Pages

Monday, March 25, 2013

ရွှေတောင်စားစေတီတော်ဗုဒါဘိသေက အနေကဇာတင်ပွဲနှင့်မြို့လုံးကျွတ် ဆွမ်းခြောက်လောင်းပွဲ ကျင်းပမည်



စေတနာရှင်ပြည်သူများစုပေါင်းလှူဒါန်းမှုဖြင့် ရွှေတောင်စားစေတီတော်
 နှစ်(၂၅၀)ပြည့်အထိမ်းအမှတ်ဗုဒါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနား၊မြို့လုံးကျွတ်သံဃာ့ဒါန ဆွမ်းခြောက်လောင်းလှူပွဲ၊အလှူတော်မင်္ဂလာအရပ်ရပ် အတွက်ရေစက်ချမင်္ဂလာအခမ်းအနားများကိုတနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ 
 လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းတွင်မနက်ဖြန်မတ်လ(၂၆)ရက်၊တပေါင်းလပြည့်နေ့ နံနက်(၆)နာရီအချိန်မှစတင်ကျင်းပမည်ဖြစ်သည်။


ရွှေတောင်စားစေတီတော်ဗုဒါဘိသေကအနေကဇာတင်ပွဲ
ကိုစေတီတော်ရင်ပြင်အထက်ပစ္စယံတွင်လည်းကောင်း၊
ဆွမ်းခြောက်လောင်းလှူပွဲကိုဥသြသိမ်မှခြင်္သေ့ညီနောင်မုခ်ဦးဆောင်အထိလည်းကောင်း
၊ရေစက်ချမင်္ဂလာအခမ်းအနားကိုမဟာဓမ္မာရုံတော်တွင်လည်းကောင်း
အသီးသီးကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)