Pages

Monday, May 13, 2013

ဆရာကြီးဦးထွန်းလွင်ပြောတဲ့ 01B MAHASEN


01B MAHASEN
Issued at 6:54 pm on May 13, 2013

အားလုံးဟာ အရင်ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ။ ကျွန်တော် နောက်ဆုံးထုတ်ပြန်ထားတဲ့ ခန့်မှန်းချက် အပြောင်းအလဲ မရှိသေးပါ။
မေလ (၁၂)ရက်နေ့တစ်နေ့လုံး မဟာဆန်သူဟာ အနောက်မြောက်ဖက်ကိုဘဲ ရွေ့လျှားနေခဲ့တာ (၁၃-၅-၂၀၁၃) ရက်နေ့ မနက်ပိုင်းအထိပါဘဲ။ နောက်တော့ အနောက်မြောက်ဖက် ဦးတည်ရာကနေ မြောက်ဖက်ကို ပြောင်းရွေ့လာခဲ့ပါတယ်။ ဒါဟာ ကွေ့တော့မယ့် အခြေအနေကို ပြသနေတာဘဲဖြစ်ပါတယ်။ (၁၃-၉-၂၀၁၃) ရက် ညသန်းကောင်ယံလောက်မှာတော့ မြောက်အရှေ့ယွန်းယွန်း (NNE) စတင်ရွေ့တော့မယ်လို့ ခန့်မှန်း ထားပါတယ်။ ရွေ့ပြီဆိုတာနဲ့ မြန်မာ့ကမ်းရိုးတန်းဟာ ခြိမ်းခြောက်မှုစတင်ခံရပါပြီ။
အချိန်နဲ့လိုက်ပြီး အမြဲမပြတ်ကြည့်ရတော့မှာပါဘဲ။
နောက်ဆုံးအခြေအနေကို ညပိုင်းမှာ တင်ပေးပါ့မယ်။
ကွေ့တာနဲ့ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်းတစ်ခုလုံး ဧရာဝတီတိုင်းအနောက်ခြမ်းနဲ့ ရခိုင်ကမ်းရိုးတန်း တစ်ခုလုံးကို နှိုးဆောင်အဆင့် အနည်းဆုံးထားပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကိုတော့ သီးသန့်သတိပေးအဆင့် ထားရပါလိမ့်မယ်။
လောလောဆယ်အထိတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့နားက ဖြတ်မယ်လို့ ခန့်မှန်းထားဆဲ ဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)