Pages

Friday, May 10, 2013

ဒက္ကား အထည်ချုပ်စက်ရုံ အပျက်အစီးကြားမှ နောက်ထပ် အလောင်း ၁၂၀တွေ့ရှိ၊ သေဆုံးသူ ၉၉၆ ဦးရှိသွားပြီ

မေလ (၉) ရက် ယမန်နေ့ တစ်နေ့တည်းတွင် ဒက္ကားမြို့ အထည်အချုပ်စက်ရုံ အပျက်အစီးတွေ ကြားထဲမှ သေဆုံးသူ အလောင်း ၁၂၀ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် သေဆုံးသူ အရေအတွက်မှာ ယခုအခါ ၉၉၆ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။
Rana-Plaza-Ravaged
ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့သော အလောင်းများမှာ မည်သူ မည်ဝါ ဖြစ်သည်ကို မှတ်မိနိုင်ခြင်း မရှိတော့ကြောင်း ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။
သေဆုံးသူများတွင် ID ကဒ်များနှင့် လက်ကိုင် မိုဘိုင်းဖုံးများလည်း အနီးအနားများတွင် မရှိတော့သဖြင့် သေဆုံးသူများမှာ မည်သူ မည်ဝါဖြစ်သည်ကို မသိရှိနိုင်တော့ကြောင်း ဆိုသည်။
သေဆုံး အလောင်းများကို မှတ်မိနိုင်ခြင်း မရှိတော့သဖြင့် ကျန်နေခဲ့သူ မိသားစုများသို့ အလောင်းများ လွှဲပြောင်းပေးရန်လည်း အခက်အခဲ ဖြစ်ပေါ်နေကြောင်း သိရသည်။
အဆောက်အအုံ ပြိုကျပြီး ၁၆ ရက်မြောက်နေ့တွင် အလောင်း ၁၂၀ ကို တစ်နေ့တည်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရှစ်ထပ် အဆောက်အအုံ Rana Palaza ပြိုကျမူကြောင့် လူပေါင်း ၁၀၀၀ ကျော်ထိ သေဆုံးနိုင်ဖွယ်ရှိနေပြီး အလောင်းများကို ကယ်ဆယ်ရေး လုပ်သားများက ဆက်လက် ရှာဖွေနေတုန်း ဖြစ်ကြောင်း သိရသည်။
နိရဉ္စရာ