Pages
▼
Tuesday, May 14, 2013
တန်ဖိုးနည်း မိုဘိုင်းဖုန်းများ စတင်လျှောက်ထား နိုင်ပြီဖြစ်
Tuesday 14th May 2013
ငွေကျပ် ၁၅၀၀ တန် တန်ဖိုးနည်းCDMA မိုဘိုင်း Sim Card များအတွက် လျှောက်ထားမှု များကို သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးများမှာ
စတင် လျှောက်ထား နိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို တန်ဖိုးနည်း မိုဘိုင်းဖုန်း လျှောက်ထားမှု ကိုတော့ ပြီးခဲ့တဲ့ လကုန်ပိုင်း ၀န်းကျင်မှ စတင်ကာ အုပ်ချုပ်ရေးမှူး ရုံးအချို့မှာ စတင် လျောက်ထားခွင့် ပေးခဲ့ပေမယ့် ယခုအခါ မှာတော့ သတ်မှတ် ထားတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှုး ရုံးများအားလုံးမှာ စတင် လက်ခံနေပြီ ဖြစ်ပါတယ်။
ဒီလို လျှောက်ထားမှု အတွက် မိုဘိုင်းဖုန်း များကို ထပ်မံချ ထားပေးရာ မှာလည်း WCDMA ဖုန်းများ အဓိက ချထားပေး သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ MEC Tel အမှတ်တံဆိပ်ပါ CDMA 800 Mhz မိုဘိုင်း တယ်လီဖုန်း စနစ် အသုံးပြုမှု အတွက် ရေဒီယို စခန်းပေါင်း ၂၈၂ ခု ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ငွေကျပ် ၁၅၀၀ တန် CDMA 800 Mhz မိုဘိုင်း Sim Card များကို လာမယ့် မေလ ၂၃ ရက်နေ့မှာ ရောင်းချ နိုင်ဖို့ အတွက် စီစဉ်ထား လျက်ရှိတယ်လို့ သိရပါတယ်။
MRTV 4