Pages

Sunday, March 24, 2013

ဆူပူသူများကိုဖမ်းပြီ

မိထ္ထီလာမြို့ပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နေ့လည်ပိုင်းက ဒေသခံများထံမှ တုတ်၊ဓါး လက်နက်များ စစ်ဆေးသိမ်းဆည်းနေစဉ်..
ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

မိထ္ထီလာ၊လယ်ဝေး၊ ရမည်းသင်းတို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု့များတွင် ပါဝင်ခဲ့သူများ ဟု သံသယရှိသူစုစုပေါင်း ၃၅ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း အစိုးရက ယနေ့(မတ်လ ၂၄ ) ညနေတွင် သတင်းထုတ်ပြန်သည်။
မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မိတ္ထီလာမှာတုတ်ဓားလက်နက်ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်သည်။

7Day News Journal