Pages

Sunday, March 17, 2013

မိုဘိုင်းလ်ဖုန်း အရစ်ကျသွင်းငွေများ ဆက်သွင်းရန် မလိုတော့

 

ဧပြီလဆန်းတွင် မိုဘိုင်းလ်ဖုန်းများကို ငွေကျပ်ထောင်ဂဏန်းအထဈးလျှော့ရောင်းချပေးမည်ဖြစ်ရာ မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက
နိုင်ငံ့ဝန်ထမ်းများနှင့် ကျေးလက်နေပြည်သူများသို့ အရစ်ကျ စနစ်ဖြင့် ရောင်းချ
ထားသော မိုဘိုင်းလ်ဖုန်းများအတွက် အရစ်ကျ လစဉ်ကြေးများ ပေးသွင်းရန်
လိုအပ်တော့မည် မဟုတ်ကြောင်း အရစ်ကျပေးချေ သည့်စနစ်ဖြင့် ရောင်းချသည့်
သဘောတူ စာချုပ်ပါ ဖော်ပြချက်အရ သိရသည်။

မိုဘိုင်းလ်ဖုန်း ကနဦး တပ်ဆင်ခနှုန်း ထား ပြောင်းလဲလျှော့ချ သတ်မှတ်ခဲ့ပါက သတ်မှတ်သော နှုန်းထားအသစ်ကို ခံစားခွင့် ရရှိမည် ဖြစ်သည်ဟု ယင်းစာချုပ်
တွင် ဖော်ပြထားပြီး အရစ်ကျ ဖုန်းများအတွက် စာချုပ်ပါ အချက်အလက်များ
အတိုင်း ဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြန်ကြားရေး
တာဝန်ခံ ဦးကျော်စိုး က ပြောကြားသည်။

မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းများကို ဇန်နဝါရီလတွင်
ဈေးလျှော့ရောင်းချမည်ဟု ကနဦး သတင်းထွက်ပေါ်ချိန်က စတင်ကာ အရစ်ကျ ဝယ်ယူသူအချို့က လစဉ် အရစ်ကျငွေ ပေးသွင်းခြင်း မပြု၍ လိုင်းခေတ္တ
ပိတ်သိမ်းထားခြင်းများ ရှိခဲ့ပြီး ယင်းမိုဘိုင်းလ်ဖုန်းများကို လိုင်းပြန်ဖွင့်ပေးရန်
စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ဆက်သွယ်ရေးရုံး
တာဝန်ခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ရောင်းချရာ တွင် နိုင်ငံ့ဝန်ထမ်းများ၏ အရစ်ကျ လစဉ်ပေးသွင်းငွေမှာ ၄င်းတို့၏ ဝန်ထမ်းလစာအတွင်းမှ
ဖြတ်တောက် သည့် စနစ်ဖြစ် ၍ မည်သည့်အချိန်တွင် ဖုန်းအတွက် အရစ်ကျပေးသွင်းငွေ ဖြတ်တောက်မှု ရပ်တန့်မည်ကို မသိရှိရသေးကြောင်း
အရစ်ကျစနစ်ဖြင့် မိုဘိုင်းလ်ဖုန်း ဝယ်ယူအသုံးပြုသူ ဝန်ထမ်းများက ရှင်းပြခဲ့ကြောင်း
၂ဝ၁၃ ခုနှစ် မတ်လ ၁၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။