Pages

Monday, May 20, 2013

မစုစုနွေးရဲ့ ပထမဆုံး ပြည်ပခရီးစဉ် မနက်ဖြန်စတင်မယ်

ဓာတ်ပုံ- ကိုမာကီး

လူ့အခွင့်အရေး လှုပ်ရှားသူ၊ လယ်သမား အရေး လှုပ်ရှားသူ မစုစုနွေးဟာ ပထမဆုံး နိုင်ငံခြား ခရီးစဉ် အဖြစ် ပြင်သစ်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ 

 "ကျွန်မရဲ့ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မနက်ဖြန်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို စတင်ထွက်ခွာပါ မယ်။ ပြင်သစ်နိုင်ငံ၊နတ်မြို့(Nantes) မှာ ကျင်းပမယ့် ပဉ္စမအကြိမ်မြောက် လူ့အခွင့်အရေး ဖိုရမ်က ဖိတ်ကြားလို့ဖြစ်ပါတယ်" လို့ မစုစုနွေးက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ 




ပြင်သစ်နိုင်ငံ ခရီးစဉ်အတွင်း ဖိုရမ်ပမှာ  မြန်မာနိုင်ငံရဲ့လက်ရှိအပြောင်းအလဲကြားက အလုပ်သမားတွေနဲ့ 
တောင်သူလယ်သမားတွေရဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေးအခြေအနေတွေကို ရှင်းလင်း တင်ပြခွင့် ရ လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်လို့လည်း သူကဆိုပါတယ်။ 

၁၀ ရက်တာလောက် ကြာမြင့် နိုင်မယ့် ပြင်သစ်ခရီးစဉ်ကို မနက်ဖြန် မေလ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီ 
လောက်မှာတော့ ဗီယက်နမ်လေကြောင်းလိုင်းနဲ့ ဟိုချီမင်းမြို့တော်ကတဆင့်၊ ပါရီ ( ပဲရစ်မြို့) ကို သွား မှာဖြစ်ပါတယ်။ 

မစုစုနွေးဟာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားမှုတွေ၊ လယ်သမားအရေး အကာအကွယ်ပေးမှုတွေကြောင့် ယခင်စစ်အစိုးရ လက်ထက်က နိုင်ငံရေးအကျဉ်းသူအဖြစ် ထောင်သွင်း အကျဉ်းချခံခဲ့ရသူလည်း ဖြစ်ပါ တယ်။ 

အိမ့်သံစဉ် ~