြိုး(သင်္ချာ)
ဓာတ်ပုံ - ကိုဖြိုး(သင်္ချာ)

         ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်၊မျှော်ရစ်ကမ်းခြေ(ကမ်းပနီ)တွင် မတ်လ(၁၆)ရက်နေ့ခန့်က ဝေလငါးအမျိုးအစားငါးအသေကောင်တစ်ကောင်

လာရောက်သောင်တင်နေကြောင်းသိရသည်။

အဆိုပါ ဝေလငါးသည် ခေါင်းဖျားမှအမြီးဖျားအထိ (၄၂)ပေခန့် ရှည်ပြီး အချို့အသားများပဲ့ကြွေနေပြီဖြစ်ရာ လွန်ခဲ့သော တစ်လနီးပါးခန့်ကပင် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်းဒေသခံရေလုပ်သား ကဆိုသည်။



      ၂၀၀၅ ခုနှစ်အတွင်းကလည်း (၃၆) ပေရှည် ဝေလငါးတစ်ကောင်သည် မောင်းမကန်အနီးရှိ သဘော့ဆိပ်ကမ်းခြေ တွင် လာရောက်သောင်တင်ခဲ့ပြီး၊၄င်းငါး၏ အရိုးစုကို ထားဝယ်တက္ကသိုလ်တွင်ပြသထားကြောင်းသိရသည်။
ထားဝယ်တက္ကသိုလ်တွင် ထိန်းသိမ်းထားသော ဝေလငါးအရိုး
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)
ထားဝယ်တက္ကသိုလ်တွင် ထိန်းသိမ်းထားသော ဝေလငါးအရိုး
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

အခြားဝေလငါး တစ်ကောင်မှာလည်း ၂၀၀၇ ခုနှစ်ခန့်က တီစစ်၊စမ်းလှမ်းကမ်းခြေတွင် လာတင်ခဲ့ဖူးရာ အရိုးရရန်အတွက် မြေမြှုပ်ထားရှိကြောင်း သိရသည်။

ယခုတွေ့ရှိသော ဝေလငါး၏ အရိုးစုကိုမူ မည်သည့်အဖွဲ့အစည်းမှထိန်းသိမ်းထားရှိမည်ဖြစ်ကြောင်းမသိရသေးချေ။

သတင်း - ဖိုေးဇာ်(ထားဝယ်)