Pages

Tuesday, March 5, 2013

မြန်မာနိုင်ငံမှာ အသံတိတ်လူသက်သမား ရှိနေပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်ပြော


Burma VJ Media မှတင်ဆက်သည်

မြန်မာနိုင်ငံမှာ အသံတိတ်လူသက်သမား ရှိနေပြီဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က မက်လ ၂ ရက်နေ့က ရန်ကုန်မြို့
Chatrium Hotel မှာ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ သစ်တောများ မပြုန်းတီးရေးနှင့်မိုးလေဝသ အခြေအနေ တွေနဲ့ ပတ်သက်ပြီး သဘာဝ
ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တွေနဲ့ အနုပညာ အသိုင်း အဝန်း တို့ စုပေါင်းပြီး ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာပြောဆိုလိုက်ပါတယ်။
အလားတူ ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ စာရေးဆရာမ ဂျူးကလည်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာတာနဲ့အမျှ
သဘာဝအမွေအနှစ်တွေ မပျောက်ပျက်အောင် စည်ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ သူကတိုက်တွန်းသွားပါတယ်။ ဒီဆွေးနွေးပွဲကို
တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင် ပညာရှင် တွေ အနုပညာ အသိုင်းအ၀ိုင်းက သူတွေနဲ့
နယ်ပယ်အသီးသီးက သူတွေအပါအဝင် လူဦးရေ ၁၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။
Burma VJ Media