Pages

Sunday, April 28, 2013

လက်ပံတောင်းတောင်က လူ(၈)ယောက်ကို သွေးထိုးလှုံ့ဆော်သူတွေအဖြစ် ရဲတပ်ဖွဲ့ကြေညာ

 
က်ပံတောင်းတောင် စီမံကိန်းဒေသအတွင်း မတည်ငြိမ်မှုတွေဖြစ်အောင် ဆူပူလှုံ့ဆော်နေသူ ၈ဦးကို ဖမ်းဆီးအရေးယူဖို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၈ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကိုအောင်စိုးနှင့် ကိုဗထူး ဦးဆောင်သော ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ဝင် ၆ယောက်၊ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေး ကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂအဖွဲ့က ကိုသောင်းထိုက်ဦးတို့ စုစုပေါင်း ၈ဦးကို စွဲဆိုထားတဲ့ အမှုအရေအတွက်နဲ့ ပူးတွဲဖော်ပြပြီး ကြေညာလိုက်ပါတယ်။

တရားစွဲဆို အမှုဖွင့်ထားတဲ့ ဒီလှုပ်ရှားတက်ကြွသူ ၈ယောက်ကို သတင်းပေးဖို့ ပျက်ကွက်သူတွေကို ထောင် ၆လအထိ ချမှတ်မှာဖြစ်ကြောင်းနဲ့ လက်ခံထားသူကို ၅နှစ်အသီသီးချမှတ်နိုင်တဲ့ ပြစ်မှုဆိုင်ရာပုဒ်မတွေကိုလည်း ကြေညာချက်အတွင်းမှာ ဖော်ပြထားပါတယ်။

Kamayut Media