Pages

Thursday, May 23, 2013

ပါဂျောင်စခန်းလူသတ်မှု့များစုံစမ်းရန်ABSDF စုံစမ်းရေးကော်မရှင်ကိုအစိုးရကခွင့်ပြုလိုက်ပြီ

 
ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်စခန်း၌၁၉၉၂ခုနှစ်က ဖြစ်ပွားခဲ့သောကျောင်းသားများ ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ် မှု့များကိုစုံစမ်းစစ်ဆေးရန်ABSDF(မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ်တပ်ဦး) စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မြန်မာနိုင်ငံအစိုးရကစုံစမ်းစစ်ဆေး ခွင့်ပြုသဘောတူလိုက်ပြီဟုသတင်း ရရှိသည်။မေလ၂၁ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သောပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့်ABSDF ခေါင်းဆောင်များတွေ့ဆုံပွဲတွင် သဘောတူခဲ့ခြင်းဖြစ်သည်။

 ABSDFတပ်ဖွဲ့မှစုံစမ်းစစ်ဆေး ရေးကော်မရှင်အဖွဲ့ဝင်သုံးဦးကို ခွင့်ပြုပေးရန်တင်ပြညှိနှိုင်းအပြီး တွင်အစိုးရဘက်ကသဘောတူခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်းနှစ်ဖက် စလုံးမှထုတ်ဖော်ပြောကြားပါသည်။ မေလ၁၉ရက်နေ့တွင်လည်း
ပါ ဂျောင်အစုလိုက်အပြုံလိုက်သတ် ဖြတ်မှုတွင်ပါဝင်အသတ်ခံလိုက် ရသည့်(ဗကသ)အထက်မြန်မာနိုင်ငံဥက္ကဋ္ဌဟောင်းကိုထွန်းအောင် ကျော်၏မိခင်ဒေါ်တင်မမက သူမ၏သားဖြစ်သူအသတ်ခံရမှု့ အတွက်တိုင်ချက်စတင်ဖွင့်လိုက် သည်ဟုသိရသည်။

မန္တလေးတိုင်း ချမ်းအေးသာစံအမှတ်၈ရဲစခန်း တွင်လူသတ်မှုအဖြစ်တိုင်ချက်ဖွင့် ခဲ့သည်ဟုသတင်းရရှိသည်။ABSDF(ဗဟို)ကလည်းယခုအမှု့ တွင်ပါဝင်ပတ်သတ်ခဲ့သူများသက် ရှိထင်ရှားရှိနေကြစဉ်စုံစမ်းစစ်ဆေး နိုင်သည်ဟုပြောပြခဲ့သည်။
၁၉၉၂ခုနှစ်တွင် ကချင်ပြည် နယ်မြောက်ပိုင်းပါဂျောင်ဒေသတွင် တောခိုကျောင်းသား၁၀၇ဦးကို စစ်တပ်မှထောက်လှမ်းရေးများဟု စွပ်စွဲဖမ်းဆီးခဲ့သည်၊ကျောင်းသား တပ်ဖွဲ့ဝင်၁၄ဦးမှာစစ်ကြော့ရေး ဒဏ်များကြောင့်သေဆုံးခဲ့ရပြီး ၁၅ဦးမှာအာဆံကုန်းတွင် အစု လိုက်အပြုံလိုက်အသတ်ခံခဲ့ရပါသည်၊၁၀ဦးခန့်မှာအကြောင်း အမျိုးမျိုးကြောင့်သတ်ဖြတ်ခံခဲ့ရ သည်။၇၀ဦးခန့်မှာထွက်ပြေး လွတ်မြောက်ခဲ့ရပြီးထွက်ပြေးစဉ် တစ်ဦးသေဆုံးမှု့လည်းဖြစ်ပေါ်ခဲ့ သည်။

 ဥယျာဉ်မှူး