Pages
▼
Sunday, March 17, 2013
လျှပ်စစ်မီး၊ လမ်းနှင့် ဖုန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဒေါ်အောင်ဆန်းစုကြည်အား ကံပေါက် ရွာသားများ တောင်းဆို
ထားဝယ်၊ မတ် ၁၇။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း
စုကြည်သည် ထားဝယ်မြို့၊ ရေဖြူမြို့နယ်၊ ကံပေါက်
ဒေသသို့ ရောက်ရှိစဉ် ရွာသား များက လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဖုန်းဆက်သွယ်
ရေး အဆင်ပြေစေရန်တို့ အတွက် တောင်းဆိုခဲ့ကြကြောင်း
သိရသည်။
“လျှပ်စစ်မီးကိုအပြင် ပုဂ္ဂလိကဆီက ၀ယ်သုံးရတယ်။
တစ်ယူနစ်ကို ၇၀၀ လောက်ပေးရတယ်”ဟု ကံပေါက်
ကျေးရွာတွင်နေထိုင်သော ကိုသုတက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ခရီးစဉ်အတွင်း
ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး စသည့် ကိစ္စရပ်များကို အဓိကထား ပြော ကြားသွားကြောင်း သိရသည်။
အဆိုပါ ကံပေါက်ဒေသအတွင်း မြန်မာ့ ရေနံနှင့် သဘာဝ
ဓါတ်ငွေ့ လုပ်ငန်းနှင့် ၁၉၉၅ ခုနှစ်ကတည်းက ပူးပေါင်းကာ
အလုပ်လုပ် ကိုင်နေသည့် ပြင်သစ် ကုမ္ပဏီ တစ်ခု ဖြစ်သော
တိုတယ်မြန်မာ ကုမ္ပဏီက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်
အတွက် စီစဉ်မှုများ ပြုလုပ်ပေးသည်ဟု သိရ သည်။
တိုတယ်မြန်မာ ကုမ္ပဏီမှ ခင်းပေးထားသော လမ်းများမှာ ကတ္တရာလမ်းနှင့် မြေနီလမ်းများဖြစ်ပြီး နွေရာသီနှင့် ဆောင်း
ရာသီ ကာလများတွင် မြေနီလမ်းများမှ မြေနီမှုန်များသည်
ကျန်းမာရေး အလွန် ထိခိုက်နိုင်သည်ဟု သိရသည်။
ဖုန်းနှင့် ဆက်သွယ်ရန်အတွက်လည်း CDMA ဖုန်းလိုင်း
တစ်လိုင်းသာ ရှိပြီး အခြားဖုန်းလိုင်းများ မရှိကြောင်း ရွာသားများက ပြောကြားသည်။
“ဖုန်းက ဆက်လို့တော့ရတယ်။ ဒါပေမယ့် လိုင်းက
ကောင်းကောင်းမကြားရဘူး။ တစ်ခါတစ်လေလည်း
ကောင်းပါတယ်”ဟု ရွာသားတစ်ဦးက ပြောကြားသည်။
ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသအတွင်း ရွာပေါင်း
၂၅ ရွာရှိပြီး အိမ်ခြေပေါင်း ၃၀၀၀ ခန့်ရှိကြောင်း သိရသည်။
ဟိန်းသူ(The Myanmar Age)