Pages
(Move to ...)
Reference Exchange Rate ( မြန်မာငွေ လဲနှုန်း)
မြန်မာနိုင်ငံမြို့ကြီးများ၏နေ့စဉ်မိုးလေ၀သ
MRTV
Live Show
MRTV 4
mntv
5 Plus
SKY NET
Channel 7
▼
Wednesday, March 20, 2013
ဘင်္ဂါလီတွေ ၈ဝ-လောက်ဒီနေ့ထပ်ပီး ဘိတ်(မြိတ်)မှာမိပြန်ပီ
ယခင် ပထမအကြိမ် ခိုးဝင်လာသည့် ဘင်္ဂါလီများအား တွေ့ရစဉ်
ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူ များ၏ သတင်းပေး မှု၊ အုပ်ချုပ်ရေး အဖွဲ့ အစည်း များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏ ပူးပေါင်း ရှာဖွေ ဖမ်းဆီး မှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉) ရက်နေ့များတွင် မြိတ်မြို့ နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ မတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ စန္ဒ၀တ်ကျေးရွာအုပ်စု ကွမ်းသီးချောင်းကျေးရွာ အနီး ချောင်းအတွင်း ဘင်္ဂါလီများ အများ အပြား ရောက် ရှိနေကြောင်း သတင်းအရ ရှာဖွေ ဖမ်းဆီးရာတွင် ဘင်္ဂါလီ (၅၃) ဦးအား လည်းကောင်း၊ နေ့လည် ပိုင်းတွင် စန္ဒ၀တ်ကျေးရွာအုပ်စု ကျွဲကူးရွာ မြေပေါ် လွန်းကျင်းတွင် ဘင်္ဂါလီ (၁၀) ဦးခန့်အား လည်းကောင်း၊ အခြား နေရာများမှ (၈) ဦး စုစုပေါင်း (၇၁) ဦးအား ဖမ်းဆီး ရမိကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသော ဘင်္ဂါလီများအား စစ်ဆေးချက်အရ ဘင်္ဂါလီများ ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် ခရိုင် မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြိတ်မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊
တပ်မတော် (ကြည်း)၊ တပ်မတော် (ရေ ) ၊ မီးသတ်တပ်ဖွဲ့ဝင်များက မြိတ်မြို့နယ်အတွင်း လိုက်လုံ ရှာဖွေ ခဲ့ကြရာ မတ်လ (၁၉) ရက်နေ့ ည (၇) နာရီ အချိန်ခန့်တွင် မြိတ်မြို့ မဇော ကျေးရွာအုပ်စု ရှမ်းထိန်ကျေးရွာ အနီး ချောင်းကမ်းစပ် ဓနိတော များ အတွင်းမှ ဘင်္ဂါလီ အမျိုးသမီး (၈) ဦးအား လည်းကောင်း၊ ၄င်းတို့ စီးနင်း အသုံးပြုခဲ့သည့် အလျား (၅၀) ပေ ၊ အနံ (၁၂) ပေ အရွယ်ရှိ သစ်သားလှေ တစ်စီးအား မြင်းကောင်ရေ (၂၅) ကောင် တရုတ် အင်ဂျင်စက် (၂) လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထိုသို့ ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ဖမ်းဆီးရ မိပြီးနောက် စစ်ဆေးချက်များ အရ ထပ်မံ ကျန်ရှိသေးကြောင်း သတင်းရသဖြင့် တာဝန်ရှိသူများက ရှာဖွေ ဖမ်းဆီး လျက် ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့်လ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ ကလည်း မြိတ်မြို့သို့ ခိုးဝင်လာသည့် ဘင်္ဂါလီ လူမျိုး (၆၅) ဦး ခန့်အား ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ၄င်းတို့သည် ဘင်္ဂလားဒေ့ ရှ် နိုင်ငံမှ တဆင့် စစ်တွေမြို့ သက်ကယ်ပြင် ကျေးရွာနေ ဦးရှော်ဘီထံ အခကြေးငွေ ပေးပြီး ထိုင်းနိုင်ငံ သို့ အလုပ်လုပ်ရန်အတွက် သွားရောက်ရန် စက်လှေဖြင့် ထွက်ခွာလာစဉ် မြိတ်မြို့သို့ ရောက်ရှိ လာခဲ့ သည်ဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
Aung Moe(Facebook)
‹
›
Home
View web version