Pages

Thursday, March 21, 2013

Google အမှုဆောင်ဥက္ကဋ္ဌရဲ့ နေပြည်တော်၊ ရန်ကုန်ခရီး



အိုင်တီလူငယ်ပညာရှင်တွေအားကျရတဲ့ Google ရဲ့ ပူးတွဲတည်ထောင်သူထဲကတစ်ဦး ဖြစ်သူ Eric Schmidt    မြန်မာပြည်ခရီးစဉ်သတင်းကို နိုင်ငံတကာ စာနယ်ဇင်းများမှာ ဖော်ပြနေကြပါတယ်။

မနက်ဖြန်  ရန်ကုန်မြို့ MICT Park မှာ ဒေသခံ အများအပြားနဲ့ တွေ့ဆုံဖို့ ရှိပြီး တိုင်းပြည် တိုးတက်ဖွံ့ ဖြိုးရေး၊ အင်တာနက်ရဲ့ အရေးပါပုံအကြောင်းတွေကို ဆွေးနွေးမယ်လို့ သတင်းရရှိပါတယ်။

အာရှနိုင်ငံတချို့ကို ရောက်လာတဲ့   Google Inc  အမှုဆောင် ဥက္ကဋ္ဌ Eric Schmidt ရဲ့ ခရီးစဉ်မှာ   ဒေသတွင်း လုပ်ဖော်ကိုင်ဖက်၊ စွန့် ဦးတီထွင်သူများနဲ့ တွေ့ ဆုံပြီး ကမ္ဘာ့သတင်းအချက်အလက်တွေကို အွန်လိုင်းကတဆင့် အလွယ်တကူ အကျိုးရှိအောင် အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် ရှိကြောင်း  Google ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

နယူးယောက်တိုင်းမ် သတင်းစာမှာတော့ - မြန်မာနိုင်ငံဟာ အာရှရဲ့ စီးပွားရေး စားကျက်သစ်တခု ဖြစ်လာပြီး  ဆက်သွယ်ရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံဖို့ ကောင်းတဲ့နိုင်ငံဖြစ်လာတယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်း နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ မြန်မြန် တိုးတက်ဖို့  လိုနေတယ်၊ မြန်မာပြည် ဈေးကွက်ထဲ ၀င်ပြီး  Andriod အသုံးပြုထားတဲ့  Google  စမတ်ဖုန်းတွေကနေ အမြတ်ငွေ ကြီးကြီးမားမား ရရှိနိုင်တယ်လို့ ထောက်ပြထားပါတယ်။

လောလောဆယ်မှာ Google ဥက္ကဋ္ဌ အိန္ဒိယ ရောက်နေပြီး စမတ်ဖုန်းအသုံးပြုမှုက အရမ်း တိုးတက်နေ ခေတ်စားနေပြီး မိုဘိုင်းနည်းပညာ အင်မတန် အရေးပါလာပြီ လို့ ပြောလိုက်ပါတယ်။

ဆင်မ်ကတ်တွေ ဈေးချပြီး မိုဘိုင်းဖုန်း အသုံးပြုမှု အလျင်အမြန် တိုးတက်လာမယ့် မြန်မာပြည် ဖုန်းဈေးကွက်ကလည်း  Google အတွက် မက်မောစရာ ဖြစ်နေပါလိမ့်မယ်။
Eric Schmidt ( ကိုယ်ရေးအကျဉ်း)

Date of Birth - April 27, 1955 (age 57)  Washington, D.C., U.S.
Education - Princeton University (B.S.)
UC Berkeley (M.S./Ph.D.)
Occupation -Software engineer and businessmanနက်ဖြန် မနက် ရန်ကုန်မှာ  အိုင်တီ ပညာရှင်များနဲ့ တွေ့ ဆုံပြီးရင် Google ဥက္ကဋ္ဌ  နေပြည်တော် သွားပြီး အစိုးရပိုင်းနဲ့ တွေ့မယ်လို့ သိရပါတယ်။

ရန်ကုန်မှာ သူပြောဆိုတာတွေကို လေ့လာလိုသူများ  အောက်ပါလိပ်စာ အတိုင်း သွားရောက်နိုင်ကြောင်း အသိပေးအပ်ပါတယ်။

    နေ့ရက်- ၂၀၁၃  မတ် ၂၂ (သောကြာနေ့)
    အချိန်- နံနက် ၉း၀၀ နာရီ (နေရာ စတင်ယူရန်)
    နေရာ- MICT Park အစည်းအဝေးခန်းမ၊ လှိုင်တက္ကသိုလ်များနယ်မြေ၊ ရန်ကုန်
ဧရာဝတီ Blog