Pages

Wednesday, March 27, 2013

အုတ်ဖို၊ မင်းလှ နင့် ကြို့ပင်ကောက်မြို့များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

အုတ်ဖို မြို့တွင် ဖျက်ဆီးခံလိုက်ရသော အိမ်တလုံး (ဓာတ်ပုံ – ရန်နိုင် / M-Media Facebook)
 ရန်ကုန်၊မတ် ၂၆
ပဲခူးတိုင်းဒေသကြီးတွင် လူအုပ်စုဖွဲ့ပြီး ဘာသာရေးအဆောက်အအုံများ၊ လူနေအိမ်များ၊ ဈေးဆိုင်များကို ဖျက်ဆီးမှုများပေါ်ပေါက်လာသဖြင့် အုတ်ဖို၊ ကြို့ပင်ကောက် နှင့် အိုးသည်ကုန်းမြို့များတွင် ယနေ့ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်က ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မြန်မာရုပ်မြင်သံကြားက ထုတ်ပြန်ကြေညာသွားပါတယ်။ 

ပဲခုးတိုင်းဒေသကြီး(အနောက်ခြမ်း)အုတ်ဖို၊မင်းလှနဲ့ကြို့ပင်ကောက် မြို့များတွင် မတ်လ ၂၆ ရက်နေံ ညနေ လေးနာရီမှ စတင်၍ ပုဒ်မ၁၄၄ကို မြိုနယ်အုပ်ချုပ်ရေးမှုးများက ထုတ်ပြန်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာများက ထုတ်လွင့်ခဲကြသည်။

ကြို့ပင်ကောက်မြို့ပေါ်တွင် မတ်လ ၂၅ရက်နေ့ညဉ့်လယ်ပိုင်းက လူနေအိမ် ၁၃လုံး၊ဈေးဆိုင်၇ဆိုင်၊ဗလီတစ်လုံးနှင့်ဘာသာရေးအဆောက်အအုံတစ်လုံးတို့ဖျက်ဆီးခံ ရကြောင်းမြို့နယ်ရဲတပ်ဖွဲ့မှုး မြင့်ကြိုင်ကပြောကြားသည်။

“ကြို့ပင်ကောက်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးမောင်ဦးက“ဖျက်ဆီးတဲ့အထဲမှာ ကျနော်တို့မြို့က မဟုတ်တဲ့ သံဃာတွေပါတယ်။ ဘူဒိုဇာကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတယ်၊ ဗလီကို သေသေသပ်သပ်ဖြိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများနှင့် ဘာသာရေး ခေါင်းဆောင်များက အစည်းအဝေးများ ခေါ်ယူကာ မင်းမဲ့စရိုက်ဆန်သည့် လုပ်ရပ်များ မပြုလုပ်ရန် တားဆီးနေသည့်ကြားမှ ယခုကဲ့သို့ လုပ်ဆောင်ကြခြင်း ဖြစ်ပြီး လုံခြုံရေး တာဝန်ယူသူ ရဲများ၏ ရှေ့တွင် ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း၊ ဗလီအတွင်း တည်းခိုနေသည့် ရန်ကုန်မြို့နေ မျက်မှန်ရောင်းဝယ်သူ ကိုကျော်စိုးမိုး ဓားဖြင့် အခုတ်ခံရသည့်အတွက် ကြိုပင်ကောက်မြို့နယ် ဆေးရုံတွင် ကုသထားကြောင်း ၎င်းကပြောသည်။”

“ပတ်ဝန်ကျင်က ကောလဟလတွေကြောင့်ဖြစ်ရတာ”ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်း အုတ်ဖိုမြို့ အိုးသည်ကုန်းကျေးရွာတွင်လည်း မတ်လ ၂၄ ရက်နေ့ ညပိုင်းက ဆူပူအကြမ်းဖက်သူတစ်စုက ဘာသာရေး အဆောက်အအုံနဲ့ ဈေးဆိုင်များကို လောက်လေးခွများ၊ ခဲများနဲ့ ပစ်ပေါက်မှုဖြစ်ပွားခဲ့သဖြင့်ဦးဆောင်ပါဝင်သူဟု ယူဆရသူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၏ face book စာမျက်နှာတွင်ဖော်ပြသည်။