Pages

Tuesday, March 19, 2013

ထားဝယ် သီတဂူဆေးရုံကြီးတွင် လောကအလှဆင်ပြီ




         သီတဂူဆရာတော်ကြီး၏စီစဉ်မှုဖြင့်ဘယ်ဂျီယံနိုင်ငံမှဆေးဘက်ပညာရှင်ဆရာဝန်(၁၄)ဦး၊

သူနာပြု(၄)ဦးတို့သည် တနင်္သာရီတိုင်း ဒေသကြီး၊ထားဝယ်မြို့ရှိ သီတဂူအာရောဂျဒါနဆေးရုံကြီးတွင် မျက်စိဝေဒနာရှင်များနှင့် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်များ အား ယနေ့ (19-3-2013) နံနက်ပိုင်းမှစတင်ကာ ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးနေပြီဖြစ်သည်။
   ယခုလက်ရှိအချိန်ထိ မျက်စိဝေဒနာရှင်(၅၁၄)ဦးစာရင်းပေးထားပြီး(၂၀)ဦးခွဲစိတ်ပြီးစီးကာ
ခွဲစိတ်ရန်လိုအပ်သည့်ဝေဒနာရှင်(၇၀)ဦးကိုခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်းသိရ သည်။
      နှုတ်ခမ်းကွဲ၊အာခေါင်ကွဲဝေဒနာရှင်စာရင်ပေးသွင်းထားသူ(၁၂၁)အနက်(၂၀)ဦးကိုခွဲစိတ်
မှုပြီးစီးနေပြီဖြစ်ပြီးဆက်လက် ခွဲစိတ်မှုများပြုလုပ်လျက်ရှိသည်။ထိုသို့ခွဲစိတ်ကုသမှုခံယူရန် တနင်္သာရီတိုင်းဒေသကြီးနေရာအနှံ့မှလာရောက်လျက်ရှိကြောင်း တွေ့ရသည်။
မီးလောင်ဒဏ်ရာရထားသူစော်ဖျားရွာမှ မောင်သန်းမိုး ခွဲစိတ်ခန်းအ၀င်
 သီတဂူဆရာတော်ကြီး ဒေါက်တာရှင်ဥာဏိသရ၏အစီအစဉ်ဖြင့် သီတဂူအာရောဂျဒါနဆေးရုံ(ထားဝယ်) တွင် မျက်စိခွဲစိတ်ကုသမှုသည် စတုတ္ထအကြိမ်ဖြစ်ပြီး၊နှုတ်ခမ်းကွဲ၊အာခေါင်ကွဲ ခွဲစိတ်ကုသမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ အဆိုပါခွဲစိတ်ကုသပေးမှုအတွက် စေတနာရှင်များက ငွေအား၊လုပ်အားဒါနအားများဖြင့်
 စေတနာအလျောက်ကူညီဆောင်ရွက် ပေးလျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ 
ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်ဇနီးဒေါ်ဧကရီခိုင် မိသားစုကအလှူငွေကျပ်(၅)သိန်း
၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ်(၁၀)သိန်း၊ ဖိုးသီးချိုလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက မျက်မှန်အလက် (၅၀၀) တို့ကို ယနေ့နံနက်ပိုင်းကပေးအပ်လှူဒါန်းကြပြီး ထားဝယ်ခရိုင်အတွင်းမှ လူမှုအဖွဲ့အစည်းအသီးသီးက လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းတွေ့ရသည်။

 
 
 
စော်ဖျားရွာက မောင်သန်းမိုး
ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)၁၉.၃.၂၀၁၃
သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)