Pages

Monday, March 25, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာမှ ရဲသား သုံးဦးကို လွှတ်ပေးရန် မြန်မာကို တောင်းဆို

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာက ဖမ်းဆီးထားသော ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်ဟု သတင်း ရရှိသည်။
BGB 
ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းမှ တဆင့် ထိုသို့ တောင်းဆိုခဲ့သည်ဟု ဘင်္ဂလီ သတင်းစာများက ဆိုသည်။
သူတို့ ဖမ်းဆီးခံရသည်မှာ ၁၁ ရက် ရှိလာပြီး နောက်ပိုင်းတွင် သူတို့ လွှတ်မြောက်ရေး အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ သံအမတ်ကြီးကို မေတ္တာရပ်ခံ တောင်းဆို ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာ နယ်စပ် နစက တပ်ဖွဲ့မှ  မိမိတို့ အနေဖြင့် ဖမ်းဆီးထားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၄) ဦးကို လွှတ်ပေးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အထက်အမိန့်ကို စောင့်ဆိုင်းနေရ၍ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ BGB ကို အကြောင်းပြန်ကြားပြီးနောက် မြန်မာ သံအမတ်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရဲသား ၃ ဦး အပါအ၀င် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးတို့သည် မြန်မာနိုင်ငံအထဲထိ လျို့ဝှက် ၀င်ရောက်ပြီး  ဓါတ်ပုံရိုက်ရာမှ မြန်မာ လုံခြုံရေး တပ်ဖွဲ့ နစကမှ ယခုလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။
နိရဉ္စရာ