Pages

Thursday, March 14, 2013

"မစိုးရိမ်တိုက်သစ် '' အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသဘဝနတ်ထံ ပျံလွန်တော်မူ

 
"မစိုးရိမ်တိုက်သစ် '' အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ မတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီကျော် အချိန်မှာ မန္တလေးမြို့ မစိုးရိမ် တိုက်သစ်တွင် ဘဝနတ်ထံ ပျံလွန်တော် မှုသွား ခဲ့ပါတယ်။
မစိုးရိမ်ဆရာတော် ဦးရာဇဓမ္မာဘိဝံသ-၏ ထေရုပ္ပတ္ထိအကျဉ်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်   ကျောင်းတိုက် ကြီး (၃)တိုက်တို့၏ အဓိပတိ မဟာနာယက ဆရာတော် အရှင်ရာဇဓမ္မာဘိဝံသ-၏ဘဝပုံရိပ် ဆရာတော် သည် မြန်မာသက္ကရာဇ် ၁၂၉၅-ခု၊ ၀ါဆိုလပြည့်ကျော် ၁၃-ရက်၊ ခရစ်နှစ် ၁၉၃၃-ခု၊ ဇူလိုင် ၁၉ -ရက်နေ့၌ ဖွားမြင်တော်မူသည်။ ညီအကိုမောင်နှမ ငါးယောက်အနက် တတိယမြောက် သားရတနာဖြစ်သည်။

၁၃၀၈-ခုနှစ်၊ နှောင်းတန်ခူးလတွင် သာမဏေအဖြစ်သို့ ရောက်ရှိသည်။ ၁၃၁၅ ခုနှစ်၊ ပထမ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ရဟန်းအဖြစ်သို့ ရောက်ရှိသည်။ ဥပဇ္ဈာယ်မှာ ဆရာတော် ဦးကိတ္တိဖြစ်သည်။

အင်တိုင်းရွာ တောင်ကျောင်း ဆရာတော် ဦးရ၀ိန္ဒ၊ ဆရာတော် ဦးကောဝိဒ တို့အထံတွင် သင်ပုန်းကြီးမှ စ၍ စတင်ပညာသင်ခဲ့သည်။ ၁၃၁၂-ခုနှစ်၊ နယုန်လမှ စ၍ မုံရွာမြို့ မဟာဇောတိကာရာမ စာသင်တိုက်သို့ 
ရောက်ရှိခဲ့သည်။ ယင်းတိုက်မှ ပထမငယ် ပထမလတ်တန်းများ အောင်မြင်ခဲ့သည်။

၁၃၁၄-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁၂-ရက်နေ့တွင် မန္တလေးမြို့၊ တောင်သမန်တိုက် ပုသိမ်ကျောင်း သို့ 
ရောက်ရှိပြီး ပညာသင်ယူခဲ့သည်။ ၁၃၁၅-ခုနှစ်၊ နတ်တော်လတွင် မစိုးရိမ်တိုက်ကြီးသို့ ပြောင်းရွှေ့၍ ပညာသင်ခဲ့သည်။

မစိုးရိမ်တိုက်ကြီးမှ ပထမကြီးတန်း၊ စာသင်တန်း၊ အစိုးရစာချတန်း၊ သကျသီဟ စာချတန်းများကို 
အောင်မြင်သဖြင့် မစိုးရိမ် တိုက်ကြီး၌ ကျောင်းထိုင်နာယက စာချ အဖြစ်သို့ ရောက်ရှိခဲ့သည်။

မစိုးရိမ်တိုက်ကြီး၌ ခြောက်နှစ် တိတိ စာချပြီး ၁၃၂၉-ခု၊ တပို့တွဲလ၌ စိန်းပန်း မစိုးရိမ်တိုက်သစ်သို့ မစိုးရိမ် ဆရာတော်ကြီး၏ အမိန့်အရ ပြောင်းရွှေ့နေထိုင်၍ စာချခဲ့သည်။ ထိုအချိန်ကမစိုးရိမ်တိုက်သစ်တတိုက်လုံး
စာသင်သား သံဃာ-၆၃ ပါးမျှ သာရှိသည်။

တဖြေးဖြေး သံဃာ တိုးပွါးလာရာ ၁၃၅၀-ခုနှစ်၌ သံဃာတစ်ထောင်ကျော်အထိ တိုးတက်လာသည်။ ယခု အချိန်၌မူ နှစ်စဉ် သံဃာ ၂၅၀၀-၃၀၀၀ ခန့်အထိ တိုးတက်လာသည်။ စိန်းပန်း မစိုးရိမ်တိုက်သစ်၌ သံဃာ များလွန်းသဖြင့် ပြည်ကြီးတံခွန် မြို့နယ်၌ မစိုးရိမ်တိုက်သစ် တတိုက် တည်ထောင်ခဲ့ သည်။

 ပြည်ကြီးတံခွန် မစိုးရိမ်တိုက်သစ်၌ သံဃာ ၃၀၀-ကျာ်ခန့်အထိ နေထိုင်သီတင်းသုံးလျှက်ရှိသည်။ ယင်းတိုက်သစ်၌် စာသင်သားသံဃာများ တဖြေးဖြေး တိုးတက်လာသော်လည်း သောက်သုံးရေမှာ အဆင်မပြေလှချေ အဆင့်မမှီသည့် ရေကိုပင် လျှပ်စစ်စွမ်းအား နည်းပါးသဖြင့် စာသင်သား သံဃာများ သုံးစွဲလောက်အောင် တင်မပေးနိုင်ပေ။

ထိုကြောင့် ဒေးဝန်းမြို့တော်ဝန် ဦးပေစိဘုရား အနောက်ဖက်၌ မစိုးရိမ်တိုက်သစ် အမှတ် ( ၃) ကို တည်ထောင်ပေးခဲ့သည်။ ယင်းတိုက်၌ စာသင်သားသံဃာ ၁၀၀-ကျော်မျှ သီတင်းသုံး နေထိုင် လျှက်ရှိ သည်။ ပြည်ကြီးတံခွန် မစိုးရိမ် တိုက်သစ်၌ ဆရာတော်ဦးရာဇဓမ္မကိုယ်တိုင် နေ့စဉ် စာပေပို့ချ သာသနာပြု လျှက်ရှိသည်။

ဗမာပြည်ပြန်မရောက်မီ သေချင်လျှင်လည်းသေပါလိမ့်မည်။ မသေခင် သံဝေဂဉာဏ်ပွါးများ၍ တကာ- တကာမများကိုလည်း သံဝေဂဖြစ်အောင် သံဝေဂ တရားသာ ဟောကြား လေ့ရှိသည်။ ဘွဲ့များ ရရှိသော် လည်း ယင်းဘွဲ့များကို အသုံးပြုလေ့မရှိပါ။

 ဘွဲ့ရခြင်းကြောင့် ဆက်ကပ်ထားသည့် ဖရီးပတ်စ် လက်မှတ်များကိုလည်း တကြိမ်တခါမျှ အသုံးမပြုခဲ့ ဆရာတော်ဘုရားကြီးသည် ယခင်စစ အစိုးရလက်ထက်တွင် ၀ိနယ ကိုလေးစားသည့်အလျှောက် ဆရာတော်ဘုရားမှ စစ်အစိုးရအား တရားသဖြင့် ဆိုဆုံးမသည်ကို လက်မခံပဲ ဆရာတော်ဘုရားကြီးအား   ထောင်တွင်းအကျဉ်ချခဲ့ကြလေ၏..။ 

 "မစိုးရိမ်တိုက်သစ်၊ ဆရာတော်ကြီး ဈာပနပွဲ 28-3-2013 (တပေါင်းလပြည့်ကျော်-၂-ရက်) (သို့) 12-4-2013  တန်ခူးလဆန်း- ၂-ရက်လျာထား။ ယနေ့ 14-3-2013-မွန်းလွဲ(၁း၀၀)နာရီမှ စည်းဝေး ဆုံးဖြတ် မည်" ဖြစ်ပါတယ်။

အသောကအသောက~~ - See more at: http://blog.irrawaddy.org/2013/03/blog-post_5447.html#sthash.PKSJpZ6f.dpuf